KIAက သတိပေးပြီး ၃ရက်အကြာတွင် မြို့လှ ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
ရဲခေါင်/People's Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး ၃ရက်အကြာတွင် ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားကြောင်း မြို့လှ KPDFက ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ဗျူဟာစခန်းကုန်းသည် KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်တွင် စခန်းစွန့်ခွာသွားခြင်းဟု ဆိုသည်။
နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့သည့် ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေကြောင်း အသိပေးသည်။
ထို့ကြောင့် KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှK-PDF တပ်ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခမရ (၃၈၇)တပ်ကို ပြည့်သူဘက်သို့အလင်းဝင်ရောက်ရေး KIAက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေးစာပို့ခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနှင့် စစ်ကောင်စီ၏ ခလရ(၇၇)တပ်စွဲထားသော ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီ စခန်း များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ထို့အပြင် ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ထပ်မံသိမ်းရန် အစီအစဥ်များရှိသေးကြောင်းလည်း မြို့လှ K-PDFက ထုတ်ပြန် ထားသည်။

👍55👏10❤6🤣1
မြို့လှမြို့အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းကုန်းတည်နေရာမြေပုံနှင့် KIAက သတိပေးခဲ့သည့် စာ။(ဓာတ်ပုံ - မြို့လှ K-PDF)
👍48👏3🤣1
ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ
-People's Spring
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာပါ။
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလ
(ရုံးပိတ်ရက်များပါထည့်တွက်ထား)မှာ လျှောက်ထားသူ ၇၀၀၀ ကျော် ရှိတာကြောင့် တစ်ရက်ကို လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ် ။
လျှောက်ထားသူတဟုန်ထိုးများလာတာကြောင့် ထိုင်းသံရုံး
ဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ အရေအတွက် ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။
ဒါပေမဲ့လည်း အွန်လိုင်းကနေ လျှောက်ထားမှုတွေကလည်း မတ်လ ၁ ရက်ထိ တိုကင်နံပါတ် အားလုံး ပြည့်နေပြီ ဖြစ်သလို လာမယ့် ရက်တွေမှာလည်း ဗီဇာ လျှောက်ထားသူဦးရေ ဆက်လက် တိုးပွားလာမယ်လို့ ခန့်မှန်းထားကြောင်း ကန်ချာနာက မှတ်ချက် ပေးခဲ့ပါတယ်။
အာဆီယံ နိုင်ငံတွေကြား သဘောတူညီမှုအရ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကို ဗီဇာမပါဘဲ ဝင်ရောက်ခွင့် ရှိပေမယ့် ၁၄ ရက်သာ သက်တမ်း ရရှိမယ်လို့ ကန်ချာနာက ဆိုပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်က လူငယ်တွေကို စစ်မှု မထမ်းမနေရအဖြစ် ဆင့်ခေါ်မယ့် ဥပဒေကို အသက်သွင်းလိုက်ခြင်းနဲ့အတူ ထောင်သောင်းချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းဖို့ တက်သုတ်ရိုက် ပြင်ဆင်နေကြပါတယ်။
အကျိုးဆက် အနေနဲ့ အခုသီတင်းပတ် အစောပိုင်းတုန်းက မန္တလေးမြို့၊ ပတ်စ်ပို့တ်ရုံးမှာလည်း ပတ်စ်ပို့တ်အတွက် တန်းစီ စောင့်ဆိုင်းနေသူတွေထဲမှာ အမျိုးသမီးနှစ်ဦး လူပိမိလို့ သေဆုံးခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ထိုင်းနိုင်ငံကို တရားဝင် လမ်းကြောင်းက ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုမှာ ဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတိပေး ပြောကြားထားပါတယ်။
ကိုးကား: Bangkok Post

👍56❤2🔥1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️KIAက သတိပေးပြီး သုံးရက်အကြာ မြို့လှဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး သုံးရက်အကြာမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားတယ်လို့ မြို့လှKPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဗျူဟာစခန်းကုန်းဟာ KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်မှာ စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့တဲ့ ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေခဲ့တာပါ။ စစ်ကောင်စီတပ် စခန်းစွန့်ခွာတဲ့ ဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနဲ့ စစ်ကောင်စီရဲ့ ခလရ(၇၇)တပ်စွဲထားတဲ့ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခံခဲ့ရပါတယ်။
◾️ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA သိမ်းပိုက်
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ကျောက်တော်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမ်းနီးလေ့ကျင့်ရေးသင်တန်းဖြစ်တဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
◾️တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီ စီးနင်း
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။
◾️◾️စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး လိုက်ပါလာသောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦးသေ
စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးနဲ့ အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြားပေးနေသူ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြားရေးဒုဝန်ကြီး ပါဝင်နေတာဖြစ်ပါတယ် ။ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရပေမယ့် လူသေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီနေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။
◾️မုံရွာမြို့မှာ စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

