People's Spring
68.5K subscribers
38.9K photos
675 videos
2 files
705 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တော်လှန်ရေးသည် NLD နှင့် စစ်ကောင်စီ အကြား ဖြစ်နေသယောင် ပုံဖျက်နေမှုအပေါ် NUG ရှင်းလင်း

ဟန်နွေ/People’s Spring

စစ်ကောင်စီက တော်လှန်ရေးကိုပုံဖျက်လို၍ လက်ရှိဖြစ်နေသည့် အခြေအနေများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် စစ်ကောင်စီအကြားဖြစ်နေသည့် ပြဿနာဟု လှုံ့ဆော်မှုများရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

တော်လှန်ရေးစတင်ကတည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မြေပြင်၌ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)များကို လူထုကိုအခြေခံပြီး ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းပအဖများကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း NUG ပေါ်ပေါက် လာချိန်၌ ကြားကာလ အုပ်ချုပ်မှု ဖော်ဆောင်ရေးလက်စွဲကို ပြဌာန်းပြီး ပအဖများကို ဗဟိုနှင့် ကိုက်ညီသည့် ဖွဲ့စည်းမှု ပုံစံလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြသည်။

" ပအဖ ဖွဲ့စည်းတဲ့ မူမှာဆိုရင် NLD ကိုယ်စားလှယ်တွေ NLD ပါတီဝင်ရယ်လို့ သတ်မှတ်ထားတာမရှိပါဘူး။ မြေပြင်မှာရှိနေတဲ့ သက်ဆိုင်ရာ မြို့နယ်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစု အသီးသီးကနေ ကိုယ်စားလှယ်ပေးပြီး စုဖွဲ့ထားတဲ့ ပုံစံမျိုးနဲ့ သွားတယ်။ အဲဒီအထဲမှာ မဖြစ်မနေကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ NLD ပါတီဝင်တွေဟာ ပါပါတယ်။ ဘာကြောင့် ပါလာလဲဆိုရင် တော်လှန်ရေးမှာ ပါလာလို့ကို သူတို့ ပါလာတာ ဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကနေ ပအဖ ခေါင်းဆောင်ကို NLD ဖြစ်ရမယ် တို့ ဘာတို့ ဘာမှ သတ်မှတ်ထားတာ ရွေးချယ်ထားတာမရှိဘဲနဲ့ မြို့နယ်မှာ ညှိနှိုင်းပေါင်းစပ်ပြီး ဒီ ပအဖတွေကို ဖွဲ့စည်းတာဖြစ်တယ်”ဟု ဦးလွင်ကိုလတ်က ပြောသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် သက်ဆိုင်ရာ ကဏ္ဍအသီးသီးရှိ CDM လုပ်နေသည့် CDM ဝန်ထမ်းများဖြင့် ပအဖကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

" စစ်ကောင်စီက ဖြစ်နေတဲ့ တော်လှန်ရေးကို ပုံဖျက်ချင်တော့ ဒါက စစ်ကောင်စီနဲ့ NLD ကြားထဲမှာ ဖြစ်သယောင် သွေးထိုး လှုံ့ဆော်နေတာဖြစ်ပေမယ့် တကယ့်မြေပြင်မှာ ရှိနေတဲ့ စုဖွဲ့မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို အနီးကပ်ရှိနေတဲ့ ပြည်သူလူထုက ဒီပုံစံမျိုးမဟုတ်ဘူးဆိုတာ သိပါလိမ့်မယ်”ဟုလည်း ဦးလွင်ကိုလတ်က ပြောသည်။

မြို့နယ်အဆင့် စုဖွဲ့မှုများ၌ NUGက မည်သူ့ကို တာဝန်ပေးရမည်ဟု တိုက်ရိုက်ဆောင်ရွက်နေခြင်းမရှိဘဲ မြို့နယ်တွင်းရှိ တော်လှန်ရေးဦးဆောင်အင်အားစုများ၏ ပေါင်းစပ်ဖွဲ့စည်းမှုဖြင့် သွားနေခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းစဉ်ကတည်းက NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ NLD ခေါင်းဆောင်များ၊ပါတီဝင်များစွာနှင့် ပြည်သူများစွာကိုဖမ်းဆီးပြီး ပြည်သူလူထုနှင့် NLD ပါတီကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုမျိုးစုံကို ပြုလုပ်ခဲ့သည်။

