People's Spring
68.5K subscribers
38.9K photos
675 videos
2 files
704 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​ကောင်စီက ဗျိုင်းဖြူရွာမှပြည်သူ ၅၀ ဦး​ကျော်အား
အစုလိုက်သတ်ဖြတ်မှုအ​ပေါ် NUG ပြင်းထန်စွာရှုတ်ချ

︎တရားမျှတမှုရရှိရေး မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းကာ နည်းပေါင်းစုံဖြင့် ကြိုးပမ်းမည်ဟု ဖော်ပြ

မောင်မောင်/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်အပါအဝင် အရပ်သား ပြည်သူများအား ရက်စက်စွာ သတ်
ဖြတ်မှုများအား ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။

မေလ ၂၉ရက်တွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်
မ(၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသောတပ်ရင်းအချို့ရှိ ထုတ်နုတ်အင်အားများနှင့် အခြားသော လက်နက်ကိုင်များ ပူးပေါင်းအင်အား (၁၇၀)ကျော်ပါဝင်သော စစ်ကြောင်းသည် ဗျိုင်းဖြူရွာကို ပိတ်ဆို့ပြီး ပြည်သူ ၅၀ဦးကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြသည်။

တရွာလုံးကို ပိတ်ဆို့ပြီး အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ နို့စို့ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာ အသက် (၁၅)နှစ်မှ (၇၀)နှစ်ကြား အမျိုးသား(၄၈)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်းပြည်သူ (၅၁)ဦး ကို အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း အမျိုးသားများအား ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းခြင်း၊ အမျိုးသမီးအချို့ကို မုဒိန်းကျင့်ခြင်း၊ ရွာသူရွာသား စုစုပေါင်း (၅၁) ဦးကို သတ်ဖြတ်ခြင်း၊ ရွာထဲရှိ ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်စသည့် ပစ္စည်းများကို ခိုးယူခြင်းတို့ကို စစ်ကောင်စီနှင့် အပေါင်းအပါများက ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ဇွန်လ (၁) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင်လည်း အဆိုပါဗျိုင်းဖြူကျေးရွာနှင့်ကပ်လျက် မင်းကင်းတောရွာသစ်၊ ရွာဟောင်းတို့အား အကြောင်းမဲ့မီးရှို့ခြင်းတို့ကို ကျူးလွန်ကာ နောက်ထပ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခုနှင့် စစ်ရာဇဝတ်မှုများကို ရက်စက်စွာ ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်ဟု ဖော်ပြသည်။ ဗျိုင်းဖြူရွာအပြင် စစ်ကောင်စီ နောက်ထပ် ကျူးလွန်ခဲ့သည်ဆိုသော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် အသေး
စိတ်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားသေးပေ။

NUG အနေဖြင့် ပြည်သူလူထုတရပ်လုံးအား အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်မှုဒဏ်မှ ကာကွယ်မှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်း ဆောင်
ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUGက ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကောင်စီအနေဖြင့် ဒေသအသီးသီး၌ စစ်ရေးအရ အထိနာနေသည့် အခြေအနေတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိပြီး ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

အာရက္ခတပ်တော်(AA)ကလည်း ဗျိုင်းဖြူရွာခံများအား သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်ကောင်စီနှင့် အပေါင်းအပါများကို ပြင်းထန်စွာ လက်စားချေတုန့်ပြန်သွားမည်ဖြစ်
ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ရက္ခိုင်၌ ကျန်နေသည့် စစ်တွေအပါအဝင် မြို့ ၈မြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု အသိပေးထားသည်။
(စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ပြီးနောက် ရွာသားများကို စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ တေဘာကားများဖြင့်ယူလာ ချထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - File Photo)
ပြည်ပမှ သွင်းကုန်များတင်သွင်းမှုကို စစ်​ကာင်စီ
ကန့်သတ်​လျှော့ချ

︎ကန့်သတ်ပိတ်ပင်ခံရ​​သောသွင်းကုန်ပစ္စည်းများ​ရှားပါး​ဈေးကြီးလာနိုင်ဟုလုပ်ငန်းရှင်အချို့​ပြော

