ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)
😡31🤬9❤6👍3
ဟိုပုံးမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို PNLA သိမ်းပိုက်၊ RPG၊ ပစ္စတို နှင့်ခဲယမ်းအချို့သိမ်းဆည်းရရှိ
▪︎တိုက်ပွဲမဖြစ်ဘဲ ဆီဆိုင်မြို့ကို လေကြောင်း တိုက်ခိုက်၊ဟိုပုံးမဲနယ်တောင်ဒေသကို စစ်ကောင်စီကလက်နက်ကြီးဖြင့် အကြိမ် ၁၀၀နီးပါးပစ်ခတ်
ဟန်နွေ/People’s Spring
ရှမ်းတောင် ပအိုဝ်းဒေသ ဟိုပုံးမြို့နယ် ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့(ဖေဖော်ဝါရီ ၂၃)တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ၊သတင်းပြန်ကြားရေးဌာနတာဝန်ခံခွန်ရိန်းယံကပြောသည်။
ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့သည် ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် PNLA စစ်ကြောင်းကို တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာကို PNLAက ရှင်းလင်းရာ စစ်ကောင်စီနှင့်ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားသည့် လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စခန်း၁ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း PNLA က
ယနေ့ထုတ်ပြန်ထားသည်။
“အဲဒီ လွယ်၀ိုးတုတ်ရွာနဲ့နည်းနည်းနီးတာပေါ့။ အဲဒီစခန်းကို သိမ်းပိုက်ရရှိခဲ့တယ်။ အဲဒီမှာ RPG ၁ လက်၊ ပစ္စတို ၁ လက်ရတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အချိန်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် တွေက အကုန်လုံးထွက်ပြေးသွားတာပေါ့” ဟု PNLA သတင်းပြန်ကြားရေးဌာနတာဝန်ခံခွန်ရိန်းယံက ပြောသည်။
ထို့အပြင် ယမန်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီသည် ဆီဆိုင်မြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့သည့်အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PNLAက ထုတ်ပြန်သည်။
စစ်ကောင်စီသည် ထမ်းဆန်းဂူဒေသနှင့် ထမ်းဆန်းရွှေတိဂုံ
စေတီတော်တွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသကို ဆက်လက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ခရီးသွားပြည်သူများ၏ ကားများအား ပစ်ခတ်ခြင်းများကိုလည်း ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။
ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်
ရာ မြင့်မြတ်သော နေရာများကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များသည် ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ်ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါးဖျက်ဆီးနေခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်
သည်။
လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့်အချိန်ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာ
ဏာရှင်ကို ကာကွယ်ပေးနေရသည့် လုပ်ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် ထပ်မံတိုက်တွန်းထားသည်။
ထို့အပြင် PNLA လူမှုကွန်ယက်စာမျက်နှာ (Facebook Page)သို့ လာရောက်ဆက်သွယ်ပြီး လိုအပ်ချက်များစွာရှိနေသည့် တော်လှန်ရေးလုပ်ငန်းစဉ်အတွင်း အသုံးပြုနိုင်ရန် ငွေကြေးအင်အားဖြင့် ပါဝင်ကြသည့် မိဘပြည်သူများကိုလည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(PNLA)မှ အထူးကျေးဇူးတင်ကြောင်း ထုတ်ပြန်သည်။

