People's Spring
62.9K subscribers
66.3K photos
1.16K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
သို့​သော် စစ်​ကောင်စီတပ်က ရှမ်း​မြောက်တွင်အပစ်ရပ်ထားချိန်တွင် အညာ​ဒေသကိုသာဖိနိုင်ခဲ့​သော်လည်း ရခိုင်ပြည်နယ် ၊ ကရင်နီပြည် ၊ရှမ်း​တောင်ပိုင်း ၊တနသာ်ရီတိုင်း၊ပဲခူးတိုင်း တို့တွင်မူ စစ်​ကောင်စီတပ်အကြီးအကျယ် အထိနာခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်​တော်က ရခိုင်ပြည်နယ် မှ မြို့ ၆ မြို့နှင့် ပလက်ဝ ​ဒေသမှ မြို့ ၂ မြို့ ကိုသိမ်းပိုက်ခဲ့ပြီး ကျန်မြို့များကိုပါ သိမ်းပိုက်နိုင်​ရေး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။ ကရင်နီပြည်တွင်လည်း ကရင်နီပူး​ပေါင်းတပ်များက ရှား​တော ၊​မှော်ချီ၊ရွာသစ် မြို့တို့ကိုပါသိမ်းပိုက်ထိန်းချုပ်ပြီးကျန် မြို့အားလုံးကိုသိမ်းပိုက်ထိန်းချုပ်ရန် ကြိုးစား​နေသည်။

ရှမ်းပြည်နယ်​တွင်လည်း ၁၀၂၇ အပစ်ရပ်ထားချိန်တွင် KIA နှင့်​တော်လှန်​ရေးတပ်ဖွဲ့များက စစ်​ကောင်စီတပ်စခန်းများကိုတစ်ခုပြီးတစ်ခုသိမ်းကာ မဘိမ်းမြို့ကိုသိမ်းပိုက်ခဲ့သလို နမ့်ဖက်ကာဗျူဟာကုန်း ကိုလည်းသိမ်းပိုက်နိုင်ခဲ့သည်။ ထိုအပြင် KIA သည် ကချင်ပြည်နယ်တွင် ဇန်နဝါရီနှင့် ​ဖေ​ဖော်ဝါရီလတွင် စစ်တပ်စခန်း​ပေါင်းများစွာကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ရှမ်းပြည်နယ်​တောင်ပိုင်းတွင်လည်း NCA လက်မှတ်​ရေးထိုးထား​သော PNLO/PNLA က ​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ စစ်တပ်ကို စတင်ခုခံတိုက်ခိုက်ပြီး ဆီဆိုင်မြို့ ကိုပါသိမ်းပိုက်ထိန်းချုပ်ထားသည်။

ပဲခူးတိုင်းနှင့် တနသာ်ရီတိုင်းတွင်လည်း ​တော်လှန်​ရေးအဖွဲ့များက စစ်​ကောင်စီတပ်အ​ပေါ် ထိုးစစ်ဆင်တိုက်လိုက်မှုများပို၍ပြုလုပ်လာနိုင်သည်ကို​တွေ့ရသည်။

စစ်ကိုင်းတိုင်းမှာပင် ​ဒေသအချို့အဖိခံ​နေရချိန်တွင် တမူးမြို့နယ်ရှိ ​အောင်​ဇေယျ စခန်း ၊ တန့်ဆည် ၊က​လေး မြို့တို့ရှိ စစ်​တပ်စခန်းများ ၊ပျူစခန်းများကို ​တော်လှန်​ရေးအဖွဲ့များကထိုးစစ်ဆင်၍ တန်ပြန် စခန်းသိမ်းတိုက်ပွဲများဆင်​နွှဲ​နေကြသည်။ ​ကောလင်းအပါအဝင် ​​​မော်လူး ၊ ​ရွှေပြည်​အေး စ​သော​ဒေသများတွင်လည်းတိုက်ပွဲများပြင်းထန်​နေသည်။

