(ထိုင်းနိုင်ငံသို့သွားရောက်ရန် ထိုင်းဗီဇာလျှောက်ထားရန်တန်းစီနေကြသူများ/ ထိုင်းသိူ့တရားမဝင်သွားရောက်၍ ဖမ်းဆီးခံရသော မြန်မာအချို့ /ထိုင်းနယ်စပ်မြို့ မဲဆောက်တွင် မြန်မာများလာရောက်နေထိုင်လျင် သတင်းပို့ရန်ကြေညာချက် ။ဓါတ်ပုံ- People's Spring ၊The Nation ၊ CJ
👍34🔥4❤1
⚠️ ထိုင်းသွားမည့်မြန်မာများ ဆောင်ရန်၊ ရှောင်ရန် အချက်များ
◉ တရားဝင်နည်းလမ်းဖြင့် သွားရောက်ရန်။
◉ မဲဆောက်မြို့၌ နေထိုင်မည်ဆိုပါက အပြင်ထွက်ရာတွင် ဂရုစိုက်ရန်။
◉ သက်ဆိုင်ရာနယ်မြေရှိ ရွှေ့ပြောင်းလုပ်သားအရေးကူညီသူများ၏ ဖုန်းနံပါတ်နှင့် Line ID များ မှတ်သားထားရန်။
◉ ထိုင်းအစိုးရ ထုတ်ပြန်ချက်များအား အဆက်မပြတ်သိရှိအောင် သတင်းဖတ်ရှု၊ နားစွင့်နေရန်။
◉ ထိုင်းဘာသာစကားနှင့် ယဥ်ကျေးမှု၊ ဥပဒေအကြောင်း လေ့လာထားရန်။
◉ အဝတ်အစားများ သပ်ရပ်စွာဝတ်ဆင်ရန်။
◉ တရားဝင်သွားရန်နည်းလမ်း လုံးဝမရှိပါမှ တရားမဝင်သွားရန် စဥ်စားသင့်ပြီး ထိုသို့သွားမည်ဆိုပါက ယုံကြည်စိတ်ချရသည့် သူများဖြင့် ချိတ်ဆက်ရန်။
◉ ပတ်စ်ပို့အပါအဝင် စာရွက်စာတမ်းအထောက်အထားများ အမြဲတမ်းယူဆောင်ရန်။
◉ ထိုင်းအစိုးရက မြန်မာနိုင်ငံသားများဝင်ရောက်မှု၊ အထူးသဖြင့် တရားမဝင် လာရောက်မှုကို ပိုမိုတင်းကြပ်လာ၍ ထိုင်းရောက်သည်နှင့် အားလုံးအဆင်ပြေသွားမည်ဟု မျှော်လင့်မထားဘဲ ယုံကြည်ရသောမိတ်ဆွေများဖြင့်ချိတ်ဆက်၍ ကြုံလာနိုင်သော အခက်အခဲများအတွက်အသင့်ပြင်ထားရန်။
◉ နိုင်ငံတွင်းမှ လူငယ်များ ပြည်ပထွက်ပြေးရန်ကြိုးစားနေမှုကို အသုံးချ၍ လူကုန်ကူးရန် ကြိုးစားသူများရှိနိုင်၍ လူကုန်ကူးခြင်းနှင့်ပတ်သက်၍ ပညာပေးအစီအစဥ်တွေကိုလေ့လာရန်။
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍67🤮3
ဆောမြို့နယ်တွင်စစ်တပ်ပိုင်မြေယာနှင့် စစ်တပ်အမာခံ ထောက်တိုင်များ၏ ပိုင်ဆိုင်မှုများကို PDFခရိုင်တပ်ရင်း
နှစ်ခုက သိမ်းဆည်းမည်ဟုကြေညာ
စောနွေဦး/People's Spring
ဆောမြို့နယ် အတွင်း ခေတ်အဆက်ဆက် စစ်ကောင်စီသိမ်းယူထားသည့်မြေယာများ နှင့် စစ်ကောင်စီ၏ပင်မ
အမာခံထောက်တိုင်များပိုင်ဆိုင်မှုများကို ဆောမြို့နယ်၏ ဒေသခံတပ်ရင်းများဖြစ်သည့် ဂန့်ဂေါခရိုင်၊အမှတ် (၃) နှင့် အမှတ်(၅)တပ်ရင်းတို့က ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ပြီးသိမ်းဆည်းမည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။
သိမ်းဆည်းသည့်မြေများထဲတွင် ခေတ်အဆက်ဆက် စစ်
တပ်ပိုင်မြေနှင့် စစ်ကောင်စီထောက်တိုင်များပိုင်ဆိုင်သည့်နေရာများဖြစ်ပြီး ထိုမြေများနှင့်ပိုင်ဆိုင်မှုများကို တော်လှန်
