People's Spring
62.9K subscribers
66.2K photos
1.16K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းအချို့ နှင့် PNLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PNLA News & Info
👍65🥰3👏2🤣2
ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင်

︎KIA သတိပေးချက်ကြောင့် တပ်စခန်းစွန့်သွားသည့်
မြို့လှဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

ထားမြတ်/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ဖေဖော်ဝါရီ ၂၄ရက် မနက် ၇နာရီမှစတင်ပြီး ခလရ(၁၄၁) တပ်ရင်းကို KIA၊ KPDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်နေကြောင်း ၎င်းက အသိပေးသည်။

KIA ပူးပေါင်းတပ်သည် ဆင်ဘိုမြို့ ကို ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့ပြင် မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့သော်လည်း တစ်ရက်အကြာ တွင် ထိုးစစ်ဆင်မှုကို ရပ်ကာ ယနေ့ မနက်တွင် ပြန်
လည် ထိုးစစ်ဆင်ခြင်းဖြစ်သည်။

ထိုစဉ်ကတည်းက ဆင်ဘိုမြို့ကို KIAက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ ရွာအဖြစ်မှ မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ တစ်​သောင်း​ကျော်​နေထိုင်သည်။

ယ​နေ့ နံနက်တွင် စစ်​ကောင်စီတပ်၏ တံတားဦး ၊​နေပြည်​တော် ​လေတပ်၊ မိတ္ထီလာ ရှမ်းတဲ​လေတပ်စခန်းများမှ တိုက်​လေယာဥ်များ အလုပ်များ​နေ ပျံသန်းမှုများ​နေ​ကြောင်း ​စစ်​ကောင်စီ၏လေ​ကြောင်းပျံသန်းမှုသတင်းများကို ​သတိ​ပေး​ဖော်ပြ​နေ​သော Enemy Air Route Channel
(EAR ) မှသိရသည်။ ​နေပြည်​တော်​လေတပ်မှ တိုက်​လေယာဥ်အချို့ အ​နောက်​တောင်ဘက်သို့ ပျံသန်းသလို ၊ရှမ်းတဲ​လေတပ်မှ ​​သယ်ယူပို့​ဆောင်​ရေးရဟတ်ယာဥ်အချို့ အ​နောက်​တောင်သို့ပျံသန်းသည်။ တံတားဦးမှ တိုက်​လေယာဥ်အချို့ အ​နောက်ဘက်နှင့် အ​နောက်​မြောက်ဘက်သို့ ပျံသန်းခဲ့သည်။ယ​နေ့နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ဂျက်ဖိုက်တာတစ်စင်း အ​နောက်​​မြောက်ဘက်သို့ ပျံသန်းပြီး ၊ထို​လေယာဥ်မှာ ​နောက် ၅ မိနစ်အကြာတွင် စစ်ကိုင်းကိုဖြတ်သန်း၍ ​မြောက်ဘက်သို့ဦးတည်​နေ၍ ကချင်ပြည်နယ်သို့ ပျံသန်းခြင်းဖြစ်နိုင်ဖွယ်ရှိသည်။

KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မံစီမြို့နယ် စီခမ်းကြီး စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၅၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် လေကြောင်း ပစ်ကူများစွာပေး တိုက်ခိုက်နေသည့်ကြားမှ စီခမ်းကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် ရွှေကူမြို့နယ် မြို့လှ ဒေသအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းသည်လည်း KIA ၏ သတိ​ပေးစာ​ပေးပို့ပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၂၂ရက်တွင်စခန်းကို စွန့်ခွာရုတ်သိမ်းသွားခဲ့သည်။ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၈၇) ဗျူဟာမှူး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ အလင်းဝင်ရန် KIAက ဖေဖော်ဝါရီ ၁၉ရက်တွင် သတိပေးစာ ပို့ခဲ့ပြီးနောက် ၃ရက်အကြာတွင် စစ်ကောင်စီတပ်က စခန်းစွန့်သွားခြင်းဖြစ်သည်။

ထို့ကြောင့် မြို့လှဒေသကို လက်ရှိတွင် KIAက ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။KIA သတင်းရင်းမြစ်တစ်ဦးကလည်း မြို့လှ ဒေသကို သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြသည်။

