AA ကပုဏ္ဏားကျွန်းမြို့မရဲစခန်းအား သိမ်းပိုက်
▪︎ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့ရှိစစ်စခန်းများရရှိရေး ဆက်လက်ထိုးစစ်ဆင်ဟု အသိ
ပေး
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ၊ မြို့မရဲစခန်းအား ဖေဖော်ဝါရီ ၂၂ရက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ နှင့် ကျောက်တော်မြို့များအား တိုက်ခိုက်သိမ်းပိုက်ထားသည့် AAက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ပုဏ္ဍားကျွန်းရဲစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင် မင်းပြားမြို့ နယ်ရှိ ကမ်းနီရွာအနီးရှိ စစ်ကောင်စီတပ်၏ ကမ်းနီးလေ့ကျင့်ရေးသင်တန်းဖြစ်သော အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုလည်းသိရသည်။
ယခု ထိုးစစ်ဆင်နေသည့် မြို့များရှိ လက်နက်ချအညံ့မခံသောစစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း AAက ထပ်မံ အသိပေးသည်။
ရန်သူ့စခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီကလည်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ရမ်းဗြဲမြို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်ရက်များအတိုင်း ဆက်လက်ပြုခဲ့ရာ ဖေဖော်
ဝါရီ ၂၂ရက် ညနေ (၅) နာရီပတ်ဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်များ ကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှု နှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

❤33👍21👏2🙏2😁1
မုံရွာမြို့တွင် စစ်တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်နေ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းတွင်းမြစ်တစ်ဘက်ကမ်းသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ ရက်)နေ့လယ် ၁၂ နာရီခန့်က မုံရွာမြို့ပေါ်မှ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ဘက်သို့ လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
"မုံရွာအရှေ့ဘက် Ocean စင်တာ အနောက်ကနေ အနောက်ဘက်ကမ်း ညောင်ပင်ကြီးဘက်ကို လက်နက်ကြီးနဲ့ထုတာ။ ခုနစ်ချက်လောက်ရှိတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ ယမန်နေ့ နေ့လယ်ကပင် မုံရွာမြို့နယ်၊
တောပုပျူစောထီးရွာမှ စစ်ကောင်စီတပ်သည် ကြာပိုင်ကျေးရွာအနီးရှိ ကွမ်းခြံများအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်နေ၍ ပြည်သူထိခိုက်သေဆုံးမှု လစဥ်နီးပါးရှိနေသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ၁၂ ရက်ကလည်း ထနောင်းတော(တောင်)ရွာ၌ အမျိုးသား လေးဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ၁၇ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာသို့ လက်နက်ကြီးကျည်များကျရောက်ပြီး ပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

😡38👍6😢3🤬2❤1
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်အား တွေ့ရစဥ်။ ဓာတ်ပုံ- မုံရွာရပ်ကွက်ကင်းထောက်များ)
😡26👍3😢2❤1🤬1
တာချီလိတ်ရှိ ကျားဖြန့်ရုံအချို့ကို စစ်ကောင်စီ