👍50👏5🤣2❤1
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းအချို့ နှင့် PNLA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PNLA News & Info
👍65🥰3👏2🤣2
ဆင်ဘိုမြို့ အနီးရှိ ခလရ(၁၄၁) တပ်ရင်းကို ယနေ့မနက်တွင် KIA/KPDF ပြန်လည်ထိုးစစ်ဆင်
▪︎KIA သတိပေးချက်ကြောင့် တပ်စခန်းစွန့်သွားသည့်
မြို့လှဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား
ထားမြတ်/People’s Spring
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီတပ်ရင်း ခလရ(၁၄၁)ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
ဖေဖော်ဝါရီ ၂၄ရက် မနက် ၇နာရီမှစတင်ပြီး ခလရ(၁၄၁) တပ်ရင်းကို KIA၊ KPDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်နေကြောင်း ၎င်းက အသိပေးသည်။
KIA ပူးပေါင်းတပ်သည် ဆင်ဘိုမြို့ ကို ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် တိုက်ခိုက်ခဲ့ရာ မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို့ပြင် မြို့နှင့်မိုင်အနည်းငယ်အကွာရှိ ခလရ(၁၄၁) စစ်ကောင်စီတပ်ရင်းကို တိုက်ခိုက်ခဲ့သော်လည်း တစ်ရက်အကြာ တွင် ထိုးစစ်ဆင်မှုကို ရပ်ကာ ယနေ့ မနက်တွင် ပြန်
လည် ထိုးစစ်ဆင်ခြင်းဖြစ်သည်။
ထိုစဉ်ကတည်းက ဆင်ဘိုမြို့ကို KIAက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ ရွာအဖြစ်မှ မြို့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။
ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၏ တံတားဦး ၊နေပြည်တော် လေတပ်၊ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းများမှ တိုက်လေယာဥ်များ အလုပ်များနေ ပျံသန်းမှုများနေကြောင်း စစ်ကောင်စီ၏လေကြောင်းပျံသန်းမှုသတင်းများကို သတိပေးဖော်ပြနေသော Enemy Air Route Channel
(EAR ) မှသိရသည်။ နေပြည်တော်လေတပ်မှ တိုက်လေယာဥ်အချို့ အနောက်တောင်ဘက်သို့ ပျံသန်းသလို ၊ရှမ်းတဲလေတပ်မှ သယ်ယူပို့ဆောင်ရေးရဟတ်ယာဥ်အချို့ အနောက်တောင်သို့ပျံသန်းသည်။ တံတားဦးမှ တိုက်လေယာဥ်အချို့ အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ပျံသန်းခဲ့သည်။ယနေ့နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ဂျက်ဖိုက်တာတစ်စင်း အနောက်မြောက်ဘက်သို့ ပျံသန်းပြီး ၊ထိုလေယာဥ်မှာ နောက် ၅ မိနစ်အကြာတွင် စစ်ကိုင်းကိုဖြတ်သန်း၍ မြောက်ဘက်သို့ဦးတည်နေ၍ ကချင်ပြည်နယ်သို့ ပျံသန်းခြင်းဖြစ်နိုင်ဖွယ်ရှိသည်။
KIA အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းကလည်း မံစီမြို့နယ် စီခမ်းကြီး စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ အလက် ၅၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။
စစ်ကောင်စီအနေဖြင့် လေကြောင်း ပစ်ကူများစွာပေး တိုက်ခိုက်နေသည့်ကြားမှ စီခမ်းကြီးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ရွှေကူမြို့နယ် မြို့လှ ဒေသအခြေစိုက် စစ်ကောင်စီ ဗျူဟာစခန်းသည်လည်း KIA ၏ သတိပေးစာပေးပို့ပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၂၂ရက်တွင်စခန်းကို စွန့်ခွာရုတ်သိမ်းသွားခဲ့သည်။ တပ်မ (၈၈) လက်အောက်ခံ ခမရ(၃၈၇) ဗျူဟာမှူး နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ အလင်းဝင်ရန် KIAက ဖေဖော်ဝါရီ ၁၉ရက်တွင် သတိပေးစာ ပို့ခဲ့ပြီးနောက် ၃ရက်အကြာတွင် စစ်ကောင်စီတပ်က စခန်းစွန့်သွားခြင်းဖြစ်သည်။
