“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ လက်နက်မျိုးစုံ အလက် ၅၀ ကျော်နဲ့ ခဲယမ်းကျည်များ သိမ်းဆည်းရရှိ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း) စစ်ကောင်စီစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စီခမ်းကြီး စစ်ကောင်စီစခန်းကို KIA၊ KPDFနဲ့ ရက္ခိုင့်တပ်တော်(AA)တို့က ဖေဖော်ဝါရီ ၁၇ရက်မှာ ထိုးစစ်ဆင်ခဲ့ရာ ၁၉ရက် ညနေပိုင်းမှာ စခန်းကို အပြီး သိမ်းနိုင်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီ အလောင်း ၄၀ ကျော် တွေ့ရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို ဒီနေ့ ပြသပါတယ်။
◾️ရေတာရှည်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး သေဆုံး
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး ထိခိုက်သေဆုံးတယ်လို့ ပုဝါနီစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာနဲ့ ရှမ်းစုရွာမ(ဒေသအခေါ် ကုလားတိုက်)စတဲ့ ကျေးရွာများသို့ ဖေဖော်ဝါရီ ၂၁ ရက် နေ့ခင်းက စစ်ကောင်စီတပ်က ရဟက်ယာဉ်ဖြင့်(၈၁)မမ ဗုံးသီး ၁၂လုံးထက်မနည်း ကြဲချခဲ့ပြီး ပွိုင့်ဖိုက်(0.5) စက်လက်များဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုများကြောင့် အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးနဲ့ ၄၂ နှစ်နဲ့ ၈၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
◾️KIAက သတိပေးပြီး သုံးရက်အကြာ မြို့လှဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး သုံးရက်အကြာမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားတယ်လို့ မြို့လှKPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဗျူဟာစခန်းကုန်းဟာ KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်မှာ စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့တဲ့ ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေခဲ့တာပါ။ စစ်ကောင်စီတပ် စခန်းစွန့်ခွာတဲ့ ဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနဲ့ စစ်ကောင်စီရဲ့ ခလရ(၇၇)တပ်စွဲထားတဲ့ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခံခဲ့ရပါတယ်။
◾️ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA သိမ်းပိုက်
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ကျောက်တော်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမ်းနီးလေ့ကျင့်ရေးသင်တန်းဖြစ်တဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
◾️မြင်းခြံမှာ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ပျူစောထီး ခုနစ်ဦးကို အရှင်ဖမ်းဆီး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ပျူစောထီး ခုနစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၁)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့က မြင်းခြံမြို့နယ်၊ မြင်းခြံ - တောင်သာလမ်းပိုင်းမှာ ပိုက်တဲကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် အုပ်ချူပ်ရေးမှူး မိုးစန်းအပါအဝင် ပျူစောထီး ခုနစ်ဦးဟာ ကားတစ်စီးဖြင့် ထွက်လာလို့ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ပျူစောထီး ခုနစ်ဦးကို လတ်တလောစစ်ဆေးမှုများပြုလုပ်ကာ ထိန်းသိမ်းထားပြီး ကားသမားနဲ့ ယာဥ်နောက်လိုက်မှာမူ ပျူအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့များက ပြောပါတယ်။
◾️တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီ စီးနင်း

👍32🔥8
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။
◾️စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး လိုက်ပါလာသောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦးသေ
စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးနဲ့ အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြားပေးနေသူ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြားရေးဒုဝန်ကြီး ပါဝင်နေတာဖြစ်ပါတယ် ။ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရပေမယ့် လူသေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီနေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။
◾️ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ထုတ်ဖော်ပြောကြားလာတာပါ။ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလမှာ လျှောက်ထားသူ ၇၀၀၀ ကျော် ရှိတာကြောင့် တစ်ရက်ကို လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ်။ လျှောက်ထားသူတဟုန်ထိုးများလာတာကြောင့် ထိုင်းသံရုံးဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းက ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ"စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။
တနင်္သာရီတိုင်းမှာလည်း ဗမာ့လူငယ်ကွန်ရက် ဗလကနဲ့ မြို့နယ်အုပ်ချုပ်ရေးတို့ ပူးပေါင်းကာ "အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ"တော်လှန်ရုပ်ရှင်ပြသပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထိုင်သပိတ် ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ "ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်"ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဖော်ဆောင်ခဲ့ပါတယ်။

