ဖားကန့်၊ ဆိုင်းတောင်ဒေသတွင် KPDF ၃ ဦးနှင့် ရဲ၇ဦးထိပ်တိုက်တွေ့၍ တိုက်ပွဲဖြစ်ရဲ ၂ဦးသေ၊၁ဦးဖမ်းဆီးခံရ
မောင်မောင်/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့ဝင် ၃ ဦး
နှင့် စစ်ကောင်စီရဲ ၇ ဦးထိပ်တိုက်တိုးပြီးတိုက်ပွဲဖြစ်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ဦး သေဆုံးပြီး ၁ ယောက်ကိုအရှင်ဖမ်းမိကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
ဖေဖော်ဝါရီ ၂၅ရက်မနက်တွင် ဆိုင်းတောင် ရှမ်းကုန်းစျေး၌ ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။
“ဒီမနက် ၉နာရီလောက်မှာ ဖားကန့် ဆိုင်းတောင် ရှမ်းကုန်းစျေးမှာ ရဲ ၇ယောက် ထွက်လာတာနဲ့ KPDF သုံးယောက်စျေးဝယ်ပြီးထွက်လာတာနဲ့စျေးမှာတွေ့လို့ တိုက်ပွဲဖြစ်ကြတာ။အဲဒီမှာ ရဲ ၂ယောက် သေပြီး ၁ယောက်ကို အရှင်ဖမ်းသွားတယ်လို့ ကြားရတယ်။ “ ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံရဲများထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
KPDFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး KIAက ဦးစီးဖော်ဆောင်နေသည့် ကချင်ဒေသ စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။
ဆိုင်းတောင်ကျေးရွာအနီးတွင် KIA ၊ KPDF ပူးပေါင်းတပ်နှင့်စစ်ကောင်စီတပ်တို့ ၂၀၂၃ အောက်တို့ ဘာ ၃ ရက် ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

👏41👍32❤6🔥2
ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွင် လုံခြုံရေးယူနေသော ရဲများအား တွေ့ရစဉ်။(ဓာတ်ပုံ - CJ)
👍20💩19🖕4👎2🔥2
▪︎ကဗျာ
"အလွမ်း"
▪︎Sarah
နေ့အိပ်မက်တွေက ခြောက်သွေ့ပြီး ညအိပ်မက်တွေဟာ ရှည်လျားလွန်းတယ်
ခနခနမက်တဲ့ အဖြစ်အပျက်တွေ
လန့်နိုးတဲ့အခါ မျက်ရည်တွေ
ဝေဝါးတဲ့မြင်ကွင်းထဲက နောက်လှည့်ထွက်ခဲ့မိတယ်
တရက်နှစ်ရက်မက ရက်ပေါင်းများစွာလိုလို
ပြတင်းပေါက်ကမြင်ရတဲ့ အလင်းရောင်တွေငေးမျှော်ကြည့်ရင်း
အတွေးတွေပြန့်ကြဲနေလိုက်တာ
ခြေသံပေါင်းများစွာ ဒီအခန်းထဲဝင်ရောက်ဖူးတယ်
ရယ်သံတွေ သီချင်းသံတွေ မျက်ရည်တွေနဲ့ ထွေးပွေ့ထားခဲ့ဖူးကြတယ်
အဆင်မသင့်တဲ့အခါ အသဲကွဲရတာပဲ
ခြောက်သွေ့လွန်းတဲ့နှုတ်ခမ်းတွေအတွက် ဖြေဆေးမရှိဘူး
ဘာကိုလိုချင်ပြီး ဘာကိုရယူချင်မှန်းမသိအောင်
ဘာမှ မဖြစ်ချင်တော့တာ
ဒါဟာ အနက်ရောင်ချောက်ကမ်းပါးများလား
အတောင်ချိုးခံထားရတဲ့ ငှက်တွေလို
ကိုယ့်အသိုက်ကိုယ်ပြန်ဖို့ပဲ တောင့်တမိတယ်
ဆန္ဒရဲ့ ဆန့်ကျင်ဘက်အရပ်ဟာ စိတ်ကို နာကျင်စေတယ်
သက်ဆိုးရှည်ဖို့ ရှင်ကျန်ရစ်ခဲ့တဲ့ ဘဝတွေ
ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်ကြ
ဒီမျိုးစေ့ရဲ့ အချိုးအကွေ့မှာ
မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်
ဆန္ဒတွေရှိသလောက်ဆို ဟေ့ လူကြီး
ခင်ဗျားနဲ့တွေ့ချင်သေးတယ်
အခုမဟုတ်လဲ နောက်များမှပေါ့…
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့
'Sarah' ရဲ့ "အလွမ်း" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
👍30❤11🔥1
ညောင်လေးပင်ခရိုင်တွင် စစ်တပ်ပစ်ခတ်၍ လေးရက်အတွင်း နေအိမ် ၃၀ကျော် မီးလောင်
ထိုက်ထိုက်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာနေရာများကို ဆက်လက်ပစ်ခတ်ခဲ့၍ နေအိမ်နှင့် ဘုန်းကြီးကျောင်း ပျက်စီးမှုများရှိခဲ့ကြောင်း KNUဗဟိုက ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၁ရက်မှ ယမန်နေ့ (ဖေဖော်ဝါရီ ၂၄ရက်)အတွင်း စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူလူထုများ၊ ပြည်သူလူထုများ နေထိုင်ရာနေရာဒေသများအတွင်းသို့ ပစ်မှတ်ထားပြီး လက်နက်ကြီး အလုံး ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ဒရုန်းဖြင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
