People's Spring
62.9K subscribers
66.3K photos
1.16K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
သူတို့ဆီမှာ
ကိုဂျင်မီနဲ့ ဇေယျာသော်တို့ရဲ့
ကြိုးတွေပါလာမယ်
မင်းတို့ရဲ့ လည်ပင်းတွေကို
ချည်ဖို့အတွက်

တချိန်ချိန်မှာ
မင်းတို့ရဲ့ အိမ်ရှေ့တံခါးကို
လာခေါက်လိမ့်မယ်
အေး....
တချိန်ချိန်ဆိုတာ
သိပ်မကြာတော့ပါဘူး
.........
လာတော့မှာပါ ။

( "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ​
​'Annonymous' ရဲ့ "​နွေဦးယူလီဆီး" ကဗျာကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ ​အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်။)
55👍24🤮1🤣1
👍398🔥5
ဆင်ဘိုမြို့အနီး ခလရ(၁၄၁)စခန်းသိမ်းတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၄ရက်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

KIA တပ်ရင်း(၅)နယ်မြေရှိ အဆိုပါ စစ်ကောင်စီတပ်ရင်းကို ဖေဖော်ဝါရီ ၂၄ရက် နံနက်၇နာရီမှ စတင်ပြီး KIAနှင့် KPDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

ယမန်နေ့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဆင်ဘိုမြို့နေ ပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အသိပေးသည်။

"ခလရ(၁၄၁)ကို တိုက်ခိုက်နေတာဟုတ်တယ်။ မသိမ်းနိုင်သေးဘူး"ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းတွင် ပြောပြသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆင်ဘိုတွင် တိုက်ပွဲဆက်ရှိနေသည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နံနက်တွင် ပြောသည်။

ဆင်ဘိုမြို့ကို KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၀ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ မြို့ကို ထိုစဉ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။

မြို့အနီးရှိ ခလရ(၁၄၁)တပ်ရင်းကိုလည်း ထိုစဉ်က ပထမအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်း၌ တိုက်ပွဲခေတ္တပြန်ငြိမ်သွားပြီး ယမန်နေ့တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
40👍25🔥1
51👍16🔥1
(ရှေ့တန်းတနေရာတွင် တွေ့ရသော KIAတပ်သားများ။ ဓာတ်ပုံ - KIA)
48👍13🔥1
မြောက်ခင်ရန်းရွာအပါအဝင်ပျူ ခုနှစ်ရွာကိုသေနတ်
အလက်၅၀၀ ခန့်နှင့်ခဲယမ်းများ စစ်ကောင်စီထပ်မံတပ်ဆင်

-ဇော်ရမ်း/People's Spring

ဂန့်‌ဂေါမြို့၊ မြောက်ခင်ရန်းရွာတွင် PDF ရဲဘော်နှစ်ဦးအား မီးရှို့သတ်ဖြတ်မှုအပြီးတွင် စစ်ကောင်စီတပ်က မြောင်ခင်ရန်းရွာအပါအဝင် ပျူ​စောထီးရွာ ခုနစ်ရွာကို သေနတ် အလက် ၅၀၀ ခန့်ထပ်မံတပ်ဆပ်ပေးပြီး ခဲယမ်းအများအပြား ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

" G -3 အများဆုံး ချက်ချင်း ထောက်ပံ့သွားတာ။ ပြည်သူတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေထပ်ပြီးတော့တိုးမြှင့်လုပ်ပါလို့သဘောဆောင်တယ်။မိစ္ဆာဆန်ဆန် ကျူးလွန်တဲ့ရွာကို အားပေးပြီး ပြည်သူပြည်သူချင်းသတ်ခိုင်းတာပါ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည် ။

ဂန့်ဂေါမြို့ရှိ ပျူစောထီးအားကောင်းသည့်ရွာများဖြစ်သော ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ အရှေ့လယ်ကြီး၊ အ‌နောက်လယ်ကြီး၊ ဝင်ဝနှင့် မြောက်ခင်ရန်းရွာတို့ကို G-3 သေနတ် အလက် ၅၀၀ခန့်၊ လက်နက်ကြီးပစ်ကျည်များ၊ ကျည်ဆံများ အများအပြားကို စစ်ကောင်စီက ပေးအပ်ခဲ့ခြင်းဖြစ်
သည်ဟု People's Spring က စုံစမ်းသိရှိရသည်။

