People's Spring
68.5K subscribers
38.9K photos
675 videos
2 files
705 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(လေကြောင်းတိုက်ခိုက်ခံရ၍ ပျက်စီးသွားသောနေအိမ်မှ ပြည်သူတစ်ဦးအား ခေါ်ထုတ် လာစဥ်။ ဓာတ်ပုံ-BG)
ကျိုက်ထို နှင့်သထုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားနှင့် နေအိမ်များထိခိုက်ပျက်စီး

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်အတွင်း အရပ်သားပြည်သူများထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇွန်လပထမပတ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအခြေအနေများကို အသိပေးခဲ့ရာ ဇွန်လ ၂ရက်တွင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီ အမြောက်တပ်(၃၁၀)တပ်ရင်း၊ ခမရ(၂၀၇) တပ်ရင်းတို့က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကွင်းရွာနေ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း ဖော်ပြသည်။

ဇွန်လ ၃ရက်တွင်လည်း စစ်ကောင်စီတပ်များက ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခရွဲကျေးနယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲပြီး ကိုယ်ဝန်( ၆)လ လွယ် ထားသော အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်စခန်းတို့၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးနယ်ရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ်ကွင်းရွှာမှ ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် သထုံမြို့နယ်တွင်လည်း စစ်ကောင်စီက လက်နက်ကြီး လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်ပျက်စီးမှုများ ရှိခဲ့သည်ဟု အသိပေးထားသည်။

ဇွန်လ ၁ရက် နေ့လယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၁၂လုံး ကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် အမြောက်တပ်ရင်း (၃၁၄)က လက်နက်ကြီး ပစ်ခတ်၍ ရွှေရောင်ပြကျေးရွာထိပ်သို့ ကျရောက် ပေါက်ကွဲရာ နေအိမ် ၁၀လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။

ဇွန်လ ၃ရက်တွင်လည်း ခမရ(၉) စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ ရေဝေရွာ ထဲသို့ လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲပြီး ရေဝေရွာဘုန်းကြီးကျောင်းဆောင် အဆောက်အဦး (၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးထားသည်။

KNU နယ်မြေများရှိ အရပ်သားနေထိုင်ရာနေရာများသို့ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိရာ အရပ်သား သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
(စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
ပအိုဝ်းတော်လှန်ရေးတပ်PNLA ဒရုန်းတပ် ဆင်ရေး တစ်လကြာရန်ပုံငွေရှာ

ဟန်နွေ/People’s Spring

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့အား ဒရုန်းတပ်ဆင်ရေးအတွက် ရန်ပုံငွေ ရှာဖွေသည့် လှုပ်ရှားမှုကို တစ်လကြာ ပြုလုပ်လျက်ရှိကြောင်း PNLAက ထုတ်ပြန်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်းထားသည်။

“ဝေဟင်ကိုထိန်း မြေပြင်သိမ်း”အမည်ရှိ အဆိုပါ ရန်ပုံငွေ ရှာဖွမှုသည် PNLA အတွက် ပထမဆုံးပြုလုပ်ခြင်း လှုပ်ရှားမှု ဖြစ်ပြီး ဇွန်လ ၄ရက်မှ ဇူလိုင် ၇ရက်အထိ သတ်မှတ်ထားသည်။

“ကမ်ပိန်း ပမာဏက သိန်းခြောက်ထောင်ဖြစ်ပါတယ်။ ကမ်ပိန်းက ရရှိလာတဲ့ ငွေတွေအားလုံးကို ဒရုန်းတပ်ဖွဲ့အတွက် ဒရုန်းတပ်ဆင်တဲ့နေရာမှာသာ ပြန်လည်အသုံးပြုမှာဖြစ်ပါတယ်။” ဟု PNLAက ယနေ့ ထုတ်ပြန်သည်။