ထိုသို့ ပစ်ခတ်ခဲ့၍ ပြည်သူလူထုပိုင် နေအိမ် ၃၄ လုံး မီးလောင် ပြာကျခဲ့ရပြီး နေအိမ် ငါးလုံး၊ နွားတင်းကုတ် တစ်လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNUက ထုတ်ပြန်သည်။
စစ်ကောင်စီပစ်ခတ်သည့် ဖြစ်စဉ်များမှာ ဖေဖော်ဝါရီ ၂၁ရက် ညောင်လေးပင်ခရိုင် ရွှေကျင်(ဆောထိ)မြို့နယ်သို့ ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်စခန်းမှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ချို့အင်း၊ တောင်ခင်ရွာများသို့ ကျရောက်ခဲ့ပြီး တောင်ခင်ရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့သည်ဟုဆိုသည်။
ဖေဖော်ဝါရီ ၂၂ရက်တွင်လည်း စစ်ကောင်စီ၏ ခမရ−၃၀၇ ရွှေဝါတပ်ရင်းမှ ပစ်ခတ်လိုက်သော ဟောင်ဝစ်ဇာ လက်နက်ကြီး နှစ်လုံးသည် နတ်သံကွင်းမြို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပိန်းဇလုပ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းမှ နတ်သံကွင်းမြို့အတွင်းနှင့် တောင်ခင်ရွာ၊ အလှိုင်ရွာ၊ ကြိတ်ကွင်းရွာ၊ ဘုရားငုတ်တိုရွာ များသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နတ် သံကွင်းမြို့အတွင်း နေအိမ်သုံးလုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီတပ်များ၏ ဒရုန်းတိုက်ခိုက်မှုကြောင့် တောင်ခင်ကျေးရွာမှ ဒေသခံများ၏ နွားတင်းကုပ် တစ်လုံးနှင့် နေအိမ် နှစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
ကုန်းချောင်းဝကျေးရွာ၌ တပ်စွဲထားသော စကစတပ်များသည် မူး(မုန်း)မြို့နယ်အတွင်းရှိ ရေတွင်းကုန်းကြီး ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီ ၂၃ရက်တွင်လည်း စစ်ကောင်စီတပ် များမှ နတ်သံကွင်းမြို့သို့ လက်နက်ကြီးစုစုပေါင်း(၃၂)လုံးပစ်ခတ်ခဲ့ရာ နတ်သံကွင်း မြို့ရှိ ဒေသခံများ၏ နေအိမ် ၂၈လုံး မီးလောင်ပြာကျခဲ့ရသည်ဟု အသိပေးသည်။
ထို့အပြင် ဖေဖော်ဝါရီ၂၄ရက် နံနက်တွင် ကုန်းချောင်းဝကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သည် နတ်သံကွင်းမြို့သို့ လက်နက်ကြီးစုစုပေါင်း ၃၅လုံးပစ်ခတ်ခဲ့ရာ နတ်သံကွင်းမြို့မှ ဒေသခံများ၏ နေအိမ် ခြောက်လုံးထပ်မံ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများအတွင်း လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

🤬31👍4❤2😁1😡1
ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင် နေသည်ကို အဝေးမှမြင်တွေ့ရစဉ်။(ဓာတ်ပုံ - KNU)
🤬34👍2😡2❤1
ကလေး မြို့နယ် စစ်ကောင်စီတပ်စခန်း ၃ ခုသိမ်းတိုက်ပွဲ အရာရှိအပါအဝင်စစ်တပ် ၁၅ဦးသေ၊ လက်နက် မျိုးစုံ ၁၂လက်ရဟု အမှတ်(၁) စစ်ဒေသထုတ်ပြန်
မောင်မောင်၊စောနွေဦး /People’s Spring
စစ်ကိုင်းတိုင်း ၊ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ စခန်းများအား တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၃ ရက်အတွင်း စခန်း ၃ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက ထုတ်ပြန်အသိပေးသည်။
ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများအား တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၁ရက်မှ ၂၃ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့မှု အခြေအနေကို အသိပေးဖော်ပြခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကိုလည်း ပြသခဲ့သည်။
စစ်ကောင်စီတပ်မှ ဗိုလ်ကြီး မင်းခန့်ဇင် ဦးစီးသော ကလေးမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-ကလေး)
လက်အောက်ခံ တပ်ဖွဲ့ဝင်များ ရှိသော စက္ကန့်ရွာ၊ ကံကြီးရွာ
