▪︎ကဗျာ
"နွေဦးယူလီဆီး"
■ Anonymous
အိမ်ကောင်းကောင်းနေဖို့ရယ်
မိန်းမများများရဖို့ရယ်
ဟင်းကောင်းကောင်းနဲ့
စားဖို့အတွက်ပဲ
ဘာသာရေးကို ကိုးကွယ်ကြတာလား ဖေဖေ
၂၁ ရာစု ၂၁ နှစ်မြောက်ရဲ့
နေ့တနေ့မှာ
ငါ့သားက ငါ့ကိုမေးတယ်
ဒါဟာ လူပြိန်းတွေအတွက်တော့
ဟုတ်သဟ
လူယုတ်တွေကတော့
ဘာသာရေးဟာ
ခေတ်ကိုပြောင်းအောင်
ခေါင်းကိုပစ်တာပါပဲကွာ ။
၂၁ နွေဦးမနက်ခင်းတခု
မှောင်သွားတဲ့အကြောင်းကို
၈၀ နှစ်တွေတုန်းကလိုမျိုး
သိလိုက်ရတယ်။
"ဘာဖြစ်တာလဲဖေဖေ"
ဖေဖေတို့ ၈၈ ကို ခဏ
ပြန်သွားရလိမ့်ဦးမယ်နဲ့တူတယ်
ဒါပေမယ့်
၈၈ က စောက်ချိုးတွေ
၂၁ မှာ လာမချိုးနဲ့ တဲ့ ။
လ္ဘက်ရည်ဆိုင်မှာ ဂိမ်းနှိပ်
ဖုန်းပွတ်နေတဲ့ ကောင်တွေ
တက်တူးဗရပွနဲ့ ကောင်တွေ
အခြောက်လိုလို ကောင်တွေ
ဖြူဖြူပိန်ပိန် စာကြမ်းပိုးမတွေ
တက်တူးမတွေ
ခြုံပြောရင်
စာကြီးပေကြီး လေးငါးအုပ်လောက် ဖတ်ဖူးတဲ့ ကောင်တွေ
အထင်မကြီးခဲ့တဲ့
လူငယ်တွေရဲ့ လက်သုံးချောင်းတွေဟာ
ကတ္တရာလမ်းတွေပေါ်
သည်းသည်းမဲမဲ ကြွေကျလာတယ်
ဒါဟာ အကျရည်ပြင်းပြင်းနဲ့
milktea မဟာမိတ်တို့ရဲ့
အချက်ပေးတံပိုးသံ ။
ဒမှာ အသက်ကြီးတဲ့ကောင်တွေ
ကိုယ့်ဖါသာ ပညာတတ်လို့ ထင်တဲ့ကောင်တွေ
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ။
လာသား သွားစို့
လူလှိုင်းလုံးကြီးတွေထဲမှာ
အတူလိုက်စို့
ဓမ္မနဲ့ အဓမ္မကြားမှာ
ငါ သူ တပါး ယောက်ျား မိန်းမ မရှိဘူး
နောက်တခါ ဒါမျိုး
ဘယ်တော့မှ မကြုံတော့ဘူးဟ
"ဘာဖြစ်လို့လဲဖေဖေ"
ဒီတခါရှုံးရင် နောက်ဘယ်တော့မှ
မနိုင်တော့ဘူး
ဒီတခါနိုင်ပြီးရင်လည်း
နောက်ထပ်ဘယ်တော့မှ
မလိုတော့ဘူးလေ ။
လှလိုက်တာ
လှလိုက်တာဆိုတာလေ
တော်လှန်ရေး မှန်သမျှဟာ
အနုပညာဖြစ်ပြီးတော့
အနုပညာ မှန်သမျှဟာ
တော်လှန်ရေး ဖြစ်လာခဲ့တာဟာ
လှလိုက်တာ ။
သူတို့က
သေနတ်တွေကိုင်ထားပေမယ့်
သံပုံးတီးတာကိုကြောက်တယ်
အသံတိတ်တာကိုလည်း
ကြောက်တယ်
ဗေဒင်ဆရာကိုကြောက်တယ်
အသိဉာဏ်ကြီးသူကိုကြောက်တယ်
မိုက်ရူးရဲကိုကြောက်တယ်
ဘာသာရေးကိုင်းရှိုင်းသူကိုကြောက်တယ်
ဘာသာမဲ့ကိုကြောက်တယ်
X ,Y ,Z အကုန်ကြောက်တယ်။
သူတို့တွေ
ညီညီ့ကိုပစ်တယ်
မြသွဲ့သွဲ့ခိုင်ကိုပစ်တယ်
ကြယ်စင့်ကိုပစ်တယ်
လှိုင်သာယာက လူမိုက်ဆိုတဲ့
အောက်ခြေအလွှာကိုပစ်တယ်
