People's Spring
67.9K subscribers
38.3K photos
661 videos
2 files
672 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဘန်ကောက်မြို့ မေဒေးချီတက်ပွဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

-People's Spring

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချီတက်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)တွင် မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့များဦးဆောင်ပြုလုပ်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် ပါဝင်ခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူများက ဆိုသည်။

ချီတက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများက "အရေးတော်ပုံ အောင်ကိုအောင်ရမည်"ဟု ရေးသားထားသော ဗီနိုင်းကိုင်ဆောင်ကာ "အရေးတော်ပုံ အောင်ရမည်၊ စစ်အာဏာရှင်ဖြုတ်ကျရေး၊ ပြည်သူတွေကို ပြန်သတ်နေတာ မြန်မာစစ်တပ်" စသည်တို့ အော်ဟစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဆဲဆိုအော်ဟစ်ခဲ့ကြသည်။ ထို့အပြင် "အရေးကြီးပြီ"သီချင်းကိုလည်း မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက သီဆိုခဲ့ကြသည်။

အဆိုပါ ချီတက်ပွဲတွင် ထိုင်း၊မြန်မာ၊လာအို၊ ကမ္ဘောဒီးယားစသည့် လုပ်သားများပါဝင်ချီတက်ခဲ့ပြီး အလုပ်သမားအခွင့်အရေးများလည်း တောင်းဆိုခဲ့သည်ဟု ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

" အလုပ်သမားအခွင့်အရေးပေါ့။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အဓိကပါ။ ဥပဒေပုဒ်မ ၈၇၊၉၈ ကိုပေါ့ ထိုင်းအစိုးရအနေနဲ့ လက်မှတ်ထိုးပေးဖို့ပေါ့"ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရအနေနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO)သဘောတူညီချက် ပုဒ်မ ၈၇ နှင့် ၉၈ အရ လွတ်လပ်စွာ ပေါင်းသင်းခွင့်နှင့် အလုပ်သမားများ၏ စေ့စပ်ညှိနှိုင်းခွင့်ကို အကာအကွယ်ပေးရေးနှင့် နေထိုင်ခွင့် အာမခံချက်ပေးရေး၊ အလုပ်သမားအားလုံး တန်းတူအကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို ဘန်ကောက်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှ အစိုးရရုံးအထိ ချီတက်ခဲ့ကြသည်။
(ဘန်ကောက်မြို့ ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲမြင်ကွင်းများ။ ဓာတ်ပုံ - MWRN၊PBS)
စစ်အုပ်စုသာမက မည်သူ၊ မည်သည့်အဖွဲ့အစည်းက ကျူး
လွန်သည်ဖြစ်စေ အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်မည်ဟု NUG ပြော

သော်မွန်/People’s Spring

ပြည်သူလူထုအပေါ် မတရားမှု၊ ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုသာမက မည်သူ၊ မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ အသွင်ကူးပြောင်းရေးကာလတရားမျှတမှု(Transitional Justice)ကို ဖော်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေးကာလတွင် ဖြစ်ပေါ်နေသည့် မတရားမှုများ၊ ပြစ်မှုကျူးလွန်မှုများနှင့်ပတ်သက်၍ NUG ၏ တရားရေးဝန်ကြီးဌာနက အမှုကိုင်တွယ်ဖြေရှင်းနေမှုများ ရှိသကဲ့သို့ တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလရောက်ပါကလည်း တရားမျှတမှုဖော်ဆောင်ရေးကို ဆက်လက်လုပ်ဆောင်မည်ဟု NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“ဒါတွေက အကြမ်းဖက်စစ်အုပ်စုတင်မကဘူးပေါ့။ လက်ရှိ ပြည်သူလူထုကို နိုင်ထက်စီးနင်းလုပ်နေတဲ့ ကိစ္စမျိုးတွေမှာ တကယ်ကျူးလွန်ခဲ့တာ သေချာတယ်ဆိုရင် ဒါတွေလည်း အကျုံးဝင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ယမန်နေ့(ဧပြီ ၃၀ရက်)ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ယခုအချိန်ကတည်းက ကြားကာလတရားစီရင်လုပ်ငန်းများ လုပ်ဆောင်နေပြီး အသွင်ကူးပြောင်းရေးကာလတရားမျှတမှု(Transitional Justice)အတွက်လည်း တရားဥပဒေစိုးမိုးရေးကိစ္စများအတွက် တရားရေးဝန်ကြီးဌာနမှ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများဆောက်ရွက်နေရုံသာမက အစိုးရအနေဖြင့်လည်း ပြင်ဆင်ဆောင်ရွက်နေကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဖြည့်
စွက်ပြောသည်။

