People's Spring
62.9K subscribers
66.2K photos
1.16K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
​မေးမြန်းခန်း

"ကျနော်တို့က ပါလို့ရှိရင်(စစ်​ရေး) အားလုံးပါမှာ။ အနည်း
အကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်"

︎SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုနှင့်မေးမြန်ခန်း

အာဏာသိမ်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က စစ်အာဏာရှင်တော်လှန်လိုသူ လူမျိုးပေါင်းစုံ ဘာသာမရွေး SSPP ထံ လာရောက်နိုင်ကြောင်းဖိတ်ခေါ်တဲ့ ပန်ကြားချက်ကို ဖေဖော်ဝါရီ ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အကြောင်းအရာ အပါအဝင် SSPPနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးမှု အခြေအနေ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ စီမံထားမှု၊ SSPP တပ်ရှိရာဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြင်းရှိမရှိနဲ့ ရှမ်းတောင် ပအိုဝ်းဒေသ လတ်တလော တိုက်ပွဲတွေမှာ SSPP တပ်ပါဝင်မှု ရှိမရှိ အခြေအနေတွေနဲ့ SSPP ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိမလဲ ဆိုတာတွေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

ဟန်နွေ/People’s Spring

မေး။SSPP အနေနဲ့ စစ်အာဏာရှင်တော်လှန်လိုတဲ့သူတွေကို ဖိတ်ခေါ်တဲ့အကြောင်း ပန်ကြားချက် ထုတ်ပြန်တာတွေ့ရလို့ပါ။ ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့ ထုတ်ပြန်ရတဲ့ အကြောင်းကိစ္စက ယနေ့မှာ ကျနော်တို့ နိုင်ငံမှာ စကစမှာလည်း စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်။ ဟိုအဖွဲ့ထုတ်တယ် ဒီအဖွဲ့ထုတ်တယ်ပေါ့။ ကျနော်တို့မှာ ဟိုလို ဒီလို ထမ်းရမယ်ဆိုပြီး အဲဒီလိုမျိုး ထုတ်ပြန်တာမျိုး မလုပ်ဘူး။ ကျနော်တို့က တန်းတူရေး၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လက်ခံတဲ့ တိုင်းရင်းပြည်သူတွေအားများလုံး အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက အဲဒီလိုပါပဲ။ ကျနော်တို့က လူမျိုးဘာသာပေါင်းစုံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။

မေး။အတင်းအကြပ်မဟုတ်ဘဲ ဆန္ဒအရလာမယ်ဆိုရင် ကြိုဆိုတဲ့ သဘောမျိုးလား။

ဖြေ။ဟုတ်ကဲ့ အဲဒီလိုမျိုးထုတ်ပြန်တာပါ။

မေး။ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းလိုက်တာမှာ ပြည်သူတွေက စိတ်ပူနေကြတာရှိတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။

ဖြေ။အဲဒါကျတော့ ကျနော်တို့လည်း ပြည်သူလူထု အပေါ်မှာ ကိုယ်ချင်းလည်းစာပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတဲ့ကိစ္စမို့လို့ ပြည်တွင်းစစ်ဖြစ်နေတော့ အခုမှာ ဟိုစုဆောင်းရေး ဒီစုဆောင်းရေး ဥပဒေတွေ ပြဌာန်းနေတာ။ ပြည်သူလူထုတွေ ထွက်ပေါက်ရှာနေတဲ့အချိန်မှာ ကျနော်တို့က သဘောဆန္ဒအတိုင်း နောက်ပြီး သူတို့ကို ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့။ အကယ်၍ စကစဆီမှာ ဝင်ပြီးတော့ စစ်သားတွေ မလုပ်ချင်ဘူး။ ဒီအဖွဲ့လည်း မလုပ်ချင်ဘူးဆို ကျနော်တို့မှာ တံခါးဖွင့်ပေးတဲ့ သဘောနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။

မေး။စစ်ကောင်စီလုပ်လို့ ပြည်သူတွေ စိတ်ပူနေရတဲ့ အခြေအနေမှာ တချို့အဖွဲ့တွေက အတင်းအဓမ္မ ပုံစံမျိုး၊ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့ ထုတ်ပြန်တာမျိုးလည်းရှိပါတယ်။အဲဒီအပေါ် ဘာပြောလိုပါသလဲ။