စီးနင်းမှု ဟန်ပြဟု မြို့ခံများပြော
ရွှေပြည်စိုး/People's Spring
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည်တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်းသတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင်တာချီလိတ်မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ဝန်ထမ်းများအားဖမ်းဆီးထားကြောင်းသတင်းရရှိသည်။
"ရဲမှူးချုပ်တင်ကိုကို ကြိုပြီးကာဗာယူတာထင်တယ်။ သူဒီအတိုင်းလွှတ်ထားတဲ့ ကျားဖြန့်တွေကို ဝင်ဖမ်းနေတယ်။ ထိုင်းနိုင်ငံသားတွေကို ထိုင်းဖက်ကိုတန်းလွှဲတယ်။ မြန်မာဝန်ထမ်းတွေကို ရုံထဲမှာ ထားတယ်။ အခုအဖမ်းခံရသူတွေက ညဆိုင်းသမားတွေ။ မနက်ဆိုင်းသမားတွေကို စောင့်ဖမ်းနေတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်မှ 1G1 ဟိုတယ် အနောက်ဘက်ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် အစောပိုင်း ၁နာရီခန့်တွင် စစ်ကောင်စီ၏စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခြင်းခဲ့ခြင်းဖြစ်သည်။ ထိုကျားဖြန့်လောင်းကစားရုံသည် တာချီလိတ်နှင့် ထိုင်းနိုင်ငံကြားရှိ မယ်ဆိုင်ချောင်းဘေး၌ ကပ်လျက်တည်ရှိသည်။
ထိုကျားဖြန့်ရုံသည် နေ့ရောညပါ ဖွင့်သောကြောင့် မနက်ပိုင်းလာရောက်မည့် ဝန်ထမ်းများ အဖမ်းမခံရစေရေးအတွက် မြို့ခံများက အချင်းချင်းသတိပေးနေသည်။
အဖမ်းခံထားရသည့် မြန်မာဝန်ထမ်းအမျိုးသမီးအချို့က ၎င်းတို့အားလာရောက်ကယ်ထုတ်ရန် ပြင်ပရှိ ဆွေမျိုးများထံ အကူအညီတောင်းထားသည့် အသံဖိုင်ကို People's Spring က ရရှိထားသည်။ အမျိုးသားဝန်ထမ်းများကို ဖမ်းခေါ်သွားပြီး ၊အမျိုးသမီးများကို အခန်းများအတွင်း ၃၀ ဦးစီစုစေကာ ဖုန်းများကိုလည်း စစ်သားနှင့် ရဲများက လိုက်သိမ်းနေကြောင်းဖမ်းဆီးခံရသူတစ်ဦးကပြောထားသည်။
တာချီလိတ်မြို့တွင် တရုတ်၊ထိုင်းနှင့် မြန်မာနိုင်ငံသားအချို့ပိုင်သည့် ကျားဖြန့်လုပ်ငန်းလောင်းကစားရုံများ ရှိနေပြီး ယခုစီးနင်းခံရသည့်လောင်းကစားရုံသည် မြန်မာနိုင်ငံသားပိုင်ဖြစ်သည်။ လောင်းကစားရုံများအတွင်း တရုတ်နှင့်ထိုင်းနိုင်ငံသားအချို့အပါအဝင် အာရှနိုင်ငံများမှ နိုင်ငံသားအချို့ လူကုန်ကူးခံထားရပြီး ၎င်းတို့အားကယ်ထုတ်ပေးရေး အကူးအညီတောင်းထားသည့်ဖြစ်စဉ်များရှိကြောင်း ဒေသာတွင်းသတင်းရင်းမြစ်များကပြောသည်။
တရုတ်နိုင်ငံသားများကိုအထိနာစေသည့်ရှမ်းပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းမည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ရှိ ကျားဖြန့်ခေါင်းဆောင်များ ၊ ပါဝင်ပတ်သပ်နေသူများကို MNDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် စစ်ကောင်စီတို့ကသီးခြားစီ ဖမ်းဆီး၍ တရုတ်အစိုးရထံလွှဲပြောင်းပေးထားသည်။သို့သော်ရှမ်းမြောက်မှ ရွေ့ပြောင်းလာသော ကျားဖြန့်လုပ်ငန်းများအပါအဝင် တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကို တရုတ်ကကိုင်တွယ်ခြင်းမရှိသေးပေ။ ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်