❤27👍25😁1
မောင်တော ရန်အောင်ပြင် စစ်ကောင်စီစခန်းကို AA ထပ်မံ သိမ်းပိုက်
▪︎မင်းပြားတိုင်းဗဟို လေ့ကျင့်ရေးကျောင်း၊ ပုဏ္ဏားကျွန်း ခမရ(၅၅၀) တို့အား ရရှိရေးဆက်လက် ထိုးစစ်ဆင်နေဟု အသိပေး
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းတစ်ခုကို ဖေဖော်ဝါရီ ၂၃ရက်တွင် ထပ်မံ သိမ်းပိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။
ယမန်နေ့၌ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ ဆက်ရှိနေခဲ့ပြီး AAက သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေး ကြိုးပမ်းနေကြောင်း ဖော်ပြသည်။
AA အနေဖြင့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြို့များ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ထိုးစစ်ဆင်လျက်ရှိရာ မောင်တောမြို့၊ ရန်အောင်ပြင် ကင်းစခန်း အား ဖေဖော်ဝါရီလ (၂၃) ရက် နေ့လည်ပိုင်း၌ သိမ်းနိုင်ခဲ့သည်ဟုသိရသည်။
အဆိုပါ တပ်စခန်းကို မနက် ၇နာရီခွဲတွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ၅နာရီခန့်အကြာ၌ သိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။
မင်းပြားမြို့နယ်၌ တစ်ခုတည်းသော စစ်ကောင်စီ၏ လက်ကျန်စခန်းဖြစ်သော ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AAက ဆက်လက် ထိုးစစ်ဆင်နေကြောင်း အသိပေးသည်။ အဆိုပါ တပ်စခန်းကို တိုက်ခိုက်နေသည်မှာ တစ်ပတ်နီးပါးကြာပြီဖြစ်သည်။
ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) ကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးသည်။
စစ်ကောင်စီသည် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ ဆက်လက်ပြုလုပ်နေခဲ့သည်ဟုလည်း ဖော်ပြသည်။ စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ပြီး စျေး၊ ဆေးရုံ အပါအဝင် နေအိမ် အဆောက်အဦးများစွာ ပျက်စီးမှု ဖြစ်ခဲ့သည်ဟု AAက အသိပေးထားသည်။
ရက္ခိုင့်တပ်တော်က ပလက်ဝဒေသ တစ်ခုလုံးနှင့်ပေါက်တော၊ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထိုအပြင် ပုဏ္ဏားကျွန်း ၊ရသေ့တောင် ၊ဘူသီးတောင် ၊မောင်တော မြို့များရှိ စစ်ကောင်စီတပ်စခန်းများကို AAကထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ရမ်းဗြဲ ၊ကျောက်ဖြူ ၊စစ်တွေ ၊ အမ်း မြို့နယ်တို့တွင်လည်းတိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီခွာစစ်ပြင်လာနေကြောင်းအသိပေးထားသည်။

👏32👍25❤4🤣1
AA သိမ်းပိုက်ထိန်းချုပ်ထားသောမြို့များ၊ ထိုးစစ်ဆင်နေသောမြို့များ ၊စစ်ကောင်စီတပ်စခန်းများပြမြေပုံနှင့်မောင်တောမြို့နယ်ရှိ ပဲရွန်းတောင် (ပဲရမ်းတောင်)စစ်ကောင်စီတပ်စခန်းကို AA သိမ်းပိုက်ပြီးနောက်တွေ့ရစဥ်။
ဓါတ်ပုံ-AA Info Desk
ဓါတ်ပုံ-AA Info Desk
👍66❤8👏3🤣3
“ထွက်လာမယ့်သူတွေအနေနဲ့ တရားဝင်နည်းလမ်းနဲ့ လာဖို့ အရင်ဆုံးစဥ်းစားသင့်ပါတယ်”ဟုထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူ ထိုင်းနိုင်ငံတောင်ပိုင်းခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာဦးထူးချစ်က ပြောသည်။ တရားဝင်နည်းလမ်းဖြင့် လာရောက်ရန် အခွင့်အရေးမရှိပါက တရားမဝင်လုပ်သားများခေါ်ဆောင်ပေးသည့် ယုံကြည်စိတ်ချရသော ပွဲစားဆိုသူများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။
“ထိုင်းနိုင်ငံထဲမှာ အထောက်အထားရှိပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ သိန်းနဲ့ချီရှိတယ်။ အထောက်အထား မရှိတဲ့ လူဦးရေကလည်း တစ်သန်းကျော်ရှိနေတယ်”ဟု ကိုရဲမင်းက လည်းပြောသည်။ ထို့အပြင် တရားဝင်အထောက်အထားဖြင့် လာရောက်ပါကလည်း အလုပ်ရရန် မသေချာကြောင်း ကိုရဲမင်းက ပြောသည်။“တရားဝင်တွေတောင် သိန်းနဲ့ချီ အလုပ်လက်မဲ့တွေဖြစ်နေတာ” ဟုဦးရဲမင်းက ဆက်ပြော
သည်။
အလုပ်အကိုင်အတွက် ခက်ခဲမှုရှိနိုင်ပြီး အလုပ်မရွေးပါကမူ အဆင်ပြေနိုင်ဟုလည်း ဦးထူးချစ်က ဆိုသည်။
ဆောင်းပါးအပြည့်အစုံ >>>
https://www.ludunwayoo.com/feature-mm/2024/02/23/89590/