ပဲခူးကို တမြို့လုံးကို
နာရေးအိမ်ဖြစ်အောင်ပစ်တယ်
ကျဆုံးသွားသူတွေဟာ
အာဇာနည်အဖြစ်ကနေ
ကိန်းဂဏန်းတွေဖြစ်သွားတဲ့အထိ
ပစ်တယ် ။
ပင်လယ်ဟာ
ရေတိမ်နစ်တော့မလိုပဲ
စစ်ကြောရေးနဲ့ ရင်ခွဲရုံမှာ
ငါ့ညီတွေ ငါ့သားသမီးတွေ
ငါ့မိတ်ဆွေတွေ ။
လူငယ်တွေရဲ့ ဒိုင်းကာကို
ပီပါခွံတွေလို့ထင်ခဲ့တယ်
မဟုတ်ဘူးဟ
အဲ့ဒါသူတို့နှလုံးသားတွေ
ကြည့်လိုက်လေ
သွေးချင်းချင်းနီ ...လို့ ။
သူတို့ရဲ့ smoke ဗုံးတွေကို
လက်နဲ့ကောက်ပစ်လို့မနိုင်တဲ့အခါ
စက်သေနတ်တွေကို
ဒိုင်းကာနဲ့ ခံလို့မရတော့တဲ့အခါ
ကျားထိုးပြီးတက်လာတဲ့
သေနတ်သမားတွေကို
တရုတ်မီးရှုးမီးပန်းနဲ့
ပစ်လို့မရတော့တဲ့အခါ
မိုလိုတော့ဟာ
ရန်သူဆီမရောက်ခင်
ကိုယ်ကျောပေါ်မှာပြန်လောင်တာဟာရီစရာမကောင်းတော့တဲ့အခါ
အမြစ်ဖြုတ်ဖို့ဆိုတာ
ပဲတီပင်လောက်မလွယ်မှန်းသေချာတဲ့အခါ
လူငယ်တွေဟာ ဓါးသွေးဖို့
ထွက်ခွါလာခဲ့တော့တယ်
တစ်ခုပြောသွားသေးတယ်
"မပြီးသေးဘူး
ငါတို့အလှည့်ကျန်သေးတယ်"
ခင်ဗျားတို့ မယုံခဲ့ကြဘူးမလား
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ။
အမဲလိုက်တဲ့သေနတ်ဟာ
တိရိစ္ဆာန်တွေကို
သတ်လို့ရတယ်ဆိုတဲ့အသိက
လက်နက်ကိုင်တော်လှန်ရေးရဲ့အစဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က
ဂိမ်းဆော့ခြင်းကို မကြိုက်လှဘူး
လူငယ်တွေက တော်လှန်ရေးကို
သူတို့ကျွမ်းကျင်တဲ့ ဂိမ်းလိုမျိုး
စဉ်းစားဖန်တီးလိုက်တယ်
ပြောပါတယ်
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ...လို့ ။
ချင်း အညာ ကချင်
ကယား ရခိုင် ကရင်
ဓါးထက်ချက်က တော့
ဒင်းတို့ ကားပင် မထွက်ရဲ။
ငါတို့ကို
ကမ္ဘာကြီးကဘာမှမပေးပေမယ့်
အာဏာရှင်ကို တော်လှန်တဲ့နည်း
ကမ္ဘာကြီးကိုသင်ပေးတယ်
ဒီမိုကရေစီ ပျက်သုဉ်းရင်
ပြည်သူတွေ ဘယ်လိုခံစားရတယ်
ဆိုတာကို
ကမ္ဘာကြီးကိုပြောပြတယ် ။
ဥစ္စာစွန့်
မိဘစွန့်
အိုးအိမ်စွန့်
အသက်စွန့်
ခန္ဒာစွန့်
ကျဆုံးခါနီးကောင်က
သူ့သေနတ်ကိုပေးပြီး
ရော့မင်းဆက်တိုက်လိုက်ဆိုပြီး
ပေါ့ပေါ့ပါးပါးထွက်သွားတယ်
ငုံးတိတိဖြစ်နေတဲ့
သူခြေထောက်ကို ငုံ့ကြည့်ပြီး
investment ပေါ့ ဗျာ
လို့ ခပ်ပြုံးပြုံး ပြောသေးတာ
ငါ့အတွက်တော့
စောက်ကျိုးနဲ ပဲ
ဘုရားအလောင်းတွေ
တပြုတ်ကြီး တွေ့ရသလိုမျိုး ။
လောကမှာ ...