ဆုမဲများအဖြစ် တောင်ကြီးမြို့မှ ပေ ၄၀ - ၆၀ မြေကွက် ၊ ဒုတိယဆု - ရွှေ ၁ကျပ်သား ၊ တတိယဆု - လက်တောပ့်ကွန်ပျူတာ ၁လုံး ၊ အထူးဆု ၃ ဆု ပန်းချီကား ၃ ချပ် ၊ နှစ်သိမ့်ဆု ၈ စု၊ ပအိုဝ်းရိုးရာ ဝတ်စုံ ၈စုံတို့ ဖြစ်သည်ဟု အသိပေးသည်။

မဲလက်မှတ်စျေးနှုန်းများကို PNLAက ထုတ် ပြန်ခဲ့ရာ မဲတစ်စောင်လျင် ကျပ် ၃သောင်း ဖြစ်သည်ဟု ဆိုသည်။ အခြား နိုင်ငံခြားငွေ သတ်မှတ်စျေးနှုန်းများကိုလည်း သက်ဆိုင်ရာ ငွေကြေးအလိုက် ဖော်ပြထားပြီး မဲလက်မှတ်များကို PNLA News & Information Department မှ တဆင့် ဆက်သွယ်ရမည့် လိပ်စာများကို ဖော်ပြထားသည်။

ပြည်သူများအနေဖြင့်လည်း မဲလက်မှတ်များ ဝယ်ယူခြင်းဖြင့် ဒရုန်းကမ်ပိန်း ရန်ပုံငွေ သတ်မှတ်ချက် ပြည့်မီစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက တိုက်တွန်းသည်။

“ဒီခေတ်သစ်စစ်ဆင်ရေးမှာ ဒရုန်းက အဆုံးအဖြတ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒရုန်းကိုများများ သုံးနိုင်လေ ကျနော်တို့ရဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်မှုက ပိုမှန်လေဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ရဲဘော် ရဲဘက်ထိခိုက်တာတွေကိုလည်း အများကြီး လျော့ချပေးနိုင်ပါတယ်။ ထိုးစစ်မှာပဲဖြစ်ဖြစ် ခုခံစစ်မှာပဲ ဖြစ်ဖြစ် စခန်းသိမ်းတိုက်ပွဲမှာပဲဖြစ်ဖြစ် ဒီဒရုန်းက ပစ်မှတ်တွေကို တိတိကျကျ ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေဖြစ်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ဒရုန်းကို များများနှင့် မြန်မြန် တပ်ဆင်နိုင်လေလေ အောင်ပွဲအမြန်ရလေဖြစ်သည်ဟု ၎င်းက ဆိုသည်။

PNLAသည် ၂၀၂၄ ဇန်နဝါရီမှစ၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဆီဆီုင်မြို့ရှိ စစ်ကောင်စီ တပ်ရင်းနှင့် တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ လက်ရှိအချိန်ထိ ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် PNLA အကြား တိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေခြင်းဖြစ်သည်။
မုံရွာမြို့ပေါ် စစ်ဆင်ရေးပါဝင်ခဲ့သည့် ရဲဘော် ၂ ရက်အကြာတွင် ကျဆုံး

ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်စစ်ဆင်ရေးတစ်ခုအတွင်း လက်နက်တက်ကောက်သည့် ရဲဘော်တစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၃ ရက် နံနက်က မုံရွာမြို့၊စက်မှုဇုန်၌ စစ်ကောင်စီယာဥ်တစ်စီးအား တိုက်ခိုက်ခဲ့ရာ ကားပေါ် လက်နက်သွားကောက်သည့်ရဲဘော်ICအား ကျန်နေသည့် စစ်သားတစ်ဦးက ပစ်ခတ်ခဲ့၍ ဦးခေါင်း ကျည်ထိမှန်ခဲ့သည်။

