People's Spring
62.9K subscribers
66.3K photos
1.16K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😭90😢30🫡14👍5🤣5😁1
ကျဆုံးခဲ့ရသည့် CNDF ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်နှစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - File Photo)
😭75😢30👍9🤣5🫡4😁1
ဇီးကုန်းတွင် ပြည်သူ့စစ်သင်တန်းလူစုရန်လာသည့် ရဲတစ်ဦး အဆိပ်မိသေဆုံး

ကျော်ဇော/People's Spring

ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာသို့ ပြည်သူ့စစ်သင်တန်းအတွက် လူစုရန်လာသည့် စစ်ကောင်စီ​၏ ရဲတစ်ဦး အဆိပ်မိသေဆုံးသွားကြောင်း ဒေသခံပြည်သူများက People's Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ည ၁၂ နာရီခန့်က စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ အင်အား ၃၀ ခန့်ဖြင့် ရောက်ရှိနေသော ဘော်ဘင်ရွာဘုန်းကြီးကျောင်း၌ ကင်းစောင့်နေသည့်ရဲတစ်ဦး ကွမ်းစားရင်း အဆိပ်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ည ၁၂ နာရီလောက်မှာ ဖြစ်တာ။ ဘုန်းကြီး ကျောင်းမှာ တပ်ဆွဲထားရင်း ကင်းစောင့်နေရင်းက ကွမ်းယာစားတာ။ အဲ့လိုစားနေရင်းက အမြုပ်တွေထွက်လာပြီး သေတာ"ဟု ဇီးကုန်းမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး စစ်ကောင်စီဘက်မှ သတင်းအားဖုံးဖိထားသော်လည်း ၎င်းတို့၏ထောက်တိုင် ပျူစောထီးအဖွဲ့မှ အဆိပ်ခပ်လုပ်ကြံသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောဆိုကြပြီး သေဆုံးရသည့်အကြောင်းအရင်းကို People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။

ကွမ်းစားရင်းအဆိပ်မိသေဆုံးသွားသော ရဲ တပ်သားမှာ ဗိုလ်ချမ်း(ခ)ချမ်းချမ်းဖြစ်ပြီး အသက် (၂၅)နှစ်ခန့်ရှိကာ ဇီးကုန်းမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ယင်းကဲ့သို့ ရဲတစ်ဦးအထက်ပါအတိုင်း သေဆုံးမှုဖြစ်ပွားပြီးနောက် ဘော်ဘင်ကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားထပ်တိုးချထားရာ ရဲနှင့်စစ်သား ၅၀ခန့်ရောက်ရှိ တပ်စွဲထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ထို့အပြင် ၎င်းဘော်ဘင်ကျေးရွာသို့ စစ်ကောင်စီတပ်က ပြည်သူ့စစ်အင်အားစာရင်း တောင်းယူထားရာ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူက အလုပ်လက်မဲ့ သက်ကြီးပိုင်း လူအရောင် ၅၀ ခန့်အား စာရင်းပေးထားကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ကျော်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အင်အားချီနဲ့လာရာ ယခုနှစ် ဖေဖော်ဝါရီ ၁၀ရက်ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
👍48👏165🤣2
👍43😁4
ဂန့်ဂေါ၊စန်းမြို့ရွာတွင် စစ်တပ်​ထောင်ခဲ့​သောမြေမြုပ်မိုင်းများကို ​တော်လှန်​ရေးအဖွဲ့များရှင်းလင်း

ဇော်ရမ်း/People's Spring

ဂန့်ဂေါမြို့ ၊ စန်းမြို့ရွာအတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးနောက် မြေမြုပ်မိုင်းများထောင်သွား၍ ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

စန်းမြို့ရွာကို ဖေဖော်ဝါရီလ ၁၆ရက်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းက ဝင်ရောက်လာပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးကာ ဖေဖော်ဝါရီ ၁၇ရက်တွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။

"တစ်ရွာလုံးမှာ စွန့်ပစ်မိုင်းတွေထောင်ခဲ့တာလို့ပြောလို့ရပါတယ်။ သူတို့ပြန်မရုတ်သိမ်းတော့မယ့်မိုင်းတွေပေါ့။ လောလောဆယ်မှာဒေသခံတွေကို ရွာထဲကိုပြန်ဝင်ဖို့ကန့်သတ်ထားရတဲ့အနေအထားပါ" ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ပြန်ကြားရေးတာဝန်ခံက ပြော
သည်။

