“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️KIAက သတိပေးပြီး သုံးရက်အကြာ မြို့လှဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး သုံးရက်အကြာမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားတယ်လို့ မြို့လှKPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဗျူဟာစခန်းကုန်းဟာ KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်မှာ စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့တဲ့ ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေခဲ့တာပါ။ စစ်ကောင်စီတပ် စခန်းစွန့်ခွာတဲ့ ဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနဲ့ စစ်ကောင်စီရဲ့ ခလရ(၇၇)တပ်စွဲထားတဲ့ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခံခဲ့ရပါတယ်။
◾️ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA သိမ်းပိုက်
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ကျောက်တော်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမ်းနီးလေ့ကျင့်ရေးသင်တန်းဖြစ်တဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
◾️တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီ စီးနင်း
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။
◾️◾️စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး လိုက်ပါလာသောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦးသေ
စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးနဲ့ အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြားပေးနေသူ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြားရေးဒုဝန်ကြီး ပါဝင်နေတာဖြစ်ပါတယ် ။ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရပေမယ့် လူသေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီနေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။
◾️မုံရွာမြို့မှာ စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

👍38❤5🔥3
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းတွင်းမြစ်တစ်ဘက်ကမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ပေါ်မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မနေ့ နေ့ခင်းကလည်း မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်ဟာ ကြာပိုင်ကျေးရွာအနီးရှိ ကွမ်းခြံများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။
👍25🔥3
စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲKIAနှင့်ပူးပေါင်းတပ်များက လက်နက်မျိုးစုံ အလက် ၅၀ ကျော်နှင့်ခဲယမ်းကျည်များသိမ်းဆည်းရရှိ
ဆန်အောင်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း) စစ်ကောင်စီစခန်းမှ လက်နက်ကြီး လက်နက်ငယ်အများအပြား ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
