“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ပေါ်တာဆွဲသူ၊ စစ်မှုထမ်းဖို့ ကူညီလုပ်ကိုင်ပေးနေသူများကို တားဆီး၊နှိမ်နင်း၊အရေးယူမယ်လို့ NUG သတိပေး
စစ်ကောင်စီအတွက် ပေါ်တာဆွဲသူ၊ စစ်မှုထမ်းဖို့ ကူညီသူများကို အမျိုးသားညီညွတ်ရေးအစိုးရNUGက တားဆီးနှိမ်နင်းအရေးယူမယ်လို့ သတိပေးထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်း လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာ ရောက်လို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်ကြောင်း၊ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နင်း အပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်မယ်လို့ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ NUG ကသတိပေးခြင်းထက် လက်တွေ့အရေးယူပြဖို့ ပြည်သူများက လိုလားနေပါတယ်။
◾️ကလေးမြို့တိုက်ပွဲကာကွယ်ရေးတပ်များ စခန်းသုံးခု သိမ်းပိုက်၊ အရပ်သားသေဆုံးမှုရှိ
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီ ၂၁ရက်က စတင်တဲ့ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသုံးခုသိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။ ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ စစ်ကောင်စီစခန်း သုံးခုကို ကာကွယ်ရေးတပ်ဖွဲ့ ၁၆ဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်မှာ စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်် စစ်ကူလာတဲ့ စစ်ကောင်စီတပ်များကိုလည်း မိုင်းဆွဲခြင်းနဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄၀ကျော် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး ရဲဘော်များက ပြောပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ၆ ဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
◾️ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို KIA/KPDF ပြန်လည်ထိုးစစ်ဆင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့မနက်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ KIA ပူးပေါင်းတပ်ဟာ ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ဒုတိယပတ်မှာ တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ နောက်ပြီး မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်အကြာမှာ ထိုးစစ်ဆင်မှုကို ရပ်တန့်ခဲ့ကာ ဒီနေ့ ပြန်လည် ထိုးစစ်ဆင်ခဲ့တာပါ။ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် တံတားဦး၊ နေပြည်တော် လေတပ်၊ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းများမှ တိုက်လေယာဥ်များ အလုပ်များ၊ ပျံသန်းမှုများနေတယ်လို့ Enemy Air Route Channel(EAR )က ဖော်ပြပါတယ်။
◾️မောင်တော ရန်အောင်ပြင် စစ်ကောင်စီစခန်းကို AA ထပ်မံ သိမ်းပိုက်
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို မနေ့က ထပ်မံ သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး AAက သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေး ကြိုးပမ်းနေကြောင်း ဖော်ပြပါတယ်။ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်း အား မနေ့ နေ့ခင်းက သိမ်းနိုင်ခဲ့ပြီး မင်းပြားမြို့နယ်မှာ တစ်ခုတည်းသော စစ်ကောင်စီရဲ့ လက်ကျန်စခန်း အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို AAက ဆက်လက် ထိုးစစ်ဆင်နေပါတယ်။