“ကျွန်တော်တို့ အခုအချိန်ကတည်းက ပြင်ဆင်နေတယ်။ Transitional Justice အတွက်ကို စနစ်တကျပြင်ဆင်နေတယ်။ သင်တန်းတွေ ပို့ချနေတယ်။ workshop(ဆွေးနွေးပွဲ)တွေ လုပ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် NUG သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုအတွက် မူဝါဒပိုင်းဆိုင်ရာ ချိတ်ဆက်ရေးဆွဲဆောင်ရွက်နေကြောင်း ဦးနေဘုန်းလတ်က ပြောသည်။ NUCC သည် စာမျက်နှာ ၃၃ မျက်နှာရှိသော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုမူဝါဒကို ၂၀၂၃ ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်တွင် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ(K3C)၏ ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ကြေညာခဲ့ရာ ဦးတည်ချက် ၆ ရပ်တွင် ‘ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုရရှိရေးလုပ်ငန်းစဥ်ဖော်ဆောင်ရန်’ အချက်ကို ထည့်သွင်းဖော်ပြသည်။

အဆိုပါ ဘုံသဘောထားရပ်တည်ချက်(Joint Statement)မှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များအတွက် အရေးကြီးဆုံးဖြစ်ပြီး အားလုံးလိုချင်သည့် အသွင်ကူးပြောင်းမှုကာလ၊ အခြေအနေတစ်ခုရောက်သည်အထိ တော်လှန်ရေးအဖွဲ့အစည်းများအကြား Joint Statement ဖြင့် ခိုင်မာစွာရပ်တည်မည်ဟု NUG ပြည်
ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဧပြီ ၃၀ ရက်သတင်းစာ
ရှင်းလင်းပွဲ၌ ပြောသည်။
ကျင်ဒွေးမြို့အား သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်​ကြောင်း
ချင်းညီနောင်တရားဝင်ထုတ်ပြန်

ထားမြတ်၊​စော​နွေဦး /People’s Spring

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်
(CDF)များ စုပေါင်းဖွဲ့စည်းထားသည့် ချင်းညီနောင်က သတင်းထုတ်ပြန်သည်။

ကျင်ဒွေးမြို့ စခန်းအား ဧပြီ ၂၉ရက် နံနက်တွင် စခန်းတစ်ခုလုံး သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်းကို ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF Zoland)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)CNC-Mindat ၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF) CDF-ကန်ပက်လက်၊ CDF-မတူပီ တပ်မဟာ(၁) တို့ စုပေါင်းထားသည့် ချင်းညီနောင်က ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ဒီဇင်ဘာ ၂၂ရက်မှ စတင်ခဲ့ရာ ၄လကျော် ကြာမြင့်ခဲ့ပြီး နယ်မြေခံ CDF-ကန်ပက်လက်၊ အခြား CDFပူးပေါင်းတပ်ဖွဲ့များနှင့် PDFများက တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုနောက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ မတ် ၇ ရက်တွင် ပြောင်းလဲသတ်မှတ်ပြီး ချင်းညီနောင်အဖွဲ့ဝင်တပ်များ၊ PDF, YDF, GZAနှင့် LPDFများပါဝင်တိုက်ခိုက်ခဲ့သည်ဟုအသိ​ပေးသည်။ထိုအဖွဲ့များနှင့်အတူ အာရက္ခတပ်တော်၏ အကူအညီဖြင့် စစ်ဆင်ရေးအရှိန်အဟုန်မြင့်တိုက်ခိုက်ခဲ့သည်ဟုလည်း ဆိုထားသည်။

