| ကဗျာ |
“လူဖြစ်ဖို့ အလံဖြူ”
▪︎မောင်မိုးအေး
အလံဖြူထောင်ပါ
လက်နက်ချပါ
လူသားဆန်မှုကို
ထိတွေ့ခံစားပါ
ကြောက်ရွံ့ခြင်းဆီက
လွတ်ကင်းရမှုဟာ
သိပ်အဓိပ္ပါယ်ရှိတယ်
ငါတို့က လူသားဆန်ပြီး
မင်းတို့ကိုလည်း
လူဖြစ်ခွင့် ရစေချင်တယ်
အမှန်တရားရှေ့မှာ
လက်နက်ချခြင်းဟာ
သတ္တိရှိခြင်း
လူစစ်စစ်ဖြစ်ခြင်းပါပဲ
လက်နက်ချပြီး
သတ္တိရှိပြလို့ရတဲ့ ကာလမှာ
လူသားဆန်မှုကို
ထိတွေ့ခံစားပါ
ငါတို့က လူသားဆန်ပြီး
မင်းတို့ကိုလည်း
လူဖြစ်ခွင့် ရစေချင်တယ်။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့
မောင်မိုးအေး ရဲ့ "လူဖြစ်ဖို့ အလံဖြူ" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
👍52❤5🤮2
မန္တလေးပတ်စ်ပို့ရုံး ပြည်သူနှစ်ဦးသေဆုံးပြီးနောက် အွန်လိုင်းဘွတ်ကင်စနစ် ပြောင်းလဲ
အင်ကြင်း/People's Spring
မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ပတ်စ်ပို့ရုံး)တွင် ပြည်သူနှစ်ဦး လူပိ၍ သေဆုံးပြီးနောက် အွန်လိုင်းဘွတ်ကင်စနစ် ပြောင်းလဲအသုံးပြုမည်ဟု သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့ပတ်စ်ပို့ရုံး၌ တန်းစီရင်း အမျိုးသမီးနှစ်ဦး လူပိသေဆုံးပြီးနောက် ၆ရက်အကြာတွင် အွန်လိုင်းဘွတ်ကင်စနစ် ပြောင်းလဲအသုံးပြုမည်ဟု စစ်ကောင်စီ၏ ပတ်စ်ပို့ရုံးဝက်ဘ်ဆိုက်က ကြေညာသည်။
မနက်ဖြန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှစ၍ ပတ်စ်ပို့ရုံး၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် ကြိုတင်စာရင်းသွင်းနိုင်မည်ဟု အသိပေးသည်။
သို့သော် လက်ရှိတွင် ရောက်လက်စ လူတန်းကြီးမှာ တန်းစီနေဆဲဖြစ်ကြောင်း ရုံးအနီးရောက်ရှိနေသူများက ပြောသည်။
"ညကို ရုံးထဲသွင်းမယ်တဲ့။ခု ၄၀၀လောက်ရှိတယ်။ ၆၀၀ လောက် သွင်းမယ်ကြားတယ်။"ဟု ပတ်စ်ပို့လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။
သို့သော် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အိမ်ထောင်စု စာရင်းဝင်သူများမဟုတ်ပါက ဘွတ်ကင်ရသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ဟု သိရသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရသည့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ထွက်ကာအလုပ်လုပ်နိုင်ရေး ပတ်စ်ပို့ရရှိရန် စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ နေ့စဥ် လူထောင်ချီ တန်းစီတိုးဝှေ့ကာ ဝင်နေရသည်။
ထိုအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်လိုက်သောအခါ နိုင်ငံမှ လူငယ်များ ပြည်ပသို့သွားရောက်ရန် အလုအယက်ကြိုးစားနေကြပြီး ပတ်စ်ပို့ရုံးများတွင် နေစဥ်လူထောင်ချီ တိုးဝှေ့လျှောက်ထားနေကြသည်ဟု ပက်စ်ပို့ဝန်ဆောင်မှုပေးနေသူအချို့က ပြောသည်။