စီခမ်းကြီး စစ်ကောင်စီစခန်းကို KIA၊ KPDF နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ဖေဖော်ဝါရီ ၁၇ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၁၉ရက်နေ့ ညနေပိုင်း၌ စခန်းကို အပြီး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခမ်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီ အလောင်း ၄၀ ကျော် တွေ့ရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောကြားထားပြီး စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ယနေ့တွင် ပြသခဲ့သည်။အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များမှ လည်း သေဆုံးဒဏ်ရာရသူ အချို့ရှိခဲ့သည်။
သတင်းရင်းမြစ် ပြသသည့် ဓာတ်ပုံပါ အရ လက်နက်ကြီး ၇လက်ထက်မနည်း၊ လေယာဉ်ပစ် ပွိုင့်ဖိုက် စက်သေနတ်ကြီး ၁လက်၊ RPG ၂လက်၊ စနိုက်ပါ ၁လက်၊ ငါးကြင်းမြီး စက်သေနတ် ၃လက်၊ စက်သေနတ်ငယ် ၁၀လက် ၊ ၄၀ မမ ဗုံးသီးပစ်ခတ်နိုင်သည့် လက်နက်ငယ်များ အပါအဝင် လက်နက်ငယ် အလက် ၃၀ကျော်၊ လက်နက်ကြီးကျည် အများအပြား၊ အီနာဂါ ဗုံးသီးနှင့် ၄၀ မမ ဗုံးသီးများ၊ မိုင်းများ၊ လက်ပစ်ဗုံးများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းထားနိုင်ခဲ့ကြောင်း တွေ့ရသည်။
သိမ်းဆည်းရရှိခဲသည့် လက်နက်ခဲယမ်းများနှင့်အတူ KIA ၊ AAနှင့် KPDF ရဲဘော်များ အောင်ပွဲခံနေသည်ကိုလည်း ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။
အဆိုပါ စီခမ်းကြီး စခန်း သိမ်းပိုက်ထားနိုင်မှုကို KIAနှင့် AA တို့ကလည်း အတည်ပြုထုတ်ပြန်ထားပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ရဲဘော်အချို့ ကျဆုံးထိခိုက်ခဲ့ဟု AAက အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် စီခမ်းကြီးရွာတစ်ရွာလုံး မီးလောင်ပျက်စီးခဲ့ရပြီး အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီသည် စီခမ်းကြီးစခန်း မကျရေးအတွက် လေကြောင်း ပစ်ကူ အကြိမ် ၈၀ခန့် အသုံးပြုခုခံခဲ့သော်လည်း သုံးရက်အကြာတွင် သေဆုံးထိခိုက်များစွာဖြင့် စခန်းကို လက်လွှတ်ခဲ့ရသည်။
KIA အနေဖြင့် စီခမ်းကြီး စခန်းအပါအဝင် မံစီမြို့နယ်ရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး မကြာသေးမီကလည်း မံဝိန်းကြီး စခန်း၊ ကိုက်ထိပ်စခန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

👍44🥰4👏4😁1
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ
❤50👍22👏9🥰4🤣1🏆1
▪︎ဆောင်းပါး
ထိုင်းသွားမည့် မြန်မာများအတွက်အကြံပြုချက်
ဒီးဒီ/People's Spring
အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်
ကြေညာပြီး လေးရက်အကြာတွင် ထိုင်းနိုင်ငံ၌ မြန်မာလူငယ် ၄၀ကျော် ဖမ်းဆီးခံလိုက်ရပါသည်။
တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာကြသော မြန်မာလူငယ် ၄၄ ဦးမှာ ထိုင်း - မြန်မာနယ်စပ်မြို့များဖြစ်သော မဲဆောက်မြို့နှင့် ကန်ချနဘူရီခရိုင်တို့တွင် အသီးသီးဖမ်းဆီးခံရခြင်းဖြစ်၏။
ဖေဖော်ဝါရီ ၁၄ရက်က မြန်မာလူငယ်ပိုင်း အများစုဖြစ်သည့် အမျိုးသား ၁၁ဦးနဲ့ အမျိုးသမီး ၁၆ဦးဟာ မဲဆောက်မြို့ရှိ မယ်လမငှက်ပျောတောအတွင်းမှာ ပုန်းခိုနေစဥ် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ထိုနေ့တွင်ပင် ကန်ချနဘူရီခရိုင်အတွင်းမှာ တရားမဝင်လာရောက်ကြသည့် မြန်မာလူငယ် ၁၇ဦး ထပ်မံဖမ်းဆီးခံခဲ့ရသည်။ ထိုတစ်ရက်တည်းမှာပင် မြန်မာလူငယ် စုစုပေါင်း ၄၄ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ထို့အပြင် ဖေဖော်ဝါရီ ၁၅ရက်တွင်လည်း ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သော ရနောင်းမြို့၌ မြန်မာအချို့ ထပ်မံဖမ်းဆီးခံရပြီး ဖေဖော်ဝါရီ ၂၀ရက်အထိ တစ်ပတ်အတွင်း တရားမဝင်နည်းလမ်းဖြင့်လာရောက်သည့် မြန်မာ ၁၃၀ကျော်အထိ ဖမ်းဆီးခံထားရသည်။
ယခုရက်တစ်ပတ်အတွင်း ဖမ်းဆီးခံရသူအများစုမှာ အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ကြေညာလိုက်၍ စစ်မှုမထမ်းလိုသည်အတွက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများဖြစ်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။
“သူတို့က မင်းအောင်လှိုင်စစ်တပ်အောက်မှာ စစ်မှုမထမ်းချင်လို့ ထွက်လာတဲ့သူတွေဖြစ်တယ်”ဟု ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသူ ကိုရဲမင်း(အေအေစီ-မဟာမိတ်)က ပြောသည်။ ကိုရဲမင်းသည် ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ရန် အေအေစီ-မဟာမိတ်အဖွဲ့ တည်ထောင်ထားပြီး စစ်အုပ်စုကအာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အား တော်လှန်နေသူလည်း ဖြစ်သည်။
လွန်ခဲ့သော ၁၄နှစ်က စစ်အစိုးရပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းခေါင်းဆောင် အမိန့်ဖြင့်
ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟုဆိုသည်။
နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် သေဆုံးဒဏ်ရာရသူ ၊ ထွက်ပြေးသူ ၊လက်နက်ချသူ ၊တော်လှန်ရေးအဖွဲ့များထံအလင်း
ဝင်သူစသဖြင့် စစ်ကောင်စီတပ်အင်အား နည်းလာသော်လည်း စစ်တပ်ထဲဝင်လိုသူ နည်းလာသောကြောင့် စစ်ကောင်စီက ၎င်းတို့အသက်ဆက်နိုင်ရေး စစ်မှုမထမ်းမနေရ ဥပဒေဖြင့် လူငယ်များကို ဖိအားပေး၍ စစ်တပ်အတွင်းဝင်ရန်ကြံစည်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး ၊စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
ထို့ကြောင့် လူငယ်အချို့မှာ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းနေကြသည်။ အချို့မှာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် ပြင်ဆင်ကြိုးပမ်းနေသည်။ အချို့မှာ တော်လှန်ရေးတပ်ဖွဲ့များထံ ဝင်ရောက်ပြီး စစ်အာဏာရှင်အား တော်လှန်ရန် စာရင်းပေးဆက်သွယ်နေကြသည်ဟု တော်လှန်ရေးအဖွဲ့အစည်း များက အသိပေးထားသည်။