◾️ဂန့်ဂေါနယ် စစ်တပ်ထောင်ခဲ့တဲ့ မြေမြှုပ်မိုင်းများကို တော်လှန်ရေးအဖွဲ့များ ရှင်းလင်း
မကွေးတိုင်း၊ ဂန့်ဂေါမြို့ စန်းမြို့ရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် မြေမြှုပ်မိုင်းများထောင်သွားတာကြောင့် ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောပါတယ်။ စန်းမြို့ရွာကို ဖေဖော်ဝါရီ ၁၆ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းက ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖေဖော်ဝါရီ ၁၇ရက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ စန်းမြို့ရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ရွာကြီးဖြစ်ပြီး စစ်ကောင်စီက အကြိမ်ကြိမ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာဖြစ်ပါတယ််။
◾️ဇီးကုန်းမှာ ပြည်သူ့စစ်သင်တန်းလူစုဖို့လာတဲ့ ရဲတစ်ဦး အဆိပ်မိသေဆုံး

👍41🔥3❤1
ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာသို့ ပြည်သူ့စစ်သင်တန်းအတွက် လူစုဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦး အဆိပ်မိသေဆုံးသွားတယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။ မနေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲအင်အား ၃၀ ခန့်ဖြင့် ရောက်ရှိနေတဲ့ ဘော်ဘင်ရွာဘုန်းကြီးကျောင်းမှာ ကင်းစောင့်နေတဲ့ ရဲတစ်ဦး ကွမ်းစားရင်း အဆိပ်မိခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းကို ဖုံးဖိထားပေမယ့် ၎င်းတို့ရဲ့ ထောက်တိုင် ပျူစောထီးအဖွဲ့က အဆိပ်ခတ်လုပ်ကြံနေတယ်လို့ သိရပါတယ်။
◾️ဟိုပုံးမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို PNLA သိမ်းပိုက်၊ လက်နက်အချို့သိမ်းဆည်းရရှိ
ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ၊သတင်းပြန်ကြားရေးဌာနတာဝန်ခံခွန်ရိန်းယံကပြောပါတယ်။ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့ဟာ ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLA စစ်ကြောင်းကို တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို PNLAက ရှင်းလင်းရာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားတဲ့လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် RPG ၁ လက်၊ ပစ္စတို ၁ လက်သိမ်းဆည်းရရှိတယ်လို့ PNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံခွန်ရိန်းယံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဆီဆိုင်မြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLAက ထုတ်ပြန်ပါတယ်။
◾️ကံထူးမရွာနယ်မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်အစောက တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝရဲ့ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေပြီး မနေ့ ညနေပိုင်းက ကံထူးမကျေးရွာရှိ နေအိမ်အများအပြားကို နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
◾️ငါန်းဇွန်နယ်မှာ စစ်ကောင်စီတပ်ကို PDFများ တိုက်ခိုက်