ဖြေ။အဲဒါကျတော့ ပြောမယ်ဆိုရင် အကယ်၍ အေးအေးချမ်းချမ်းဆိုရင်တမျိုးပေါ့။ ကျနော်တို့က ပြည်တွင်းစစ်လည်းဖြစ်နေတော့ တပ်မတော်(စစ်ကောင်စီ)ကလည်း အခု ပြောမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အခြေအနေအရ ပြည်သူလူထုရဲ့ ထောက်ခံမှုမတွေ မရသေးဘူး မရှိသေးဘူးဆိုတော့ တော်လှန်ရေးတွေက ပြည့်ကြပ်နေတဲ့ အချိန်မှာ အဲဒီလိုမျိုး ဥပဒေတွေ ပြဌာန်းလာတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့။ ဒီအချိန်စုဆောင်းရေးလုပ်လို့ရှိရင် ဒါက စစ်ဘက်ကိုပဲ ဦးတည်သွားစေတယ်ဆိုတာမျိုး မြင်ကြတာပေါ့။ စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်ဆိုတော့ ဒါ ပြည်တွင်းစစ် ကို ဆက်လက်ပြီးတော့ ရေရှည်သွားစေတယ်လို့ ကျနော်တို့က မြင်တယ်။ ဟိုအဖွဲ့လည်း စု ဒီအဖွဲ့လည်း စုဆောင်းရေးလုပ်လိုက်ဆိုတော့ ကျနော်တို့မှာ နိုင်ငံရေးဆွေးနွေးဖို့၊ နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်ဖို့ နည်းလမ်းက လမ်းစ ပိုပြီးတော့ ဝေးသွားလေမလား အဲဒီလိုမျိုးဖြစ်တာပေါ့။ ဥပမာဆိုရင် အစ္စရေးတောင်မှ လူတိုင်း ယောက်ျား၊ မိန်းမ ၁၈နှစ်ပြည့် အားလုံး စစ်မှုထမ်းရတယ်။ ဆိုတော့ ပြည်တွင်း
စစ် မဖြစ်ရင်တော့ ဒါ လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်နေတော့ ကျနော်တို့က အပြန်အလှန် စုဆောင်းရေးတွေလုပ်ပြီးတော့ အပြန်အလှန်တွေ စစ်ခင်းကြတဲ့ အတွေးအမြင်တွေက များတာပေါ့။ ကျနော်တို့က ပြည်တွင်းစစ် ပြဿနာ ဘယ်တော့ အေးချမ်းမလဲဆိုရင် အခုလို အခြေအနေမျိုး ဟိုစုဆောင်း ဒီစုဆောင်းဆိုရင် ပိုပြီးတော့ စစ်ပွဲတွေ ပိုပြီး ရေရှည်သွားစေတယ်လို့ မြင်တယ်။ အဲဒါ မကောင်းသေးဘူးပေါ့။

မေး။SSPP ဆိုရင်လည်း စစ်ကောင်စီနဲ့ နိုင်ငံရေးအရ
အဖြေရှာဖို့ဆိုပြီး​ဆွေး​နွေးခဲ့တာရှိခဲ့တယ် ။ဒီလို ဆွေးနွေးမှုတွေကရော ထိရောက်ပါသလား။