ရေးအတွက် အသုံးပြုသွားမည်ဟု ဂန့်ဂေါခရိုင်၊အမှတ်(၃) တပ်ရင်း တာဝန်ရှိသူကပြောသည်။
“စစ်ကောင်စီနဲ့ပတ်သတ်တဲ့သူတွေက အခုတော့ ဆောမြို့နယ်ထဲမှမရှိတော့ဘူး။ ဒါပေမယ့် သူတို့က အခြားတစ်ယောက်ကို ရောင်းချတာ၊ တဆင့်အသုံးပြုနေတာရှိတယ်”ဟု
ဂန့်ဂေါခရိုင်၊အမှတ်(၃) တပ်ရင်း တာဝန်ရှိသူကPeople's Spring သို့ပြောသည်။
ဆောမြို့နယ်တွင် နယ်မြေ ၈၀ ရာခိုင်နှုန်းကို ဒေသခံကာ
ကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည် ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ဆောမြို့ပေါ်တွင် စစ်တပ်သိမ်းယူထားသည့် မြေ ၂ ဧကကျော်ရှိသည်ဟုလည်းသိရသည်။
ဂန့်ဂေါခရိုင်၊အမှတ် (၃) တပ်ရင်းနှင့် အမှတ် (၅) တပ်ရင်းတို့သည့် ယခင်က ဆောPDFတပ်ရင်း ၁ နှင့် ၂ တို့ဖြစ်ပြီး NUG၏ ကာကွယ်ရေးဝန်ကြီးဌာနကလက်အောက်ခံ
ခရိုင်တပ်ရင်းများအဖြစ် စနစ်တကျပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟုအသိပေးထားသည်။
"ဆောမြို့နယ်၏နယ်မြေခံတပ်ရင်းများဖြစ်သော အမှတ်(၃)နှင့်အမှတ်(၅)တပ်ရင်းတို့၏ စီမံပိုင် ခွင့်ရှိသော နယ်မြေများအတွင်းရှိ ခေတ်အဆက်ဆက် စစ်ကောင်စီနှင့်လက်ဝါးခြင်းရိုက် မတရားသိမ်း ယူထားသော မြေယာများနှင့်စစ်ကောင်စီပင်မအမာခံတောက်တိုင်များ၏ ပိုင်ဆိုင်မှုများအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၃)ရက် နေ့မှစ၍ အမှတ်(၃)နှင့်အမှတ်(၅)တပ်ရင်းတို့မှ တာဝန်ယူ၍ ပြန်လည် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရန် အသိပေး ကြေငြာအပ်ပါသည်"ဟု
ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းနှင့် အမှတ်(၅)တပ်ရင်းတို့ကယနေ့ (ဖေဖော်ဝါရီ ၂၃ )တွင်ထုတ်ပြန်ထားခြင်းဖြစ်သည်။

❤36👍19👏9🔥1
ဆောမြို့ပေါ်တွင် ပိတ်သိမ်းထားပြီး ခြုံနွှယ်များတက်နေသော စစ်ကောင်စီလက်အောက်ခံရုံးများ။ဓါတ်ပုံ-People's Spring
👍46👏9❤6🔥1
ရေတာရှည်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး သေဆုံး
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှပစ်ခတ်တိုက်ခိုက်၍ အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး ထိခိုက်သေဆုံးကြောင်း ပုဝါနီစစ်ကြောင်းက ယနေ့(ဖေဖော်ဝါရီ ၂၃) ထုတ်ပြန်သည်။
စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာနှင့် ရှမ်းစုရွာမ(ဒေသအခေါ် ကုလားတိုက်)စသည့်ကျေးရွာများသို့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီ ၁၅မိနစ်တွင် စစ်ကောင်စီတပ်က ရဟက်ယာဉ်ဖြင့်(၈၁)မမ ဗုံးသီး ၁၂လုံးထက်မနည်း ကြဲချခဲ့ပြီး ပွိုင့်ဖိုက်(0.5) စက်လက် များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် မမူ(အမည်လွှဲ) ၄၂ နှစ်၊ မကြူ(အမည်လွှဲ) ၉ နှစ်၊ မရီ(အမည်လွှဲ) ၈ နှစ်၊ ဒေါ်ချစ်(အမည်လွှဲ) ၈၅ နှစ်တို့မှာ ပွဲချင်းပြီးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