မြောက်ခင်ရန်းရွာသည်စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေ၏ ဇာတိ ရွာဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာကို ပျူစောထီးရွာအဖြစ်ဖွဲ့စည်းထားပြီး ဘေးပတ်ဝန်းကျင်ရွာအချိူ့ကို ပျူစောထီးအဖြစ်စည်းရုံးခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ နိူဝင်ဘာလ ၇ရက်က မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ဖမ်းမိသွားသည့် ယောကာကွယ်ရေးတပ်မှ ရဲဘော် ဖိုးတေနှင့်သားထောင်ကိုစစ်ကောင်စီနှင့်ပျုစောထီးများက ရွာအတွင်း အများပြည်သူမြင်ကွင်းတွင် အရှင်လတ်
လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ရက်ကလည်း မြောက်ခင်ရန်းရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင်ရှိ စစ်ကောင်စီကို မထောက်ခံသော သင်တော၊ရွှေဘိုနှင့်ရေသာရွာမှ အရပ်သားဆယ်ဦးကို အစုလိုက်အ
ပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ သေဆုံးသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ဦးပြူးသာ၊ဦးဌေးအောင်၊ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ဦးဘိုသန်း၊ ရွှေဘိုရွာမှဦးတိုးလွင်၊ဦးမျိုးသန့်၊ရေသာရွာမှဦးဇော်လင်းမောင်တို့ဖြစ်သည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ အထက်ပါ ပျူစောထီး ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

"မြောင်ခင်ရန်းအပါအဝင် ခုနစ်ရွာပဲ ပျုစောထီးရွာ ဖြစ်တာ။ ကျန်တာကတော့ ဘာဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲပဲကြုံကြုံ စစ်အာဏာရှင်ကို မထောက်ခံဘဲ အဆုံးအထိရပ်တည်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ရွာတွေဖြစ်တယ်။ အဓိကကတော့ စစ်ကောင်စီကလက်နက်တွေတပ်ဆင်ပေးပြီး ပြည်သူအ
ချင်းချင်းသွေးကြောင်းစီးအောင်လုပ်နေတာကို ပျူ‌​စောထီးရွာတွေနားလည်ဖို့လိုနေတယ်" ဟု ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
👍23🔥15🤬15😡4🖕1
မြောက်ခင်ရန်းရွာအဝင်အနီး ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ
👍18🖕13🤬9😡41
ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသရှိ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။

ယမန်နေ့တွင် လွယ်ဝိုးတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် လွယ်ဝိုးတုတ်ကျေးရွာနှင့် (၁)မိုင် အကွာအဝေးတွင်ရှိသည့် စစ်ကောင်စီစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ပြီးနောက် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာကို စစ်ကောင်စီက အငြိုးအတေးဖြင့် ဗုံးကြဲဖျက်ဆီးခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

"ဒီနေ့ လွယ်ဟိုးတုတ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတာ။ အိမ် နှစ်လုံးမီးလောင်သွားတယ်။ အဲဒီဘက်မှာ PNLA လည်း တပ်စွဲထားတာမရှိပါဘူး။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာ သူတို့စခန်းကို သိမ်းတဲ့နေရာကလည်း လွယ်ဝိုးတုတ်ရွာနဲ့ တစ်မိုင်လောက်ဝေးတယ်ပေါ့နော်။ စစ်ကောင်စီက တမင်သပ်သပ် ဖျက်လို ဖျက်ဆီးလုပ်တာ။ အဲဒီ စစ်ကောင်စီက သူတို့ အထိနာတိုင်း အနီးအနားရှိကျေးရွာတွေ လူထုတွေကို ပစ်မှတ်ထားပြီး လူထုကို ရန်သူသဖွယ် တိုက်ခိုက်နေတာဖြစ်တယ်ပေါ့”ဟု ပအိုဝ်းသတင်းရင်းမြစ်က ယမန်နေ့တွင် ပြောထားသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ အာဏာသက်ဆိုးရှည်ရေးအတွက် ပအိုဝ်းဒေသကိုဖျက်ဆီးနေသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးအထိုင်ချတပ်စွဲကာ မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ အဆိုပါ လက်နက်ကြီးအကြိမ်ရေ ၇၀ကျော် ပစ်ခတ်ခဲ့ကြောင်း PNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ၎င်းတို့ လက်နက်ကြီးများ ထားရှိသည့်နေရာအတွက် ထမ်းဆမ်းရွှေတိဂုံပုံတူစေတီတော်အဝန်းအဝိုင်းရှိ အဆောက်အဦးအချို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟုလည်း အသိပေးသည်။