ဖြေ။ ။ ဆွေးနွေးမှုက ထိရောက်မှုရှိလို့ရှိရင် ဒီလိုမျိုး အခြေအနေ ရောက်မလာဘူးဗျ။ ဆွေးနွေးတာ အဖြေမရခဲ့ဘူး။ ရလဒ်မရခဲ့ဘူး။ အချိန်ဆွဲတာ သပ်သပ်ပဲဖြစ်သွားတယ်။ ဆိုတော့ အခုလို ပုံစံကြတော့ ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်တိုက်တွန်းတယ်။ ကျနော်တို့ ထုတ်ပြန်ချက် အကြိမ်ကြိမ်နဲ့ ကျနော်တို့ တိုက်တွန်းထားတာရှိတယ်။
👍362🤮1🖕1
ခြောက်လပတ်နဲ့ နှစ်ချုပ်အစည်းအဝေးတွေကအစ ကျနော်တို့က ကျနော်တို့ သဘောထား အမြင်ထုတ်ပြန်လျက်ရှိပါတယ်။ ကျနော်တို့ကအေးအေးချမ်းချမ်းနဲ့ ဖြေရှင်းသွားချင်တယ်။ ကျနောတို့က နိုင်ငံရေးပြဿနာက စလာတာကိုး။ နိုင်ငံရေးပြဿနာက စလာတဲ့ အရင်းခံပြဿနာကို ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ်။ အပေးအယူမှာ အယူပဲ ရှိတယ် အပေးမရှိဘူးဆိုရင်လည်း မဖြစ်ပြန်ဘူး။ ကျနော်တို့က လိုချင်တာက အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ကျနော်တို့က ဖက်ဒရယ်ကို အရင်ဖြစ်ချင်တယ်။ နောက်ပြီး ဒီမိုကရေစီ ဖော်ဆောင်သွားမှာ။ ဖြစ်နိုင်ရင်တော့ တချိန်တည်း တခါတည်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့က တိုင်းရင်းသား အနေနဲ့ ပြောမယ်ဆိုရင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့က လိုချင်တယ်။ လိုတော့ ဖက်ဒရယ်ကို မဖော်ဆောင်ဘဲနဲ့ ဒီမိုကရေစီကို လုပ်နေလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားလူနည်းစုအရေးမှာ အဆင်မပြေကြဘူး။ ကျနော်တို့ လိုချင်တဲ့ အချက်တွေမရခဲ့ဘူးပေါ့။ နောက်ပြီး ယနေ့မှာဆိုလို့ရှိရင် ဗမာ အချင်းချင်းတောင် တန်းတူရည်တူ၊ လူ့အခွင့်အရေး ၊ ဒီမိုကရေစီပေါ့နော် ပြုပြင်ပြောင်းလဲရေးဆန္ဒ ဗမာလူမျိုး၊ ရှမ်းလူမျိုး လူမျိုးပေါင်းစုံ။ အခုက လူမျိုးပေါင်းစုံ ထပြီးတော့ ပုန်ကန်နေတဲ့ အချိန် အခါလိုမျိုးမှာ အခုလက်ရှိ အာဏာရယူထားတဲ့ စကစက လုံး၀ တာဝန်ရှိတယ်။ ဒီထက်ပိုပြီး လိမ္မာပါးနပ်မှုရှိဖို့လိုအပ်တယ်။ အေးအေးချမ်းချမ်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ကျနော်တို့က တိုက်တွန်းလိုတယ်။

မေး။ SSPP ရှိတဲ့နေရာတွေမှာရော စစ်ရေးအရလှုပ်ရှားတာတွေ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အနေအထားမျိုးရှိပါသလား။

ဖြေ။ကျနော်တို့ကျတော့ အခုမှာ ကျနော်တို့ကဝင်မပါသေးဘူးဗျ။ ဝင်မပါသေးဘူးဆိုတာ ကျနော်တို့နယ်မြေဒေသတွေကို အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ပြီး ကျနော်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကိစ္စ ကျနော်တို့က မျှော်လင့်နေသေးတယ်။ သူတို့(စစ်ကောင်စီ)က စစ်ဆင်လာရင်တော့ ကျနော်တို့လည်း ပါချင်ပါမှာပေါ့။ အရင်တုန်းကလည်း ခဏခဏ ထိတွေ့မှု ဖြစ်တယ်။ ကျနော်တို့ကျတော့ ထိန်းထားတယ်။ ထိန်းထားတယ်ဆိုတာ ကျနော်တို့က နိုင်
ငံရေး တွေ့ဆုံဆွေးနွေးရေး အဲဒီလိုမျိုး ပေါ်လစီချမှတ်ထားတာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အခြေအနေလိုမျိုးပဲ။ ကျနော်တို့ စစ်အင်အား သုံးမဟုတ်ဘူး အဲဒီလိုမျိုးချမှတ်ထားတာရှိတယ်။

မေး။ ရှမ်းတောင်(ပအိုဝ်းဒေသ)မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ SSPP ပါတယ်ဆိုတာမျိုး ရေးသားချက်အချို့ ရှိပါတယ် ။အဲဒါမှန်ပါသလား။

ဖြေ။ ။ အဲဒါ ပြည်သူလူထုက မြေပြင်ပေါ်က ထိတွေ့နေတဲ့ သူများ သက်သေဖြစ်ပါတယ်။ ကျနော်တို့က ပါတယ်၊ မပါဘူး မပြောချင်ပါဘူး။ ကျနော်တို့က ပါလို့ရှိရင် အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်။