"သေဆုံးပြည်သူတွေက မိသားစုတစ်ခုတည်းက မဟုတ်သလို သွေးသားတော်စပ်မှုလည်း မရှိပါဘူးဗျ။ သပ်သပ်ဆီပါ"ဟု ပုဝါနီစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ် ခတ်မှုကြောင့် ပြည်သူပိုင်နေအိမ်များနှင့် နွားခုနစ်ကောင်ထိခိုက်ခဲ့ပြီး သုံးကောင်သေဆုံး၍ ကျန်လေးကောင်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။
အလားတူ ရေတာရှည်မြို့ စစ်ကောင်စီအထိုင်တပ်မှ ယမန်နေ့(ဖေဖော်ဝါရီ ၂၂)ညနေ
၄ နာရီ ၃၆ မိနစ်မှစ၍ တစ်မိနစ်ခြား တစ်ကြိမ် (၁၂၀)မမ လက်နက်ကြီးလုံးဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိကျေးရွာများသို့ ထပ်မံပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
ယခုကဲ့သို့ ပြည်သူပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးမှုနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရရှိမှုများအပေါ် တော်လှန်ရေးအင်အားစုများအနေဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်းနှင့် ပြည်သူများထိ ခိုက်နစ်နာမှုများအတွက် တော်လှန်ရေးကိုတစ်စိုက်မတ်မတ်လုပ်ဆောင်ပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ်ချေမှုန်း၍ တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ပုဝါနီစစ်ကြောင်းက အသိပေးသည်။
ထို့အပြင် ပြည်သူများအနေဖြင့်လည်း စစ် ကောင်စီတပ်မှ အရပ်သားပစ်မှတ်များကို လူမဆန်စွာတိုက်ခိုက်မှုများအား အထူးဂရုစိုက်နေထိုင်ပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခလရ(၇၃)နှင့် တပ်စခန်းများကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေးကြောင်းပစ်ခတ်ခြင်း၊ စစ်ဘေးရှောင်များကို နည်းမျိုးစုံကန့်သတ်၍ မြို့တွင်းအဝင်မခံခြင်း စသည်တို့ကြောင့် ပြည်သူကိုငဲ့ကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်မှုရပ်ဆိုင်းခဲ့သည်။

😡33👍7🤬3🔥2
စစ်ကောင်စီ လေကြောင်းမှ ရမ်းသမ်းပစ်ခတ်၍ ထိခိုက်သေဆုံးသွားသော ပြည်သူလေးဦးနှင့် ကျွဲနွား၊ နေအိမ်အဆောက်အအုံတို့အား တွေ့ရစဥ်။ ဓာတ်ပုံ - ပုဝါနီစစ်ကြောင်း
😢35😡11👍3🔥3🤬3🥴1
မြင်းခြံတွင် အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ပျူစောထီး ခုနစ်ဦးကို PDFများ အရှင်ဖမ်းဆီး