အာဏာသိမ်း မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရစနစ် အသက်သွင်းမည်ဟု ကြေညာလိုက်ပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားမှုရုတ်တရက် မြင့်တက်လာသည်။ ထောင်ချီရှိသည့် လူတန်းရှည်ကြီးကြောင့် တစ်ရက်ဗီဇာထုတ်ပေးမှု လူဦးရေကန့်သတ်ရသည်အထိ ဖြစ်ခဲ့သည်။ ထို့အပြင် ငွေကြေးမတက်နိုင်၍ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ရန်ပြင်ဆင်နေသူများလည်း ရှိနေပါသည်။
သို့သော် ထိုင်းနိုင်ငံသွားရောက်မည့် မြန်မာလူငယ်များအတွက် သတင်းဆိုးတစ်ခုက ဆီးကြိုနေပါသည်။ စစ်မှုထမ်းဥပဒေကြောင့် တရားမဝင်လာရောက်သူများအား ဖမ်းဆီးအရေးယူမည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း တရားမဝင်နေထိုင်သူများအား တင်းတင်းကြပ်ကြပ်စစ်ဆေးဖမ်းဆီးနေပြီး လုပ်သားလိုအပ်ချက် နည်းပါးပြီး အလုပ်လက်မဲ့ ရွှေ့ပြောင်းလုပ်သားဦးရေမှာ တိုးလာနေကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသူများက ပြောပါသည်။
ထိုင်း - မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်
လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"တရားဝင်ဝင်လာရင် ကြိုဆိုပါတယ်။ ဒါပေမယ့် တရားမဝင် ခိုးဝင်လာရင် သူတို့ကို ဥပဒေအရ အရေးယူသွားမှာပါ။ လုံခြုံရေးအေဂျင်စီတွေနဲ့လည်း ဆွေးနွေးထားပြီးသားပါ"ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
ထိုသို့ပြောဆိုပြီး နောက်တစ်ရက်တွင် မြန်မာများ အများဆုံးဝင်ရောက်လာနိုင်သော နယ်စပ်မြို့ဖြစ်သည့် တာ့ချ်ခရိုင် မဲဆောက်မြို့တွင် ထိုင်းရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေး

👍27🤮2
(လဝက)များက စစ်ဆေးဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာပါတော့သည်။
ဖေဖော်ဝါရီ ၂၀ရက်တွင် ထိုင်း - မြန်မာနယ်စပ် မဲဆောက် - မြဝတီ အမှတ်(၁)ချစ်ကြည်ရေးတံတားဘေးရှိ မြန်မာစျေးသည်များကို ထိုင်းရဲတပ်ဖွဲ့နှင့်လူဝင်မှုကြီးကြပ်ရေး(လဝက)
များက ဖမ်းဆီးခဲ့သည်။
ထို့အပြင် မဲဆောက် - မြ၀တီ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ မှတ်ပုံတင်ဖြင့် (၇)ရက်နယ်မြေ ဖြတ်သန်းခွင့်ကတ်ဖြင့် ဝင်ရောက်လာသူများအား ဖေဖော်ဝါရီ ၂၀ရက်ကစ၍ ထိုင်းအစိုးရ တာဝန်ရှိသူများက စိစစ်ပြီး ဝင်ခွင့်မပေးတော့ဘဲ ပြန်လွှတ်ခြင်းများပင်ရှိလာကြောင်း ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီဆောင်ရွက်နေသူများက ပြောသည်။
မှတ်ပုံတင်ဖြင့် ဝင်လာသူများအား ထိုင်းအစိုးရက အစိမ်းရောင်ကတ်ထုတ်ပေးပြီး မဲဆောက်မြို့၌ (၇)ရက်နေထိုင်ခွင့် ယခင်က ခွင့်ပြုခဲ့သည်။ ထိုသို့ဝင်ရောက်လာသူများအား မဲဆောက်မြို့တွင် တရားဝင်နေထိုင်သူက ထောက်ခံချက်ပေးရမည် ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအထိ အဆိုပါ တံတားမှ ဝင်ရောက်လာသူများအား စစ်ဆေးခြင်းမရှိသော်လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုအပြီးတွင် ယခုကဲ့သို့ ဝင်ခွင့်မပေးဘဲ ပြန်လွှတ်နေခြင်း ဖြစ်သည်။