ယမန်နေ့တွင်ပင် စစ်ကာင်စီသည် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးဖြင့်လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်ဟု ထုတ်ပြန်သည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်နေသည့်အချိန်ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်နေခြင်းကို သုံးသပ်ပြီး စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLAက ထပ်မံ တိုက်တွန်းခဲ့သည်။

လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း ထုတ်ပြန်သည်။
👍18🤬18🔥6😡1
😢26🔥10👍8🤬3😡1
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးနေသည်ကို ဖေဖော်ဝါရီ ၁၈ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - PNLA)
🤬21🔥6😢4👍2😡2
ပဲခူးရိုးမဖြတ်လမ်းတွင် ပြည်သူများဖမ်းဆီးပြီးစစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်နေ

▪️ပြည်သူများ အသွားအလာသတိပြုကြရန် တော်လှန်ရေးအင်အားစုများ အသိပေး

ကျော်ဇော/People's Spring

မင်းလှ - စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြု၍ ရိုးမအတွင်းစစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ထံမှ သတင်းရရှိသည်။

အဆိုပါ ရိုးမဖြတ်လမ်းတွင် ယခုလ(ဖေဖော်ဖော်ဝါ၁၈ ရက်)က စစ်ကောင်စီတပ်များ တစ်ရက်တည်း လေးကြိမ်တိုက်ခိုက်ခံရပြီးနောက် အင်းအားထပ်မံတိုးချဲ့ကာ ပြည်သူများအားဖမ်းဆီးပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

"(ဖေဖော်ဝါရီ)၂၀ ရက်နေ့က ၅ နာရီခွဲတက်လာတဲ့စစ်ကြောင်းက ဘန့်ဘွေးကုန်းဘုန်းကြီးကျောင်းမှာနေပြီးတော့ ပြည်သူခုနစ်ယောက်ကို ဖမ်းဆီးပါတယ်။ ပြည်သူကိုဖမ်းပြီး လူသားဒိုင်းလုပ်ဖို့ စကစဘက်ကလုပ် ဆောင်နေတာပါ"ဟု ပြည်သူ့ကာကွာ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက People's Springသို့ ပြောသည်။

ရိုးမဖြတ်လမ်း ဘန့်ဘွေးကုန်းရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၀၀ကျော်ခန့်ရှိနိုင်ပြီး ဟိုင်းယုလမ်းဆုံ ပျဥ်းကတိုးစိုက်ခင်းအနီး နေအိမ် ၂၀ခန့်ရှိရာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်စစ်ကြောင်းထိုးမှုတွင် စစ်ကောင်စီတပ်မှ အင်အား ၄၀ခန့်သည် ခါချဥ်တောင်အနီး ဖုတ်တက်ကြီးအ ဆင်းနှင့် ဟိုင်းယုလမ်းဆုံ ပျဥ်းကတိုးခင်းအ နီး သုံးကြိမ်မိုင်းဆွဲခံရသည့်အပြင် ၄၀ မမများဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ၄၀ဦးခန့်သေဆုံး၍ ဒဏ်ရာရသူအ များအပြားရှိခဲ့ကြောင်း တပ်ရင်း (၃၈၀၂)က ထုတ်ပြန်ထားသည်။