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် ပျူစောထီး ခုနစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၁)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်)က မြင်းခြံမြို့နယ်၊ မြင်းခြံ - တောင်သာလမ်းပိုင်းတွင် ပိုက်တဲကုန်းကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် အုပ်ချူပ်ရေးမှူး မိုးစန်းအပါအဝင် ပျူစောထီး ခုနစ်ဦးသည် ကားတစ်စီးဖြင့် ထွက်လာ၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၁)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
"မြို့နဲ့ဆိုရင် ၂ မိနစ်လောက်သွားရင်ရောက်တဲ့နေရာ။ ရှောင်တခင်ဝင်စစ်ဆေးတဲ့အခါ ကားတစ်စီးတွေ့တာ။ တစ်ကားလုံးက ပျူစောထီးတွေဖြစ်နေတာ။ လက်နက်တော့မပါဘူး။စာရွက် စာတမ်းတွေတော့ရတယ်။"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါ ပျူစောထီး ခုနစ်ဦးအား လက်တလောစစ်ဆေးမှုများပြုလုပ်ကာ ထိန်းသိမ်းထားကြောင်း၊ ကားသမားနှင့် ယာဥ်နောက်လိုက်မှာမူ ၎င်းပျူအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိ၍ ပြန်လွှတ် ပေးခဲ့ကြောင်း ဒေသာကာကွယ်ရေးအဖွဲ့များက ပြောသည်။
မြင်းခြံခရိုင်အတွင်းရှိ ပျူစောထီးများအား စစ်ကောင်စီက နေပြည်တော်သို့ သင်တန်းပို့ရန် စီစဥ်နေချိန် ယခုအဖွဲ့အား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၂)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း ၊ မလှိုင်(ပကဖ)နှင့် စွန်ရဲပြောက်ကျားတပ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြင်းခြံခရိုင်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီအား တော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး စစ်အုပ်စုကလည်း ဒေသခံပြည်သူများကိုပါ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

👍52🤣2
ဖမ်းဆီးရမိခဲ့သော အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးအဖွဲ့ဝင်များအား တွေ့ရစဥ်။(ဓာတ်ပုံ - ဒေသကာကွယ်ရေးအဖွဲ့)
👍40👏9🤣2
"ကျနော်တို့က ပါလို့ရှိရင်(စစ်ရေး) အားလုံးပါမှာ။ အနည်း
အကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်"
▪︎SSPPပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစိုင်းဆုနှင့်မေးမြန်ခန်း