NLDပါတီ၏ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)(HRDT-NLD) မှ ကောက်ယူထားသည့် မှတ်တမ်းများအရ စစ်ကောင်စီသည် ပြည်သူများကို ဥပဒေမဲ့ မတရားဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၇၀၀၀ ကျော်ရှိနေပြီး ဖမ်းဆီးခံရသူများထဲ၌ NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၄၄) ဦး နှင့် အဖွဲ့ချုပ်ပါတီဝင် (၁၉၀၅)ဦးပါဝင် သည်ဟု ဆိုသည်။သုံးနှစ်ကျော်အတွင်း စစ်ကောင်စီက ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့သည့် ပြည်သူ ၄၀၀၀ ကျော်ရှိရာ NLD လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ ပါတီဝင် (၁၀၀) ဦး ပါဝင်ကြောင်း အသိပေးထားသည်။

ထို့ပြင် ပြည်သူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများကို ဥပဒေမဲ့ချိပ်ပိတ်သိမ်းယူခြင်းများ၊ နေအိမ်အတွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မဲ့ ခိုးယူဖျက်ဆီးခြင်းများကြောင့် ပြည်သူ (၇၈၆) ဦး ၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၉၆၆) ခု ရှိခဲ့ရာ ထိုအထဲတွင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၈) ဦး နှင့် ပါတီဝင် (၂၃၇) ဦး၊ စုစုပေါင်း အဖွဲ့ချုပ် အဖွဲ့ဝင် (၄၃၅) ဦး တို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရကြောင်း NLDက ထုတ်ပြန်သည်။

NLD ရုံးများကို စစ်ကောင်စီက အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အဖွဲ့ချုပ်ဗဟိုရုံး (ရန်ကုန်) - ၃ ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများ - ၁၅ ကြိမ်၊ ခရိုင်ရုံးများ - ၆ ကြိမ်၊ မြို့နယ်ရုံးများ - ၁၁၂ ကြိမ်၊ ရပ်ကျေးရုံးများ - ၂၈ ကြိမ် တို့ဖြင့်စုစုပေါင်း ဖျက်ဆီးမှုအကြိမ်ပေါင်း (၁၆၄) ကြိမ် ရှိနေခဲ့သည်ဟု အသိပေးထုတ်ပြန်ထားသည်။
ရေစကြိုတွင် ဧပြီအတွင်း စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ လေးဦးသေဆုံး

ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧပြီအတွင်း စစ်ကောင်စီတပ် ၏ လက်နက်ကြီးအပါအဝင် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဧပြီ ၁၄ ရက် ညနေပိုင်းက ရွှေချောင်းရွာနေ (၅၁)နှစ်အရွယ် ဦးသန်းဇော်လင်း၊ ဧပြီ ၁၆ ရက်က ကျောမကြားရွာနေ (၆၄)နှစ်အရွယ် ဒေါ်ခင်ဝင်းမြင့်၊ ဧပြီ ၁၈ ရက်က ပေါက်တောရွာနေ (၅၄)နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ခင်စိုးမာတို့ သေဆုံးကာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးသည်။

ထို့အပြင် ရေစကြိုမြို့ပေါ်တွင် ဧပြီ ၁၉ရက်ကလည်း ရုံးပေါင်းစုံအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပေါက်တောကြီးရွာမှ မြို့ပေါ်သို့ ခရီးသည်ပို့ဆောင်လာသော အသက် (၂၈) နှစ်အရွယ် ကိုဖြိုးလျှံဦးကို ဖမ်းဆီးခေါ်ဆောင်ကာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရေစကြိုပအဖ က ဆိုသည်။

ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မူးရူးသောက်စားကာ ညစဉ်နီးပါး မြို့ပေါ်လူနေရပ်ကွက်များနှင့် မြို့အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းကားပစ်ခတ်နေကြောင်း သိရသည်။

"အမှန်တော့ စခတွေက သူတို့တပ်စွဲထားတဲ့နေရာတွေ ခဏခဏဝင်တိုက်ခံရတိုင်း၊ သောက်စားမူးရူးလာတဲ့အခါတိုင်း လက်နက်ကြီးတွေနဲ့ ရပ်ကွက်၊ ကျေးရွာတွေကို ရမ်းကားပစ်ခတ်တာပါပဲ။"ဟု ရေစကြိုသတင်းအချက်အလက် ကော်မတီ(Info Committee yeasagyo)၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဧပြီ ၁၄ ရက်က ရေစကြိုမြို့၊ ကမ်းနားလမ်းရှိ နေအိမ်(၃)လုံး၊ အိမ်စီးကား တစ်စီးနှင့် ဆိုင်ကယ် တစ်စီးကို မီးရှို့ ဖျက်ဆီးပြီး မီးဝင်ငြှိမ်းသူများကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီထံမှ သိရသည်။
︎​ဆောင်းပါး

မြို့ပြမှ မီး ဘေး ဒုက္ခသည်​တွေ

ရောင်နီ /People's Spring

"ဖျတ် ကနဲ ... လာ
ဖျတ် ကနဲ ... ပျက်
ဘုရားကြီးလည်း မီးခက်ပါတယ်"

ဒီစာသားက မြန်မာနိုင်ငံမှာနေတဲ့သူတွေရဲ့ လျှပ်စစ်မီးက‌ပေးတဲ့ ဒုက္ခကနေ ဖြစ်ပေါ်လာတာပါ။

ပြည်သူတွေတင်မဟုတ်ပဲ ဘုရားတွေတောင် မီးမှန်မှန်မရတော့လို့ အလှူငွေလှူကြဖို့ဖိတ်ခေါ်နေရတာပါ။

လေးနာရီခြား မီးပေးတယ်လို့ စစ်​ကောင်စီရဲ့လျှပ်စစ်ဌာနက ကြေညာထားပေမယ့် မီးက ပေးရမယ့်အချိန်တွေမှာလည်း ပျက်နေတာပါ။

"နေ့ပိုင်းမီးမလာတာထား ရတယ်။ညပိုင်းမီးပျက်တော့ ဘယ်လိုလုပ်သွား အိပ်ရမလဲ။အိပ်ချိန်ရောက်တော့မယ်ဆိုရင် မီးကိုဖြတ်ပြီ" လို့ ရန်ကုန်မြိုနေ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပုံမှန်ဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီက မီးလုံးဝမဖြတ်တဲ့ အချိန်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ညည့်နက်ရင် တိုက်ခန်းတွေကိုမီးဖြတ်ပစ်လေ့ရှိတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

"တစ်နိုင်ငံလုံး System Breakdown ဆိုနားလည်ပေးလို့ရသေးတယ်။ အခုက ညတိုင်းလိုလို မီးဖြတ်တယ်။ ဖြတ်တာကလည်း အိမ်တွေကိုပဲ ဖြတ်တာ ။ လမ်းမီးတွေ ပေးထားတယ်။ တမင်ဖြတ်ချင်လို့ကို ဖြတ်တဲ့‌သဘောပဲ" လို့ အထက်
ပါအမျိုးသားကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ တချို့မြို့နယ်တွေမှာဆိုရင် တစ်ရက်လုံးကိုမှ လေးနာရီလောက်တောင် မီးမရတဲ့ မြို့နယ်တွေလည်းရှိနေပါတယ်။ တစ်ခါတစ်ခါကျ မီးကို ဖြတ်လိုက် လာလိုက်လုပ်နေတာတွေလည်း အကြိမ်ရေမတွက်နိုင်အောင်ကြုံရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာဆိုရင် တစ်နေ့လုံး မီးပုံမှန်မရတဲ့အပြင် ညတိုင်းလည်း မီးပျက်တာကတော်တော်ဆိုးတယ်လို့ ဒေသခံတွေကပြောပါတယ်။