"စောင့်ခေါ်ခိုင်းတာပေါ့။ အဲဒီလိုစောင့်ခေါ်ပြီးအာမခံ မပေးနိုင်လို့ ပြန်လွှတ်ခံရတယ်။ အရင်က အဲဒီလိုမဟုတ်ဘူး။ ဝင်လာရင် စစ်ဆေးမေးမြန်းတာ မရှိဘူး။ အခုက ပြန်လွှတ်နေပြီ"ဟု ဖေဖော်ဝါရီ ၂၀ရက်က မှတ်ပုံတင်ဖြင့် ဝင်ရောက်လာသူများအနက် ထောက်ခံချက်မပေးနိုင်သဖြင့် ပြန်လွှတ်ခံရသူတစ်ဦး၏ အစ်ကိုဖြစ်သူက ပြောသည်။
ထို့အပြင် တာ့ချ်ခရိုင်အတွင်းရှိ အိမ်ရှင်များအနေဖြင့် မိမိအိမ်၌ နိုင်ငံခြားသားဧည့်သည်များ နေထိုင်တည်းခိုမှုရှိပါက လူဝင်မှုကြီးကြပ်ရေးဌာနထံ ဧည့်စာရင်းတိုင်ကြားရန် ဖေ
ဖော်ဝါရီ ၂၂ရက် နေ့စွဲဖြင့် တာ့ချ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက မြန်မာဘာသာဖြင့် ထုတ်ပြန်အသိပေးသည်။
တာ့ချ်ခရိုင်အတွင်းရှိ အိမ်ခန်းအငှားပိုင်ရှင်၊ ဟိုတယ်၊ တည်းခိုခန်းမန်နေဂျာများ အနေဖြင့်နိုင်ငံခြားသားဧည့်သည်များ လက်ခံမည်ဆိုပါက ၂၄ နာရီအတွင်း ဧည့်စာရင်းတိုင်ရန် ကြေညာချက်ထုတ်ပြန်ထားသည်။
ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက အများဆုံး ဘတ်တစ်သောင်းအထိ ဒဏ်ကြေး ပေးဆောင်ရမည်ဟု ပါရှိသည်။
"ဒီလို ဧည့်စာရင်းတိုင်ခိုင်းတာက ပထမဆုံးလို့ နားလည်တယ်။ ခါတိုင်း အဲဒီလို လုပ်ခိုင်းတာ မတွေ့ဖူးဘူး။ မဲဆောက်ပဲ မဟုတ်ဘဲ တစ်နိုင်ငံလုံး ပြန့်နှံ့လာမှာ စိုးရိမ်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ အစစအရာရာ သတိထားဖို့ ပြောချင်ပါတယ်"ဟုထိုင်းရောက်မြန်မာလုပ်သားများအရေးဆောင်ရွက်နေသူ ထိုင်းနိုင်ငံတောင်ပိုင်းခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)ဒါရိုက်တာ
ဦးထူးချစ်က ပြောသည်။
သို့သော် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်လာမည့် မြန်မာများအတွက် ထိုင်းလွှတ်တော်အမတ်တစ်ဦးက တိုက်တွန်းတောင်းဆိုမှုတစ်ခု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ပါသည်။
စစ်မှုမထမ်းချင်၍ ထိုင်းနိုင်ငံကို ထွက်ပြေးလာသည့် မြန်မာများအား လက်ခံပေးပြီး ပြည်တွင်း၌ အလုပ်လုပ်ခွင့် ပေးသင့်ကြောင်း ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က ဖေဖော်ဝါရီ ၂၁ရက်တွင် ထိုင်းအစိုးရအား တိုက်တွန်းထားသည်။
နှစ်ဖက်ညှိနှိုင်းသဘောတူညီမှုရယူပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ ထိုင်းနိုင်ငံကို လုပ်သားတင်ပို့မှု ယာယီ ရပ်တန့်ထားကြောင်း လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က ပြောသည်။