👍39🤬5🔥1
(၂၀၂၄ ဇန်နဝါရီ ၈ရက်က မန္တလေးမြို့ပတ်စ်ပို့ရုံးရှေ့၌ စောင့်ဆိုင်းခဲ့သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
👍18🤬6🔥2
ကလေးမြို့တိုက်ပွဲကာကွယ်ရေးတပ်များ စခန်းသုံးခု သိမ်းပိုက် ၊နှစ်ဖက် ထိခိုက်ကျဆုံးမှုများ
စောနွေဦး/People's Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ရက်က စတင်သောတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့များက စခန်းသုံးခုသိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။
ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ် ကောင်စီစခန်း သုံးခုကို ကာကွယ်ရေးတပ်ဖွဲ့ ၁၆ဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ထို့အပြင် စစ်ကူလာသည့် စစ်ကောင်စီတပ်များကိုလည်း မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ၄၀ကျော် သေဆုံးခဲ့သည်ဟု ကာကွယ်ရေး ရဲဘော်များက ပြောသည်။
တိုက်ပွဲအတွင်း အရပ်သား ၆ ဦးလည်း စစ်ကောင်စီလက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ အဆိုပါ အရပ်သား ၆ဦးတွင် ကလေးငယ် နှစ်ဦးနှင့် မိသားစု သုံးဦးပါဝင်ကြောင်း ကလေးမြို့ခံတစ်ဦးက ပြောသည်။
ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာရှိ စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၂၂ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများစခန်းချထားသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။ကလေးမြို့မြောက်ပိုင်းရှိ ကံကြီးရွာစခန်းနှင့် ကံသာယာရွာ စခန်းတို့ကိုလည်း ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထို့အပြင် ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)မှ ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် သုံးဦးကမှာ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ၏ ဖမ်းဆီးသတ်ဖြတ်မှုခံရကြောင်း အဆိုပါတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
ဒုစစ်ဦးချုပ်နှင့်ရဲဘော်များသည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီကျော်က ကလေးမြို့၊အောင်သာယာကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တိုး၍ ဖမ်းဆီးသတ်ဖြတ်မှု ခံလိုက်ရခြင်းဖြစ်သည်။
“သူတို့ကျတာ မှန်ပါတယ်။ အခြားရဲဘော်တစ်ဦးလည်းတိုက်ပွဲမှာ ကျပါသေးတယ်”ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျဆုံးခဲ့သူများမှာ CNDFစစ်ဦးချုပ် ဆလိုင်းဒေးဗစ်နယူး၊ ရဲမေ ရွှေနွမ်ကိမ်နှင့် ရဲဘော် အေမောစ်ဗန်နိုက်လျန်ဖြစ်သည်ဟု Falam Regional Committeeက အသိပေးထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိ ၎င်းတို့ရုပ်အလောင်းများပြန်လည်ရရှိခြင်းမရှိသေးကြောင်းလည်း CNDF တာဝန်ရှိသူများက ပြောသည်။ အောင်သာယာကျေးရွာသည် ပျူစောထီးနှင့် စစ်ကောင်စီတပ်များ ကြီးစိုးထားသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၂၂ရက်က စက္ကန့်ရွာတိုက်ပွဲတွင် CNDFမှရဲဘော် ဆလိုင်းမန်ပူသည် မိုင်းနင်းမိ၍ ကျဆုံးခဲ့ရကြောင်းလည်း CNDFတာဝန်ရှိသူများက ပြောသည်။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ပြီး ကလေးမြို့ တာဟန်းရပ်ကွက်၊ ကြို့သုံးပင်၊မွန်းလိုင်ရပ်ကွက် စသည့်တို့ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်။
ထပ်မံရရှိသော သတင်းများအရ ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၂၄ ရက်ညအထိ တိုက်ပွဲဆက်ဖြစ်နေပြီး နယ်မြေချင်းထိစပ်နေသော ဂန့်ဂေါမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပါ ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

😢52👍12🔥2
ကျဆုံးခဲ့ရသည့် CNDF ဒုစစ်ဦးစီးချုပ်နှင့် ရဲဘော်နှစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - File Photo)
😭75😢30👍9🤣5🫡4😁1
ဇီးကုန်းတွင် ပြည်သူ့စစ်သင်တန်းလူစုရန်လာသည့် ရဲတစ်ဦး အဆိပ်မိသေဆုံး
ကျော်ဇော/People's Spring
ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာသို့ ပြည်သူ့စစ်သင်တန်းအတွက် လူစုရန်လာသည့် စစ်ကောင်စီ၏ ရဲတစ်ဦး အဆိပ်မိသေဆုံးသွားကြောင်း ဒေသခံပြည်သူများက People's Spring သတင်းဌာနသို့ ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ည ၁၂ နာရီခန့်က စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲ အင်အား ၃၀ ခန့်ဖြင့် ရောက်ရှိနေသော ဘော်ဘင်ရွာဘုန်းကြီးကျောင်း၌ ကင်းစောင့်နေသည့်ရဲတစ်ဦး ကွမ်းစားရင်း အဆိပ်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"ည ၁၂ နာရီလောက်မှာ ဖြစ်တာ။ ဘုန်းကြီး ကျောင်းမှာ တပ်ဆွဲထားရင်း ကင်းစောင့်နေရင်းက ကွမ်းယာစားတာ။ အဲ့လိုစားနေရင်းက အမြုပ်တွေထွက်လာပြီး သေတာ"ဟု ဇီးကုန်းမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဥ်နှင့်စပ်လျဥ်းပြီး စစ်ကောင်စီဘက်မှ သတင်းအားဖုံးဖိထားသော်လည်း ၎င်းတို့၏ထောက်တိုင် ပျူစောထီးအဖွဲ့မှ အဆိပ်ခပ်လုပ်ကြံသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောဆိုကြပြီး သေဆုံးရသည့်အကြောင်းအရင်းကို People's Spring က သီးခြားအတည်မပြုနိုင်သေးပေ။
ကွမ်းစားရင်းအဆိပ်မိသေဆုံးသွားသော ရဲ တပ်သားမှာ ဗိုလ်ချမ်း(ခ)ချမ်းချမ်းဖြစ်ပြီး အသက် (၂၅)နှစ်ခန့်ရှိကာ ဇီးကုန်းမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
ယင်းကဲ့သို့ ရဲတစ်ဦးအထက်ပါအတိုင်း သေဆုံးမှုဖြစ်ပွားပြီးနောက် ဘော်ဘင်ကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားထပ်တိုးချထားရာ ရဲနှင့်စစ်သား ၅၀ခန့်ရောက်ရှိ တပ်စွဲထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ထို့အပြင် ၎င်းဘော်ဘင်ကျေးရွာသို့ စစ်ကောင်စီတပ်က ပြည်သူ့စစ်အင်အားစာရင်း တောင်းယူထားရာ စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်သူက အလုပ်လက်မဲ့ သက်ကြီးပိုင်း လူအရောင် ၅၀ ခန့်အား စာရင်းပေးထားကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်အာဏာသိမ်းမှု (၃)နှစ်ကျော်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ အင်အားချီနဲ့လာရာ ယခုနှစ် ဖေဖော်ဝါရီ ၁၀ရက်ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