"မီးပျက်လို့ EPC ကိုဖုန်းဆက်ရင် အမတို့ရပ်ကွက်ကိုမီးလွှတ်ထားတယ်။ အမတို့ဘက်လိုင်းက Breaker ကျနေတာ အဲတာပဲကြားရတယ်။ Breaker ပြန်တတ်ဖို့ ဘယ်လူကြီး ဘယ်တာဝန်ရှိသူတွေကို ဆက်သွယ်ရမလဲ" လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကရင်ဖွင့်ထားပါတယ်။

အခုလိုမီးပျက်နေရတာက အထက်အမိန့်ကိုလိုက်နာရလို့ ၊ စက်မှုဇုန်တွေဆီကနေ လာဘ်ငွေယူပြီး မီးပေးနေလို့ စတဲ့ အကြောင်းပြချက်တွေကြားရပေမယ့် မီးပျက်တဲ့အကြောင်း
ရင်းကို လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြည်သူတွေကတော့ EPC ဝန်ထမ်းတွေအပေါ်မှာတော်တော်မေတ္တာထားနေကြပါတယ်။ အရင်ကမြွေဆိုးတွေတွေ့ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို လွှတ်ခိုင်းသလို အခုနောက်ပိုင်းတော့ နီးစပ်ရာ EPC တွေထဲကိုလွှတ်ဖို့ ပြောဆိုနေကြပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတစ်ဝန်းအပူချိန်တွေကလည်း တိုးနေတာကြောင့် လူဦးရေထူထပ်တဲ့ ၊ အရိပ်ရသစ်ပင်တွေမရှိတဲ့ ၊ တိုက်ခန်းတွေနဲ့နေရတဲ့ ရန်ကုန်က အပူဒဏ်ကိုပိုခံစားနေရတာပါ။

ဒါကြောင့် နေ့လည်ပိုင်းတွေဆိုရင် လေအေးပေးစက်တွေ မပြတ်ဖွင့်ထားတဲ့ ဈေးဝယ်စင်တာလိုနေရာတွေမှာ လူအများအပြား အပူရှောင်ရင်းလာနေကြတာကိုတွေ့ရပါတယ်။

ညနေပိုင်းတွေမှာလည်းပြည်သူအများစုက မီးမလာတာကြောင့် အိမ်တွေမှာမနေနိုင်ပဲ ပန်းခြံ ၊ ကန်ဘောင်စတဲ့နေရာတွေမှာ သွားရောက်နေကြရပါတယ်။

အဆိုးဆုံးက​တော အပူပြင်းထန်​နေချိန်မှာ မီးပျက်တာ​​​ကြောင့် အပူရှပ်(Heat Stroke)လို့ ပြည်သူ​တွေ​သေဆုံးရတာ​တွေပါရှိလာပါတယ် ။ မန္တ​လေးမြို့မှာဆိုရင် အပူရှပ်ပြီးတစ်ရက်တည်း ပြည်သူ​သေဆုံးမှုဟာတချို့​နေ့​တွေမှာ ဆယ်ဂဏန်းအထိရှိလာတယ်လို့ လိုက်လံကူညီ​ပေး​နေသူအချို့က​ပြောပါတယ် ။

"လျှပ်စစ်ကားအင်ဗာတာ ၊ဆိုလာ၊ ပါဝါစတေရှင်ဘက်ထရီ
တွေကို သာကောဆီက မအလနဲ့သားများကသွင်းပြီး
မီးကိုဖြစ်ခိုင်းတာဖြစ်မယ်"လို့ ပြည်သူတစ်ဦးက သူ့အမြင်ကိုရေးသားထားပါတယ်။

ပြည်သူတွေပြောသလိုပဲစစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကတည်းက လျှပ်စစ်မီး မှန်မှန်မရရှိတော့တာပါ။ အရင် အရပ်သား အစိုးရခေတ်တုန်းက မီးပျက်တာအနည်းအကျဥ်းရှိပေမယ့် ဒီလိုမဆိုးဘူးလို့ ပြည်သူတွေက ပြောပါတယ်။