မူလက မြန်မာနိုင်ငံသား ၇၀၀၊ ၈၀၀ ခန့်သည် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်အကိုင်အတွက် ထိုင်းနိုင်ငံသို့ လာရောက်နေကြကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ လာရောက်မှု ဆိုင်းငံ့ခြင်းသည် မြန်မာဖက်မှ နိုင်ငံရေး အခြေအနေများနှင့် မည်သို့ဆက်နွှယ်သည်ကို အတိအကျ မပြောနိုင်သော်လည်း ထိုင်းသို့ ရောက်လာပြီးသူများအား အစိုးရက အတင်းအကျပ် ပြန်ပို့ပါက စိုးရိမ်စရာကိစ္စဟု သတ်မှတ်သင့်ကြောင်း ကန်နာဗီက မှတ်ချက်ပေးထားသည်။
"မြန်မာနိုင်ငံသားတွေ ထိုင်းကို အလုံးအရင်း ဝင်ရောက်လာတယ်ဆိုတာဟာ တရားမဝင် ဥပဒေ ချိုးဖောက် ဝင်ရောက်ဖို့ ဆိုတာထက် သေဘေးကနေ တိမ်းရှောင်လာကြတာ ဖြစ်
ကြောင်း၊ စစ်မြေပြင်ကို အတင်းအကျပ် တွန်းပို့ခံရပြီး ကိုယ်တိုင် သေမလား၊ သူတပါးကို သတ်ဖြတ်ရမလား ဆိုတာကို ရွေးချယ်ရမယ့် ကိစ္စကနေ ရှောင်တိမ်းလာကြတာ"ဟု ထိုင်းလွှတ်တော်အမတ်က ပြောကြားသည်။
ထို့အပြင် လုပ်သားတင်ပို့မှု ဆိုင်းငံ့ထားချိန်တွင် စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာသည့် တရားမဝင် ခိုလှုံသူများအား အလုပ်အကိုင်များ ဖန်တီးပေးမည်ဆိုပါက လူသားချင်း စာနာမှု ရှုထောင့်အရ အကျိုးရှိသလို လုပ်သား ပြတ်လပ်မှုပြဿနာကိုလည်း ကုစားဖြေရှင်းနိုင်မည်ဟု ကန်နာဗီက အကြံပြုထားသည်။
သို့သော် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် လာရောက်မှုအပေါ် အားမပေးကြောင်း ထိုင်းရောက်မြန်များလုပ်သား

👍26🤮1
များအရေး ကူညီဆောင်ရွက်နေသူများက တညီတညွတ်တည်း ပြောပါသည်။
“ထွက်လာမယ့်သူတွေအနေနဲ့ တရားဝင်နည်းလမ်းနဲ့ လာဖို့ အရင်ဆုံးစဥ်းစားသင့်ပါတယ်”ဟု ဦးထူးချစ်က ပြောသည်။ တရားဝင်နည်းလမ်းဖြင့် လာရောက်ရန် အခွင့်အရေးမရှိပါက တရားမဝင်လုပ်သားများခေါ်ဆောင်ပေးသည့် ယုံကြည်စိတ်ချရသော ပွဲစားဆိုသူများနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။
“ထိုင်းနိုင်ငံထဲမှာ အထောက်အထားရှိပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ သိန်းနဲ့ချီရှိတယ်။ အထောက်အထား မရှိတဲ့ လူဦးရေကလည်း တစ်သန်းကျော်ရှိနေတယ်”ဟု ကိုရဲမင်းက လည်းပြောသည်။ ထို့အပြင် တရားဝင်အထောက်အထားဖြင့် လာရောက်ပါကလည်း အလုပ်ရရန် မသေချာကြောင်း ကိုရဲမင်းက ပြောသည်။
“တရားဝင်တွေတောင် သိန်းနဲ့ချီ အလုပ်လက်မဲ့တွေဖြစ်နေတာ" ဟု သူက ဆက်ပြောသည်။
အလုပ်အကိုင်အတွက် ခက်ခဲမှုရှိနိုင်ပြီး အလုပ်မရွေးပါက အဆင်ပြေနိုင်ဟုလည်း ဦးထူးချစ်က ဆိုသည်။
“မဲဆောက်မှာဆို စိုက်ပျိုးရေးလုပ်ငန်းတွေ ၊ စိုက်ပျိုးရေးခြံတွေ ရှိတယ်။ စက်ရုံ၊အလုပ်ရုံတွေရှိတယ်”ဟု ဦးထူးချစ်က ပြောသည်။ ထို့အပြင် ဝင်ရောက်လာကြသူများအနေဖြင့် ထိုင်းနိုင်ငံ၏ ယဥ်ကျေးမှု၊ ဘုရင်စနစ်၊ ဘာသာစကားစသည်တို့အား လေ့လာထားသင့်ကြောင်း ဦးထူးချစ်က အကြံပြုသည်။ ရွှေ့ပြောင်းသွားလာမှု အဆမတန်များပြားလာပါက လူကုန်ကူးသူများ၏ ပစ်မှတ်ကို အထူးဂရုပြုရမည်ဖြစ်ပြီး လူကုန်ကူးခံရသည့်ဖြစ်စဥ်များလည်း သာဓကရှိကြောင်း ဦးထူးချစ်က ပြောသည်။