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ တစ်အိမ် တက်ဆင်း PDF ရှိ၊မရှိ လိုက်ရှာနေတဲ့ စစ် ကောင်စီတပ်ကို PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ဆင်တပ်ကျေးရွာမှ ထွက်လာတဲ့ အင်အား၄၀ပါ စစ်တပ်နဲ့ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စု လေးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့က ခန့်မှန်းပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "မတရားမှုမှန်သမျှ ချုပ်ငြိမ်းဖို့ လူထုတရပ်လုံး ထကြွစို့" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ မတရားစစ်မူထမ်း ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" စာသားကို ကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင် "THE WAY" ရုပ်ရှင်ဇာတ်ကားကြီးအား ပြသခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုတရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြသော တိုင်းရင်းသားညီနောင်အဖွဲ့အစည်းအများနဲ့အတူ ရပ်တည်ကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။

👍44❤6🔥1🤣1
▪︎ကဗျာ
"နွေဦးယူလီဆီး"
■ Anonymous
အိမ်ကောင်းကောင်းနေဖို့ရယ်
မိန်းမများများရဖို့ရယ်
ဟင်းကောင်းကောင်းနဲ့
စားဖို့အတွက်ပဲ
ဘာသာရေးကို ကိုးကွယ်ကြတာလား ဖေဖေ
၂၁ ရာစု ၂၁ နှစ်မြောက်ရဲ့
နေ့တနေ့မှာ
ငါ့သားက ငါ့ကိုမေးတယ်
ဒါဟာ လူပြိန်းတွေအတွက်တော့
ဟုတ်သဟ
လူယုတ်တွေကတော့
ဘာသာရေးဟာ
ခေတ်ကိုပြောင်းအောင်
ခေါင်းကိုပစ်တာပါပဲကွာ ။
၂၁ နွေဦးမနက်ခင်းတခု
မှောင်သွားတဲ့အကြောင်းကို
၈၀ နှစ်တွေတုန်းကလိုမျိုး
သိလိုက်ရတယ်။
"ဘာဖြစ်တာလဲဖေဖေ"
ဖေဖေတို့ ၈၈ ကို ခဏ
ပြန်သွားရလိမ့်ဦးမယ်နဲ့တူတယ်
ဒါပေမယ့်
၈၈ က စောက်ချိုးတွေ
၂၁ မှာ လာမချိုးနဲ့ တဲ့ ။
လ္ဘက်ရည်ဆိုင်မှာ ဂိမ်းနှိပ်
ဖုန်းပွတ်နေတဲ့ ကောင်တွေ
တက်တူးဗရပွနဲ့ ကောင်တွေ
အခြောက်လိုလို ကောင်တွေ
ဖြူဖြူပိန်ပိန် စာကြမ်းပိုးမတွေ
တက်တူးမတွေ
ခြုံပြောရင်
စာကြီးပေကြီး လေးငါးအုပ်လောက် ဖတ်ဖူးတဲ့ ကောင်တွေ
အထင်မကြီးခဲ့တဲ့
လူငယ်တွေရဲ့ လက်သုံးချောင်းတွေဟာ
ကတ္တရာလမ်းတွေပေါ်
သည်းသည်းမဲမဲ ကြွေကျလာတယ်
ဒါဟာ အကျရည်ပြင်းပြင်းနဲ့
milktea မဟာမိတ်တို့ရဲ့
အချက်ပေးတံပိုးသံ ။
ဒမှာ အသက်ကြီးတဲ့ကောင်တွေ
ကိုယ့်ဖါသာ ပညာတတ်လို့ ထင်တဲ့ကောင်တွေ
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ။
လာသား သွားစို့
လူလှိုင်းလုံးကြီးတွေထဲမှာ
အတူလိုက်စို့
ဓမ္မနဲ့ အဓမ္မကြားမှာ
ငါ သူ တပါး ယောက်ျား မိန်းမ မရှိဘူး
နောက်တခါ ဒါမျိုး
ဘယ်တော့မှ မကြုံတော့ဘူးဟ
"ဘာဖြစ်လို့လဲဖေဖေ"
ဒီတခါရှုံးရင် နောက်ဘယ်တော့မှ
မနိုင်တော့ဘူး
ဒီတခါနိုင်ပြီးရင်လည်း
နောက်ထပ်ဘယ်တော့မှ
မလိုတော့ဘူးလေ ။
လှလိုက်တာ
လှလိုက်တာဆိုတာလေ
တော်လှန်ရေး မှန်သမျှဟာ
အနုပညာဖြစ်ပြီးတော့
အနုပညာ မှန်သမျှဟာ
တော်လှန်ရေး ဖြစ်လာခဲ့တာဟာ
လှလိုက်တာ ။
သူတို့က
သေနတ်တွေကိုင်ထားပေမယ့်
သံပုံးတီးတာကိုကြောက်တယ်
အသံတိတ်တာကိုလည်း
ကြောက်တယ်
ဗေဒင်ဆရာကိုကြောက်တယ်
အသိဉာဏ်ကြီးသူကိုကြောက်တယ်
မိုက်ရူးရဲကိုကြောက်တယ်
ဘာသာရေးကိုင်းရှိုင်းသူကိုကြောက်တယ်
ဘာသာမဲ့ကိုကြောက်တယ်
X ,Y ,Z အကုန်ကြောက်တယ်။
သူတို့တွေ
ညီညီ့ကိုပစ်တယ်
မြသွဲ့သွဲ့ခိုင်ကိုပစ်တယ်
ကြယ်စင့်ကိုပစ်တယ်
လှိုင်သာယာက လူမိုက်ဆိုတဲ့
အောက်ခြေအလွှာကိုပစ်တယ်
ပဲခူးကို တမြို့လုံးကို
နာရေးအိမ်ဖြစ်အောင်ပစ်တယ်
ကျဆုံးသွားသူတွေဟာ
အာဇာနည်အဖြစ်ကနေ
ကိန်းဂဏန်းတွေဖြစ်သွားတဲ့အထိ
ပစ်တယ် ။