ရဲဘော်မှာ ဒဏ်ရာပြင်းထန်၍ ဇွန်လ ၅ ရက်က ကျဆုံးသွားခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"တိုင်းပြည်အနာဂါတ်မဲ့နေချိန်မှာ ဒီလူငယ်တွေဟာ သူတို့ရဲ့အနာဂါတ်ကိုရင်းပြီးတိုင်းပြည်ကိုကယ်တင်နေကြတယ်။ တိုင်းပြည်က လက်နက်အပြည့်အစုံ/အကာအကွယ် အပြည့်အစုံမတပ်ဆင်ပေးသော်လည်း ဒီလူငယ်လေးတွေဟာ အသက်အပိုပါတဲ့အတိုင်းရဲရဲဝံ့ဝံ့ရန်သူကို တိုက်ခိုက်နေကြတယ်။ လေးစားပါတယ်ရဲဘော်။ အမြန်ဆုံးသက်သာပါစေကွာ။"ဟု မုံရွာခရိုင်တပ်ရင်း(၄)က ရေးသားထားသည်။

ရဲဘော် ICအား မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့သည်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ စစ်သား ၇ ဦးသေဆုံးပြီး ၃ဦး ပြင်းထန်ဒဏ်ရာရကာ MA 11 ၁ လက် ၊ ၅.၅၆ ကျည် ၁၇တောင့် ၊ Carbine ၁လက် ၊ Carbine ကျည် ၂၅တောင့် သိမ်းဆည်းနိုင်ခဲ့သည်။
အရပ်သားအစိုးရ ကလုပ်ငန်းများကိုထုတ်ချေးခဲ့​သော
ကိုဗစ်​ချေး​​ငွေကို အတိုး​​ရော၊အရင်းပါပြန်ဆပ်ရန်စစ်​ကောင်စီဖိအား​ပေး

ရဲခေါင်/People's Spring

ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ တွင်ကမ္ဘာ့ကပ်​​ရောဂါ​ကြောင့် စီးပွား​ရေးလုပ်ငန်းများ အလက်​တွေ့​နေစဥ်ထုတ်​ချေးခဲ့​​သော ကိုဗစ် ချေးငွေ ၏ အတိုးနှင့်အရင်းကို အမြန်ဆုံးပြန်လည်ပေးဆပ်ရန် စစ်ကောင်စီက ထပ်မံကြေညာဖိအား​ပေး​နေသည်။

အရပ်သားအစိုးရက ဖွဲ့စည်းခဲ့သော ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက် ရောက်မှုအပေါ်ကုစားရေးလုပ်ငန်းကော်မတီ က စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ၂၀၂၀ ခုနှစ်ဧပြီလမှစ၍ ထုတ်ချေးခဲ့ခြင်းဖြစ်သည်။

အရပ်သားအစိုးရက ပြည်သူများကို ထုတ်​ချေးခဲ့​သော ​ချေး​ငွေကို စစ်​ကောင်စီက ချေးငွေသက်တမ်းတစ်နှစ်ပြည့်ပြီးနောက် ပထမအကြိမ် ခြောက်လ ၊ ဒုတိယအကြိမ် ခြောက်လ နှင့် တတိယအကြိမ် တစ်နှစ် စုစုပေါင်း သုံးနှစ် ဖြင့် ချေးငွေသက်တမ်းပေးခဲ့သည်ဟုဆိုကာ စစ်ကောင်စီက ယခုအခါ ​ချေး​ငွေများကို ပြန်​တောင်း​နေခြင်းဖြစ်သည်။ချေးငွေသက်တမ်းသုံးနှစ်ကျော်သည့် ကုမ္ပဏီ၊လုပ်ငန်းများသည် အတိုးနှင့်အရင်းကို ဇူလိုင် ၁ ရက်နေ့ နောက်ဆုံးထားပေးရမည်ဟုဆိုသည်။

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) က ကိုးဗစ်​ချေး​ငွေ ရယူထား​သောပြည်သူများကို စီးပွား​ရေးအခက်အခဲများ​ကြောင့် အ​ကြွေး​လျှော်​ပေးပြီး ​ချေး​ငွေများပြန်မဆပ်ရန် ​ကြေညာထားသည်၊