LuduNwayOo
ထိုင်းသွားမည့် မြန်မာများအတွက်အကြံပြုချက်
ထိုင်း - မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
👍43🤮1
"အဲဒါ ပြည်သူလူထုက မြေပြင်ပေါ်က ထိတွေ့နေတဲ့ သူများ သက်သေဖြစ်ပါတယ်။ ကျနော်တို့က ပါတယ်၊ မပါဘူး မပြောချင်ပါဘူး။ ကျနော်တို့က ပါလို့ရှိရင် အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်"။
"ကျနော်တို့က အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ အာဏာရှင်စနစ်ကို အမြန်ဆုံးပြုပြင်ပြောင်းလဲရေးပေါ့ အဲဒါကို ကျနော်တို့ လိုလားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဟာကိုပဲ လုပ်သွားချင်တယ်။ ဘာမဆိုပေါ့"
အပြည့်အစုံ >>>
-SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုနှင့်မေးမြန်ခန်း
https://www.ludunwayoo.com/interviews-mm/2024/02/23/89598/

“ကျနော်တို့က ပါလို့ရှိရင်(စစ်ရေး) အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့…
ရှမ်းတောင် ပအိုဝ်းဒေသ လတ်တလော တိုက်ပွဲတွေမှာ SSPP တပ်ပါဝင်မှု ရှိမရှိ အခြေအနေတွေနဲ့ SSPP ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိမလဲ ဆိုတာတွေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။
👍45😁2❤1🔥1
ကံထူးမရွာနယ်မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၁ ရက် နံနက်အစောက တန့်ဆည် မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းပစ်ကူပေးသည့်ကြားမှ တော်လှန်ရေးအဖွဲ့များကစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက နံနက် ၂ နာရီမှစတင်တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။စစ်ကောင်စီကလည်း ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အကြိမ်ရေများစွာပစ်ခတ်၊ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းPDF တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်မှ ၃၀ ဦးဝန်းကျင်သေဆုံးပြီး လက်နက် ၂၀ ခန့်သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးအဖွဲ့များကပြောသည်။အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။
"စခန်းက ရတယ်။ ရတဲ့အချိန်မှာဒိီကောင်တွေက မြေပြင်စစ်ကြောင်းကော ဝေဟင်ကော ကံထူးမကိုလာတာ။ အဲအချိန်မှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်တာ။ သူတို့ဘက်ကလည်း အကျအဆုံးများတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒဏ်ရာရပြီး ကျဆုံးတာအပါအဝင် ရဲဘော် လေးဦးကျတယ်။ အဲစစ်ကြောင်းက အခုကံထူးမမှာပဲရှိသေးတယ်။"ဟု ပကဖရဲဘော်က ပြောသည်။
ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ကံထူးမကျေးရွာရှိ နေအိမ်အများအပြားအား နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန်ဆည်နှင့် ရေဦး မြို့ကြား၌ သည်ရှိသည်။
ထို့ကြောင့် တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဥ်ကတည်းက ကျေးရွာ ၁၀ ရွာခန့်ထွက်ပြေးရာမှ စစ်တပ်နှင့် ပျူစစ်ကြောင်းထပ်မံရောက်လာပြီး အကြမ်းဖက်နေသောကြောင့် ပြည်သူများထပ်မံထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။
(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)

🤬42👍7😡5🔥1👏1😢1