People's Spring
62.9K subscribers
66.2K photos
1.16K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ​ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။

◾️စစ်​ကောင်စီ ပြန်ကြား​ရေးဒုဝန်ကြီး လိုက်ပါလာ​သောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦး​သေ

စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်‌ကောင်စီရဲ့ ပြန်ကြား​ရေးဒုဝန်ကြီးနဲ့ အရာရှိ​တွေလိုက်ပါလာတဲ့ ယာဉ်တန်းကို ​တော်လှန်​ရေးအဖွဲ့များက ​ဖေ​ဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​ပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြား​ရေးဒုဝန်ကြီး ပါဝင်​နေတာဖြစ်ပါတယ် ။ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရ​ပေမယ့် လူ​သေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီ​နေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။


◾️ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ

စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရ ဥပဒေ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ထုတ်ဖော်ပြောကြားလာတာပါ။ စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရ ဥပ​ဒေကို ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီး​တော့ ​ဖေ​ဖော်ဝါရီ ၁၁ ရက်က​နေ​ ဖေ​ဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလမှာ ​လျှောက်ထားသူ ၇၀၀၀ ​ကျော် ရှိတာ​ကြောင့် တစ်ရက်ကို ​လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ်။ လျှောက်ထားသူတဟုန်ထိုးများလာတာ​ကြောင့် ထိုင်းသံရုံးဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းက ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ"စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်းမှာလည်း ဗမာ့လူငယ်ကွန်ရက် ဗလကနဲ့ မြို့နယ်အုပ်ချုပ်ရေးတို့ ပူးပေါင်းကာ "အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ"တော်လှန်ရုပ်ရှင်ပြသပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထိုင်သပိတ် ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ "ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်"ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဖော်ဆောင်ခဲ့ပါတယ်။
27👍25😁1
👍649🤮2
မောင်တော ရန်အောင်ပြင် စစ်ကောင်စီစခန်းကို AA ထပ်မံ သိမ်းပိုက်

︎မင်းပြားတိုင်းဗဟို လေ့ကျင့်ရေးကျောင်း၊ ပုဏ္ဏားကျွန်း ခမရ(၅၅၀) တို့အား ရရှိရေးဆက်လက် ထိုးစစ်ဆင်နေဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၃ရက်တွင် ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့၌ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး AAက သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေး ကြိုးပမ်းနေကြောင်း ဖော်ပြသည်။

AA အနေဖြင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြို့များ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ထိုးစစ်ဆင်လျက်ရှိရာ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်း အား ဖေဖော်ဝါရီလ (၂၃) ရက် နေ့လည်ပိုင်း၌ သိမ်းနိုင်ခဲ့သည်ဟုသိရသည်။

အဆိုပါ တပ်စခန်းကို မနက် ၇နာရီခွဲတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ၅နာရီခန့်အကြာ၌ သိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

မင်းပြားမြို့နယ်၌ တစ်ခုတည်းသော စစ်​ကောင်စီ၏ လက်ကျန်စခန်းဖြစ်သော ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AAက ဆက်လက် ထိုးစစ်ဆင်နေကြောင်း အသိပေးသည်။ အဆိုပါ တပ်စခန်းကို တိုက်ခိုက်နေသည်မှာ တစ်ပတ်နီးပါးကြာပြီဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) ကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးသည်။

စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ ဆက်လက်ပြုလုပ်နေခဲ့သည်ဟုလည်း ဖော်ပြသည်။ စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ပြီး စျေး၊ ဆေးရုံ အပါအဝင် နေအိမ် အဆောက်အဦးများစွာ ပျက်စီးမှု ဖြစ်ခဲ့သည်ဟု AAက အသိပေးထားသည်။

ရက္ခိုင့်တပ်​တော်က ပလက်ဝ​ဒေသ တစ်ခုလုံးနှင့်​ပေါက်​တော၊ ​မြောက်ဦး၊​ကျောက်​တော်၊ မင်းပြား၊ ​မြေပုံမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထိုအပြင် ပုဏ္ဏားကျွန်း ၊ရ​သေ့​တောင် ၊​ဘူသီး​တောင် ၊မောင်​တော မြို့များရှိ စစ်​ကောင်စီတပ်စခန်းများကို AAကထိုးစစ်ဆင်တိုက်ခိုက်​နေသည်။ ရမ်းဗြဲ ၊ကျောက်ဖြူ ၊စစ်​တွေ ၊ အမ်း မြို့နယ်တို့တွင်လည်းတိုက်ပွဲ​များဖြစ်​​နေပြီး စစ်​ကောင်စီခွာစစ်ပြင်​လာ​နေ​ကြောင်းအသိ​ပေးထားသည်။
👏32👍254🤣1
AA သိမ်းပိုက်ထိန်းချုပ်ထား​သောမြို့များ၊ ထိုးစစ်ဆင်​နေ​သောမြို့များ ၊စစ်​ကောင်စီတပ်စခန်းများပြ​မြေပုံနှင့်​မောင်​တောမြို့နယ်ရှိ ပဲရွန်း​တောင် (ပဲရမ်း​တောင်)စစ်​ကောင်စီတပ်စခန်းကို AA သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-AA  Info Desk
👍668👏3🤣3
“ထွက်လာမယ့်သူတွေအနေနဲ့ တရားဝင်နည်းလမ်းနဲ့ လာဖို့ အရင်ဆုံးစဥ်းစားသင့်ပါတယ်”ဟုထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူ ထိုင်းနိုင်ငံတောင်ပိုင်းခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာဦးထူးချစ်က ပြောသည်။ တရားဝင်နည်းလမ်းဖြင့် လာရောက်ရန် အခွင့်အရေးမရှိပါက တရားမဝင်လုပ်သားများခေါ်ဆောင်ပေးသည့် ယုံကြည်စိတ်ချရသော ပွဲစားဆိုသူများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။