"စီးပွားရေးက ​ကောင်းလာတယ်မှမရှိတာ။ကိုဗစ် နဲ့ ကိုစစ်(စစ်တပ်က အာဏာသိမ်းခြင်း)က ဆက်နေတာ။လက်ရှိ စျေးကွက်ထဲမှာလည်း ရုန်းကန်နေရတဲ့ ကုမ္ပဏီက ခပ်များများရယ်။ချေးငွေ ပြန်ပေးနိုင်တာ၊ မပေး နိုင်တာထက် တချို့အသေးစားလုပ်ငန်းတွေ ရပ်ရတာမျိုးရှိလာလိမ့်မယ် မြင်တယ်"ဟု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ အဆိုအရ ကိုဗစ်-၁၉ ချေးငွေသည် ကျပ်ဘီလီယံ ၄၀၀ ရှိကြောင်း သိရသည်။
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဇွန်လ ၆ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️နှစ်လအတွင်း PDF တပ်ဖွဲ့ဝင် တစ်ထောင်နီးပါး သင်တန်းဆင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ခိုလှုံလာသူတွေထဲက PDF တပ်ဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်လိုသူ တစ်ထောင်နီးပါးကို နှစ်လအတွင်း စစ်သင်တန်းပေးနိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။ စစ်မှုထမ်းဥပဒေကြောင့် နီးစပ်ရာ လွတ်မြောက်နယ်မြေတွေဆီ ခိုလှုံလာကြတဲ့ လူငယ်တွေရှိလာပြီး အဲဒီအထဲက လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ကြသူတွေရှိလာတယ်လို့ NUG ကဆိုပါတယ်။ ဒီလို ခိုလှုံလာသူတွေကို စိစစ်ပြီး အခြေခံစစ်သင်တန်း ပေးရာမှာ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်းမှာ PDF တပ်ဖွဲ့ဝင် ၉၅၉ ဦး ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ အဲဒီအရေအတွက်ဟာ NUG တောင်ပိုင်းတိုင်းစစ်ဒေသ စစ်ဒေသခွဲ (၃)ဆီ ခိုလှုံလာသူတွေ ရဲ့စာရင်းသာဖြစ်ပါတယ်။

◾️ရှမ်းမြောက်အတွင်း ထိန်းချုပ်နယ်မြေများမှာ KIO/KIA အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသရှိ ကွတ်ခိုင်၊ မုန်းမော်၊ နမ့်ဟိုင်းဒေသများမှာ အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်နေပြီဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့က ဖော်ပြပါတယ်။ KIAက စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာဒေသ၊ မန်တုံမြို့နယ် နမ့်ဟိုင်းဒေသ၊ နမ္မတူမြို့နယ် မုံးမော်ဒေသတို့ကို ဦးစားပေးအနေဖြင့် အုပ်ချုပ်ရေး ဖော်ဆောင်မယ်လို့ ဆိုပါတယ်။ KIO ဟာ နမ့်ဖက်ကာ၊ မုန်းမော်၊ နမ့်ဟိုင်းကျေးရွာများမှာ အုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံးနဲ့ အခြား လိုအပ်တဲ့ ရုံးများဖွင့်လှစ်ကာ မြို့အင်္ဂါရပ်ဖြင့် ညီညွတ်အောင် အကောင်အထည်ဖော်သွားမယ်လို့ KIO တောင်ပိုင်းတိုင်းကော်မတီ အတွင်းရေးမှူက ပြောပါတယ်။

◾️မြိုင်မြို့နယ် ကံမြင့်ရွာလေကြောင်းတိုက်ခိုက်မှု အမျိုးသမီးငယ်တစ်ဦး ထပ်မံသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ကံမြင့်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရထားတဲ့ အမျိုးသမီးငယ်တစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ အဲဒါကြောင့် စုစုပေါင်း သေဆုံးသူ ၅ဦးအထိ ရှိလာတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇွန်လ ၃ရက်​​က ကံမြင့်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ (၆)နှစ်အောက် ကလေးငယ်တစ်ဦး၊ အသက်(၆၀)အထက် အဘွားတစ်ဦး၊ လူလတ်ပိုင်း နှစ်ဦး အပါအဝင်အမျိုးသမီး လေးဦး သေဆုံးခဲ့ကာ ပြည်သူ ၁၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မနေ့က ဒဏ်ရာပြင်းထန်တဲ့အသက်(၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