မေး။ပြီးခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့(အမျိုးသားညီညွတ်
ရေးအတိုင်ပင်ခံကောင်စီ-NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ -NUG တို့ ပူးပေါင်းကျင်းပသည့် ဖေဖော်ဝါရီ ၁၂ရက်နေ့ အခမ်းအနား) မှာ SSPPက သဝဏ်လွှာ(SSPP၊ ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA၊ ချင်းအမျိုးသားတပ်မတော်-CNF/CNA သုံးဖွဲ့ပေါင်းပေးပို့တဲ့သဝဏ်လွှာ) ပို့တာလည်းတွေ့ရတယ်။ အရင်နှစ်တွေက မတွေ့ရဘူး ဒီနှစ်မှာ တွေ့ရတယ်ဆိုတော့ ဘယ်လိုပြောလိုပါသလဲ။

ဖြေ။ကျနော်တို့ NUCCမှာ သဝဏ်လွှာပေးတယ်ဆိုတာ ကျနော်တို့မှာ သူတို့က ၇၇နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်ပြောတော့ ကျနော်တို့မှာ ဒီပင်လုံစာချုပ် ချုပ်ဆိုတဲ့ သမိုင်းနဲ့ဆိုရင် ရှမ်းနဲ့ ကချင်နဲ့ ချင်းနဲ့ ပါဝင်ပြီးတော့ ဆွေးနွေးတယ် ချုပ်ဆိုခဲ့တာပေါ့။ ကျနော်တို့ ပြည်ထောင်စု ဖြစ်ပေါ်လာတဲ့ အခန်းကဏ္ဍမှာ လူမျိုးသုံးမျိုးက ပြည်နယ်သုံးခု ၊ တိုင်းပြည်သုံးခုက အဓိက အရေးပါအရာရောက်ပြီး တော့ ကျနော်တို့က ပင်လုံစာချုပ်ကိုချုပ်ဆိုလာခဲ့တာပေါ့။ အဲဒါကြောင့် သူတို့ က အထိမ်းအမှတ်လုပ်တယ်ဆိုတော့ ကျနော်တို့က သဝဏ်လွှာပေးပို့တာပေါ့။ အကယ်၍ တခြား ဘယ်သူလုပ်မယ်ဆိုလည်း သဝဏ်လွှာကတော့ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ချင်း၊ ကချင်၊ ရှမ်းက အဓိက ပါဝင်ပြီးတော့ လက်မှတ်ထိုးထားတာဖြစ်တယ်။ ယနေ့ အထိ ပြည်ထောင်စုဖြစ်လာတာ ကျနော်တို့ ပြည်နယ်သုံးခုက အဓိက ဖြစ်တယ်။ အဲဒါကြောင့် သဝဏ်လွှာပေးပို့တာဖြစ်တယ်။



မေး။ရှမ်းမြောက်တိုက်ပွဲမှာဆိုရင် တချို့မြို့တွေဆို တချို့ တိုင်းရင်းသားအဖွဲ့တွေက သိမ်းထားတာမျိုးရှိတော့ အဲဒီမှာ ဆရာတို့ (ရှမ်းလူမျိုးနှင့် SSPPတပ်) လည်းရှိတော့ အနေ
အထား ဘယ်လိုရှိပါသလဲ။ ပြဿနာရှိနိုင်ပါသလား။ ဘယ်
လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ကျနော်တို့ SSPPမှာ ခုနှစ်ဖွဲ့(၀၊ မိုင်းလား၊ SSPP၊ တအာင်း၊ ကိုးကန့်၊ ရက္ခိုင်၊ ကချင်) ထဲက မဟာမိတ်တွေဖြစ်တယ်။ ကျနော်တို့ ဘုံရပ်တည်ချက်ကျတော့ မတူဘူးပေါ့။ စစ်ရေးစစ်ရာမှာကျတော့ သူတို့ အခြေအနေနဲ့ သူတို့ပေါ့။ ကျနော်တို့မှာကျတော့ SSPPနဲ့ ပန်ဆန်း(UWSA)နဲ့ မိုင်းလားနဲ့ကျတော့ Bilateral လက်မှတ်ထိုးထားတာကိုး။ ကျနော်တို့က ငြိမ်းချမ်းရေးကို
👍372🤮1
ဆက်လက်ထိန်းသိမ်းသွားမယ့် သံဓိဌာန်ချထားတယ်။ သူတို့ အနေနဲ့လည်း ကျနော်တို့ကို ထိပါးလာရင်တော့ သူတို့မှာ တာဝန်ရှိတာပေါ့။