အာဏာသိမ်းစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က စစ်အာဏာရှင်တော်လှန်လိုသူ လူမျိုးပေါင်းစုံ ဘာသာမရွေး SSPP ထံ လာရောက်နိုင်ကြောင်းဖိတ်ခေါ်တဲ့ ပန်ကြားချက်ကို ဖေဖော်ဝါရီ ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အကြောင်းအရာ အပါအဝင် SSPPနဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးမှု အခြေအနေ၊ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်ဖို့ စီမံထားမှု၊ SSPP တပ်ရှိရာဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်လာနိုင်ခြင်းရှိမရှိနဲ့ ရှမ်းတောင် ပအိုဝ်းဒေသ လတ်တလော တိုက်ပွဲတွေမှာ SSPP တပ်ပါဝင်မှု ရှိမရှိ အခြေအနေတွေနဲ့ SSPP ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ ဘယ်လိုလုပ်ဆောင်သွားဖို့ ရှိမလဲ ဆိုတာတွေကို SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။
ဟန်နွေ/People’s Spring
မေး။SSPP အနေနဲ့ စစ်အာဏာရှင်တော်လှန်လိုတဲ့သူတွေကို ဖိတ်ခေါ်တဲ့အကြောင်း ပန်ကြားချက် ထုတ်ပြန်တာတွေ့ရလို့ပါ။ ရှင်းပြပေးပါလား။
ဖြေ။ကျနော်တို့ ထုတ်ပြန်ရတဲ့ အကြောင်းကိစ္စက ယနေ့မှာ ကျနော်တို့ နိုင်ငံမှာ စကစမှာလည်း စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်။ ဟိုအဖွဲ့ထုတ်တယ် ဒီအဖွဲ့ထုတ်တယ်ပေါ့။ ကျနော်တို့မှာ ဟိုလို ဒီလို ထမ်းရမယ်ဆိုပြီး အဲဒီလိုမျိုး ထုတ်ပြန်တာမျိုး မလုပ်ဘူး။ ကျနော်တို့က တန်းတူရေး၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လက်ခံတဲ့ တိုင်းရင်းပြည်သူတွေအားများလုံး အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။ အဓိက အဲဒီလိုပါပဲ။ ကျနော်တို့က လူမျိုးဘာသာပေါင်းစုံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်ပြန်ထားတာရှိပါတယ်။
မေး။အတင်းအကြပ်မဟုတ်ဘဲ ဆန္ဒအရလာမယ်ဆိုရင် ကြိုဆိုတဲ့ သဘောမျိုးလား။
ဖြေ။ဟုတ်ကဲ့ အဲဒီလိုမျိုးထုတ်ပြန်တာပါ။
မေး။ စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းလိုက်တာမှာ ပြည်သူတွေက စိတ်ပူနေကြတာရှိတယ်။ ဒီအပေါ်ဘယ်လိုမြင်လဲ။
ဖြေ။အဲဒါကျတော့ ကျနော်တို့လည်း ပြည်သူလူထု အပေါ်မှာ ကိုယ်ချင်းလည်းစာပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတဲ့ကိစ္စမို့လို့ ပြည်တွင်းစစ်ဖြစ်နေတော့ အခုမှာ ဟိုစုဆောင်းရေး ဒီစုဆောင်းရေး ဥပဒေတွေ ပြဌာန်းနေတာ။ ပြည်သူလူထုတွေ ထွက်ပေါက်ရှာနေတဲ့အချိန်မှာ ကျနော်တို့က သဘောဆန္ဒအတိုင်း နောက်ပြီး သူတို့ကို ထွက်ပေါက်တစ်ခုအနေနဲ့ပေါ့။ အကယ်၍ စကစဆီမှာ ဝင်ပြီးတော့ စစ်သားတွေ မလုပ်ချင်ဘူး။ ဒီအဖွဲ့လည်း မလုပ်ချင်ဘူးဆို ကျနော်တို့မှာ တံခါးဖွင့်ပေးတဲ့ သဘောနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။
မေး။စစ်ကောင်စီလုပ်လို့ ပြည်သူတွေ စိတ်ပူနေရတဲ့ အခြေအနေမှာ တချို့အဖွဲ့တွေက အတင်းအဓမ္မ ပုံစံမျိုး၊ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့ ထုတ်ပြန်တာမျိုးလည်းရှိပါတယ်။အဲဒီအပေါ် ဘာပြောလိုပါသလဲ။