ထိုစစ်ဆင်ရေးသတ်မှတ်ပြီး ၅၄ ရက်အကြာ ဧပြီ ၂၉ ရက်မနက်ပိုင်းတွင် စခန်းတခုလုံးကို သိမ်းပိုက်ခဲ့သည်ဟုချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊ တပ်ကူပေးမှု အပါအဝင် လေကြောင်းအကူ ပေးသည့် အခြေအနေပြ ဇယားကို ဖော်ပြခဲ့ရာ အကြိမ် ၃၂၃ ကြိမ်ရှိခဲ့ပြီး တိုက်လေယာဉ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ကင်းထောက်ခြင်း၊ လေကြောင်းမှ ပစ္စည်းထုပ်များ ချပေးခြင်း တို့ ပါဝင်သည်။

ကျင်ဒွေးမြို့ မကျရေး စစ်ကောင်စီက အင်အားအလုံးအရင်းသုံး ခုခံကာကွယ်ခဲ့၍ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့တွင် ပါဝင်သည့် CDF တပ်ဖွဲ့တစ်ခုမှ စစ်ရေးသတင်းရင်းမြစ်က ၎င်း၏ လူမှုကွန်ရက်တွင် ရှင်းပြ အသိပေးသည်။

“ရဟတ်ယာဉ်ကနေချတဲ့ စစ်ကူ၅၀၀ ကျော် ၊ မြေပြင်မှာ လေယာဉ်ပြတ်တဲ့ချိန်လို့မရှိ ၊ နိုင်ငံချင်းတိုက်တဲ့တိုက်ပွဲတစ်ခုလို စစ်တပ်ကတိုက်ခဲ့တာပါ ဂျက် ၇စီးနဲ့ MI ၄စီး တစ်ပြိုင်နက် ပစ်ခဲ့တဲ့အချိန်လည်းရှိတယ်/အခုလည်း တိုက်ပွဲပြင်းနေပါတယ် ။ကိုယ့်ဖက်က အကျဆုံးများသလို သူတို့ဖက်ကလည်းခေါင်းမမာနိုင်တော့ပါဘူး လောင်းရှည်ဖက်ကနေ စကစ ၄၀၀ စစ်ကူပြင်နေသလို မြေပြင်ဖက်ကလည်း မရမချင်းတိုက်မှာပါ။တိုက်ပွဲပြီးမှ အသေးစိတ်အချက်
အလက်တွေကို သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်”ဟု CDF တပ်မှူး တစ်ဦးကဧပြီ ၃၀ ရက်တွင်၎င်း၏ Facebook၌ ရေးသား ဖော်ပြသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို လက်နက်ခဲယမ်း အပါအဝင် အခက်အခဲ မျိုးစုံ ကြားမှ တိုက်ပွဲကို ရပ်နားခြင်းမရှိဘဲ ဖော်ဆာင်ခဲ့ကြောင်း၊ မတ်လ ၇ရက်တွင် ချင်းညီနောင် စစ်ဆင်
ရေးအဖြစ် ပြောင်းလဲ သတ်မှတ်ပြီး ချင်းညီနောင် တပ်ဖွဲ့ဝင်များ၊ PDF၊ YDF၊ GZA၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ AA၏ အကူအညီနှင့်အတူ စစ်ဆင်ရေးကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ကျင်ဒွေးမြို့စခန်းကို ချင်းညီနောင် စစ်ဆင်ရေးစတင်ပြီး ၅၄ရက်မြောက်နေ့၌ သိမ်းနိုင်ခဲ့သည်ဟု အသိပေးသည်။

“နောက်ဆုံး စခန်းကို အပြီးသတ်သိမ်းတဲ့နေမှာ လေကြောင်းက တနေကုန်ရက်ဆက် တပတ်လောက်ကျဲခဲ့တာ။ ဒီထဲမှာ ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီးပဲ။ ထိခိုက်ကျဆုံးတာတွေလည်းရှိတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီက ဒဏ်ရာရရှိသည့် တော်လှန်ရေးရဲဘော်များကို ထိခိုက်စေရန်အတွက် ချင်းပြည်နယ်၊မင်းတပ်မြို့တွင် ဖွင့်လှစ်ထားသည့် ဝမ္မသူးဆေးရုံကိုလည်း ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆက်​ပြောသည်။