ပင်လယ်ဟာ
ရေတိမ်နစ်တော့မလိုပဲ
စစ်ကြောရေးနဲ့ ရင်ခွဲရုံမှာ
ငါ့ညီတွေ ငါ့သားသမီးတွေ
ငါ့မိတ်ဆွေတွေ ။
လူငယ်တွေရဲ့ ဒိုင်းကာကို
ပီပါခွံတွေလို့ထင်ခဲ့တယ်
မဟုတ်ဘူးဟ
အဲ့ဒါသူတို့နှလုံးသားတွေ
ကြည့်လိုက်လေ
သွေးချင်းချင်းနီ ...လို့ ။
သူတို့ရဲ့ smoke ဗုံးတွေကို
လက်နဲ့ကောက်ပစ်လို့မနိုင်တဲ့အခါ
စက်သေနတ်တွေကို
ဒိုင်းကာနဲ့ ခံလို့မရတော့တဲ့အခါ
ကျားထိုးပြီးတက်လာတဲ့
သေနတ်သမားတွေကို
တရုတ်မီးရှုးမီးပန်းနဲ့
ပစ်လို့မရတော့တဲ့အခါ
မိုလိုတော့ဟာ
ရန်သူဆီမရောက်ခင်
ကိုယ်ကျောပေါ်မှာပြန်လောင်တာဟာရီစရာမကောင်းတော့တဲ့အခါ
အမြစ်ဖြုတ်ဖို့ဆိုတာ
ပဲတီပင်လောက်မလွယ်မှန်းသေချာတဲ့အခါ
လူငယ်တွေဟာ ဓါးသွေးဖို့
ထွက်ခွါလာခဲ့တော့တယ်
တစ်ခုပြောသွားသေးတယ်
"မပြီးသေးဘူး
ငါတို့အလှည့်ကျန်သေးတယ်"
ခင်ဗျားတို့ မယုံခဲ့ကြဘူးမလား
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ။
အမဲလိုက်တဲ့သေနတ်ဟာ
တိရိစ္ဆာန်တွေကို
သတ်လို့ရတယ်ဆိုတဲ့အသိက
လက်နက်ကိုင်တော်လှန်ရေးရဲ့အစဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်က
ဂိမ်းဆော့ခြင်းကို မကြိုက်လှဘူး
လူငယ်တွေက တော်လှန်ရေးကို
သူတို့ကျွမ်းကျင်တဲ့ ဂိမ်းလိုမျိုး
စဉ်းစားဖန်တီးလိုက်တယ်
ပြောပါတယ်
လူငယ်တွေကို မခန့်မှန်းနဲ့
ရူးသွားမယ် ...လို့ ။
ချင်း အညာ ကချင်
ကယား ရခိုင် ကရင်
ဓါးထက်ချက်က တော့
ဒင်းတို့ ကားပင် မထွက်ရဲ။
ငါတို့ကို
ကမ္ဘာကြီးကဘာမှမပေးပေမယ့်
အာဏာရှင်ကို တော်လှန်တဲ့နည်း
ကမ္ဘာကြီးကိုသင်ပေးတယ်
ဒီမိုကရေစီ ပျက်သုဉ်းရင်
ပြည်သူတွေ ဘယ်လိုခံစားရတယ်
ဆိုတာကို
ကမ္ဘာကြီးကိုပြောပြတယ် ။
ဥစ္စာစွန့်
မိဘစွန့်
အိုးအိမ်စွန့်
အသက်စွန့်
ခန္ဒာစွန့်
ကျဆုံးခါနီးကောင်က
သူ့သေနတ်ကိုပေးပြီး
ရော့မင်းဆက်တိုက်လိုက်ဆိုပြီး
ပေါ့ပေါ့ပါးပါးထွက်သွားတယ်
ငုံးတိတိဖြစ်နေတဲ့
သူခြေထောက်ကို ငုံ့ကြည့်ပြီး
investment ပေါ့ ဗျာ
လို့ ခပ်ပြုံးပြုံး ပြောသေးတာ
ငါ့အတွက်တော့
စောက်ကျိုးနဲ ပဲ
ဘုရားအလောင်းတွေ
တပြုတ်ကြီး တွေ့ရသလိုမျိုး ။
လောကမှာ ...
ဟာ....မဟုတ်သေးပါဘူး
........
ငါတို့တိုင်းပြည်မှာ
လောက် ၂ မျိုးရှိတယ်
ချေးတောထဲက လောက်ရယ်
အသားထဲက ထွက်တဲ့လောက်ရယ်ပေါ့ ။
အညာ နဲ့ တပြည်လုံး
ဗုံးကျဲလို့ မြေပေါ်မှာ
သွေးချင်းချင်းနီနေတာကို
red carpet ခင်းပြီး
ဟီလာ ထ ပျော်ချင်တဲ့
လောက်မျိုးလည်းရှိသေးတော့
မြောက်ပြည်မြန်မာမှာ
လောက်ဋီကာ ဖွင့်လို့မဆုံးဘူး ။
အပမှီနေတဲ့
သာသနာတဝက် ရာဇာတဝက်
ဖျက်ဆီးခဲ့တဲ့ တိုင်းပြည်
ပဒေသရာဇ်အဆက်ဆက်
ဖက်ဆစ် အဆူဆူပွင့်တော်မူတဲ့
ကြတ်မြေ
ဒီဆူးတော့ လူငယ်တွေ
ပုဆိန်နဲ့ထွင်တော့မှာ ။
သူတို့ဆီမှာ
အညာက ရှို့ခဲတဲ့မီးတွေဆီက
ကူးလာတဲ့ မီးတုတ်တွေပါလာမယ်
မင်းတို့ရဲ့ အိမ်ခေါင်မိုးတွေအတွက်
သူတို့ဆီမှာ
ပဇီကြီးက သယ်လာတဲ့
ဗုံးတွေပါလာမယ်
မင်းတို့ရဲ့ နားစည်တွေအတွက်

👍42❤14🤮1🤣1
သူတို့ဆီမှာ
ကိုဂျင်မီနဲ့ ဇေယျာသော်တို့ရဲ့
ကြိုးတွေပါလာမယ်
မင်းတို့ရဲ့ လည်ပင်းတွေကို
ချည်ဖို့အတွက်
တချိန်ချိန်မှာ
မင်းတို့ရဲ့ အိမ်ရှေ့တံခါးကို
လာခေါက်လိမ့်မယ်
အေး....
တချိန်ချိန်ဆိုတာ
သိပ်မကြာတော့ပါဘူး
.........
လာတော့မှာပါ ။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့
'Annonymous' ရဲ့ "နွေဦးယူလီဆီး" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
❤55👍24🤮1🤣1