မေး။ SSPPက စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ဖို့ ဆိုတာရှိတော့ ဒီလိုလုပ်တဲ့အခါမှာ တချို့အဖွဲ့တွေက စစ်ရေးအရ တိုက်ပွဲဝင်ကြတာရှိတယ်။ SSPP အဖွဲ့အနေနဲ့ရော ဒီအပေါ် ဘာသတင်း
စကား ပါးလိုပါသလဲ။ရည်မှန်းချက် ပြည့်မြောက်အောင် ဘာလုပ်သွားမလဲ။

ဖြေ။ဘာလုပ်သွားမလဲဆို ကျနော်တို့က ရှမ်းပြည်တခွင်လုံးမှာ လှုပ်ရှား စိုးမိုးထားတဲ့ ရှမ်းပြည်သူ လူထုတွေက မြောက်ပိုင်း ဟိုး မူဆယ် - နမ့်ခမ်းကနေ မေမြို့အထိ မြေပြန့်မှာ ရှိနေတဲ့ ကျနော်တို့ ရှမ်းလူထုတွေ များတဲ့နေရာမှာ ကျနော်တို့က ရှမ်းကံကြမ္မာ ရှမ်းက ဖန်တီးရမယ့် ကိစ္စ။ ရှမ်းကံကြမ္မာကို တခြားလူမျိုးက လာပြီးတော့ ကံကြမ္မာဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ SSPP ရဲ့ ထိန်းချုပ်နယ်မြေများ အားလုံးကျတော့ ကျနော်တို့မူ ၊ ကျနော်တို့ လမ်းစဉ် ၊ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းအရ ကျနော်တို့က ဆက်ပြီး တော့ အုပ်ချုပ်သွားမှာ ဖြစ်တယ်။ ပလောင်များရင်လည်း ပလောင်အုပ်ချုပ်ပေါ့။ တခြား ကိုးကန့်များရင်လည်း ကိုးကန့် အုပ်ချုပ်ပေါ့။ ပြည်သူလူထုက အဓိက ဖြစ်ပါတယ်။ အဲဒါသည် ကျနော်တို့ အတူယှဉ်တွဲနေထိုင်ရေးဖြစ်တယ်။ ကျနော်တို့က ဟိုးအရင်တုန်းက အတူယှဉ်တွဲနေထိုင်လာတာလည်း ပြဿနာမရှိခဲ့ဘူး။ အဓိကက အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒတွေ မကျင့်သုံးဖို့ လိုအပ်တာပေါ့ ။ဘယ်အဖွဲ့အစည်းမဆို။

မေး။ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဆိုတာဘယ်လိုဟာမျိုးကို ညွှန်းတာပါလဲ။

ဖြေ။ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဆိုတာ ကိုယ့်လူမျိုးကလွဲရင် တခြားလူမျိုးတွေကို ဖိနှိပ်ပြီးတော့ ခွဲခြားအုပ်ချုပ်တာမျိုးတွေဖြစ်တာပေါ့။ ကိုယ့်လူမျိုး ကောင်းစားရေး တခြားလူမျိုးကျတော့ တန်းတူ ရည်တူ မရှိတာမျိုး ခွဲခြားပြီးလုပ်တာမျိုး ကိုယ့်လူမျိုးက လွဲရင် တခြားလူမျိုးကို ဘယ်လိုပြောမလဲ ခွဲခြားတာပေါ့။ တခြားလူမျိုးတွေကို တန်ဖိုးမထားဘူးဆိုရင် အတူယှဉ်တွဲနေထိုင်ရေးဆိုတာ မဖြစ်နိုင်ဘူး။ ကျနော်တို့ပြည်ထောင်စုမှာ လူမျိုးပေါင်းစုံ အဲဒီလောက်များတာကိုး။ လူမျိုးပေါင်းစုံ ခွဲခြားဆက်ဆံ ၊ ခွဲခြား အုပ်ချုပ်တာမျိုး ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ မျက်ကန်းအမျိုးသားရေးဝါဒတို့ နောက်ပြီး လူမျိုးကြီး ဝါဒတို့ မဖြစ်ဖို့လိုအပ်တယ်။ တန်းတူရည်တူ အတူယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ် ဒီမိုကရေစီ အစဉ်အစဉ်ကို လက်ခံရင် ပြဿနာမရှိဘူး ဘယ်အဖွဲ့အစည်းမဆိုပေါ့။