မြို့သိမ်းတိုက်ပွဲလေးလကျော်ကာလအတွင်းတိုက်ပွဲဝင်ခဲ့ကြသည့် ထောက်ပို့ပြည်သူများနှင့် စစ်သည်တော်များ၏ ပြောင်မြောင်သောတိုက်ရည်ခိုက်ရည်၊ရဲစွမ်းသတ္တိနှင့် အမိန့်နာခံမှုတို့အပေါ်ချင်းညီနောင်များအဖြေင့် လေးနက်စွာအသိအမှတ်ပြုကြောင်းနှင့် အသက်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်ဆော်များကို လေးနက်စွာ အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

ကျင်​ဒွေးမြို့ သည် ရွာမှ မြို့အဖြစ်သို့ ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဧပြီလတွင် အဆင့်မြှင့်တင်​ပေးခဲ့ခြင်းဖြစ်ပြီး မြို့တွင် လူဦး​ရေ တစ်​ထောင်​ကျော်​နေထိုင်သည် ။​မြောက်ဘက်တွင် ကန်ပက်လက်မြို့ ၊ ​အ​ရှေ့​မြောက်ဘက်တွင် မင်းတပ်မြို့နှင့် ​ကျောက်ထုမြို့ ၊ အ​ရှေ့ဘက်တွင် ​ဆောမြို့ ၊ အ​​နောက်ဘက်တွင် ​ရခိုင်ပြည်နယ်ကျောက်​တော်မြို့တို့ တည်ရှိသည်။ ​ဒေသတွင်း လမ်းပန်းဆက်သွယ်​ရေး ၊ စစ်​ရေးအရ အ​ရေးပါ​သော မြို့ဖြစ်​ကြောင်းလည်း သိရသည်။
ကျင်​ဒွေးမြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်များ /ကျင်​ဒွေးမြို့အတွင်းရှိအ​ဆောက်အအုံတစ်လုံး/ ​ကျင်း​ဒွေးမြို့အပါအဝင်​ဒေသတွင်း​မြေပုံနှင့် မြို့ဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ- ချင်းညီ​နောင် ၊CJ
ကရင်နီပြည်တွင် မြေမြှုပ်မိုင်းအန္တရာယ်ကြီးမားနေဟု IEC ထုတ်ပြန်

ရဲခေါင်/People's Spring

ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစုတွင် မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန်စစ်သုံးပစ္စည်းများ အန္တရာယ်ကြီးမားနေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ထုတ်ပြန်သည်။

စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။

"ကရင်နီမှာ ဒီနှစ်ထဲဆို မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၃၀ ကျော်လောက်ရှိတယ်။အဓိကတော့ မိုင်းအန္တရာယ်အကြောင်း သိပ်မသိကြသေးတာလည်းပါတယ်"ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲ၊ဖယ်ခုံအပါအဝင် ကရင်နီပြည်နယ် ဒီးမော့ဆို၊ဖရူဆို၊လွိုင်ကော်မြို့အစရှိသည့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် စစ်ကောင်စီက မြေမြှုပ်မိုင်းနှင့် တိုက်မိုင်းများစွာကို လူနေရပ်ကွက် များ၊သာသနာရေးဆိိုင်ရာ အဆောက်အအုံများ၌ အသုံးပြုလျှက်ရှိကြောင်းလည်း ၎င်းက ဆိုသည။

မကြာသေးမီရက်ပိုင်းကပင် ဒီးမော့ဆိုမြို့နယ်၊ပူဖားကျေးရွာမှ နွားကျောင်းနေသည့် (၁၄)နှစ် အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ က ထုတ်ပြန်ထားသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်၊ကျေးရွာများအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေကြောင်း အသိပေးသည်။