"စကစဘက် အသေများတာက ကျနော်တို့ ထုတ်ပြန်တာထက် မြေပြင်အခြေအနေက ပိုးများပါတယ်။ တပ်တွင်းရင်းမြစ်ထံက သ တင်းရထားတာ သေတာ ၅၀ ကျော်တယ်။ အဲတော့ ရိုးမဖြတ်လာမှာ အချိန်မရွေးတိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ ပြည်သူတွေ သတိထားကြဖို့ပါ။ ဒါကြောင့် အသွားအလာ ဂရုပြုကြဖို့ သတိပေးရတာ"ဟု တပ်ရင်း (၃၈၀၂) မှ တာဝန်ရှိသူက အသိပေးသည်။

သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်လျှက်ရှိရာ ဖေဖော်ဝါရီ ၁၁ရက်ကလည်း အုတ်ဖိုမြို့နယ် အပိုင် ပဲခူးရိုးမရှိ မင်းလှဆည် ရှင်း လင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅)နှင့် ပြည်ခရိုင် တပ်ရင်း (၃၆၀၁)ဧရာညီနောင်စစ်ကြောင်းတို့ နှစ်ဖွဲ့ခွဲပြီး သွားရောက်တိုက် ခိုက်ခဲ့သေးသည်။








ပဲခူးရိုးမဖြတ်လမ်းတွင် ပြည်သူများအားဖမ်း ဆီး၍ စစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်နေ

ပြည်သူများ အသွားအလာသတိပြုကြရန် တော်လှန်ရေးအင်အားစုများ အသိပေး

ကျော်ဇော/People's Spring

မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းတွင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူများအား ဖမ်းဆီးကာ လူ သားဒိုင်းအဖြစ်အသုံး ပြု၍ ရိုးမအတွင်းစစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ထံမှ သတင်းရရှိသည်။

အဆိုပါ ရိုးမဖြတ်လမ်းတွင် ယခုလ(ဖေဖော်ဖော်ဝါ)၁၈ ရက်နေ့က စစ်ကောင်စီတပ်များ တစ်ရက်တည်း လေးကြိမ်တိုက်ခိုက်ခံရပြီးနောက် အင်းအားထပ်မံတိုးချဲ့ကာ ပြည်သူများအားဖမ်းဆီးပြီး စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

"(ဖေဖော်ဝါရီ)၂၀ ရက်နေ့က ၅ နာရီခွဲတက်လာတဲ့စစ်ကြောင်းက ဘန့်ဘွေးကုန်းဘုန်း ကြီးကျောင်းမှာနေပြီးတော့ ပြည်သူခုနစ်ယောက်ကို ဖမ်းဆီးပါတယ်။ ပြည်သူကိုဖမ်းပြီး လူသားဒိုင်းလုပ်ဖို့ စကစဘက်ကလုပ် ဆောင်နေတာပါ"ဟု ပြည်သူ့ကာကွာ်ရေးတပ်မတော်(PDF)၊ သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။

ရိုးမဖြတ်လမ်း ဘန့်ဘွေးကုန်းရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ခန့်ရှိနိုင်ပြီး ဟိုင်းယုလမ်းဆုံ ပျဥ်းကတိုးစိုက်ခင်းအနီး နေအိမ်အလုံး ၂၀ ခန့်ရှိရာ အိမ်အချို့ကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်စစ်ကြောင်းထိုးမှုတွင် စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်သည် ခါချဥ်တောင်အနီး ဖုတ်တက်ကြီးအ ဆင်းနှင့် ဟိုင်းယုလမ်းဆုံ ပျဥ်းကတိုးခင်းအ နီး သုံးကြိမ်မိုင်းဆွဲခံရသည့်အပြင် ၄၀ မမများဖြင့် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ၄၀ ဦးခန့်သေဆုံး၍ ဒဏ်ရာရသူအ များအပြားရှိခဲ့ကြောင်း တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