မြို့လှမြို့ သည် ​ရွှေကူမြို့နယ်အတွင်းတည်ရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ ၊ ၂၀၁၄ သန်း​ခေါင်စာရင်းအရ လူဦး​ရေ ၄၀၀၀ ​ကျော်ရှိသည်။
👍565👏5🔥1
ခလရ ၁၄၁ ​မြေပုံနှင့်  မံစီမြို့နယ်/စီခမ်းကြီး စစ်ကောင်စီတပ်စခန်းကို KIAဦး​ဆောင်​​သော​တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ/မြို့လှမြို့ကိုအ​ပေါ်စီးမှ​တွေ့ရမှု ။ဓါတ်ပုံ-CJ ၊မြို့လှPDF
👍60👏63🥰3🤣1
PHOTO NEWS

မြို့ပျက်ကြီးသဖွယ်မြင်တွေ့ရသည့် ကော့ကရိတ်မြို့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် များ မီးလောင်ပျက်စီးခဲ့ပြီး မြို့ပျက်ကြီးသဖွယ်မြင်တွေ့ရသည်။ ဖေဖော်ဝါရီ ၂၁ရက် ညနေ ၅ နာရီမှစ၍ ည ၁၀နာရီဝန်းကျင်အထိ ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ အမှတ် (၄)ရပ်ကွက်၊ အထက်ရွာ၊ ရှုခင်းသာလမ်း၊ တောင်သူစုနှင့် အမှတ်(၇)ရပ်ကွက်တို့မှ နေအိမ်များပျက်စီးခဲ့ရသည်။ အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပျက်ကြီးသဖွယ်ဖြစ်နေသော ကော့ကရိတ်မြို့၏ ယမန်နေ့(ဖေဖော်ဝါရီ ၂၃ရက်)က တွေ့ရသည့်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။


ဓာတ်ပုံ - Yebaw Shanlay/FB
👍35😢28🔥3🤬1🤣1
🤬41😢32👍8🔥81🤣1
ငါန်းဇွန်တွင် PDF ရှိ၊မရှိ တစ်အိမ်တက်ဆင်း လိုက်ရှာနေသည့် စစ်ကောင်စီတပ်အား PDFများ တိုက်ခိုက်

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် တစ်အိမ် တက်ဆင်း PDF ရှိ၊မရှိ လိုက်ရှာနေသည့် စစ် ကောင်စီတပ်အား PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၂၃ ရက်) နံနက် ၇ နာရီ မိနစ် ၂၀ခန့်က ငါန်းဇွန်မြို့နယ်၊ ဆင်တပ်ကျေးရွာမှ ထွက်လာသော အင်အား၄၀ပါ စစ်တပ်နှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"ငါန်းဇွန်နယ် ထိုးလာတဲ့ ပျူစစ်ကြောင်းပါ။ မိုင်းမိလို့ ၇ကောင်လွင့်သွားတယ်။"ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့က ခန့်မှန်းသည်။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ငါန်းဇွန်မြို့မှ အင်အား ၈၀ ခန့်နှင့် (၆၀)မမ အထိုင်ပါ ကားတစ်စီးဆင်းလာ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်တော်ဝင် ပြောက်ကျားတပ်ဖွဲ့၊ CDSOM-ငါန်းဇွန်တပ်ခွဲ (NRF)၊ ငါန်းဇွန် ပကဖတို့ ပူး‌ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ငါန်းဇွန်မြို့နယ်အတွင်းရှိ နတ်စိမ်း၊ ရွာသာ၊ ၊ ဂျို၊ သံကုန်း၊ ငါန်းလွန့်သပြေသာ၊ ကုလ၊ ရွာသစ်၊ ဆင်တပ် စသည့် ကျေးရွာများအား ဝင်ရောက်ကာ တစ်အိမ်တက်ဆင်း PDF ရှိ၊မရှိ၊ PDFများအား ဆက်သွယ်ခြင်း၊ ထောက်ခံခြင်း၊ ထောက်ပံ့ခြင်းများ မပြုလုပ်ရန် ပြောဆိုသွားကြောင်း ဒေသခံများက ပြောသည်။
👍555👏4👎1🔥1
👍5211👏8🔥1
(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့)
👍344🔥1
| ကဗျာ |

“လူဖြစ်ဖို့ အလံဖြူ”