စန်းမြို့ရွာသည် အိမ် ခြေ ၂၀၀ ခန့်ရှိသည့်ရွာကြီးဖြစ်ပြီး စစ်ကောင်စီကအကြိမ်ကြိမ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့သည့်ရွာဖြစ်သည်။ ယခုအခါ တစ်ရွာလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံများသည် တောင်ယာများ၌ ယာယီတဲများဖြင့် စစ်ဘေးရှောင်နေကြရကြောင်း သတင်းရရှ်ိသည်။

ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ မြောင်ခင်ရန်းရွာအပါအဝင် ခုနစ်ရွာခန့်သာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။
👍49🔥61
စန်းမြို့ရွာရှိ​နေအိမ်များကို စစ်​ကောင်စီတပ် က  ၂၀၂၁ ဒီဇင်ဘာလက မီးရှို့ ဖျက်ဆီးခဲ့စဥ်။ဓါတ်ပုံ-YDF
🤬37👍9👎32🔥2😁1😡1
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "မတရားမှုမှန်သမျှ ချုပ်ငြိမ်းဖို့ လူထုတရပ်လုံး ထကြွစို့" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း မတရားစစ်မူထမ်း ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ .မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" စာသားကို ကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင် "THE WAY" ရုပ်ရှင်ဇာတ်ကားကြီးအား ပြသခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုတရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြသော တိုင်းရင်းသားညီနောင်အဖွဲ့အစည်းအများနဲ့အတူ ရပ်တည် ကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ကလေးမြို့သပိတ်၊ လက်ပံတောင်းသပိတ်
🥰2320👍15🤮1
39👍7🔥2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ပေါ်တာဆွဲသူ၊ စစ်မှုထမ်းဖို့ ကူညီလုပ်ကိုင်​ပေး​နေသူများကို တားဆီး၊နှိမ်နင်း၊အ​ရေးယူမယ်လို့ NUG သတိ​ပေး

စစ်​ကောင်စီအတွက် ​ပေါ်တာဆွဲသူ၊ စစ်မှုထမ်းဖို့ ကူညီသူများကို အမျိုးသားညီညွတ်​ရေးအစိုးရNUGက တားဆီးနှိမ်နင်းအ​ရေးယူမယ်လို့ သတိ​ပေးထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးခြင်း၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်း၊ သင်တန်းပေးခြင်း လုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှုများကို ကျူးလွန်ရာ ရောက်လို့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်မိန့် ထုတ်ပြန်ကြောင်း၊ တားမြစ်မိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ တားဆီးနှိမ်နင်း အပြစ်ပေးအရေးယူခြင်းများ ဆောင်ရွက်မယ်လို့ NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ NUG ကသတိ​ပေးခြင်းထက် လက်​တွေ့အ​ရေးယူပြဖို့ ပြည်သူများက လိုလားနေပါတယ်။

◾️ကလေးမြို့တိုက်ပွဲကာကွယ်ရေးတပ်များ စခန်းသုံးခု သိမ်းပိုက်၊ အရပ်သားသေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဖေဖော်ဝါရီ ၂၁ရက်က စတင်တဲ့ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသုံးခုသိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါတယ်။ ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ စစ်ကောင်စီစခန်း သုံးခုကို ကာကွယ်ရေးတပ်ဖွဲ့ ၁၆ဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်မှာ စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်် စစ်ကူလာတဲ့ စစ်ကောင်စီတပ်များကိုလည်း မိုင်းဆွဲခြင်းနဲ့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄၀ကျော် သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး ရဲဘော်များက ပြောပါတယ်။ တိုက်ပွဲအတွင်း အရပ်သား ၆ ဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

◾️ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို KIA/KPDF ပြန်လည်ထိုးစစ်ဆင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီနေ့မနက်မှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ KIA ပူးပေါင်းတပ်ဟာ ဆင်ဘိုမြို့ကို ဖေဖော်ဝါရီ ဒုတိယပတ်မှာ တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ နောက်ပြီး မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်အကြာမှာ ထိုးစစ်ဆင်မှုကို ရပ်တန့်ခဲ့ကာ ဒီနေ့ ပြန်လည် ထိုးစစ်ဆင်ခဲ့တာပါ။ ဒီနေ့ မနက်ပိုင်းက စစ်​ကောင်စီတပ် တံတားဦး၊ နေပြည်​တော် ​လေတပ်၊ မိတ္ထီလာ ရှမ်းတဲ​လေတပ်စခန်းများမှ တိုက်​လေယာဥ်များ အလုပ်များ၊ ပျံသန်းမှုများ​နေ​တယ်လို့ Enemy Air Route Channel(EAR )က ဖော်ပြပါတယ်။