စစ်ဆေးဖမ်းဆီးမှုတင်းကြပ်စွာပြုလုပ်မည့် တာချ်ခရိုင် မဲဆောက်မြို့၌ နေထိုင်ရန် ရွေးချယ်မှုကိုလည်း စဥ်းစားသင့်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်နေသူများက ပြောသည်။ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်သူများအတွက် အင်မတန်ခက်ခဲမည့်မြို့ဟု ၎င်းတို့က သုံးသပ်ပါသည်။
“မဲဆောက်လို နေရာမျိုးမှာစုပြုံတိုးဝင်လာမယ့်အခြေအနေတွေရှိတယ်။ မဲဆောက်က အခုဘာဖြစ်နေလဲဆို အရင်က အလုပ်သမားတွေ လမ်းမှာဖမ်းမိရင် ထိုင်းရဲတွေကို ဘတ် ၁၀၀၊ ၂၀၀၊ ၃၀၀ ပေးရင် လွတ်တယ်။ အခုဆို မရတော့ဘူး။ ဘတ် ၄,၀၀၀၊ ၅,၀၀၀၊ တစ်သောင်းတွေ ဖြစ်ကုန်ပြီ။ ဒါက ဒီသုံးနှစ်အတွင်းမှာ စျေးကွက်က ပြောင်းကုန်းတာ”ဟု ကိုရဲမင်းက ပြောသည်။
နိုင်ငံတွင်းမှ လူငယ်အများအပြား ပြည်ပထွက်ပြေးရန်ကြိုးစားနေမှုကို အသုံးချ၍ လူကုန်ကူးရန် ကြိုးစားသူများရှိနိုင်၍ လူကုန်ကူးမှု အန္တရာယ်ကို အမြဲ သတိပြူ၍ လူကူန်
ကူးပညာပေးအစီအစဥ်များကိုလေ့လာထားကြရန် လည်းထိုင်းရောက်မြန်မာအချို့က အကြံပြုသည်။
သို့သော် တရားမဝင်လာရောက်မှုအတွက် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးအရေးယူခံရမည်ဆိုပါကလည်း မြန်မာလူငယ်အချို့မှာ ရွေးချယ်စရာမရှိတော့၍ သွားရန်စီစဥ်နေသူများရှိကြောင်းလည်း သိရသည်။ ရက်စက်ကြမ်းကြုတ်သည့်စစ်ရာဇဝတ်သားများ စုထားသော စစ်တပ်အတွင်း ဝင်ရန်စဥ်းပင် မစဥ်းစားကြောင်း လူငယ်အချို့ကပြောသည်။
သေချာသည်က ပြည်တွင်း၌ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီး၊ ပေါ်တာဆွဲ၊ စစ်မှုထမ်းစေခိုင်းမှုများပြုလုပ်နေ၍ လူငယ်များမှာ စစ်ကောင်စီစိုးမိုးသောဒေသများတွင်လုံခြုံမှုမရှိတော့ပေ ။ မလုံခြုံသည့်ကြား စစ်တပ်အတွင်းဝင်ရန်ဖိအားပေးလာသောအခါ လူငယ်များအတွက်ရွေးချယ်စရာနည်းလာနေသည်။ အချို့က တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်း၍ စစ်ကောင်စီကိုဖြုတ်ချရန်တော်လှန်သောလမ်းကိုရွေးသည်။အချို့က လွတ်မြောက်နယ်မြေများသို့ရှောင်တိမ်းသည်။အချို့က ပြည်ပသို့ပညာသင်ရန် ၊အလုပ်လုပ်ရန် စသဖြင့်ထွက်ခွာကြသည်။အချို့က ဘာလုပ်ရမည်မသိ၍ အခြေအနေကို စောင့်ကြည့်ကာ ပေါ်တာလာဆွဲသောအခါတွင်မှ ထွက်ပြေးမည် ၊ မီးစင်ကြည့်ကမည်ဆိုသော လူငယ်များလည်းရှိသည်။
စစ်အုပ်စု၏ စစ်မှုမထမ်းမနေရဥပဒေကြောင့်
နိုင်ငံအတွင်းမှ လူငယ်များ အများအပြားထွက်ပြေးတိမ်းရှောင်နေမှုကို နိုင်ငံတကာသတင်းဌာနကြီးအချို့က ပင် လူငယ်များ အစုလိုက်အပြုံလိုက် ထွက်ပြေးမှု (Exodus)ဆိုသောဝေါဟာရကို စတင်သုံးစွဲလာကြပြီဖြစ်သည်။
“အခုတစ်ခါ ရွှေ့ပြောင်းသွားလာမှုက အရင်မတူတဲ့ ရွှေ့ပြောင်းသွားလာမှုမျိုးဖြစ်တယ်”ဟု ဦးထူးချစ်က ပြောပါသည်။

👍34🤮1😨1
(ထိုင်းနိုင်ငံသို့သွားရောက်ရန် ထိုင်းဗီဇာလျှောက်ထားရန်တန်းစီနေကြသူများ/ ထိုင်းသိူ့တရားမဝင်သွားရောက်၍ ဖမ်းဆီးခံရသော မြန်မာအချို့ /ထိုင်းနယ်စပ်မြို့ မဲဆောက်တွင် မြန်မာများလာရောက်နေထိုင်လျင် သတင်းပို့ရန်ကြေညာချက် ။ဓါတ်ပုံ- People's Spring ၊The Nation ၊ CJ
👍34🔥4❤1