ရဲခေါင်/People's Spring

ပြည်ပမှ တင်သွင်းရမည့် ကုန်ပစ္စည်းများကို စစ်​ကောင်စီက ကန့်သတ်လျှော့ ချလိုက်ကြောင်းသွင်းကုန်လုပ်ငန်းရှင်အချို့က ပြောသည်။

ဆေးဝါး၊ လျှပ်စစ်သုံးယာဥ် နှင့် ဆက်စပ်ပစ္စည်းများ ၊ စက်မှုကုန်ကြမ်း နှင့် စက်မှု ဓာတုကုန်ကြမ်းပစ္စည်းများ၊စားသောက်ကုန်ကြမ်းများကိုသာ အကောက်ခွန် ကုန် လှောင်ရုံတွင် ကန့်သတ်အရေအတွက်ဖြင့် သို လှောင် ခွင့်ပြု​တော့မည်ဟု စစ်​ကောင်စီက ​မေလ ၃၀ ရက်စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် သွင်ကုန်လိုင်စင်ခွင့်ပြုချက် မရမီ ဆိပ်ကမ်း နှင့် လေဆိပ်သို့ ကြိုတင်ရောက်ရှိလာသည့် ကုန်ပစ္စည်းများကို အရေးယူမည်ဟု စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ကြေညာထား​သေးသည်။

"အဓိကတော့ ပြည်ပ က တင်သွင်းရမယ့် ကုန်တွေကို ရတဲ့ နည်းတဲ့ ပိတ်တဲ့သဘောပဲ။ အရင်က သွင်းကုန်လိုင်စင် မရသေးခင် ပြည်တွင်းကို သယ်နိုင်တဲ့ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းတွေ၊စိုက်ပျိုးရေးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေပြီးတော့ စက်ဆီ၊ချောဆီနဲ့ CMP လိုမျိုးပစ္စည်းတွေက သွင်းကုန်လိုင်စင် မဖြစ်မနေ လျှောက်ရတော့မယ်။သူတို့ ချပေးမှ သွင်းရမယ့် အခြေအနေမျိုးပေါ့"ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ပြောသည်။

ထိုကဲ့သို့ သွင်းကုန်များကန့်သတ်မှုသည် စစ်ကောင်စီက ​ပြည်သူများအတွက် ​ဒေါ်လာနှင့် နိုင်ငံခြား​ငွေသုံးစွဲမှု​လျော့ချရန်နှင့် ထိုကုန်ပစ္စည်းသွင်းကုန်လုပ်ငန်းရှင်များထံမှ ​ဒေါ်လာရရန် ကြံစည်နေခြင်းဖြစ်ကြောင်းလည်း အထက်ပါလုပ်ငန်းရှင်က သုံးသပ်သည်။

ထို့အပြင် သွင်းကုန်ပစ္စည်းကန့်သတ်မှုသည် ပြည်တွင်းစားသုံးသူများအပေါ် အ နည်းနှင့်အများ သက်ရောက်မှုရှိလာမည်ဖြစ်​ကြောင်းလုပ်ငန်းရှင် တစ်ဦးက​ပြောသည်။

"ချောင်ပိတ်ရိုက်ခံနေရတဲ့အခြေအနေ မျိုးပဲ။သူတို့ ပေးတာကိုပဲရတော့မယ်။သူတို့ လိုအပ်တယ်ထင်တဲ့ ပစ္စည်းမျိုးကိုပဲ နိုင်ငံ ခြားက သွင်းရမယ်။အဲဒါဆို ပြည်တွင်းမှာ အရင်ကတည်းက သုံးနေကြစားသုံးသူတွေက အရင်ပစ္စည်းမျိုးမရနိုင်တော့ဘူး။ရလာရင်လည်း စျေးကွက်ထဲ နည်းနည်းပဲရောက်မယ်။ပြောချင်တာက ပေါပေါသီသီ မရှိတော့ စျေးကြီးမယ်"ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းက
မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