ထို့အပြင် ပြည်သူများထိခိုက်မှု လျော့ကျစေရန် အင်အားစုအသီးသီးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လေကြောင်းရန် အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ကြိုးပမ်းနေကြောင်းလည်း IEC က ပြောသည်။

ထို့ကြောင့် မိုင်းများနှင့် စစ်သုံးပစ္စည်းအန္တရာယ်မှ ကာကွယ်ရေးအတွက် သက်ဆိုင်ရာမြို့နယ်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များနှင့် တော် လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ ပြည်သူ များအနေဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် ပြန်လည် နေထိုင်ခြင်း မပြုရန် သတိပေးထားသည်။

ပြန်လည်အခြေချ နေထိုင်ခွင့်ရှိသည့် အချို့သော ရပ်ကွက်၊ ကျေးရွာများတွင် သတ်မှတ်ထားသည့် နေရာ၌သာ နေထိုင်သွားလာရန် ကန့်သတ်ထားသည့် နေရာများသို့ သွားလာခြင်း လုံးဝမပြုလုပ်ရန်နှင့် ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများတွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း (သို့မဟုတ်) တူးဖော်ထုနှက်ခြင်း၊ နေရာရွေ့ခြင်းနှင့် ယူငင်သိမ်းဆည်းထားခြင်း လုံးဝမပြုလုပ်ရန် အသိပေးသည်။

ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်ရာ တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများကို ချက်ခြင်းအကြောင်းကြားရန် IEC က တိုက်တွန်းသည်။

သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာအုပ်စု၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ လိုအပ်ချက်အရ ထုတ်ပြန်သည့် မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာရန်လည်း ဖော်ပြထားသည်။
(ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်က ထောင်ထားသော မြေမြှပ်မိုင်းကို KNDFတပ်ဖွဲ့ဝင်များက ရှင်းလင်းပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-KNDF)
ရေးဦးမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF တိုက်ခိုက်

ဇော်ရမ်း၊အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ရေးဦးမြို့အဝင်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFက ယနေ့ နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရကြောင်း သတင်းရရှိသည်။

"ရှောင်တခင် ပြောက်ကျားစနစ်နဲ့ဝင်ပြီး ၄၀ မမနဲ့ တိုက်ခိုက်တာပါ။ ဂိတ်မှာက တပ်ကြပ်စိုးမိုးအောင်အပါအဝင် စစ်ကောင်စီတပ်သားနဲ့ပျူ ၁၅ယောက် ဂိတ်ဖွင့်ပြီး ပြည်သူကို အကြမ်းဖက် ဆက်ကြေးကောက် ဆဲဆိုကြိမ်းမောင်းတာတွေလုပ်လေ့လုပ်ထရှိတဲ့ ဂိတ်တစ်ခုပါ။ သုံးကောင်ကျပြီး လေးကောင် ထိခိုက်ဒဏ်ရာရတယ်။ အဲဒါကို မျက်မြင်သတင်းရော တပ်တွင်းသတင်းရော အတည်ပြုတာပါ။"ဟု ရွှေဘိုခရိုင်တပ်ရင်း(၁၄)၏ တပ်ရင်းမှူး ကိုသစ်ပင်က ပြောသည်။

အဆိုပါဂိတ်သည် ရေဦးနှင့် ဒီပဲယင်းမြို့ကြား၌ တည်ရှိသည်။ စစ်ကောင်စီတပ်သား ၁၅ဦးထက်မနည်းရှိနေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFကထုတ်ပြန်ထားသည်။

" မနက် ၇နာရီမှာ သွားချတာ။ သုံးယောက်ထိတယ်။ ပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သေဆုံးနိုင်တယ်လို့ သိရတယ်။ ဗိုလ်က မျက်နှာသွားသစ်နေလို့ လွဲသွားတာလို့ သတင်းပြန်ရတယ်"ဟု ရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် ဧပြီ ၉ရက်ကလည်း ရေဦးမြို့ရဲစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
(ရွှေဘိုခရိုင် တပ်ရင်းအမှတ်(၁၄) -YEU PDFမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - YEU PDF)