ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်များအပါအဝင် ၁၀ ဦးကိုကျားဖြန့်လုပ်ငန်း အမှုများဖြင့်တရုတ်ကနေပြည်တော်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရမီဒီယာများ
👍56🔥1
စစ်ကောင်စီအရာရှိများလိုက်ပါယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦးသေပြီး မိုင်းထိသောမာစီးဒီးကားကိုထားခဲ့
▪︎ယာဥ်တန်းတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းမပါဘဲ ၊စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဦးရဲတင့်ပါဝင်
ယောနသံ၊အောင်ဇေယျ/People's Spring
စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်ကောင်စီ၏အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား တော်လှန်ရေးအဖွဲ့များ ကဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
"တိုင်းရင်းသားဒီကရီကောလိပ်ကအပြန် မိုင်းဆွဲတိုက်ခိုက်တာမှန်တယ်။ ဗိုလ်တစ်ယောက်သေတယ်။ ကားပျက်စီးတယ်" ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက People's Spring သို့ပြောသည်။
အဆိုပါယာဉ်တန်း၌ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန်ချီပြောကြားပေးနေသူ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း People's Spring ကသီးခြားအတည်မပြုနိုင်သေးပါ။
အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီ၏ ပြန်ကြားရေးဒုတိယဝန်ကြီးဦးရဲတင့် နှင့် စစ်ကောင်စီအရာရှိများလိုက်ပါလာသောယာဥ်တန်းဖြစ်ပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးက စစ်ကိုင်းမြို့ရှိ တိုင်းရင်းသားလူမျိုးများ ဒီကရီကောလိပ်သို့ သွားရောက်ပြီး အပြန်တွင် ဖေဖော်ဝါရီ ၂၁ ရက်၌ မိုင်းဆွဲတိုက်လိုက်ခံရခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များမှ ဖော်ပြသည်။
မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦးသေဆုံးကြောင်း
စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသော်လည်းဒေသခံ အချို့က ၁ ဦးသေကြောင်းပြောသည်။
စစ်ကိုင်းမြို့ခံတစ်ဦးက " ဇော်မင်းထွန်းပါမပါ မသိဘူး။ ဒါပေမယ့်မိုင်းဆွဲတိုက်ခိုက်တာ ဟုတ်တယ်။စခဗိုလ် နှစ်ယောက်သေတာမဟုတ်ဘူး။တစ်ယောက်သေတာ"ဟု ပြောသည်။
"စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"ဟု အဆိုပါစစ်ဆင်ရေးကို ပြုလုပ်ခဲ့သော Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက ပြောသည်။
မိုင်းဆွဲခံရပြီး ပျက်စီးသွားသော ကားကို ထားခဲ့ပြီးစစ်ကိုင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ဟု သတင်းရရှိသည်။ ပျက်စီးသွားသောကားမှာ နာမည်ကြီးအမျိုးအစားဖြစ်သော မာစီးဒီး ကားဖြစ်ပြီး ကားမှာမိုင်းထိထား၍ ပျက်စီးနေသည်ကိုတွေ့ရသည်။
အဆိုပါယာဥ်တန်းတိုက်ခိုက်ခံရပြီးနောက် မန္တလေး-မုံရွာကားလမ်းရှိအဆိုပါလမ်းပိုင်း ပိတ်၍ ကားများလှည့်ပြန်နေရကြောင်း ကားသမားများကပြောသည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များကမုံရွာ-မန္တလေးလမ်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် စစ်ကောင်စီက မိုင်းရှင်းလင်းရာ လက်လုပ်မိုင်း ၅၀ ကျော်ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် ဒေသ ခံတော်လှန်ရေးအဖွဲ့များ၏ သတိပေးချက်များထုတ်ပြန်ပေးနေသောMonywa Road Information -MRIက ယနေ့ ထုတ်ပြန်ရာတွင် မုံရွာ
- မန္တလေးလမ်းပိုင်းအား ဖေဖော်ဝါရီ ၂၃ ရက်နံနက် ၁၁ နာရီ ခန့်မှစ၍ အရေးပေါ်ပိတ်ကြောင်း က ထုတ်ပြန်သည်။
မုံရွာ-မန္တလေးလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်ကြောင်း၊
ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ဖေဖော်ဝါရီ ၂၃ ရက် ၁၀ နာရီ ၅၆ မိနစ်တွင်ထုတ်ပြန်အသိပေးထားသည်။
အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟုဖော်ပြထားသည်။
(မှတ်ချက် - သတင်းကို ဖေဖော်ဝါရီ ၂၃ ည ၁၂ နာရီတွင် ထပ်မံပြင်ဆင်ဖြည့်စွက်ထားပါသည်)
(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့သော မာစီးဒီးကား။ဓါတ်ပုံ-CJ )