👍38❤5🔥3
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းတွင်းမြစ်တစ်ဘက်ကမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ပေါ်မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မနေ့ နေ့ခင်းကလည်း မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်ဟာ ကြာပိုင်ကျေးရွာအနီးရှိ ကွမ်းခြံများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။
👍25🔥3
စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲKIAနှင့်ပူးပေါင်းတပ်များက လက်နက်မျိုးစုံ အလက် ၅၀ ကျော်နှင့်ခဲယမ်းကျည်များသိမ်းဆည်းရရှိ
ဆန်အောင်/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း) စစ်ကောင်စီစခန်းမှ လက်နက်ကြီး လက်နက်ငယ်အများအပြား ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
စီခမ်းကြီး စစ်ကောင်စီစခန်းကို KIA၊ KPDF နှင့် ရက္ခိုင့်တပ်တော်(AA) တို့က ဖေဖော်ဝါရီ ၁၇ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ၁၉ရက်နေ့ ညနေပိုင်း၌ စခန်းကို အပြီး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
စခမ်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာ စစ်ကောင်စီ အလောင်း ၄၀ ကျော် တွေ့ရှိခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောကြားထားပြီး စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို ယနေ့တွင် ပြသခဲ့သည်။အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များမှ လည်း သေဆုံးဒဏ်ရာရသူ အချို့ရှိခဲ့သည်။
သတင်းရင်းမြစ် ပြသသည့် ဓာတ်ပုံပါ အရ လက်နက်ကြီး ၇လက်ထက်မနည်း၊ လေယာဉ်ပစ် ပွိုင့်ဖိုက် စက်သေနတ်ကြီး ၁လက်၊ RPG ၂လက်၊ စနိုက်ပါ ၁လက်၊ ငါးကြင်းမြီး စက်သေနတ် ၃လက်၊ စက်သေနတ်ငယ် ၁၀လက် ၊ ၄၀ မမ ဗုံးသီးပစ်ခတ်နိုင်သည့် လက်နက်ငယ်များ အပါအဝင် လက်နက်ငယ် အလက် ၃၀ကျော်၊ လက်နက်ကြီးကျည် အများအပြား၊ အီနာဂါ ဗုံးသီးနှင့် ၄၀ မမ ဗုံးသီးများ၊ မိုင်းများ၊ လက်ပစ်ဗုံးများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းထားနိုင်ခဲ့ကြောင်း တွေ့ရသည်။
သိမ်းဆည်းရရှိခဲသည့် လက်နက်ခဲယမ်းများနှင့်အတူ KIA ၊ AAနှင့် KPDF ရဲဘော်များ အောင်ပွဲခံနေသည်ကိုလည်း ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။
အဆိုပါ စီခမ်းကြီး စခန်း သိမ်းပိုက်ထားနိုင်မှုကို KIAနှင့် AA တို့ကလည်း အတည်ပြုထုတ်ပြန်ထားပြီး စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ရဲဘော်အချို့ ကျဆုံးထိခိုက်ခဲ့ဟု AAက အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် စီခမ်းကြီးရွာတစ်ရွာလုံး မီးလောင်ပျက်စီးခဲ့ရပြီး အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများလည်းရှိခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီသည် စီခမ်းကြီးစခန်း မကျရေးအတွက် လေကြောင်း ပစ်ကူ အကြိမ် ၈၀ခန့် အသုံးပြုခုခံခဲ့သော်လည်း သုံးရက်အကြာတွင် သေဆုံးထိခိုက်များစွာဖြင့် စခန်းကို လက်လွှတ်ခဲ့ရသည်။
KIA အနေဖြင့် စီခမ်းကြီး စခန်းအပါအဝင် မံစီမြို့နယ်ရှိ စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး မကြာသေးမီကလည်း မံဝိန်းကြီး စခန်း၊ ကိုက်ထိပ်စခန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

👍44🥰4👏4😁1
စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-CJ
❤50👍22👏9🥰4🤣1🏆1