︎မောင်မိုးအေး

အလံဖြူထောင်ပါ
လက်နက်ချပါ
လူသားဆန်မှုကို
ထိတွေ့ခံစားပါ
ကြောက်ရွံ့ခြင်းဆီက
လွတ်ကင်းရမှုဟာ
သိပ်အဓိပ္ပါယ်ရှိတယ်
ငါတို့က လူသားဆန်ပြီး
မင်းတို့ကိုလည်း
လူဖြစ်ခွင့် ရစေချင်တယ်
အမှန်တရားရှေ့မှာ
လက်နက်ချခြင်းဟာ
သတ္တိရှိခြင်း
လူစစ်စစ်ဖြစ်ခြင်းပါပဲ
လက်နက်ချပြီး
သတ္တိရှိပြလို့ရတဲ့ ကာလမှာ
လူသားဆန်မှုကို
ထိတွေ့ခံစားပါ
ငါတို့က လူသားဆန်ပြီး
မင်းတို့ကိုလည်း
လူဖြစ်ခွင့် ရစေချင်တယ်။

( "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ​
​မောင်မိုး​အေး ရဲ့ "လူဖြစ်ဖို့ အလံဖြူ" ကဗျာကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။ ​အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်။)
👍525🤮2
👍615🤮2
မန္တလေးပတ်စ်ပို့ရုံး ပြည်သူနှစ်ဦးသေဆုံးပြီးနောက် အွန်လိုင်းဘွတ်ကင်စနစ် ပြောင်းလဲ

အင်ကြင်း/People's Spring

မန္တလေးမြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်​ပေး​ရေးရုံး(ပတ်စ်ပို့ရုံး)တွင် ပြည်သူနှစ်ဦး လူပိ၍ သေဆုံးပြီးနောက် အွန်လိုင်းဘွတ်ကင်စနစ် ပြောင်းလဲအသုံးပြုမည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၉ ရက်က မန္တလေးမြို့ပတ်စ်ပို့ရုံး၌ တန်းစီရင်း အမျိုးသမီးနှစ်ဦး လူပိသေဆုံးပြီးနောက် ၆ရက်အကြာတွင် အွန်လိုင်းဘွတ်ကင်စနစ် ပြောင်းလဲအသုံးပြုမည်ဟု စစ်ကောင်စီ၏ ပတ်စ်ပို့ရုံးဝက်ဘ်ဆိုက်က ကြေညာသည်။

မနက်ဖြန် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီမှစ၍ ပတ်စ်ပို့ရုံး၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် ကြိုတင်စာရင်းသွင်းနိုင်မည်ဟု အသိပေးသည်။

သို့သော် လက်ရှိတွင် ရောက်လက်စ လူတန်းကြီးမှာ တန်းစီနေ​ဆဲဖြစ်ကြောင်း ရုံးအနီးရောက်ရှိနေသူများက ပြောသည်။

"ညကို ရုံးထဲသွင်းမယ်တဲ့။ခု ၄၀၀လောက်ရှိတယ်။ ၆၀၀ လောက် သွင်းမယ်ကြားတယ်။"ဟု ပတ်စ်ပို့လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

သို့သော် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အိမ်ထောင်စု စာရင်းဝင်သူများမဟုတ်ပါက ဘွတ်ကင်ရသော်လည်း ဆောင်ရွက်ပေးမည် မဟုတ်ဟု သိရသည်။

အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရသည့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ထွက်ကာအလုပ်လုပ်​နိုင်ရေး ပတ်စ်ပို့ရရှိရန် စစ်​ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်​ပေး​ရေးရုံးများ၌​ နေ့စဥ် လူ​ထောင်ချီ တန်းစီတိုးဝှေ့ကာ ဝင်နေရသည်။

ထိုအ​ခြေအ​နေတွင် အာဏာသိမ်းစစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေထုတ်ပြန်လိုက်​သောအခါ နိုင်ငံမှ လူငယ်များ ပြည်ပသို့သွား​ရောက်ရန် အလုအယက်ကြိုးစား​နေကြပြီး ပတ်စ်ပို့ရုံးများတွင် နေစဥ်လူ​ထောင်ချီ တိုး​​ဝှေ့​လျှောက်ထား​နေကြသည်ဟု ပက်စ်ပို့ဝန်​ဆောင်မှု​ပေး​နေသူအချို့က​ ပြောသည်။
👍39🤬5🔥1
(၂၀၂၄ ဇန်နဝါရီ ၈ရက်က မန္တလေးမြို့ပတ်စ်ပို့ရုံး​ရှေ့၌ စောင့်ဆိုင်းခဲ့သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
👍18🤬6🔥2