ခရိုင်ပကဖတာဝန်ခံ ရဲဘော် ဇော်အောင်က The call-​ခေါ်သံအွန်လိုင်း မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ​ကောလင်းမြို့​ တိုက်ပွဲနှင့်ပတ်သပ်၍ ​
"ကောလင်းမြို့ထဲ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို အခု ပိတ်ဆို့ဖြတ်တောက်ထားတယ်၊ ကောလင်းဂွင်ဟာ သတ်ကွင်း ဖြစ်လာလိမ့်မယ်။ ကောလင်းမြို့ကို ကျွန်တော်တို့ ရအောင် ပြန်ယူမှာပါ။ လက်ရှိမှာ စစ်ဗျူဟာအရ အဆုတ်အတက် ကစားရတာတော့ ရှိလိမ့်မယ်။ ကောလင်းသာမကဘူး စစ်ကိုင်းတိုင်းတတိုင်းလုံး ကျွန်တော်တို့ ရအောင် ဆက်လုပ်မယ်"ဟုဆို​လေသည်။ ။
👍38🔥2👏2
ဖေဖော်ဝါရီလတွင် ရေဦးမြိုနယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများ။ဓါတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး၊ Peoople Defence Comrade
👍30😭11🔥4🤣1
စစ်​ကောင်စီက ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များကို တရုတ်ထံလွှဲ​ပြောင်း​ပေးခဲ့​ခြင်းမှာ မလုပ်သင့်​သောလုပ်ရပ်ဟု ဗိုလ်မှူးကြီး​စောချစ်သူ​ပြောကြား

ယန်းဒီ/People’s Spring

စစ်အုပ်စု၏ ကာလရှည် မဟာမိတ် ကိုးကန့်ဒေသခေါင်းဆောင်းဟောင်းအပါအဝင် ၁၀ ဦးကို တရုတ်နိုင်ငံထံ စစ်ကောင်စီက လွှဲပြောင်းပေးခဲ့ခြင်းအပေါ် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ၎င်းတို့သည် မြန်မာနိုင်ငံသားမှန်ကန်ပါက မလွှဲပြောင်းပေးသင့်ကြောင်း ဝေဖန်ထောက်ပြသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ပြည်ခိုင်ဖြိုးအမတ်​ဟောင်းဖြစ်​ ၊ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်ဖြစ်သော ဦးပယ်ဆောက်ချိန် ၊၎င်း၏သား ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင် အပါ
အဝင် ၁၀ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ဇန်နဝါရီ လကုန်ပိုင်းတွင် တရုတ်နိုင်ငံထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းအပေါ် ကရင်BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ အမြင်သဘောထားကို မေးမြန်းခဲ့ရာ “ကျွန်တော်ကတော့ ထူးထူးထွေထွေ ဘာမှ မမြင်ပါဘူး။ ကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့နိုင်ငံမှာလည်း တရားဥပဒေရှိပါတယ်။ ကိုယ့်နိုင်ငံသားမှန်ကန်ရင်ဒါကို မလုပ်သင့်ပါဘူး။ လုပ်စရာ မလိုလောက်ပါဘူး” ဟု People’s Spring သို့ ပြောသည်။

တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)နှင့်ပတ်သက််၍ နိုင်ငံဖြတ်ကျော််ဖမ်းဆီးမှုများ ၊ နှိမ်နင််းမှုများ လုပ်ဆောင်နေရာ အာဏာသိမ်းစစ်ကောင်စီကလည်း တရုတ်အလိုရှိနေသော မြန်မာနိုင်ငံသားများကို တရုတ်ထံ လွှဲပြောင်းပေးအပ်မှုရှိခဲ့သည်။ ထိုအခြေအနေတွင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသည််ဟု စွပ်စွဲခံထားရသော BGF ခေါင််းဆောင်် ဗိုလ်မှူးကြီးစောချစ််သူက ကျားဖြန့်နှင့်ပတ်သက််၍ စိုးရိမ်မှုမရှိကြောင်း တုန့်ပြန်သည်။

BGF အနေဖြင့်ယင်းလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိသကဲ့သို့ တရုတ်နိုင်ငံသား ၃၀၀၀ နီးပါးကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ဆိုသည်။

“တရုတ်နိုင်ငံသားတွေလည်း အများကြီး မရှိတော့ပါဘူး။
ဆင့်ခေါ်အကြောင်းကြားတာတို့ သိသိချင်း ကျွန်တော်တို့ ပြန်ပို့ပေးတာ လူအားလုံး ၂၀၀၀ကျော် ၃၀၀၀ နီးနီးရှိပါပြီ။ (ကျားဖြန့်ကို) ကျွန်တော်တို့လည်း လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် ၂၀၂၃ ဒီဇင်ဘာတွင် BGF ခေါင််းဆောင််ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို အမေရိကန်၊​ ဗြိတိန််နှင့် ကနေဒါတို့ ပူးပေါင်း အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့ရာ ဒဏ်ခတ််ပိတ်ဆို့မှုခံရသူများမှာ ဒေသတွင်း အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ လည်ပတ်စေပြီး လူကုန်ကူးခံရသူများကို အတင်းအကျပ် ခိုင်းစေမှုများ ကျူးလွန်နေကြောင်း ကြေညာသည်။ ၎င်းတို့သည် လူမှောင်ခိုမှု၊ အဓမ္မခိုင်းစေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန််ကြောင််း အထက်ပါသုံးနိုင််ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြေ
ညာချက်၌ ဖော််ပြသည််။