ဟာ....မဟုတ်သေးပါဘူး
........
ငါတို့တိုင်းပြည်မှာ
လောက် ၂ မျိုးရှိတယ်
ချေးတောထဲက လောက်ရယ်
အသားထဲက ထွက်တဲ့လောက်ရယ်ပေါ့ ။
အညာ နဲ့ တပြည်လုံး
ဗုံးကျဲလို့ မြေပေါ်မှာ
သွေးချင်းချင်းနီနေတာကို
red carpet ခင်းပြီး
ဟီလာ ထ ပျော်ချင်တဲ့
လောက်မျိုးလည်းရှိသေးတော့
မြောက်ပြည်မြန်မာမှာ
လောက်ဋီကာ ဖွင့်လို့မဆုံးဘူး ။
အပမှီနေတဲ့
သာသနာတဝက် ရာဇာတဝက်
ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်
ပဒေသရာဇ်အဆက်ဆက်
ဖက်ဆစ် အဆူဆူပွင့်တော်မူတဲ့
ကြတ်မြေ
ဒီဆူးတော့ လူငယ်တွေ
ပုဆိန်နဲ့ထွင်တော့မှာ ။
သူတို့ဆီမှာ
အညာက ရှို့ခဲတဲ့မီးတွေဆီက
ကူးလာတဲ့ မီးတုတ်တွေပါလာမယ်
မင်းတို့ရဲ့ အိမ်ခေါင်မိုးတွေအတွက်
သူတို့ဆီမှာ
ပဇီကြီးက သယ်လာတဲ့
ဗုံးတွေပါလာမယ်
မင်းတို့ရဲ့ နားစည်တွေအတွက်

👍42❤14🤮1🤣1
သူတို့ဆီမှာ
ကိုဂျင်မီနဲ့ ဇေယျာသော်တို့ရဲ့
ကြိုးတွေပါလာမယ်
မင်းတို့ရဲ့ လည်ပင်းတွေကို
ချည်ဖို့အတွက်
တချိန်ချိန်မှာ
မင်းတို့ရဲ့ အိမ်ရှေ့တံခါးကို
လာခေါက်လိမ့်မယ်
အေး....
တချိန်ချိန်ဆိုတာ
သိပ်မကြာတော့ပါဘူး
.........