နှင့် ကံသာရွာတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အပါအဝင် ၁၅ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း အသိပေးထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀) လက်၊ RPG-7 (၁) လက်၊ ၆၀ မမ ပြောင်းတို (၁) လက် နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်များကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin စသည့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း အရပ်သား ၆ ဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ အဆိုပါ အရပ်သား ၆ဦးတွင် ကလေးငယ် နှစ်ဦးနှင့် မိသားစု သုံးဦးပါဝင်ကြောင်း ကလေးမြို့ခံတစ်ဦးက ပြောသည်။
ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၂ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများစခန်းချထားသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။ကလေးမြို့မြောက်ပိုင်းရှိ ကံကြီးရွာစခန်းနှင့်
ကံသာယာရွာ ရှိ စစ်တပ်နှင့် ပျူစောထီးစခန်းတို့ကိုလည်း ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းသည်။
တိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များမှ ၂ ဦးကျဆုံးကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သော်လည်း
ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် သုံးဦး ကျဆုံးခဲ့ကြောင်းအသိပေးထားသည်။
"သူတို့ကျတာ မှန်ပါတယ်။ အခြားရဲဘော်တစ်ဦးလည်းတိုက်ပွဲမှာ ကျပါသေးတယ်”ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ထိုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ ဖေဖော်ဝါရီ ၂၃ ရက်တွင်ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း CNO/CNDF ကလည်းထုတ်ပြန်ထားသည်။
စခန်းများကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်များကိုလည်း မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်သူ ၄၀ ခန့်အထိရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
ထိုအပြင် ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၄ ရက်ညတွင်လည်း တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဒေသခံအချို့ကပြောသည်။ သို့သော် အမှတ် ၁ စစ်ဒေသက ဖေဖော်ဝါရီ ၂၄ ရက်တိုက်ပွဲအခြေအနေကို သတင်းမထုတ်ပြန်သေးပေ။

👍42❤8👏5🤣1😨1
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-အမှတ်(၁) စစ်ဒေသ
❤34👍10👏7🖕2
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️ဆင်ဘိုမြို့အနီး ခလရ(၁၄၁)စခန်းသိမ်းတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီရဲ့ ခလရ(၁၄၁)တပ်ရင်း သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်များက မနေ့က ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ KIA တပ်ရင်း(၅)နယ်မြေရှိ စစ်ကောင်စီတပ်ရင်းကို KIA၊ KPDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနားလေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာတယ်လို့ KIA က အသိပေးပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေလို့ ဆင်ဘိုမြို့နေ ပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
◾️ဖားကန့် ဆိုင်းတောင်ဒေသမှာ တိုက်ပွဲဖြစ်ပွားရာ ရဲ နှစ်ဦးသေ၊ တစ်ဦးဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသမှာ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့ဝင် ၃ ဦးနဲ့ စစ်ကောင်စီရဲ ၇ ဦးတို့ ထိပ်တိုက်တိုးပြီးတိုက်ပွဲဖြစ်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦး သေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ဆိုင်းတောင် ရှမ်းကုန်းစျေးမှာ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံရဲများထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲပါ။