ဖြေ။အဲဒါကျတော့ ပြောမယ်ဆိုရင် အကယ်၍ အေးအေးချမ်းချမ်းဆိုရင်တမျိုးပေါ့။ ကျနော်တို့က ပြည်တွင်းစစ်လည်းဖြစ်နေတော့ တပ်မတော်(စစ်ကောင်စီ)ကလည်း အခု ပြောမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အခြေအနေအရ ပြည်သူလူထုရဲ့ ထောက်ခံမှုမတွေ မရသေးဘူး မရှိသေးဘူးဆိုတော့ တော်လှန်ရေးတွေက ပြည့်ကြပ်နေတဲ့ အချိန်မှာ အဲဒီလိုမျိုး ဥပဒေတွေ ပြဌာန်းလာတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့။ ဒီအချိန်စုဆောင်းရေးလုပ်လို့ရှိရင် ဒါက စစ်ဘက်ကိုပဲ ဦးတည်သွားစေတယ်ဆိုတာမျိုး မြင်ကြတာပေါ့။ စုဆောင်းရေး ဥပဒေတွေ ပြဌာန်းတယ်ဆိုတော့ ဒါ ပြည်တွင်းစစ် ကို ဆက်လက်ပြီးတော့ ရေရှည်သွားစေတယ်လို့ ကျနော်တို့က မြင်တယ်။ ဟိုအဖွဲ့လည်း စု ဒီအဖွဲ့လည်း စုဆောင်းရေးလုပ်လိုက်ဆိုတော့ ကျနော်တို့မှာ နိုင်ငံရေးဆွေးနွေးဖို့၊ နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်ဖို့ နည်းလမ်းက လမ်းစ ပိုပြီးတော့ ဝေးသွားလေမလား အဲဒီလိုမျိုးဖြစ်တာပေါ့။ ဥပမာဆိုရင် အစ္စရေးတောင်မှ လူတိုင်း ယောက်ျား၊ မိန်းမ ၁၈နှစ်ပြည့် အားလုံး စစ်မှုထမ်းရတယ်။ ဆိုတော့ ပြည်တွင်း
စစ် မဖြစ်ရင်တော့ ဒါ လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်တယ်။ ပြည်တွင်းစစ် ဖြစ်နေတော့ ကျနော်တို့က အပြန်အလှန် စုဆောင်းရေးတွေလုပ်ပြီးတော့ အပြန်အလှန်တွေ စစ်ခင်းကြတဲ့ အတွေးအမြင်တွေက များတာပေါ့။ ကျနော်တို့က ပြည်တွင်းစစ် ပြဿနာ ဘယ်တော့ အေးချမ်းမလဲဆိုရင် အခုလို အခြေအနေမျိုး ဟိုစုဆောင်း ဒီစုဆောင်းဆိုရင် ပိုပြီးတော့ စစ်ပွဲတွေ ပိုပြီး ရေရှည်သွားစေတယ်လို့ မြင်တယ်။ အဲဒါ မကောင်းသေးဘူးပေါ့။
မေး။SSPP ဆိုရင်လည်း စစ်ကောင်စီနဲ့ နိုင်ငံရေးအရ
အဖြေရှာဖို့ဆိုပြီးဆွေးနွေးခဲ့တာရှိခဲ့တယ် ။ဒီလို ဆွေးနွေးမှုတွေကရော ထိရောက်ပါသလား။
ဖြေ။ ။ ဆွေးနွေးမှုက ထိရောက်မှုရှိလို့ရှိရင် ဒီလိုမျိုး အခြေအနေ ရောက်မလာဘူးဗျ။ ဆွေးနွေးတာ အဖြေမရခဲ့ဘူး။ ရလဒ်မရခဲ့ဘူး။ အချိန်ဆွဲတာ သပ်သပ်ပဲဖြစ်သွားတယ်။ ဆိုတော့ အခုလို ပုံစံကြတော့ ကျနော်တို့က နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြိမ်ကြိမ်တိုက်တွန်းတယ်။ ကျနော်တို့ ထုတ်ပြန်ချက် အကြိမ်ကြိမ်နဲ့ ကျနော်တို့ တိုက်တွန်းထားတာရှိတယ်။
👍36❤2🤮1🖕1