မြောက်ပိုင်းမဟာမိန့်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည် စစ်တပ်မှအသွင်ပြောင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။ ထိုသတင်းများနှင့် ပတ်သက်၍ People's Spring က မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။

👍44❤2👏1😁1🤣1
မြန်မာနိုင်ငံသားပိုင်သောကျားဖြန့်လုပ်ငန်းအချို့ကို စစ်ကောင်စီတပ်နှင့် ရဲများက စီးနင်းဖမ်းဆီးပြုလုပ်ပြီး စစ်ကောင်စီထောက်ခံသူအချို့က လူမှုကွန်ယက်တွင်ဖြန့်ဝေနေသောဓါတ်ပုံအချို့
👍25🤣3❤2😁1🖕1
▪︎ဆောင်းပါး
ရှမ်းမြောက်အပစ်ရပ်ချိန် အညာကိုဖိနေတဲ့စစ်ကောင်စီ
-အောင်ဇေယျ/People's Spring
ဆိုင်ကယ်နှင့် ထော်လာဂျီများပေါ်တွင် အထုပ်အပိုးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်များတင်ဆောင်ပြီး အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေကြသည်။ တချို့ဆိုင်ကယ်ပေါ်တွင် အဘွားအိုများပါရှိပြီး အဆိုပါအဘွားအိုက အသာအယာထိုင်၍ လိုက်ပါခြင်းမဟုတ်။ အထုပ်ကြီးတစ်ထုပ် ကိုင်ဆောင်ထားရသည်။
ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။
၎င်းတို့မောင်းနှင်နေသည်မှာ နေအိမ်အမြန်ရောက်ရန် အရှိန်ဖြင့်မောင်းနှင်နေခြင်းမဟုတ်။ အညာဒေသတွင် လူသတ်၊မီးရှို့ ၊အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဘေးလွတ်ရာထွက်ပြေးနေကြရခြင်း ဖြစ်ပါသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး သဲကုန်းကြီးကျေးရွာအား မီးရှို့ဖျက်ဆီးသောကြောင့်အနီးအနားရှိ ကျေးရွာ ၁၇ရွာကျော်မှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည့် မြင်ကွင်းဖြစ်ပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများ
တွင် အရှုံးကြီး ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က မြေပြန့်အညာဒေသ၌ ဒေသကာကွယ်ရေးတပ်များကိုသာမက ပြည်သူများကိုပါ အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ပြုလုပ်လာနေခြင်းဖြစ်သည်။
အထူးသဖြင့် ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံ၏ ကြားဝင်မှုနှင့်အတူ ဟိုက်ဂင်သဘောတူညီချက်ဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ဇန်နဝါရီ ၁၁ ရက် နောက်ပိုင်းတို့တွင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ ဒေသအချို့ကို စစ်ကောင်တပ်က စစ်ကြောင်းထိုးကာ အကြမ်းဖက်မှုများပိုမိုပြုလုပ်လာသည်။ People's Spring စုဆောင်ထားသော အချက်အလက်များအရ စစ်ကောင်စီတပ်က စစ်ကိုင်း၊မန္တလေး၊မကွေးတိုင်းတို့မှ ပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါသည်။
စစ်ကောင်စီတပ်က နေရာစုံတွင် ရှုံးပွဲဆက်ကာ စိတ်ဓါတ်ကျဆင်းနေသောစစ်တပ်နှင့်စစ်တပ်ထောက်ခံသူများ၏ စိတ်ဓါတ်ကို ပြန်မြှင့်နိုင်ရန် ၊NUG ၏ PDF များသိမ်းပိုက်ထားသောမြို့များကို ပြန်သိမ်းပြီးတော်လှန်ရေးအင်အားစုများ၏ စိတ်ဓါတ်ကို ဖြိုခွင်းရန် စစ်ကောင်စီက ကြံစည်ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများကသုံးသပ်သည်။
▪︎မန္တလေးတိုင်း
ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်အကြမ်းဖက်သတ်ဖြတ်မှု အများဆုံးခံရသောဒေသမှာ မန္တလေးတိုင်း မတ္တရာမြို့နယ် ဖြစ်သည်။ဇန်နဝါရီ ၉ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးရင်း အလည်ကျေးရွာ၊ မှော်နီကုန်းကျေးရွာနှင့် ဆင်ကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်သွားသည်။ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးလည်း လက်နက်ကြီးဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ထို့အပြင် ကျေးရွာ၅ ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
စစ်ကောင်စီကို ခုခံတော်လှန်မှုအားကောင်းသော
မတ္တရာမြို့နယ်မှာ ၂၀၂၃ နိုဝင်ဘာလမှ ၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းအထိ့ ပြည်သူ ၄၀ ကျော်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
"စကစကလည်း အင်အားအလုံးအရင်းနဲ့ကို နယ်မြေရှင်းလင်းရေးပုံစံမျိုး လုပ်နေတာမျိုးရှိတယ်။ ခုနောက်ပိုင်း တော်လှန်ရေးအရှိန်အားကောင်းလာတာနဲ့အမျှ ကျွန်တော်တို့ဘက်ကလည်း စစ်ရေးဖော်ဆောင်လာနိုင်တာတွေရှိတယ်။" မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အလားတူ စစ်ကောင်စီအား တော်လှန်မှုအားကောင်းသော မြင်းခြံမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလကုန်ပိုင်း၌ ၂ ရက်အတွင်း ဒေသခံပြည်သူ ၉ ဦးအား သတ်ဖြတ်ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ မကျီးသမျှားရွာသွားသည့်လမ်းတွင် စစ်ကောင်စီတပ်က အသက်(၂၀)မှ (၂၅)နှစ်အတွင်း
လူငယ်အမျိုးသား ၅ဦးအား သတ်ဖြတ်ကာ ရုပ်အလောင်းများအား စွန့်ပစ်ခဲ့သေးသည်။ တောင်သာမြို့နယ်မှ လေးဦးနှင့် မြင်းခြံမြို့ပေါ်မှ တစ်ဦးပါဝင်သည်။
"ကလေးတွေက မိန်းမသွားခိုးတယ်လည်းပြောတယ်။ KTVကပြန်လာတာလို့လည်းကြားတယ်။ အတိအကျတော့မသိရဘူး။"ဟု ဒေသခံတစ်ဦးက ဆိုသည်။
နောက်တနေ့ ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီကျော်ခန့်က မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာနေ အသက်၆၀နှစ်အရွယ် ဒေါ်ညွှန့်မေ၊ ၄၃ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း၊ အသက် ၂၈ နှစ်အရွယ် မဇင်မာတင့်၊ အသက်၂၅ နှစ်အရွယ် မအိမေဂျာတို့အား စစ်ကောင်စီတပ်နှင့်ပျူများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။ နောက်တနေ့ နံနက်တွင်မူ ထိုအမျိုးသမီး ၄ ဦး၏ ရုပ်အလောင်းများအား မြင်းခြံ-မန္တလေးလမ်းမပေါ် ဓူဝံကျေးရွာအဝင်လမ်းတွင် စွန့်ပစ်ထားခဲ့သည်။
"၄ ယောက်လုံး ထပ်ရပ်ကလေးတွေ သေဆုံးနေတာကို တွေ့ခဲ့ရတယ်။ အဓိကကတော့ ပျူတွေပေါ့ဗျာ။ ရွာခံပါတယ်။ သူတို့နဲ့သွားခေါ်တယ်။ ခေါ်တဲ့အချိန်မှာ ဒီတိုင်းပဲခေါ်သွားတယ်ထင်တာ။ စစ်လားမေးလားလို့ ထင်ကြတာ။ ဒါပေမယ့် သိပ်မကြာဘူး သေနတ်သံကြားလိုက်ရတယ်ပြောတယ်။ နောက်ရက်မနက်မှာ လမ်းဘေးမှာ အလောင်းလေးလောင်းတွေ့တယ်။"ဟု မြင်းခြံ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

👍27❤2🔥2🤬2
ဖေဖော်ဝါရီလ ၅ရက်နေ့ နံနက်ပိုင်းကလည်း မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီတပ်နှင့် အမှတ်(၂) ရဲစခန်းမှရဲများ၊ ပျူစောထီးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်စွယ်ရွာကို စီးနင်းပြီး ၎င်းတို့အား ကြောက်လန့်ထွက်ပြေးခဲ့သည့် အ