လာတော့မှာပါ ။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့
'Annonymous' ရဲ့ "နွေဦးယူလီဆီး" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
❤55👍24🤮1🤣1
ဆင်ဘိုမြို့အနီး ခလရ(၁၄၁)စခန်းသိမ်းတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်
ဟန်နွေ/People’s Spring
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီ၏ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၄ရက်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
KIA တပ်ရင်း(၅)နယ်မြေရှိ အဆိုပါ စစ်ကောင်စီတပ်ရင်းကို ဖေဖော်ဝါရီ ၂၄ရက် နံနက်၇နာရီမှ စတင်ပြီး KIAနှင့် KPDF ပူးပေါင်းတပ်က ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားရာနေရာဘက် မြစ်ကြီးနား လေတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
ယမန်နေ့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ ဆင်ဘိုမြို့နေ ပြည်သူများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အသိပေးသည်။
"ခလရ(၁၄၁)ကို တိုက်ခိုက်နေတာဟုတ်တယ်။ မသိမ်းနိုင်သေးဘူး"ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းတွင် ပြောပြသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆင်ဘိုတွင် တိုက်ပွဲဆက်ရှိနေသည်ဟု ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နံနက်တွင် ပြောသည်။
ဆင်ဘိုမြို့ကို KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၀ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ မြို့ကို ထိုစဉ်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားခဲ့သည်။
မြို့အနီးရှိ ခလရ(၁၄၁)တပ်ရင်းကိုလည်း ထိုစဉ်က ပထမအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်း၌ တိုက်ပွဲခေတ္တပြန်ငြိမ်သွားပြီး ယမန်နေ့တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကာ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

❤40👍25🔥1
မြောက်ခင်ရန်းရွာအပါအဝင်ပျူ ခုနှစ်ရွာကိုသေနတ်
အလက်၅၀၀ ခန့်နှင့်ခဲယမ်းများ စစ်ကောင်စီထပ်မံတပ်ဆင်
-ဇော်ရမ်း/People's Spring
ဂန့်ဂေါမြို့၊ မြောက်ခင်ရန်းရွာတွင် PDF ရဲဘော်နှစ်ဦးအား မီးရှို့သတ်ဖြတ်မှုအပြီးတွင် စစ်ကောင်စီတပ်က မြောင်ခင်ရန်းရွာအပါအဝင် ပျူစောထီးရွာ ခုနစ်ရွာကို သေနတ် အလက် ၅၀၀ ခန့်ထပ်မံတပ်ဆပ်ပေးပြီး ခဲယမ်းအများအပြား ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။
" G -3 အများဆုံး ချက်ချင်း ထောက်ပံ့သွားတာ။ ပြည်သူတွေအပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေထပ်ပြီးတော့တိုးမြှင့်လုပ်ပါလို့သဘောဆောင်တယ်။မိစ္ဆာဆန်ဆန် ကျူးလွန်တဲ့ရွာကို အားပေးပြီး ပြည်သူပြည်သူချင်းသတ်ခိုင်းတာပါ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည် ။
ဂန့်ဂေါမြို့ရှိ ပျူစောထီးအားကောင်းသည့်ရွာများဖြစ်သော ဟံသာဝတီ၊ ကုက္ကား၊ ရွှေမေတ္တာ၊ အရှေ့လယ်ကြီး၊ အနောက်လယ်ကြီး၊ ဝင်ဝနှင့် မြောက်ခင်ရန်းရွာတို့ကို G-3 သေနတ် အလက် ၅၀၀ခန့်၊ လက်နက်ကြီးပစ်ကျည်များ၊ ကျည်ဆံများ အများအပြားကို စစ်ကောင်စီက ပေးအပ်ခဲ့ခြင်းဖြစ်
သည်ဟု People's Spring က စုံစမ်းသိရှိရသည်။
မြောက်ခင်ရန်းရွာသည်စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေ၏ ဇာတိ ရွာဖြစ်သည်။ ဘူးလက်လှဆွေသည် မြောက်ခင်ရန်းရွာကို ပျူစောထီးရွာအဖြစ်ဖွဲ့စည်းထားပြီး ဘေးပတ်ဝန်းကျင်ရွာအချိူ့ကို ပျူစောထီးအဖြစ်စည်းရုံးခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ နိူဝင်ဘာလ ၇ရက်က မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ဖမ်းမိသွားသည့် ယောကာကွယ်ရေးတပ်မှ ရဲဘော် ဖိုးတေနှင့်သားထောင်ကိုစစ်ကောင်စီနှင့်ပျုစောထီးများက ရွာအတွင်း အများပြည်သူမြင်ကွင်းတွင် အရှင်လတ်