❤61👍44👏9🔥2👎1😁1🖕1
KIAက သတိပေးပြီး ၃ရက်အကြာတွင် မြို့လှ ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
ရဲခေါင်/People's Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး ၃ရက်အကြာတွင် ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားကြောင်း မြို့လှ KPDFက ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ဗျူဟာစခန်းကုန်းသည် KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်တွင် စခန်းစွန့်ခွာသွားခြင်းဟု ဆိုသည်။
နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့သည့် ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေကြောင်း အသိပေးသည်။
ထို့ကြောင့် KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှK-PDF တပ်ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခမရ (၃၈၇)တပ်ကို ပြည့်သူဘက်သို့အလင်းဝင်ရောက်ရေး KIAက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေးစာပို့ခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနှင့် စစ်ကောင်စီ၏ ခလရ(၇၇)တပ်စွဲထားသော ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီ စခန်း များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ထို့အပြင် ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ထပ်မံသိမ်းရန် အစီအစဥ်များရှိသေးကြောင်းလည်း မြို့လှ K-PDFက ထုတ်ပြန် ထားသည်။

👍55👏10❤6🤣1
မြို့လှမြို့အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းကုန်းတည်နေရာမြေပုံနှင့် KIAက သတိပေးခဲ့သည့် စာ။(ဓာတ်ပုံ - မြို့လှ K-PDF)
👍48👏3🤣1
ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ
-People's Spring
စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာပါ။
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေ ကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဖေဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလ
(ရုံးပိတ်ရက်များပါထည့်တွက်ထား)မှာ လျှောက်ထားသူ ၇၀၀၀ ကျော် ရှိတာကြောင့် တစ်ရက်ကို လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ် ။
လျှောက်ထားသူတဟုန်ထိုးများလာတာကြောင့် ထိုင်းသံရုံး
ဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ အရေအတွက် ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။
ဒါပေမဲ့လည်း အွန်လိုင်းကနေ လျှောက်ထားမှုတွေကလည်း မတ်လ ၁ ရက်ထိ တိုကင်နံပါတ် အားလုံး ပြည့်နေပြီ ဖြစ်သလို လာမယ့် ရက်တွေမှာလည်း ဗီဇာ လျှောက်ထားသူဦးရေ ဆက်လက် တိုးပွားလာမယ်လို့ ခန့်မှန်းထားကြောင်း ကန်ချာနာက မှတ်ချက် ပေးခဲ့ပါတယ်။
အာဆီယံ နိုင်ငံတွေကြား သဘောတူညီမှုအရ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကို ဗီဇာမပါဘဲ ဝင်ရောက်ခွင့် ရှိပေမယ့် ၁၄ ရက်သာ သက်တမ်း ရရှိမယ်လို့ ကန်ချာနာက ဆိုပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်က လူငယ်တွေကို စစ်မှု မထမ်းမနေရအဖြစ် ဆင့်ခေါ်မယ့် ဥပဒေကို အသက်သွင်းလိုက်ခြင်းနဲ့အတူ ထောင်သောင်းချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းဖို့ တက်သုတ်ရိုက် ပြင်ဆင်နေကြပါတယ်။
အကျိုးဆက် အနေနဲ့ အခုသီတင်းပတ် အစောပိုင်းတုန်းက မန္တလေးမြို့၊ ပတ်စ်ပို့တ်ရုံးမှာလည်း ပတ်စ်ပို့တ်အတွက် တန်းစီ စောင့်ဆိုင်းနေသူတွေထဲမှာ အမျိုးသမီးနှစ်ဦး လူပိမိလို့ သေဆုံးခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ထိုင်းနိုင်ငံကို တရားဝင် လမ်းကြောင်းက ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုမှာ ဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတိပေး ပြောကြားထားပါတယ်။
ကိုးကား: Bangkok Post

👍56❤2🔥1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️KIAက သတိပေးပြီး သုံးရက်အကြာ မြို့လှဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး သုံးရက်အကြာမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားတယ်လို့ မြို့လှKPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဗျူဟာစခန်းကုန်းဟာ KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်မှာ စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့တဲ့ ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေခဲ့တာပါ။ စစ်ကောင်စီတပ် စခန်းစွန့်ခွာတဲ့ ဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနဲ့ စစ်ကောင်စီရဲ့ ခလရ(၇၇)တပ်စွဲထားတဲ့ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခံခဲ့ရပါတယ်။
◾️ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA သိမ်းပိုက်
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ကျောက်တော်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမ်းနီးလေ့ကျင့်ရေးသင်တန်းဖြစ်တဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
◾️တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီ စီးနင်း
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။
◾️◾️စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး လိုက်ပါလာသောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦးသေ
စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးနဲ့ အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြားပေးနေသူ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်ပေါ်နေပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြားရေးဒုဝန်ကြီး ပါဝင်နေတာဖြစ်ပါတယ် ။ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရပေမယ့် လူသေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီနေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။
◾️မုံရွာမြို့မှာ စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

👍38❤5🔥3
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းတွင်းမြစ်တစ်ဘက်ကမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ပေါ်မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မနေ့ နေ့ခင်းကလည်း မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်ဟာ ကြာပိုင်ကျေးရွာအနီးရှိ ကွမ်းခြံများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။
👍25🔥3