မေး။SSPP လိုလားတဲ့ ရည်မှန်းချက်တွေရဖို့ စစ်ကောင်စီနဲ့ ဆွေးနွေးရုံနဲ့ အဆင်ပြေနိုင်ပါသလား။

ဖြေ။ဆွေးနွေးလို့ရရင်တော့ ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ဒါက ဆွေးနွေးမရလို့ ဖြစ်လာတာ။



မေး။နောက်ဆုံးမေးလိုတာက SSPP အနေနဲ့ရော အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်ဖို့ ဆိုတဲ့ အနေအထားမျိုးရှိရင် ပြောပြပေးပါလား။

ဖြေ။စစ်ကောင်စီကို ပြောလိုတာ မဟုတ်ဘူး။ စစ်အာဏာ
ရှင်စနစ်ပေါ့။ အဲဒီ စနစ်ကို ကိုင်ပြီးတော့ နောက်ပြီး ကိုယ်
စားပြုပြီး လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ ပြောချင်တာ။ ယနေ့ စစ်ကောင်စီကို ရည်ညွှန်းပြီး ပြောဆိုရန်ရှာတာမျိုးမဟုတ်ဘူး။ ကျနော်တို့က အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ က အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြောသွားတာဖြစ်တယ်။

မေး။အခြားဘာဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ။ ကျနော်တို့က အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ အာဏာ
ရှင်စနစ်ကို အမြန်ဆုံးပြုပြင်ပြောင်းလဲရေးပေါ့ အဲဒါကို ကျနော်တို့ လိုလားတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ နိုင်ငံ
ရေးနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဟာကိုပဲ လုပ်သွားချင်တယ်။ ဘာမဆိုပေါ့။

PS- ကျေးဇူးတင်ပါတယ်။

#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring
👍351😁1🤮1
-︎SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆု
31👍17😁3🥰1💩1
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၃) အသီးသီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ"စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်းမှာလည်း ဗမာ့လူငယ်ကွန်ရက် ဗလကနဲ့ မြို့နယ်အုပ်ချုပ်ရေးတို့ ပူးပေါင်းကာ "အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ"တော်လှန်ရုပ်ရှင်ပြသပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထိုင်သပိတ် ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တော်လှန်ရုပ်ရှင်ပြသတဲ့လှုပ်ရှားမှုမှာ ကျဆုံးရဲဘော်တွေအတွက် ငြိမ်သက်ဆုတောင်းခြင်းနဲ့ လူသားခြင်းစာနာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း လေကြောင်းအန္တရာယ်အကြောင်း ပြောကြားခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်ပြီး "ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်"ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဖော်ဆောင်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ဒေသခံအမျိုးသမီး၊ လူငယ် တွေအပါအဝင် ပြည်သူလူထု အများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ ဗမာ့လူငယ်ကွန်ရက်
31👍12🤮1
59👍14👎1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ​ လက်နက်မျိုးစုံ အလက် ၅၀ ကျော်နဲ့ ခဲယမ်းကျည်များ သိမ်းဆည်းရရှိ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း) စစ်ကောင်စီစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်အများအပြား ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စီခမ်းကြီး စစ်ကောင်စီစခန်းကို KIA၊ KPDFနဲ့ ရက္ခိုင့်တပ်တော်(AA)တို့က ဖေဖော်ဝါရီ ၁၇ရက်မှာ ထိုးစစ်ဆင်ခဲ့ရာ ၁၉ရက် ညနေပိုင်းမှာ စခန်းကို အပြီး သိမ်းနိုင်ခဲ့တာပါ။ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီ အလောင်း ၄၀ ကျော် တွေ့ရှိခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို ဒီနေ့ ပြသပါတယ်။