ခြောက်လပတ်နဲ့ နှစ်ချုပ်အစည်းအဝေးတွေကအစ ကျနော်တို့က ကျနော်တို့ သဘောထား အမြင်ထုတ်ပြန်လျက်ရှိပါတယ်။ ကျနော်တို့ကအေးအေးချမ်းချမ်းနဲ့ ဖြေရှင်းသွားချင်တယ်။ ကျနောတို့က နိုင်ငံရေးပြဿနာက စလာတာကိုး။ နိုင်ငံရေးပြဿနာက စလာတဲ့ အရင်းခံပြဿနာကို ဖြေရှင်းရမယ့် ကိစ္စ ဖြစ်တယ်။ အပေးအယူမှာ အယူပဲ ရှိတယ် အပေးမရှိဘူးဆိုရင်လည်း မဖြစ်ပြန်ဘူး။ ကျနော်တို့က လိုချင်တာက အတူယှဉ်တွဲနေထိုင်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ကျနော်တို့က ဖက်ဒရယ်ကို အရင်ဖြစ်ချင်တယ်။ နောက်ပြီး ဒီမိုကရေစီ ဖော်ဆောင်သွားမှာ။ ဖြစ်နိုင်ရင်တော့ တချိန်တည်း တခါတည်း လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့က တိုင်းရင်းသား အနေနဲ့ ပြောမယ်ဆိုရင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့က လိုချင်တယ်။ လိုတော့ ဖက်ဒရယ်ကို မဖော်ဆောင်ဘဲနဲ့ ဒီမိုကရေစီကို လုပ်နေလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားလူနည်းစုအရေးမှာ အဆင်မပြေကြဘူး။ ကျနော်တို့ လိုချင်တဲ့ အချက်တွေမရခဲ့ဘူးပေါ့။ နောက်ပြီး ယနေ့မှာဆိုလို့ရှိရင် ဗမာ အချင်းချင်းတောင် တန်းတူရည်တူ၊ လူ့အခွင့်အရေး ၊ ဒီမိုကရေစီပေါ့နော် ပြုပြင်ပြောင်းလဲရေးဆန္ဒ ဗမာလူမျိုး၊ ရှမ်းလူမျိုး လူမျိုးပေါင်းစုံ။ အခုက လူမျိုးပေါင်းစုံ ထပြီးတော့ ပုန်ကန်နေတဲ့ အချိန် အခါလိုမျိုးမှာ အခုလက်ရှိ အာဏာရယူထားတဲ့ စကစက လုံး၀ တာဝန်ရှိတယ်။ ဒီထက်ပိုပြီး လိမ္မာပါးနပ်မှုရှိဖို့လိုအပ်တယ်။ အေးအေးချမ်းချမ်းနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ကျနော်တို့က တိုက်တွန်းလိုတယ်။
မေး။ SSPP ရှိတဲ့နေရာတွေမှာရော စစ်ရေးအရလှုပ်ရှားတာတွေ တိုက်ပွဲတွေဖြစ်လာနိုင်တဲ့ အနေအထားမျိုးရှိပါသလား။
ဖြေ။ကျနော်တို့ကျတော့ အခုမှာ ကျနော်တို့ကဝင်မပါသေးဘူးဗျ။ ဝင်မပါသေးဘူးဆိုတာ ကျနော်တို့နယ်မြေဒေသတွေကို အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ နောက်ပြီး ကျနော်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကိစ္စ ကျနော်တို့က မျှော်လင့်နေသေးတယ်။ သူတို့(စစ်ကောင်စီ)က စစ်ဆင်လာရင်တော့ ကျနော်တို့လည်း ပါချင်ပါမှာပေါ့။ အရင်တုန်းကလည်း ခဏခဏ ထိတွေ့မှု ဖြစ်တယ်။ ကျနော်တို့ကျတော့ ထိန်းထားတယ်။ ထိန်းထားတယ်ဆိုတာ ကျနော်တို့က နိုင်
ငံရေး တွေ့ဆုံဆွေးနွေးရေး အဲဒီလိုမျိုး ပေါ်လစီချမှတ်ထားတာရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အခြေအနေလိုမျိုးပဲ။ ကျနော်တို့ စစ်အင်အား သုံးမဟုတ်ဘူး အဲဒီလိုမျိုးချမှတ်ထားတာရှိတယ်။
မေး။ ရှမ်းတောင်(ပအိုဝ်းဒေသ)မှာ အခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ SSPP ပါတယ်ဆိုတာမျိုး ရေးသားချက်အချို့ ရှိပါတယ် ။အဲဒါမှန်ပါသလား။