လတ်မီးရှို့သတ်ဖြတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၄ရက်ကလည်း မြောက်ခင်ရန်းရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက ဘေးပတ်ဝန်းကျင်ရှိ စစ်ကောင်စီကို မထောက်ခံသော သင်တော၊ရွှေဘိုနှင့်ရေသာရွာမှ အရပ်သားဆယ်ဦးကို အစုလိုက်အ
ပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ သေဆုံးသူများမှာ သင်တောရွာမှ ဦးမောင်ပု၊ဦးပြူးသာ၊ဦးဌေးအောင်၊ဦးမောင်နိုင်၊ ဦးဖိုးသေးနောင်၊ဦးသက်လွင်၊ဦးဘိုသန်း၊ ရွှေဘိုရွာမှဦးတိုးလွင်၊ဦးမျိုးသန့်၊ရေသာရွာမှဦးဇော်လင်းမောင်တို့ဖြစ်သည်။
ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ အထက်ပါ ပျူစောထီး ခုနစ်ရွာသာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။
"မြောင်ခင်ရန်းအပါအဝင် ခုနစ်ရွာပဲ ပျုစောထီးရွာ ဖြစ်တာ။ ကျန်တာကတော့ ဘာဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲပဲကြုံကြုံ စစ်အာဏာရှင်ကို မထောက်ခံဘဲ အဆုံးအထိရပ်တည်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ရွာတွေဖြစ်တယ်။ အဓိကကတော့ စစ်ကောင်စီကလက်နက်တွေတပ်ဆင်ပေးပြီး ပြည်သူအ
ချင်းချင်းသွေးကြောင်းစီးအောင်လုပ်နေတာကို ပျူစောထီးရွာတွေနားလည်ဖို့လိုနေတယ်" ဟု ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

👍23🔥15🤬15😡4🖕1
ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်
ထားမြတ်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသရှိ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်တို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၄ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။
ယမန်နေ့တွင် လွယ်ဝိုးတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် လွယ်ဝိုးတုတ်ကျေးရွာနှင့် (၁)မိုင် အကွာအဝေးတွင်ရှိသည့် စစ်ကောင်စီစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သိမ်းပိုက်ပြီးနောက် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ကျေးရွာကို စစ်ကောင်စီက အငြိုးအတေးဖြင့် ဗုံးကြဲဖျက်ဆီးခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။
"ဒီနေ့ လွယ်ဟိုးတုတ်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတာ။ အိမ် နှစ်လုံးမီးလောင်သွားတယ်။ အဲဒီဘက်မှာ PNLA လည်း တပ်စွဲထားတာမရှိပါဘူး။ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာ သူတို့စခန်းကို သိမ်းတဲ့နေရာကလည်း လွယ်ဝိုးတုတ်ရွာနဲ့ တစ်မိုင်လောက်ဝေးတယ်ပေါ့နော်။ စစ်ကောင်စီက တမင်သပ်သပ် ဖျက်လို ဖျက်ဆီးလုပ်တာ။ အဲဒီ စစ်ကောင်စီက သူတို့ အထိနာတိုင်း အနီးအနားရှိကျေးရွာတွေ လူထုတွေကို ပစ်မှတ်ထားပြီး လူထုကို ရန်သူသဖွယ် တိုက်ခိုက်နေတာဖြစ်တယ်ပေါ့”ဟု ပအိုဝ်းသတင်းရင်းမြစ်က ယမန်နေ့တွင် ပြောထားသည်။
စစ်ကောင်စီအနေဖြင့် ၎င်းတို့ အာဏာသက်ဆိုးရှည်ရေးအတွက် ပအိုဝ်းဒေသကိုဖျက်ဆီးနေသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးအထိုင်ချတပ်စွဲကာ မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ အဆိုပါ လက်နက်ကြီးအကြိမ်ရေ ၇၀ကျော် ပစ်ခတ်ခဲ့ကြောင်း PNLAက ထုတ်ပြန်သည်။
စစ်ကောင်စီသည် ၎င်းတို့ လက်နက်ကြီးများ ထားရှိသည့်နေရာအတွက် ထမ်းဆမ်းရွှေတိဂုံပုံတူစေတီတော်အဝန်းအဝိုင်းရှိ အဆောက်အဦးအချို့ကို မိုင်းခွဲဖျက်ဆီးခဲ့သည်ဟုလည်း အသိပေးသည်။
ယမန်နေ့တွင်ပင် စစ်ကာင်စီသည် ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာကို လက်နက်ကြီးဖြင့်လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိသည်ဟု ထုတ်ပြန်သည်။
လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်းတိုက်ဖျက်နေသည့်အချိန်ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို အသက်ပေး ကာကွယ်နေခြင်းကို သုံးသပ်ပြီး စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLAက ထပ်မံ တိုက်တွန်းခဲ့သည်။
လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း ထုတ်ပြန်သည်။

👍18🤬18🔥6😡1