ထို့ကြောင့် မြို့လှဒေသကို လက်ရှိတွင် KIAက ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။KIA သတင်းရင်းမြစ်တစ်ဦးကလည်း မြို့လှ ဒေသကို သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောပြသည်။
မြို့လှမြို့ သည် ရွှေကူမြို့နယ်အတွင်းတည်ရှိပြီး မြို့နယ်ခွဲ ဖြစ်ကာ ၊ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄၀၀၀ ကျော်ရှိသည်။

👍56❤5👏5🔥1
ခလရ ၁၄၁ မြေပုံနှင့် မံစီမြို့နယ်/စီခမ်းကြီး စစ်ကောင်စီတပ်စခန်းကို KIAဦးဆောင်သောတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများ/မြို့လှမြို့ကိုအပေါ်စီးမှတွေ့ရမှု ။ဓါတ်ပုံ-CJ ၊မြို့လှPDF
👍60👏6❤3🥰3🤣1
မြို့ပျက်ကြီးသဖွယ်မြင်တွေ့ရသည့် ကော့ကရိတ်မြို့
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ် များ မီးလောင်ပျက်စီးခဲ့ပြီး မြို့ပျက်ကြီးသဖွယ်မြင်တွေ့ရသည်။ ဖေဖော်ဝါရီ ၂၁ရက် ညနေ ၅ နာရီမှစ၍ ည ၁၀နာရီဝန်းကျင်အထိ ကော့ကရိတ်မြို့ အမှတ် (၇) ရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရာမှ အမှတ် (၄)ရပ်ကွက်၊ အထက်ရွာ၊ ရှုခင်းသာလမ်း၊ တောင်သူစုနှင့် အမှတ်(၇)ရပ်ကွက်တို့မှ နေအိမ်များပျက်စီးခဲ့ရသည်။ အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် မြို့ပျက်ကြီးသဖွယ်ဖြစ်နေသော ကော့ကရိတ်မြို့၏ ယမန်နေ့(ဖေဖော်ဝါရီ ၂၃ရက်)က တွေ့ရသည့်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
ဓာတ်ပုံ - Yebaw Shanlay/FB
👍35😢28🔥3🤬1🤣1
ငါန်းဇွန်တွင် PDF ရှိ၊မရှိ တစ်အိမ်တက်ဆင်း လိုက်ရှာနေသည့် စစ်ကောင်စီတပ်အား PDFများ တိုက်ခိုက်
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် တစ်အိမ် တက်ဆင်း PDF ရှိ၊မရှိ လိုက်ရှာနေသည့် စစ် ကောင်စီတပ်အား PDFများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂၃ ရက်) နံနက် ၇ နာရီ မိနစ် ၂၀ခန့်က ငါန်းဇွန်မြို့နယ်၊ ဆင်တပ်ကျေးရွာမှ ထွက်လာသော အင်အား၄၀ပါ စစ်တပ်နှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"ငါန်းဇွန်နယ် ထိုးလာတဲ့ ပျူစစ်ကြောင်းပါ။ မိုင်းမိလို့ ၇ကောင်လွင့်သွားတယ်။"ဟု CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လေးဦးထက်မနည်း သေဆုံးနိုင်ကြောင်း ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့က ခန့်မှန်းသည်။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ငါန်းဇွန်မြို့မှ အင်အား ၈၀ ခန့်နှင့် (၆၀)မမ အထိုင်ပါ ကားတစ်စီးဆင်းလာ၍ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်တော်ဝင် ပြောက်ကျားတပ်ဖွဲ့၊ CDSOM-ငါန်းဇွန်တပ်ခွဲ (NRF)၊ ငါန်းဇွန် ပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်ကာ ငါန်းဇွန်မြို့နယ်အတွင်းရှိ နတ်စိမ်း၊ ရွာသာ၊ ၊ ဂျို၊ သံကုန်း၊ ငါန်းလွန့်သပြေသာ၊ ကုလ၊ ရွာသစ်၊ ဆင်တပ် စသည့် ကျေးရွာများအား ဝင်ရောက်ကာ တစ်အိမ်တက်ဆင်း PDF ရှိ၊မရှိ၊ PDFများအား ဆက်သွယ်ခြင်း၊ ထောက်ခံခြင်း၊ ထောက်ပံ့ခြင်းများ မပြုလုပ်ရန် ပြောဆိုသွားကြောင်း ဒေသခံများက ပြောသည်။

👍55❤5👏4👎1🔥1
(တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သောမိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့)
👍34❤4🔥1