◾️ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်ထပ်မံတိုက်ခိုက်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသရှိ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တို့ကို စစ်ကောင်စီက မနေ့က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ထပ်မံပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထုတ်ပြန်ပါတယ်။ မနေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။ လွယ်ဝိုးတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။
◾️မန္တလေးPDF သုံးနှစ်အတွင်း တိုက်ပွဲကြီး ၃၇ ကြိမ်၊ တိုက်ပွဲငယ် ၅၈ ကြိမ်၊ မြို့ပြမစ်ရှင် ၄၉၈ ကြိမ်တိုက်ခိုက်ဆင်နွှဲထား
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ဟာ သုံးနှစ်တာ ကာလအတွင် တိုက်ပွဲကြီးပေါင်း ၃၇ ပွဲ ၊ တိုက်ပွဲငယ် ၅၈ ပွဲ ၊ မြို့ပြမစ်ရှင်ပေါင်း ၄၉၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့သပိတ်အင်အားစုများမှ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)ရဲ့ ဒီနေ့ ကျရောက်တဲ့ သုံးနှစ်ပြည့်မွေးနေ့မှာ ၃ နှစ်တာ ဖြတ်သန်းမှု ရုပ်သံမှတ်တမ်းတိုကိုထုတ်ပြန်ရင်း အသိပေးဖော်ပြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူငယ်တချို့ဟာ စစ်ကောင်စီရဲ့ မတရားဖိနှိပ် ချုပ်ချယ်မှုအပေါ် လက်မခံနိုင်ကြသည့်အဆုံး ၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရက်မှာ လက်နက်ကိုင်တော်လှန်ရေးစတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
◾️ညောင်လေးပင်ခရိုင်မှာ စစ်တပ်ပစ်ခတ်လို့ လေးရက်အတွင်း နေအိမ် ၃၀ကျော် မီးလောင်
ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာနေရာများကို ဆက်လက်ပစ်ခတ်ခဲ့လို့ နေအိမ်နဲ့ ဘုန်းကြီးကျောင်း ပျက်စီးမှုများရှိခဲ့တယ်လို့ KNUဗဟိုက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၂၁ရက်မှ ဖေဖော်ဝါရီ ၂၄ရက်အတွင်း စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင်အတွင်းရှိ ပြည်သူလူထုများ၊ ပြည်သူလူထုများ နေထိုင်ရာနေရာဒေသများအတွင်းသို့ ပစ်မှတ်ထားပြီး လက်နက်ကြီး အလုံး ၁၀၀ကျော် ပစ်ခတ်ခဲ့တဲ့အပြင် ဒရုန်းဖြင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
◾️ပဲခူးရိုးမဖြတ်လမ်းမှာ ပြည်သူများဖမ်းဆီးပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖို့ ပြင်နေ
မင်းလှ - စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းမှာ စစ်ကောင်စီတပ်က ခရီးသွားပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုကာ ရိုးမအတွင်းစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ထံမှ သိရပါတယ်။ ရိုးမဖြတ်လမ်းမှာ ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီတပ်များ တစ်ရက်တည်း လေးကြိမ်တိုက်ခိုက်ခံရပြီးနောက် အင်အားထပ်မံတိုးချဲ့ကာ ပြည်သူများကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ရိုးမဖြတ်လမ်း ဘန့်ဘွေးကုန်းရွာသို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အင်အား ၁၀၀ကျော်ခန့်ရှိနိုင်ပြီး ဟိုင်းယုလမ်းဆုံ ပျဥ်းကတိုးစိုက်ခင်းအနီး နေအိမ် ၂၀ခန့်ရှိရာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွာ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
◾️ရွှေဘိုမှာ သီလုံးပျူရွာ(တောင်ပိုင်း)စခန်းကို တော်လှန်ရေးအင်အားစုများ စီးနင်းထား

👍31❤5🔥1