ဖြေ။ ။ အဲဒါ ပြည်သူလူထုက မြေပြင်ပေါ်က ထိတွေ့နေတဲ့ သူများ သက်သေဖြစ်ပါတယ်။ ကျနော်တို့က ပါတယ်၊ မပါဘူး မပြောချင်ပါဘူး။ ကျနော်တို့က ပါလို့ရှိရင် အားလုံးပါမှာ။ အနည်းအကျဉ်းကတော့ ပါမှာ မဟုတ်ဘူး။ အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အဆင့်နဲ့ ကျနော်တို့ ပါမယ်။
မေး။ပြီးခဲ့တဲ့ ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့(အမျိုးသားညီညွတ်
ရေးအတိုင်ပင်ခံကောင်စီ-NUCC၊ အမျိုးသားညီညွတ်ရေးအစိုးရ -NUG တို့ ပူးပေါင်းကျင်းပသည့် ဖေဖော်ဝါရီ ၁၂ရက်နေ့ အခမ်းအနား) မှာ SSPPက သဝဏ်လွှာ(SSPP၊ ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA၊ ချင်းအမျိုးသားတပ်မတော်-CNF/CNA သုံးဖွဲ့ပေါင်းပေးပို့တဲ့သဝဏ်လွှာ) ပို့တာလည်းတွေ့ရတယ်။ အရင်နှစ်တွေက မတွေ့ရဘူး ဒီနှစ်မှာ တွေ့ရတယ်ဆိုတော့ ဘယ်လိုပြောလိုပါသလဲ။
ဖြေ။ကျနော်တို့ NUCCမှာ သဝဏ်လွှာပေးတယ်ဆိုတာ ကျနော်တို့မှာ သူတို့က ၇၇နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်ပြောတော့ ကျနော်တို့မှာ ဒီပင်လုံစာချုပ် ချုပ်ဆိုတဲ့ သမိုင်းနဲ့ဆိုရင် ရှမ်းနဲ့ ကချင်နဲ့ ချင်းနဲ့ ပါဝင်ပြီးတော့ ဆွေးနွေးတယ် ချုပ်ဆိုခဲ့တာပေါ့။ ကျနော်တို့ ပြည်ထောင်စု ဖြစ်ပေါ်လာတဲ့ အခန်းကဏ္ဍမှာ လူမျိုးသုံးမျိုးက ပြည်နယ်သုံးခု ၊ တိုင်းပြည်သုံးခုက အဓိက အရေးပါအရာရောက်ပြီး တော့ ကျနော်တို့က ပင်လုံစာချုပ်ကိုချုပ်ဆိုလာခဲ့တာပေါ့။ အဲဒါကြောင့် သူတို့ က အထိမ်းအမှတ်လုပ်တယ်ဆိုတော့ ကျနော်တို့က သဝဏ်လွှာပေးပို့တာပေါ့။ အကယ်၍ တခြား ဘယ်သူလုပ်မယ်ဆိုလည်း သဝဏ်လွှာကတော့ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ချင်း၊ ကချင်၊ ရှမ်းက အဓိက ပါဝင်ပြီးတော့ လက်မှတ်ထိုးထားတာဖြစ်တယ်။ ယနေ့ အထိ ပြည်ထောင်စုဖြစ်လာတာ ကျနော်တို့ ပြည်နယ်သုံးခုက အဓိက ဖြစ်တယ်။ အဲဒါကြောင့် သဝဏ်လွှာပေးပို့တာဖြစ်တယ်။
မေး။ရှမ်းမြောက်တိုက်ပွဲမှာဆိုရင် တချို့မြို့တွေဆို တချို့ တိုင်းရင်းသားအဖွဲ့တွေက သိမ်းထားတာမျိုးရှိတော့ အဲဒီမှာ ဆရာတို့ (ရှမ်းလူမျိုးနှင့် SSPPတပ်) လည်းရှိတော့ အနေ
အထား ဘယ်လိုရှိပါသလဲ။ ပြဿနာရှိနိုင်ပါသလား။ ဘယ်
လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ။ကျနော်တို့ SSPPမှာ ခုနှစ်ဖွဲ့(၀၊ မိုင်းလား၊ SSPP၊ တအာင်း၊ ကိုးကန့်၊ ရက္ခိုင်၊ ကချင်) ထဲက မဟာမိတ်တွေဖြစ်တယ်။ ကျနော်တို့ ဘုံရပ်တည်ချက်ကျတော့ မတူဘူးပေါ့။ စစ်ရေးစစ်ရာမှာကျတော့ သူတို့ အခြေအနေနဲ့ သူတို့ပေါ့။ ကျနော်တို့မှာကျတော့ SSPPနဲ့ ပန်ဆန်း(UWSA)နဲ့ မိုင်းလားနဲ့ကျတော့ Bilateral လက်မှတ်ထိုးထားတာကိုး။ ကျနော်တို့က ငြိမ်းချမ်းရေးကို

👍37❤2🤮1