ထိုသို့ဒဏ်ခတ််ပိတ်ဆို့မှုများအပေါ် BGF ခေါင်းဆောင်စောချစ်သူက “ဘာမှ မပြောချင်ဘူး။ ကျွန်တော်တို့ လုပ်တာအမှန်ဆိုရင် ကိုယ့်ရဲ့ပြည်သူလူထုကို နစ်နာတာတို့၊ ဒုက္ခရောက်တာတို့ ရှိလား” ဟု တုန့်ပြန်သည်။

ကရင်နယ်ခြားစောင့်တပ် BGF သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖြစ် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ အကြမ်းဖက်စစ်တပ်ထံမှ ရိက္ခာနှင့် လစာ ယူခဲ့ပြီး လက်ရှိတွင်စစ်တပ်ထံမှ ရိက္ခာနှင့် လစာမယူတော့ဘဲ BGF ကို ပြောင်းလဲကာ သီးခြားရပ်တည်တော့မည်ဟု ယခုနှစ်ဆန်းတွင် ကြေညာသည်။ BGF သည် ကရင့်တပ်အချင်းချင်းတိုက်ခိုက်လိုခြင်းမရှိတော့ကြောင်းနှင့် စစ်တပ်ထံမှ ရိက္ခာ၊လစာမယူတော့ကြောင်း အချက်၂ချက်ကို တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်များနှင့်ပတ်သက်၍ စစ်တပ်က ဖေဖော်ဝါရီ ၂၁ ရက်အထိ တုန့်ပြန်အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။

သို့သော် အာဏာသိမ်းစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်
BGF တို့ မြေပြင်ထိတွေ့မှုနှင့် စစ်ရေးတင်းမာမှု မရှိကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။ ထို့အပြင်် ‘အကြမ်းဖစ်စစ််တပ်နှင့် ပြန်လည်ပေါင်းစည်းရေးဖြစ်လာနိုင်ပါသလား’ မေးခွန်းကို “ ဒါတော့လည်း ကျွန်တော်မပြောနိုင်ဘူး” ဟု မတင်မကျဖြေသည်။
😁43👍27🤣42
ကိုးကန့်ပြည်သူ့စစ်​ခေါင်း​ဆောင်များအပါအဝင် ၁၀ ဦးကိုကျားဖြန့်လုပ်ငန်း အမှုများဖြင့်တရုတ်က​နေပြည်​တော်သို့လာ​ရောက်ဖမ်းဆီး​ခေါ်​ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရမီဒီယာများ
👍56🔥1
စစ်​ကောင်စီအရာရှိများလိုက်ပါယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး​သေပြီး မိုင်းထိ​သောမာစီးဒီးကားကိုထားခဲ့

︎ယာဥ်တန်းတွင် စစ်​ကောင်စီ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းမပါဘဲ ၊စစ်​ကောင်စီပြန်ကြား​ရေးဒုဝန်ကြီး ဦးရဲတင့်ပါဝင်​

ယောနသံ၊​အောင်​ဇေယျ/People's Spring

စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်‌ကောင်စီ၏အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား ​တော်လှန်​ရေးအဖွဲ့များ ကဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

"တိုင်းရင်းသားဒီကရီကောလိပ်ကအပြန် မိုင်းဆွဲတိုက်ခိုက်တာမှန်တယ်။ ဗိုလ်တစ်ယောက်သေတယ်။ ကားပျက်စီးတယ်" ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက People's Spring သို့ပြောသည်။

အဆိုပါယာဉ်တန်း၌ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန်ချီ​ပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​သော်လည်း People's Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