👍48👏16❤5🤣2
ဂန့်ဂေါ၊စန်းမြို့ရွာတွင် စစ်တပ်ထောင်ခဲ့သောမြေမြုပ်မိုင်းများကို တော်လှန်ရေးအဖွဲ့များရှင်းလင်း
ဇော်ရမ်း/People's Spring
ဂန့်ဂေါမြို့ ၊ စန်းမြို့ရွာအတွင်း စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးနောက် မြေမြုပ်မိုင်းများထောင်သွား၍ ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။
စန်းမြို့ရွာကို ဖေဖော်ဝါရီလ ၁၆ရက်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းက ဝင်ရောက်လာပြီး နေအိမ်များအားမီးရှို့ဖျက်ဆီးကာ ဖေဖော်ဝါရီ ၁၇ရက်တွင် ပြန်လည်ထွက်ခွာသွားခြင်းဖြစ်သည်။
"တစ်ရွာလုံးမှာ စွန့်ပစ်မိုင်းတွေထောင်ခဲ့တာလို့ပြောလို့ရပါတယ်။ သူတို့ပြန်မရုတ်သိမ်းတော့မယ့်မိုင်းတွေပေါ့။ လောလောဆယ်မှာဒေသခံတွေကို ရွာထဲကိုပြန်ဝင်ဖို့ကန့်သတ်ထားရတဲ့အနေအထားပါ" ဟု ဂန့်ဂေါမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) ပြန်ကြားရေးတာဝန်ခံက ပြော
သည်။
စန်းမြို့ရွာသည် အိမ် ခြေ ၂၀၀ ခန့်ရှိသည့်ရွာကြီးဖြစ်ပြီး စစ်ကောင်စီကအကြိမ်ကြိမ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့သည့်ရွာဖြစ်သည်။ ယခုအခါ တစ်ရွာလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ပြီး ဒေသခံများသည် တောင်ယာများ၌ ယာယီတဲများဖြင့် စစ်ဘေးရှောင်နေကြရကြောင်း သတင်းရရှ်ိသည်။
ဂန့်ဂေါမြို့ပေါ်၌ ရပ်ကွက်လေးခုရှိပြီး ကျေးရွာစုစုပေါင်း တစ်ရာကျော်ရှိသည်။ မြောင်ခင်ရန်းရွာအပါအဝင် ခုနစ်ရွာခန့်သာ စစ်ကောင်စီထိန်းချုပ်မှုအောက်၌ရှိနေပြီး ရွာပေါင်း ၉၀ ကျော်၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းထားနိုင်သည်။

👍49🔥6❤1
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၄) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "မတရားမှုမှန်သမျှ ချုပ်ငြိမ်းဖို့ လူထုတရပ်လုံး ထကြွစို့" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း မတရားစစ်မူထမ်း ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ .မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" စာသားကို ကိုင်ဆောင်၍ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင် "THE WAY" ရုပ်ရှင်ဇာတ်ကားကြီးအား ပြသခဲ့ပြီး နွေဦးတော်လှန်ရေးအတွင်း ပြည်သူလူထုတရပ်လုံးနဲ့အတူ လက်တွဲတိုက်ပွဲဝင်ကြသော တိုင်းရင်းသားညီနောင်အဖွဲ့အစည်းအများနဲ့အတူ ရပ်တည် ကြောင်း ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ကလေးမြို့သပိတ်၊ လက်ပံတောင်းသပိတ်

🥰23❤20👍15🤮1