◾️မောင်တော ရန်အောင်ပြင် စစ်ကောင်စီစခန်းကို AA ထပ်မံ သိမ်းပိုက်

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို မနေ့က ထပ်မံ သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး AAက သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေး ကြိုးပမ်းနေကြောင်း ဖော်ပြပါတယ်။ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်း အား မနေ့ နေ့ခင်းက သိမ်းနိုင်ခဲ့ပြီး မင်းပြားမြို့နယ်မှာ တစ်ခုတည်းသော စစ်​ကောင်စီရဲ့ လက်ကျန်စခန်း အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို AAက ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

◾️ဂန့်ဂေါနယ် စစ်တပ်​ထောင်ခဲ့​တဲ့ မြေမြှုပ်မိုင်းများကို ​တော်လှန်​ရေးအဖွဲ့များ ရှင်းလင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့ စန်းမြို့ရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် မြေမြှုပ်မိုင်းများထောင်သွားတာကြောင့် ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောပါတယ်။ စန်းမြို့ရွာကို ဖေဖော်ဝါရီ ၁၆ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းက ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖေဖော်ဝါရီ ၁၇ရက်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ စန်းမြို့ရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ရွာကြီးဖြစ်ပြီး စစ်ကောင်စီက အကြိမ်ကြိမ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာဖြစ်ပါတယ််။

◾️ဇီးကုန်းမှာ ပြည်သူ့စစ်သင်တန်းလူစုဖို့လာတဲ့ ရဲတစ်ဦး အဆိပ်မိသေဆုံး
👍41🔥31
ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာသို့ ပြည်သူ့စစ်သင်တန်းအတွက် လူစုဖို့လာတဲ့ စစ်ကောင်စီ​တပ်ဖွဲ့ဝင် ရဲတစ်ဦး အဆိပ်မိသေဆုံးသွားတယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။ မနေ့ ညပိုင်းက စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲအင်အား ၃၀ ခန့်ဖြင့် ရောက်ရှိနေတဲ့ ဘော်ဘင်ရွာဘုန်းကြီးကျောင်းမှာ ကင်းစောင့်နေတဲ့ ရဲတစ်ဦး ကွမ်းစားရင်း အဆိပ်မိခဲ့တာလို့ ဆိုပါတယ်။ အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းကို ဖုံးဖိထားပေမယ့် ၎င်းတို့ရဲ့ ထောက်တိုင် ပျူစောထီးအဖွဲ့က အဆိပ်ခတ်လုပ်ကြံနေတယ်လို့ သိရပါတယ်။

◾️ဟိုပုံးမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို PNLA သိမ်းပိုက်၊ လက်နက်အချို့သိမ်းဆည်းရရှိ

ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို မနေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ၊သတင်းပြန်ကြားရေးဌာနတာဝန်ခံခွန်ရိန်းယံက​ပြောပါတယ်။ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့ဟာ ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLA စစ်ကြောင်းကို တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကို PNLAက ရှင်းလင်းရာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားတဲ့လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် RPG ၁ လက်၊ ပစ္စတို ၁ လက်သိမ်းဆည်းရရှိတယ်လို့ PNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံခွန်ရိန်းယံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဆီဆိုင်မြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLAက ထုတ်ပြန်ပါတယ်။

◾️ကံထူးမရွာနယ်​မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်အ​စောက တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝရဲ့ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေပြီး မနေ့ ညနေပိုင်းက ကံထူးမကျေးရွာရှိ နေအိမ်အများအပြားကို နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

◾️ငါန်းဇွန်နယ်မှာ စစ်ကောင်စီတပ်ကို PDFများ တိုက်ခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ တစ်အိမ် တက်ဆင်း PDF ရှိ၊မရှိ လိုက်ရှာနေတဲ့ စစ် ကောင်စီတပ်ကို PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ငါန်းဇွန်မြို့နယ်၊ ဆင်တပ်ကျေးရွာမှ ထွက်လာတဲ့ အင်အား၄၀ပါ စစ်တပ်နဲ့ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စု လေးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့က ခန့်မှန်းပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "မတရားမှုမှန်သမျှ ချုပ်ငြိမ်းဖို့ လူထုတရပ်လုံး ထကြွစို့" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ မတရားစစ်မူထမ်း ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" စာသားကို ကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင် "THE WAY" ရုပ်ရှင်ဇာတ်ကားကြီးအား ပြသခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုတရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြသော တိုင်းရင်းသားညီနောင်အဖွဲ့အစည်းအများနဲ့အတူ ရပ်တည်ကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
👍446🔥1🤣1
"ဒီ​နေ့ ဘာဖြစ်ခဲ့လဲ"
👍27😢84🤮1