◾️သထုံခရိုင်မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားနဲ့ နေအိမ်များ ထိခိုက်ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်အတွင်း အရပ်သားပြည်သူများထိခိုက်မှုနဲ့ အိုးအိမ်ပျက်စီးမှုများ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လပထမပတ်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအခြေအနေများကို အသိပေးခဲ့ရာ ကျိုက်ထိုမြို့နယ်မှာ အရပ်သားပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့သလို့ နေအိမ်ပျက်စီးမှုများ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် သထုံမြို့နယ်မှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်ပျက်စီးမှုများ ရှိခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။

◾️အရပ်သားအစိုးရလက်ထက် ကိုဗစ်​ချေး​​ငွေကို အတိုး​​ရော အရင်းပါပြန်ဆပ်ဖို့ စစ်​ကောင်စီဖိအား​ပေး

ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ မှာ ကမ္ဘာ့ကပ်​​ရောဂါ​ကြောင့် စီးပွား​ရေးလုပ်ငန်းများ အခက်​တွေ့​နေစဥ် ထုတ်​ချေးခဲ့​တဲ့ ကိုဗစ်ချေးငွေရဲ့ အတိုးနဲ့ အရင်းကို အမြန်ဆုံးပြန်လည်ပေးဆပ်ဖို့ စစ်ကောင်စီက ထပ်မံဖိအားပေးနေပါတယ်။ အရပ်သားအစိုးရက ပြည်သူများကို ထုတ်​ချေးခဲ့​တဲ့ ​ချေး​ငွေကို စစ်​ကောင်စီက ချေးငွေသက်တမ်းတစ်နှစ်ပြည့်ပြီးနောက် ပထမအကြိမ် ခြောက်လ၊ ဒုတိယအကြိမ် ခြောက်လနဲ့ တတိယအကြိမ် တစ်နှစ် စုစုပေါင်း သုံးနှစ်ဖြင့် ချေးငွေသက်တမ်းပေးခဲ့တယ်ဆိုကာ စစ်ကောင်စီက ယခုအခါ ​ချေး​ငွေများကို ပြန်​တောင်း​နေတာပါ။ ချေးငွေသက်တမ်းသုံးနှစ်ကျော်တဲ့ ကုမ္ပဏီ၊လုပ်ငန်းများအနေဖြင့် အတိုးနဲ့ အရင်းကို ဇူလိုင် ၁ ရက် နောက်ဆုံးထားပေးရမယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)က ကိုဗစ်​ချေး​ငွေ ရယူထား​တဲ့ ပြည်သူများကို စီးပွား​ရေးအခက်အခဲများ​ကြောင့် အ​ကြွေး​လျှော်​ပေးပြီး ​ချေး​ငွေများပြန်မဆပ်ဖို့ ကြေညာထားပါတယ်။

◾️မလှိုင်မြို့နယ်မှာ အဓမ္မစစ်မှုထမ်းအတွက် လူစုပေးတဲ့စာရေးနှစ်ဦး ပစ်သတ်ခံရ
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူစုပေးနေတဲ့ ကျေးရွာအုပ်စု စာရေးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။ ဇွန်လ ၂ ရက် နေ့ခင်းက မလှိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ နေထိုင်တဲ့ မြင်းဦးလှည့်ကျေးရွာအုပ်စု၊ အုပ်စုစာရေး အသက် (၃၉)နှစ်အရွယ် ကျော်ရဲအောင်နဲ့ ဖျောက်ဆိပ်ကျင်းကျေးရွာအုပ်စု၊ အုပ်စုစာရေး (၂၉)နှစ်အရွယ် ရွှေဇင်ဝင်းတို့ကို ၎င်းတို့ရဲ့ နေအိမ်တွေမှာ ရှိနေစဉ် ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နှစ်ဦးလုံး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။