"စကစဘက် အသေများတာက ကျနော်တို့ ထုတ်ပြန်တာထက် မြေပြင်အခြေအနေက ပိုးများပါတယ်။ တပ်တွင်းရင်းမြစ်ထံက သ တင်းရထားတာ သေတာ ၅၀ ကျော်တယ်။ အဲတော့ ရိုးမဖြတ်လာမှာ အချိန်မရွေးတိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ ပြည်သူတွေ သတိထားကြဖို့ပါ။ ဒါကြောင့် အသွားအလာ ဂရုပြုကြဖို့ သတိပေးရတာ"ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူက အသိပေးသည်။
👍43🔥3
သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်လျှက်ရှိရာ ဖေဖော်ဝါရီ ၁၁ နေ့ကလည်း အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမရှိ မင်းလှဆည် ရှင်း လင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းတို့ နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက် ခိုက်ခဲ့သေးသည်။
👍45🔥2
👍41🤮1
အညာဒေသကိုလက်နက်ခဲယမ်းတွေ ချပေးနိုင်မယ်ဆိုရင်တော့ အညာကမကြာခင်မှာပြီးဆုံးသွားမယ့်အနေအထားပါ။”ဟု မန္တလေးတိုင်းနှင့်မကွေးတိုင်း၌ အခြေစိုက်ထားသည့် Myingyan Black Tiger အဖွဲ့မှ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ပြန်တိုက်ချင်တယ်။ လက်နက်ခဲယမ်းက လုံလုံလောက်လောက်မရှိဘူး။ ထောက်ပံ့မှုအားကလည်းနည်းတယ်။ ခွေးတစ်ကောင်မှာ ကျည်ငါးရာပါတယ်ဆိုရင် ကျွန်တော်တို့မှာ ကျည်ငါးဆယ်ဝယ်ဖို့ရာကို အခက်အခဲဖြစ်နေတာ။”ဟု ဒီပဲယင်းပကအဖွဲ့မှ ကိုငှက်ဆိုးကြီးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအား ပြန်လည်တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများများ ရချင်နေကြောင်း ရွှေဘိုခရိုင်အခြေစိုက် ဗိုလ်ကျားရိုင်း LPDFအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံရဲဘော်ကပြောသည်။

“ပြန်တိုက်ခိုက်နိုင်တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် တိုက်ခိုက်ပြီးရင် ခဲယမ်းချက်ချင်းပြန်ဖြည့်တင်းနိုင်ဖို့ ဒီဘက်မှာက အခက်အခဲတွေရှိတယ်။ ကျနော်တို့ဘက်မှာလည်း လက်နက်ရော ခဲယမ်းရောသာ ပေါရင် ပြည်နယ်တွေဘက်မှာလို ရှယ်တီး ရှယ်ပြန်ဆော်နိုင်တာပေါ့။”ဟု ၎င်းကဆိုပါ
သည်။

အပြည့်အစုံ>>>

https://www.ludunwayoo.com/feature-mm/2024/02/23/89571/
👍60😢12😭7🔥1
မန္တ​လေးPDF သုံးနှစ်အတွင်းတိုက်ပွဲကြီး ၃၇ ကြိမ်၊တိုက်ပွဲ
ငယ် ၅၈ ကြိမ်၊မြို့ပြမစ်ရှင် ၄၉၈ ကြိမ်တိုက်ခိုက်ဆင်နွှဲထား

-People's Spring

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF)က သုံးနှစ်တာ ကာလအတွင် တိုက်ပွဲကြီး​ပေါင်း ၃၇ ပွဲ ၊ တိုက်ပွဲငယ် ၅၈ ပွဲ ၊ မြို့ပြမစ်ရှင်​ပေါင် ၄၉၈ ကြိမ် ပြုလုပ်ခဲ့​ကြောင်းထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး၏သပိတ်အင်အားစုများမှ ပေါက်ဖွားလာသောပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး(MDY-PDF)၏ယ​နေ့ (​ဖေ​ဖော်ဝါရီ ၂၅)ကျ​ရောက်​သော ၃ နှစ်ပြည့်​မွေး​နေ့တွင် ၃ နှစ်တာ ဖြတ်သန်းမှု ရုပ်သံမှတ်တမ်းတိုကိုထုတ်ပြန်ရင်း ​ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒပြနေသော ကျွန်မတို့လူငယ်တချို့သည် စစ်ကောင်စီ၏ မတရားဖိနှိပ် ချုပ်ချယ်မှုအပေါ် လက်မခံနိုင်ကြသည့်အဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၂၅)တွင် လက်နက်
ကိုင်တော်လှန်ရေးစတင်ရန်ဆုံးဖြတ်ခဲ့ကြသည်။