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ သီလုံးပျူရွာ(တောင်ပိုင်း)စခန်းကို တော်လှန်ရေးအင်အားစုများက စီးနင်းထားတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာရှိ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ၁၀ မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပျူများမှာ စခန်းစွန့်ခွာ ထွက်ပြေးသွားလို့ နယ်မြေ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဗိုလ်မိကျောင်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ညပိုင်းမှာ ပျူများက ပြန်လည်ထိုးစစ်ဆင်လာရာ (၁၅) မိနစ်ခန့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ အဲဒီတိုက်ပွဲများအတွင်း စစ်အုပ်စု ထိခိုက်မှုများရှိတယ်လို့ တော်လှန်ရေးအင်အားစုများက ပြောပါတယ်။
👍30🔥1
ဟုမ္မလင်းမြို့နယ်မှ ပြည်သူများအား ရှမ်းနီတပ်စစ်သားစုဆောင်းနေ
ရွှေပြည်စိုး/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေပြည်အေးမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီသည် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီတပ်ဖွဲ့(SNA) ထိန်းချုပ်နယ်မြေများမှပြည်သူများအား စစ်သားစုဆောင်းနေကြောင်း သတင်းရရှိသည်။
" ရွှေပြည်အေးကို စစ်ကြောင်းထိုးဖို့သတင်းက ရှိထားပြီးသား။ သူတို့ဘက်ကလည်း ပြင်ဆင်နေတယ်။ အခုကတော့ သူတို့ လူတွေ စုဆောင်းနေတယ်လို့လည်း သတင်းတွေရထားတယ်"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဟုမ္မလင်းမြို့နယ်အထက်ပိုင်းဒေသများသည် SNA ထိန်းချုပ်နယ်မြေများဖြစ်ပြီး ယခုအခါ စစ်ကောင်စီက ယင်းဒေသများမှ ပြည်သူများအား ဖိအားပေး၍ စစ်သားစုဆောင်းနေသည်ဟုသတင်းရရှိသည်။
"နှစ်အိမ်တစ်ယောက်နဲ့ လိုက်ရမယ်ပြောနေတယ်။ မလိုက်ချင်သူတွေက SNA ကို ပြန်ပြီး ကန့်ကွက်တာတွေ ရှိလာတယ်။ကျတော်တို့ ရှမ်းနီလူမျိုးအများစုကတော့ SNA ကို ထောက်ခံပေမယ့် စစ်ကောင်စီနဲ့ပေါင်းပြီး လူထုကိုဒုက္ခပေးလာလို့ ပြန်ပြီးဆန့်ကျင်တာတွေတွေ့နေရပြီ"ဟု ဟုမ္မလင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။
ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၂၀၂၃ နိုဝင်ဘာ ၂၂ရက်တွင် သိမ်းယူနိုင်ခဲ့သည်။
ဒီဇင်ဘာ၂၅ရက်မှစကာ စစ်ကောင်စီက လေကြောင်းကူဖြင့် မြေပြင်စစ်ကြောင်းပြန်ထိုးလာသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဇန်နဝါရီ ၂၃ရက်တွင် စစ်ကောင်စီနှင့် SNA အင်အား ၄၀၀ခန့်က လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထပ်မံထိုးခဲ့ရာ ၁၀ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၁၅ဦးနှင့် ဒဏ်ရာရသူ ၄၀ဦးခန့်ရှိကြောင်း ခန္တီးခရိုင် အမှတ်(၂)တပ်ရင်းက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ထပ်မံစစ်ကြောင်းထိုးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
"သူတို့ စစ်ကြောင်းထိုးပြီး လန်သွားတာ နှစ်ကြိမ်ရှိပြီဆိုတော့ ဒီတခါ တော်တော်လေး ချင့်ချိန်နေပုံရတယ်။နောက်ပြီး ဇန်နဝါရီက တိုက်ပွဲမှာသူတို့လေကြောင်းကနေပစ်တာ SNA တွေရှိရာကို မှားပစ်မိလို့ မြေပြင်မှာ တင်းမာမှုတွေ ဖြစ်ခဲ့တယ်။ အခုထိကတော့ စစ်ကြောင်းထိုးချင်ပေမယ့် လူအင်အားမရှိလို့ အကျပ်ရိုက်နေပုံရတယ်"ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ကောလင်းမြို့၊ခမ်းပါတ်မြို့၊ ရွှေပြည်အေးမြို့နှင့်မော်လူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များက ၂၀၂၃အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကောလင်းမြို့ကို နိုဝင်ဘာ၅ရက်တွင် တိုက်ခိုက် သိမ်းယူခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှစ၍ စစ်ကောင်စီတပ် အင်အားအများပြားဖြင့်ပြန်လည်စစ်ကြောင်းထိုးလာပြီး ယခုအခါ မြို့ပေါ်ရပ်ကွက်အချို့အား စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားသည်။
ထို့အပြင် ကောလင်းမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ပြည်သူ့ကာကွယ် ရေးရဲဘော်များက ပြောသည်။

👍35😡15❤1🤬1🥴1