“ထိုင်းနိုင်ငံထဲမှာ အထောက်အထားရှိပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ သိန်းနဲ့ချီရှိတယ်။ အထောက်အထား မရှိတဲ့ လူဦးရေကလည်း တစ်သန်းကျော်ရှိနေတယ်”ဟု ကိုရဲမင်းက လည်းပြောသည်။ ထို့အပြင် တရားဝင်အထောက်အထားဖြင့် လာရောက်ပါကလည်း အလုပ်ရရန် မသေချာ​ကြောင်း ကိုရဲမင်းက ပြောသည်။“တရားဝင်တွေတောင် သိန်းနဲ့ချီ အလုပ်လက်မဲ့တွေဖြစ်နေတာ” ဟုဦးရဲမင်းက ဆက်ပြော
သည်။

အလုပ်အကိုင်အတွက် ခက်ခဲမှုရှိနိုင်ပြီး အလုပ်မရွေးပါကမူ အဆင်ပြေနိုင်ဟုလည်း ဦးထူးချစ်က ဆိုသည်။

​ဆောင်းပါးအပြည့်အစုံ >>>


https://www.ludunwayoo.com/feature-mm/2024/02/23/89590/
👍43🤮1
"အဲဒါ ပြည်သူလူထုက မြေပြင်ပေါ်က ထိတွေ့နေတဲ့ သူများ သက်သေဖြစ်ပါတယ်။ ကျနော်တို့က ပါတယ်၊ မပါဘူး မပြောချင်ပါဘူး။ ကျနော်တို့က ပါလို့ရှိရင် အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်"။

"ကျနော်တို့က အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ အာဏာရှင်စနစ်ကို အမြန်ဆုံးပြုပြင်ပြောင်းလဲရေးပေါ့ အဲဒါကို ကျနော်တို့ လိုလားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဟာကိုပဲ လုပ်သွားချင်တယ်။ ဘာမဆိုပေါ့"

အပြည့်အစုံ >>>

-SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုနှင့်မေးမြန်ခန်း


https://www.ludunwayoo.com/interviews-mm/2024/02/23/89598/
👍45😁21🔥1
ကံထူးမရွာနယ်​မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၁ ရက် နံနက်အ​စောက တန့်ဆည် မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်​ကောင်စီက ​လေ​ကြောင်းပစ်ကူ​ပေးသည့်ကြားမှ ​တော်လှန်​ရေးအဖွဲ့များကစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက နံနက် ၂ နာရီမှစတင်တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။စစ်ကောင်စီကလည်း ​ဖေ​ဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အကြိမ်​ရေများစွာပစ်ခတ်၊ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းPDF တစ်ဦးက​ပြောသည်။

စစ်​ကောင်စီတပ်မှ ၃၀ ဦးဝန်းကျင်​သေဆုံးပြီး လက်နက် ၂၀ ခန့်သိမ်းဆည်းရရှိ​ကြောင်း ​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။

"စခန်းက ရတယ်။ ရတဲ့အချိန်မှာဒိီကောင်တွေက မြေပြင်စစ်ကြောင်းကော ဝေဟင်ကော ကံထူးမကိုလာတာ။ အဲအချိန်မှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်တာ။ သူတို့ဘက်ကလည်း အကျအဆုံးများတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒဏ်ရာရပြီး ကျဆုံးတာအပါအဝင် ရဲဘော် လေးဦးကျတယ်။ အဲစစ်ကြောင်းက အခုကံထူးမမှာပဲရှိသေးတယ်။"ဟု ပကဖရဲဘော်က ​ပြောသည်။

ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ကံထူးမကျေးရွာရှိ နေအိမ်အများအပြားအား နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန်ဆည်နှင့် ရေဦး မြို့ကြား၌ သည်ရှိသည်။

ထို့ကြောင့် တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း သတင်းရရှိသည်။ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဥ်ကတည်းက ​ကျေးရွာ ၁၀ ရွာခန့်ထွက်​ပြေးရာမှ စစ်တပ်နှင့် ပျူစစ်​ကြောင်း​ထပ်မံရောက်လာပြီး အကြမ်းဖက်​နေ​သော​ကြောင့် ပြည်သူများထပ်မံထွက်​ပြေး​နေရခြင်းဖြစ်​ကြောင်း ​ဒေသခံအချို့က​​ပြောသည်။

(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)
🤬42👍7😡5🔥1👏1😢1
😡34🤬9👍42😁1