◾️ရေတာရှည်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး ထိခိုက်သေဆုံးတယ်လို့ ပုဝါနီစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာနဲ့ ရှမ်းစုရွာမ(ဒေသအခေါ် ကုလားတိုက်)စတဲ့ ကျေးရွာများသို့ ဖေဖော်ဝါရီ ၂၁ ရက် နေ့ခင်းက စစ်ကောင်စီတပ်က ရဟက်ယာဉ်ဖြင့်(၈၁)မမ ဗုံးသီး ၁၂လုံးထက်မနည်း ကြဲချခဲ့ပြီး ပွိုင့်ဖိုက်(0.5) စက်လက်များဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်မှုများကြောင့် အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးနဲ့ ၄၂ နှစ်နဲ့ ၈၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

◾️KIAက သတိပေးပြီး သုံးရက်အကြာ မြို့လှဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး သုံးရက်အကြာမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားတယ်လို့ မြို့လှKPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဗျူဟာစခန်းကုန်းဟာ KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်မှာ စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့တဲ့ ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေခဲ့တာပါ။ စစ်ကောင်စီတပ် စခန်းစွန့်ခွာတဲ့ ဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနဲ့ စစ်ကောင်စီရဲ့ ခလရ(၇၇)တပ်စွဲထားတဲ့ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခံခဲ့ရပါတယ်။

◾️ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA သိမ်းပိုက်

ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ကျောက်တော်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမ်းနီး​လေ့ကျင့်​ရေးသင်တန်းဖြစ်​တဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

◾️မြင်းခြံမှာ အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ပျူစောထီး ခုနစ်ဦးကို အရှင်ဖမ်းဆီး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ပျူစောထီး ခုနစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၁)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့က မြင်းခြံမြို့နယ်၊ မြင်းခြံ - တောင်သာလမ်းပိုင်းမှာ ပိုက်တဲကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် အုပ်ချူပ်ရေးမှူး မိုးစန်းအပါအဝင် ပျူစောထီး ခုနစ်ဦးဟာ ကားတစ်စီးဖြင့် ထွက်လာလို့ ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ ပျူစောထီး ခုနစ်ဦးကို လတ်တလောစစ်ဆေးမှုများပြုလုပ်ကာ ထိန်းသိမ်းထားပြီး ကားသမားနဲ့ ယာဥ်နောက်လိုက်မှာမူ ပျူအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့များက ပြောပါတယ်။

◾️တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်​ကောင်စီ စီးနင်း
👍32🔥8
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ​ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။

◾️စစ်​ကောင်စီ ပြန်ကြား​ရေးဒုဝန်ကြီး လိုက်ပါလာ​သောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦး​သေ

စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်‌ကောင်စီရဲ့ ပြန်ကြား​ရေးဒုဝန်ကြီးနဲ့ အရာရှိ​တွေလိုက်ပါလာတဲ့ ယာဉ်တန်းကို ​တော်လှန်​ရေးအဖွဲ့များက ​ဖေ​ဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​ပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြား​ရေးဒုဝန်ကြီး ပါဝင်​နေတာဖြစ်ပါတယ် ။ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရ​ပေမယ့် လူ​သေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီ​နေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။


◾️ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ

စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရ ဥပဒေ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ထုတ်ဖော်ပြောကြားလာတာပါ။ စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရ ဥပ​ဒေကို ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီး​တော့ ​ဖေ​ဖော်ဝါရီ ၁၁ ရက်က​နေ​ ဖေ​ဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလမှာ ​လျှောက်ထားသူ ၇၀၀၀ ​ကျော် ရှိတာ​ကြောင့် တစ်ရက်ကို ​လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ်။ လျှောက်ထားသူတဟုန်ထိုးများလာတာ​ကြောင့် ထိုင်းသံရုံးဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းက ကျောင်းသားပြည်သူတွေနဲ့ ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆည်းဆာသပိတ် ဆင်နွှဲခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ"စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

တနင်္သာရီတိုင်းမှာလည်း ဗမာ့လူငယ်ကွန်ရက် ဗလကနဲ့ မြို့နယ်အုပ်ချုပ်ရေးတို့ ပူးပေါင်းကာ "အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ"တော်လှန်ရုပ်ရှင်ပြသပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အထိုင်သပိတ် ပြုလုပ်ခဲ့ပါတယ်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ "ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်"ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဖော်ဆောင်ခဲ့ပါတယ်။
27👍25😁1
👍649🤮2