အဆိုပါယာဉ်တန်းတွင် စစ်​ကောင်စီ၏ ပြန်ကြား​ရေးဒုတိယဝန်ကြီးဦးရဲတင့် နှင့် စစ်​ကောင်စီအရာရှိများလိုက်ပါလာ​သောယာဥ်တန်းဖြစ်ပြီး စစ်​ကောင်စီ ဒုတိယဝန်ကြီးက စစ်ကိုင်းမြို့ရှိ တိုင်းရင်းသားလူမျိုးများ ဒီကရီ​ကောလိပ်သို့ သွား​ရောက်ပြီး အပြန်တွင် ​ဖေ​ဖော်ဝါရီ ၂၁ ရက်၌ မိုင်းဆွဲတိုက်လိုက်ခံရခြင်းဖြစ်​ကြောင်း စစ်​ကောင်စီနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များမှ ​ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး​သေဆုံး​ကြောင်း
​​စစ်​ရေးသတင်းရင်းမြစ်အချို့က ​​ပြော​သော်လည်း​ဒေသခံ အချို့က ၁ ဦး​သေ​ကြောင်း​ပြောသည်။

စစ်ကိုင်းမြို့ခံတစ်ဦးက " ဇော်မင်းထွန်းပါမပါ မသိဘူး။ ဒါပေမယ့်မိုင်းဆွဲတိုက်ခိုက်တာ ဟုတ်တယ်။စခဗိုလ် နှစ်ယောက်သေတာမဟုတ်ဘူး။တစ်ယောက်သေတာ"ဟု ​ပြောသည်။

"စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"ဟု အဆိုပါစစ်ဆင်​ရေးကို ပြုလုပ်ခဲ့​သော Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက ပြောသည်။

မိုင်းဆွဲခံရပြီး ပျက်စီးသွားသော ကားကို ထားခဲ့ပြီးစစ်ကိုင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသည်ဟု သတင်းရရှိသည်။ ပျက်စီးသွား​သောကားမှာ နာမည်ကြီးအမျိုးအစားဖြစ်​သော မာစီးဒီး ကားဖြစ်​ပြီး ကားမှာမိုင်းထိထား၍ ပျက်စီးနေသည်ကို​တွေ့ရသည်။

အဆိုပါယာဥ်တန်းတိုက်ခိုက်ခံရပြီး​နောက် မန္တ​လေး-မုံရွာကားလမ်းရှိအဆိုပါလမ်းပိုင်း ပိတ်၍ ကားများလှည့်ပြန်​နေရ​ကြောင်း ကားသမားများက​ပြောသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များကမုံရွာ-မန္တ​လေးလမ်းကို ​ဖေ​ဖော်ဝါရီ ၂၃ ရက်တွင် စစ်​ကောင်စီက မိုင်းရှင်းလင်းရာ လက်လုပ်မိုင်း ၅၀ ​​​ကျော်ရှင်းလင်းနိုင်ခဲ့​ကြောင်း ​ဖော်ပြထားသည်။

သို့​သော် ​ဒေသ ​ခံတော်လှန်​ရေးအဖွဲ့များ၏ သတိ​ပေးချက်များထုတ်ပြန်​ပေး​နေ​သောMonywa Road Information -MRIက ယ​နေ့ ထုတ်ပြန်ရာတွင် မုံရွာ
- မန္တလေးလမ်းပိုင်းအား ​ဖေ​ဖော်ဝါရီ ၂၃ ရက်နံနက် ၁၁ နာရီ ခန့်မှစ၍ အရေးပေါ်ပိတ်​ကြောင်း က ထုတ်ပြန်သည်။

မုံရွာ-မန္တလေးလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက်​ကြောင်း၊
ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ​​ဖေ​ဖော်ဝါရီ ၂၃ ရက် ၁၀ နာရီ ၅၆ မိနစ်တွင်ထုတ်ပြန်အသိ​ပေးထားသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု​​ဖော်ပြထားသည်။

(မှတ်ချက် - သတင်းကို ​ဖေ​ဖော်ဝါရီ ၂၃ ည ၁၂ နာရီတွင် ထပ်မံပြင်ဆင်ဖြည့်စွက်ထားပါသည်)

(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့​သော မာစီးဒီးကား။ဓါတ်ပုံ-CJ )

(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့​သော မာစီးဒီးကား။ဓါတ်ပုံ-CJ )
61👍44👏9🔥2👎1😁1🖕1
66👍28👏18🔥2
KIAက သတိပေးပြီး ၃ရက်အကြာတွင် မြို့လှ ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ

ရဲခေါင်/People's Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး ၃ရက်အကြာတွင် ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားကြောင်း မြို့လှ KPDFက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ ဗျူဟာစခန်းကုန်းသည် KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်တွင် စခန်းစွန့်ခွာသွားခြင်းဟု ဆိုသည်။

နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့သည့် ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေကြောင်း အသိပေးသည်။

ထို့ကြောင့် KIA အမှတ်(၅)တပ်ရင်းနှင့် မြို့လှK-PDF တပ်ရင်းတို့မှ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ခမရ (၃၈၇)တပ်ကို ပြည့်သူဘက်သို့အလင်းဝင်ရောက်ရေး KIAက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတိပေးစာပို့ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနှင့် စစ်ကောင်စီ၏ ခလရ(၇၇)တပ်စွဲထားသော ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီ စခန်း များကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

ထို့အပြင် ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို ထပ်မံသိမ်းရန် အစီအစဥ်များရှိသေးကြောင်းလည်း မြို့လှ K-PDFက ထုတ်ပြန် ထားသည်။
👍55👏106🤣1
👍55👏51🤣1
မြို့လှမြို့အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းကုန်းတည်နေရာမြေပုံနှင့် KIAက သတိပေးခဲ့သည့် စာ။(ဓာတ်ပုံ - မြို့လှ K-PDF)
👍48👏3🤣1
ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ

-People's Spring

စစ်​ကောင်စီ၏ စစ်မှုမထမ်းမ​နေရ ဥပဒေရဲ့ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာပါ။

စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရ ဥပ​ဒေ ကို ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီး​တော့ ​ဖေ​ဖော်ဝါရီ ၁၁ ရက်က​နေ​ ဖေ​ဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလ
(ရုံးပိတ်ရက်များပါထည့်တွက်ထား)မှာ ​လျှောက်ထားသူ ၇၀၀၀ ​ကျော် ရှိတာ​ကြောင့် တစ်ရက်ကို ​လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ် ။

​​လျှောက်ထားသူတဟုန်ထိုးများလာတာ​ကြောင့် ထိုင်းသံရုံး
ဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ အရေအတွက် ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။

ဒါပေမဲ့လည်း အွန်လိုင်းကနေ လျှောက်ထားမှုတွေကလည်း မတ်လ ၁ ရက်ထိ တိုကင်နံပါတ် အားလုံး ပြည့်နေပြီ ဖြစ်သလို လာမယ့် ရက်တွေမှာလည်း ဗီဇာ လျှောက်ထားသူဦးရေ ဆက်လက် တိုးပွားလာမယ်လို့ ခန့်မှန်းထားကြောင်း ကန်ချာနာက မှတ်ချက် ပေးခဲ့ပါတယ်။

အာဆီယံ နိုင်ငံတွေကြား သဘောတူညီမှုအရ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကို ဗီဇာမပါဘဲ ဝင်ရောက်ခွင့် ရှိပေမယ့် ၁၄ ရက်သာ သက်တမ်း ရရှိမယ်လို့ ကန်ချာနာက ဆိုပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်က လူငယ်တွေကို စစ်မှု မထမ်းမနေရအဖြစ် ဆင့်ခေါ်မယ့် ဥပဒေကို အသက်သွင်းလိုက်ခြင်းနဲ့အတူ ထောင်သောင်းချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းဖို့ တက်သုတ်ရိုက် ပြင်ဆင်နေကြပါတယ်။