"ပြည်သူ့အစိုးရလက်ထက်က နွေရာသီတောင် မီးမပျက်အောင် စွမ်းဆောင်ပြသွားတယ်... အခုများတော့ ဘက်စုံကိုပျက်စီးနေတော့တယ် " လို့ ပြည်သူတစ်ဦးက YESC Call center ရဲ့ပို့စ်အောက်မှာ မှတ်ချက်ရေးသားထားပါတယ်။

အာဏာမက်ပြီး တိုင်းပြည်ကိုသိမ်းလိုက်ပေမယ့် ပြည်သူတွေကို အခက်အခဲဖြစ်အောင်ပဲလုပ်နိုင်တဲ့ စစ်ကောင်စီအနေနဲ့ ကိုယ့်အရည်အချင်းကိုယ်သိဖို့ အချိန်တန်ပြီလို့ ပြည်သူတွေက ပြောကြားနေကြပါတယ်။

ပြည်သူတစ်ဦးကတော့ ဒီလို ဒုက္ခတွေက လွတ်ဖို့အတွက် ‌နည်းလမ်းတစ်ခုပဲရှိတယ်လို့ အခုလို အကြံပြုထားပါတယ်။

"ဘာမှလုပ်မနေနဲ့ ဒီမအလ အာဏာသိမ်း စကစ ပြုတ်အောင်သာ အားစိုက်ကူညီကျ ဒီမအလ စကစ ပြုတ်ကျရင် ဒီမအလ ပေးတဲ့ ဒီလိုဝဋ်ဒုက္ခ စိတ်ဆင်းရဲချင်းက ပြည်သူတွေအမြန်လွတ်ကြမယ်"
ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring
ဘန်ကောက်မြို့ မေဒေးချီတက်ပွဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

-People's Spring

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချီတက်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)တွင် မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့များဦးဆောင်ပြုလုပ်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် ပါဝင်ခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူများက ဆိုသည်။

ချီတက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများက "အရေးတော်ပုံ အောင်ကိုအောင်ရမည်"ဟု ရေးသားထားသော ဗီနိုင်းကိုင်ဆောင်ကာ "အရေးတော်ပုံ အောင်ရမည်၊ စစ်အာဏာရှင်ဖြုတ်ကျရေး၊ ပြည်သူတွေကို ပြန်သတ်နေတာ မြန်မာစစ်တပ်" စသည်တို့ အော်ဟစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဆဲဆိုအော်ဟစ်ခဲ့ကြသည်။ ထို့အပြင် "အရေးကြီးပြီ"သီချင်းကိုလည်း မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက သီဆိုခဲ့ကြသည်။

အဆိုပါ ချီတက်ပွဲတွင် ထိုင်း၊မြန်မာ၊လာအို၊ ကမ္ဘောဒီးယားစသည့် လုပ်သားများပါဝင်ချီတက်ခဲ့ပြီး အလုပ်သမားအခွင့်အရေးများလည်း တောင်းဆိုခဲ့သည်ဟု ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

" အလုပ်သမားအခွင့်အရေးပေါ့။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အဓိကပါ။ ဥပဒေပုဒ်မ ၈၇၊၉၈ ကိုပေါ့ ထိုင်းအစိုးရအနေနဲ့ လက်မှတ်ထိုးပေးဖို့ပေါ့"ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရအနေနှင့် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း(ILO)သဘောတူညီချက် ပုဒ်မ ၈၇ နှင့် ၉၈ အရ လွတ်လပ်စွာ ပေါင်းသင်းခွင့်နှင့် အလုပ်သမားများ၏ စေ့စပ်ညှိနှိုင်းခွင့်ကို အကာအကွယ်ပေးရေးနှင့် နေထိုင်ခွင့် အာမခံချက်ပေးရေး၊ အလုပ်သမားအားလုံး တန်းတူအကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို ဘန်ကောက်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှ အစိုးရရုံးအထိ ချီတက်ခဲ့ကြသည်။