သက် ၂၁ နှစ်အရွယ်မခင်စိုးဝေအားပစ်သတ်ကာအလောင်း
အား၎င်းတို့ကိုယ်တိုင်မြေမြှုပ်ဖျောက်ဖျက်သွားခဲ့သည်။
ထိုစစ်ကြောင်းကြောင့် မြင်းခြံနှင့် နွားထိုးကြီးနယ်ရှိ ရွာ၈ ရွာမှ ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မိုးကုတ်မြို့နယ်တွင်လည်း ဇန်နဝါရီ ၁၉ ရက်က ပိန်းပြစ်ရွာ လက်နက်ကြီးထုခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။
"EROဘက်တွေက ငြိမ်လို့ရှိရင် အညာဘက်တွေမှာ အထိကအဖိခံရတာသဘာဝပါပဲ။ ၁၀၂၇ စစ်ဆင်ရေးလုပ်နေတဲ့ အချိန်တုန်းကဆိုရင် အညာဒေသမှာ စစ်ကြောင်းထိုးတာ
မရှိသလောက်ရှားတယ်။ ကိုယ့်ဘက်ကတိုက်စစ်ဖွင့်တဲ့အနေအထားပေါ့။ အခုသူတို့ဘက်ကစစ်ကြောင်းတွေ ပြန်ထိုးလာတဲ့ အနေအထားပေါ့။"ဟု Myingyan Black Tiger အဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
▪︎စစ်ကိုင်းတိုင်း
မန္တလေးတိုင်းတွင်သာမက အာဏာသိမ်းစစ်တပ်၏ အငြှိုးအထားဆုံးတိုင်းတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင်လည်း အကြမ်းဖက်သတ်ဖြတ်မှုများ ဒေသအနှံ့ ပြုလုပ်ခဲ့သည်။
ယခင်ကတည်းက အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုများ လူးလိမ့်အောင်ခံခဲ့ရသည် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တွင် ဇန်နဝါရီအတွင်း ဒေသခံပြည်သူ ၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထိုသတ်ဖြတ်ခံရသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
"ကိုယ်ဝန်ဆောင်က စစ်ကြောင်းနဲ့ရွာထဲမှာ တည့်တည့်တိုးပြီး အသတ်ခံခဲ့ရတာပါ။"ဟု ခင်ဦးဒေသခံတစ်ဦးက ပြောသည်။
ခင်ဦးနှင့်နယ်စပ် ဒီပဲယင်းမြို့နယ်တွင်လည်း ဇန်နဝါရီ ၁၈ရက်တွင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး မဲအိုးကျေးရွာမှ ပြည်သူများကိုဖမ်းဆီးကာ မြို့နယ်တရားရေးတာဝန်ခံ အသက် ၃၇ နှစ်အရွယ် မခင်နှင်းဌေး၊ အသက် ၅၃ နှစ်အရွယ် ကိုဇော်ဝင်း၊ အသက် ၅၁ နှစ်အရွယ် ကိုထွန်း၊ အသက် ၄၃ နှစ်အရွယ် ကိုအောင်မြင့်ကျော်(ခ)ကိုကုလားနှင့် အသက် ၃၂ နှစ်အရွယ် ကိုဇင်မင်းတို့ကို သတ်ဖြတ်သွားခဲ့သည်။
အဆိုပါ စစ်ကြောင်းက ဖမ်းဆီးသွားသည့် မဲအိုးကျေးရွာသား ၄ဦးကိုလည်း ယနေ့အထိဆက်သွယ်၍ မရသေးကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒီပဲယင်းနယ် ကျေးရွာ ၂ ရွာက နေအိမ်ပေါင်း၁၄၈လုံးနှင့် စပါးကျီများရှိ စပါးတင်းရေ သောင်းချီ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရွှေဘိုမြို့နယ်တွင်မူ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပင်မထိုးတော့ဘဲ ဖေဖော်ဝါရီ ၃ ရက်က လေ့ကျင့်ရေး(၈)တပ်မှ လက်နက်ကြီးဖြင့် လူနေကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွှေဘိုနယ်အနောက်ခြမ်းရှိ ကျားကျေးရွာပေါ်သို့ ကျရောက်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦးနှင့် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