စစ်​ကောင်စီက ​ဒေါ်လာကို နိုင်ငံတဝန်းဖြစ်ပွား​နေ​သောတိုက်ပွဲများတွင် ​ အသုံးပြုရန် စစ်လက်နက် နှင့် ​လေယာဥ်ဆီ ဝယ်ယူရန် အတွက်သာအဓိက အသုးပြုပြီး ပြည်သူများအတွက် စား​သောက်ကုန်၊လူသုံးကုန် ​ဆေးဝါးစ​သောသွင်းကုန်ပစ္စည်းများဝယ်ယူတင်သွင်းမှုကိုမူ ​ဒေါ်လာမကုန်ရန် သွင်းခွင့်ကို နည်းမျိုးစုံဖြင့် ကန့်သတ်​နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ပို့ကုန်ရငွေများကို တစ် လအတွင်း ပြည်တွင်းပြန်ယူလာရန် နှင့် ပို့ကုန်ရ​ငွေအားလုံး၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် လုပ်ငန်းရှင်များအား မ​ရောင်းမ​နေရ သတ်မှတ်၍ ​စစ်​ကောင်စီကဒေါ်လာရရန် လုပ်ငန်းရှင်များကို ကန့်သတ်ထားသည်။

ကျပ်​ငွေတန်ဖိုးစံချိန်တင်​ဖောင်းပွပြီး ​ဒေါ်လာ နှင့် ​ရွှေ​ဈေးများသမိုင်းတ​လျောက်အမြင့်ဆုံး​ဈေးတက်လာချိန် စစ်​ကောင်စီက ​ဒေါ်လာ​ရောင်းဝယ်သူနှင့် ​ရွှေဆိုင်ပိုင်ရှင် ၊​ရွှေကုန်သည်များကိုဖမ်းဆီး​​သောနည်းဖြင့်​ဖြေရှင်း​နေသည်။တချိန်တည်းတွင် ​ဒေါ်လာအကုန်နည်းရန် နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းချင်းဖလှယ်​​သောစနစ်ကို လုပ်ငန်းရှင်များကိုလုပ်ကိုင်​စေသည်။ စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံ​တော်၏ နိူင်ငံခြားအရန်​ငွေမှာ ​ဒေါ်လာ ၆.၈ ဘီလီယံခန့်ရှိ​သော်လည်း အာဏာသိမ်းစစ်​ကောင်စီလက်​အောင်တွင် နိုင်ငံခြားအရန်​ငွေ ​ဒေါ်လာ ၃ ဘီလီယံဝန်းကျင်​လျော့နည်းသွားပြီဖြစ်​ကြောင်း NUG စီမံကိန်း ၊ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောသည်။
စစ်ကောင်စီကျူးလွန်ခဲ့သည့် ဗျိုင်းဖြူရွာလူသတ်ပွဲတွင် သေဆုံးသူ ၇၆ဦးအထိရှိလာဟု AA အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာ၌ စစ်ကောင်စီနှင့် အပေါင်းအပါများက အရပ်သား ပြည်သူများကို အစုလိုက်၊အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်မှုကျူးလွန်ခဲ့ရာ သေဆုံးသူ ၇၆ဦးအထိရှိလာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA)က ယနေ့(ဇွန်လ ၄ရက်)ထုတ်ပြန်သည်။

စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက မေလ ၂၉ရက်တွင် ဝင်ရောက်စီးနင်းပိတ်ဆို့ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ ၄ရက်အတွင်း အရပ်သား ၅၀ကျော် သေဆုံးခဲ့ကြောင်း ဇွန်လ ၃ရက်တွင် AAက ကနဦးသတင်းထုတ် ပြန်ခဲ့ပြီး ယနေ့ (ဇွန်လ ၄ရက်)တွင် နောက်ဆုံးရရှိသည့် သတင်းကို ထပ်မံအသိပေးခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၄ရက်နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ ၇၆ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးနောက်ဆက်တွဲ အချက်အလက်များ ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အချိန်နှင့်တပြေးညီ အသိပေးမည်ဟုလည်း ဖော်ပြသည်။