၂၀၂၁ မတ်လဆန်းတွင် MSTF- Mandalay Special Task Force အဖြစ် ဖွဲ့စည်း၍ စစ်​ကောင်စီပစ်မှတ်များ၊အုပ်ချုပ်​ရေးပစ်မှတ်များ ၊ စစ်​ကောင်စီ ​ထောက်ပို့လမ်း​ကြောင်းများကိုတိုက်ခိုက်ခဲ့သည်။

၂၀၂၁ ဇူလိုင်လတွင် TNLA နယ်​မြေတွင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​လေး တပ်ရင်း၊တပ်မဖွဲ့စည်းမှု စတင်ခဲ့ပြီး ၂၀၂၂ ​ဖေ​ဖော်ဝါရီ ၁၄ ရက်တွင် ​ဂွေးပင်ရဲစခန်းအားထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

(၃)နှစ်တာကာလအတွင်း မြင့်မြတ်စွာအသက်ပေးလှူသွားသော အာဇာနည်စစ်သည်အပေါင်းတို့အား အစဉ်အောက်
မေ့ဦးညွှတ်လျှက် ရှိ​ကြောင်းလည်း အသိ​ပေးထားသည်။

MDY-PDF သည် စစ်​ကောင်စီအားအကြိမ်ကြိမ်အထိနာ​အောင်တိုက်ခိုက်နိုင်ပြီး ​မဟာမိတ်တပ်ဖွဲ့များနှင့်ပူး​ပေါင်း
၍စခန်းသိမ်းတိုက်ပွဲများကိုပါတိုက်ခိုက်ဆင်နွှဲထားသည်။
👍4710🥰4🤮2
Media is too big
VIEW IN TELEGRAM
ရုပ်သံ-MDY PDF
👍4935👏5🤮2🫡1
ဖားကန့်၊ ဆိုင်းတောင်ဒေသတွင် KPDF ၃ ဦးနှင့် ရဲ၇ဦးထိပ်တိုက်​တွေ့၍ တိုက်ပွဲဖြစ်ရဲ ၂ဦးသေ၊၁ဦးဖမ်းဆီးခံရ

မောင်မောင်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်​​ဒေသ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့ဝင် ၃ ဦး
နှင့် စစ်​ကောင်စီရဲ ၇ ဦးထိပ်တိုက်တိုးပြီးတိုက်ပွဲဖြစ်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ဦး သေဆုံးပြီး ၁ ​ယောက်ကိုအရှင်ဖမ်းမိကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်မနက်တွင် ဆိုင်းတောင် ရှမ်းကုန်းစျေး၌ ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

“ဒီမနက် ၉နာရီလောက်မှာ ဖားကန့် ဆိုင်းတောင် ရှမ်းကုန်းစျေးမှာ ရဲ ၇ယောက် ထွက်လာတာနဲ့ KPDF သုံးယောက်စျေးဝယ်ပြီးထွက်လာတာနဲ့စျေးမှာတွေ့လို့ တိုက်ပွဲဖြစ်ကြတာ။အဲဒီမှာ ရဲ ၂ယောက် သေပြီး ၁ယောက်ကို အရှင်ဖမ်းသွားတယ်လို့ ကြားရတယ်။ “ ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံရဲများထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KPDFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး KIAက ဦးစီးဖော်ဆောင်နေသည့် ကချင်ဒေသ စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆိုင်း​တောင်​ကျေးရွာအနီးတွင် KIA ၊ KPDF ပူး​ပေါင်းတပ်နှင့်စစ်​ကောင်စီတပ်တို့ ၂၀၂၃ ​အောက်တို့ ဘာ ၃ ရက် ကလည်း တိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။
👏41👍326🔥2
26👍14🖕10💩6👎2
ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွင် လုံခြုံရေးယူနေသော ရဲများအား တွေ့ရစဉ်။(ဓာတ်ပုံ - CJ)
👍20💩19🖕4👎2🔥2