အကျိုးဆက် အနေနဲ့ အခုသီတင်းပတ် အစောပိုင်းတုန်းက မန္တလေးမြို့၊ ပတ်စ်ပို့တ်ရုံးမှာလည်း ပတ်စ်ပို့တ်အတွက် တန်းစီ စောင့်ဆိုင်းနေသူတွေထဲမှာ အမျိုးသမီးနှစ်ဦး လူပိမိလို့ သေဆုံးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ထိုင်းနိုင်ငံကို တရားဝင် လမ်းကြောင်းက ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုမှာ ဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတိပေး ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post
👍562🔥1
ထိုင်းသံရုံး​ရှေ့တွင် ဗီဇာ​လျှောက်ထားရန်တန်းစီ​နေသူများကို ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်က​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring
👍45🔥1
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️KIAက သတိပေးပြီး သုံးရက်အကြာ မြို့လှဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သတိပေးပြီး သုံးရက်အကြာမှာ ရွှေကူမြို့နယ်၊ မြို့လှမြို့အခြေစိုက် ဗျူဟာစခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားတယ်လို့ မြို့လှKPDFက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဗျူဟာစခန်းကုန်းဟာ KIA အမှတ်(၅)၊ မြို့လှ K-PDF တပ်ရင်း နယ်မြေအတွင်းရှိပြီး ဖေဖော်ဝါရီ ၂၂ရက်မှာ စခန်းစွန့်ခွာသွားခဲ့တာလို့ ဆိုပါတယ်။ နှစ်ပေါင်း ၂၀ကျော်ကြာတပ်စွဲခဲ့တဲ့ ဗျူဟာစခန်းကုန်းကို တပ်မ (၈၈)လက်အောက်ခံ ခမရ(၃၈၇)တပ် ဗျူဟာမှူး ဝင်းသူရအောင်က စွန့်ခွာမှုမတိုင်မီအထိ ဦးစီးနေခဲ့တာပါ။ စစ်ကောင်စီတပ် စခန်းစွန့်ခွာတဲ့ ဖြစ်စဥ်မတိုင်မီက KIA အမှတ်(၅)တပ်ရင်း နယ်မြေရှိ ခမရ(၃၈၇) စစ်တပ်အခြေစိုက် ပန်းခွန်ရံနဲ့ စစ်ကောင်စီရဲ့ ခလရ(၇၇)တပ်စွဲထားတဲ့ ကျောက်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ခံခဲ့ရပါတယ်။

◾️ပုဏ္ဏားကျွန်းမြို့မရဲစခန်းကို AA သိမ်းပိုက်

ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ မြို့မရဲစခန်းကို ဖေဖော်ဝါရီ ၂၂ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ကျောက်တော်မြို့များကို တိုက်ခိုက်သိမ်းပိုက်ထားတဲ့ AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ ကမ်းနီး​လေ့ကျင့်​ရေးသင်တန်းဖြစ်​တဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

◾️တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်​ကောင်စီ စီးနင်း

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုဟာ တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများမှာ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်အစောပိုင်းမှာ တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ​ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လောင်းကစားရုံဟာ တာချီလိတ်နဲ့ ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေးမှာ ကပ်လျက်တည်ရှိပါတယ်။ ကျားဖြန့်ရုံမှာ နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မယ့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေပါတယ်။

◾️◾️စစ်​ကောင်စီ ပြန်ကြား​ရေးဒုဝန်ကြီး လိုက်ပါလာ​သောယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦး​သေ

စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာတဲ့ စစ်‌ကောင်စီရဲ့ ပြန်ကြား​ရေးဒုဝန်ကြီးနဲ့ အရာရှိ​တွေလိုက်ပါလာတဲ့ ယာဉ်တန်းကို ​တော်လှန်​ရေးအဖွဲ့များက ​ဖေ​ဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန့်ချိပြောကြား​ပေး​နေသူ စစ်​ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက်​ပေါ်​နေ​ပေမယ့် ၎င်းမဟုတ်ပဲ ပြန်ကြား​ရေးဒုဝန်ကြီး ပါဝင်​နေတာဖြစ်ပါတယ် ။ စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်​တွေက ဒုဝန်ကြီးယာဥ်တန်းတိုက်ခိုက်ခံရ​ပေမယ့် လူ​သေဆုံးမှူ မရှိဘူးလို့ ဝါဒဖြန့်ချီ​နေကြပါတယ် ။ တိုက်ခိုက်ခဲ့တဲ့Phoenix-Sagaing အဖွဲ့၏ တာဝန်ခံက "စစ်ခွေးဘက်က သုံးပွင့် ဗိုလ် တစ်ကောင် သေတယ်လို့ သတင်းရပါတယ်။ သတင်းအရ ခွေးအကောင် ကြီးကြီးတွေ ပါတယ်ဆိုလို့ မိုင်းဆွဲခဲ့တာပါဗျ။ ဘယ်သူတွေ ပါတယ်ဆိုတာတော့အတည်မပြု နိုင်သေးပါဘူး။"လို့ ပြောပါတယ် ။

◾️မုံရွာမြို့မှာ စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ
👍385🔥3
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းတွင်းမြစ်တစ်ဘက်ကမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာမြို့ပေါ်မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ မနေ့ နေ့ခင်းကလည်း မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်ဟာ ကြာပိုင်ကျေးရွာအနီးရှိ ကွမ်းခြံများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံများက ပြောပါတယ်။
👍25🔥3
👏24👍13🔥1