ဗျိုင်းဖြူရွာရှိ အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကို စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မူဆလင် တပ်ဖွဲ့ဝင်များစသည့် စုစုပေါင်းအင်အား ၁၇၀ ကျော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း AAက အသိပေးထားပြီး ကျူးလွန်မှုတွင် ပါဝင်သူအားလုံးကို ပြင်းထန်စွာ လက်စားချေတုန့်ပြန်မည်ဟု ကြေညာထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အပါအဝင် အရပ်သားပြည် သူများအား အစုလိုက်၊ အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်မှု လုပ်ရပ်များအား ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး တရားမျှတမှု ရရှိရေးမည်သည့်အဖွဲ့နှင့်မဆိုပူးပေါင်း၍ အစွမ်းကုန်ကြိုးစားသွားမည်ဟု အသိပေးထားသည်။
(စစ်တွေမြို့ ဗျိုင်းဖြူရွာမှ ပြည်သူ ၅၀ကျော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းများကို မီးရှို့ပြီးနောက် ရွာသားများကို စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ တေဘာကားများဖြင့်ယူလာ ချထားသည်ကိုတွေ့ရစဥ်။ဓာတ်ပုံ - File Photo)
မုံရွာတွင် စစ်ကောင်စီယာဥ်တိုက်ခိုက်ခံရပြီး စစ်သား ခုနစ်ဦးသေ၊ လက်နက် နှစ်လက်သိမ်းဆည်းခံရ

▪️လက်နက်တက်ယူသည့် ရဲဘော်တစ်ဦး ထိမှန်ဒဏ်ရာရ

ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကင်းပတ်လာသော စစ်ကောင်စီယာဥ်အား တိုက်ခိုက်ရာ စစ်သား ခုနစ်ဦးသေဆုံးပြီး သေနတ်၂လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့၊စက်မှုဇုန်၊ သမစိတ္တလမ်းအနီး နေ့စဉ်ကင်းပတ်၍ ဖြတ်သန်းသွားလာသော ပြည်သူများကို ငွေညှစ်တောင်းခံလေ့ရှိသည့် စစ်ကောင်စီယာဥ်တစ်စီးအား စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်သား ခုနစ်ဦးသေဆုံးကြောင်း၊ ယာဉ်ပေါ် လက်နက်တက်ယူသော ရဲဘော် တစ်ဦးကို ကားပေါ်ကျန်နေသည့်စစ်သားက ပစ်ခတ်ခဲ့၍ ဦးခေါင်းတွင် စိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

" အဲဒီကောင်တွေက မြို့တော်ခန်းမကလာတာပါ။၁၀ ယောက်ပါတာ။ သုံးယောက် အပြင်းအထန် ဒဏ်ရာရတယ်။ တစ်ယောက်ကပဲ ကြောက်ကြောက်နဲ့ပစ်တာပါ။"ဟု မုံရွာခရိုင်တပ်ရင်း (၄) ၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် MA 11 တစ်လက် ၊ ၅.၅၆ ကျည် ၁၇တောင့် ၊ Carbine ၁လက် ၊ Carbine ကျည် ၂၅တောင့် သိမ်းဆည်းနိုင်ခဲ့သည်။

"စက်မှုထဲပစ်သံတွေ ကြားလိုက်ရတယ်။ ပတ်ကင်းကားကိုပစ်တာ။"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် စက်မှုဇုန်အတွင်းသို့ စစ်ကောင်စီတပ်သားများ ထပ်မံရောက်ရှိလာပြီး စစ်ဆေးတင်းကြပ်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၃၀ ရက်ကလည်း စစ်မုံရွာမြို့ပတ်လမ်း၌ အိမ်စီးကားဖြင့် လှည့်ကင်းထွက်လာသည့် ရဲများအား အခြားဒေသတွင်းအဖွဲ့များကတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲ လေးဦးလုံးသေဆုံးကာ သေနတ် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းခံလိုက်ရသေးသည်။
(သိမ်းဆည်းရမိသောလက်နက်နှင့်ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄))
မင်းကင်းမြို့နယ် ၊မ​တောရွာလေကြောင်းတိုက်ခိုက်ခံရမှု
သေဆုံးသူ ၅၀ ခန့်ရှိလာ

အညာသား/People's Spring

မင်းကင်းမြို့နယ် ၊မ​တောရွာ မင်္ဂလာဆောင်ကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ယနေ့(ဇွန်လ ၄ရက်)နံနက်အထိ ရရှိသော​နောက်ဆုံးစာရင်းများအရ သေဆုံးသူ၅၀နီးပါးအထိရှိလာပြီး သေဆုံးသူများတွင်ကလေးငယ်နှင့်အမျိုးသမီးအများဆုံးပါဝင်ခဲ့သည်။

"မင်္ဂလာဆောင်မှာ ဧည့်ခံစား‌ သောက်နေတဲ့နေရာကိုတည့်တည့်ကြဲတာ။ ပွဲချင်းပြီးသေဆုံးသူ ၂၄ဦးရှိခဲ့တယ်။ ဒဏ်ရာရသူတွေကို ဆေးရုံပို့မယ်လုပ်တော့ ပျူတွေကကြားဖြတ်ဟန့်
တားလို့ ဒဏ်ရာတွေနဲ့သေဆုံးတာရှိတယ်။ သေဆုံးသူတွေကိုနာရေးလုပ်နေတုန်း လက်နက်ကြီးနဲ့ထပ်ပစ်လို့ လူတွေထပ်သေပြန်တယ်။ စုစုပေါင်း၅၀အနည်းဆုံးရှိလိမ့်မယ်"ဟု မင်းကင်းမြို့နယ်မှ ​ဒေသခံတစ်ဦးကပြောသည်။

ဇွန်လ ၃ ရက်နံနက်၈နာရီခွဲခန့်ကမင်းကင်းမြို့နယ် ၊မတောကျေးရွာမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ မင်္ဂလာ
ဆောင်ကို စစ်ကောင်စီက လေကြောင်းမှ ပေါင်၅၀၀ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

ထိုမင်္ဂလာဆောင်၌ ကလေးငယ်နှင့်အမျိုးသမီးများရောက်ရှိ​သော​ကြောင့်သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက် ကလေးငယ်များနှင့်အမျိုးသမီးများ အများစုပါဝင်​နေ​ကြောင်းဒေသခံများကပြောသည်။

"ရွာမှာ ဘုန်းကြီးမွေးနေ့ပွဲတခုရှိတယ်။ အဲဒီမွေးနေ့ပွဲပြီးမှလာမယ်ဆိုတဲ့သူတွေ အရမ်းကံကောင်းသွားတယ်။ ဘုန်းကြီးမွေးနေ့ပွဲသာမရှိရင် မင်္ဂလာဆောင်ကိုလူတွေပိုရောက်နေမှာဖြစ်ပြီး သေဆုံးမှုလည်းဒီထက်များနိုင်တယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ပြီးနောက် မင်းကင်းမြို့ပေါ်မှာနေ၍ လက်နက်ကြီးများလည်းထပ်မံပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။ ဒဏ်ရာရသူများအား ဆေးရုံသို့ပို့ဆောင်ရန် ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် စက်လှေများဖြင့်သွားရောက်စဉ် ပန်းဆက်ရွာမှ ပျူစောထီးများက ကြားဖြတ်ဟန့်တား၍ နောက်ကြောင်းပြန်လှည့်ခဲ့ရကြောင်း၊ ထို့ကြောင့်သေဆုံးမှုပိုမိုများပြားသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

မ​တောရွာအား စစ်​ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူများသေဆုံးထိခိုက်မှုသည် ၂၀၂၄ခုနှစ်အတွင်း ယခုအချိန်အထိ အဆိုးရွားဆုံးအစုလိုက်
အပြုံလိုက်​သေ​စေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။
စစ်​ကောင်စီ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ​သေဆုံးခဲ့သူအချို့၏ ရုပ်အ​လောင်းများနှင့် မ​တောရွာကို Google Earth တွင်​တွေ့ရပုံ။ ဓါတ်ပုံ-CJ