"အဲဘက်(ရှမ်းမြောက်ဘက်)ယာယီရပ်ထားလို့ ဒီဘက်ကို ဖိဖို့ အင်အားတွေရှိလာတာပါ။"ဟု ရွှေဘိုခရိုင်အခြေစိုက် ပကဖရဲဘော်တစ်ဦးက ပြောသည်။
မုံရွာနှင့် စစ်ကိုင်းမြို့နယ်တို့တွင်မူ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလဆန်းအတွင်း နဂါးတွင်းနှင့် ပေါက္ကားရွာရှိ နေအိမ် ၁၇၀ကျော် မီးရှို့ဖျက်ဆီးခံရပြီး အဘွားအိုနှစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။
ဆားလင်းကြီးနှင့် ပုလဲမြို့နယ်၌လည်း ဇန်နဝါရီလ ၂၀ရက်နှင့် ၃၁ရက်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရ၍ မြကုန်းရွာက အမျိုးသမီး၂ဦး၊ကျွဲခိုတောရွာက ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။
ကန့်ဘလူမြို့နယ်တွင်လည်း ဇန်နဝါရီအတွင်း ရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ဖေဖော်ဝါရီ ၁ ရက်က ပြည်သူတစ်ဦးသတ်ဖြတ်ခံရသည်။ကန့်ဘလူ၊ ကောလင်းအစပ်ကို လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး သံဃာတစ်ပါးအပါအဝင် ပြည်သူ ၈ ဦးသေဆုံးခဲ့သည်။
ထို့အပြင်စစ်ကိုင်းတိုင်းမှ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနယ်များ၌ တစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေသော ခလရ၇၁နှင့် ခမရ၇၀၈အခြေစိုက် စစ်ကောင်စီတပ်သားများပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ရေဦးမြို့နယ်၊ ကုက္ကိုစုရွာကို အင်အား၈၀ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။
ထို့နောက် ကျေးရွာအတွင်းရှိ အရပ်သားလူငယ်၂ဦးဖြစ်သော အသက်(၂၈)နှစ်အရွယ် ကိုဇော်သိန်းထိုက်နှင့် အသက်(၃၁) နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်သွားကြောင်း ရေဦးနယ်အခြေစိုက် People Defense Force Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။
ထိုစစ်ကြောင်းကြောင့် ရေဦးအနောက်ခြမ်းရှိ ကျေးရွာ၁၅ ရွာမှ ပြည်သူတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။
"အညာကတော်တော်ကိုဖိအားပေးခံရတဲ့ထဲပါတယ်။ တက်နိုင်သမျှတော့ ပြန်ပြီး ခုခံနေကြတာပေါ့။"ဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။

👍25🤬4❤1🔥1
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးလကြာသိမ်းပိုက်ခဲ့သော ကောလင်းမြို့ကို အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ကာ စစ်ကြောင်း ၅ ခု အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့သည်။ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင် တိုက်ခိုက်၍ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မှာ မြို့အတွင်းစတင်ဝင်ရောက်နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်တွင် မြို့၏ အချက်အချာကြသောနေရာအားလုံးကို စစ်ကောင်စီတပ်က တပ်စွဲ၍ မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။
ကောလင်းကို စစ်တပ်ကထိုးစစ်ဆင်နေချိန်တွင် မြို့အတွင်းအခြေအနေပြန်ကြည့်သောပြည်သူအချို့ အပါအဝင်စစ်တပ်နှင့်တွေ့သောပြည်သူအချို့ အသတ်ခံခဲ့ရသေးသည်။စစ်တပ်စစ်ကြောင်းတွင် ထောင်မှ ခေါ်ထုတ်၍စစ်တိုက်ခိုင်းသော ရာဇဝတ်မှုကျူးလွန်ထားသော စစ်သားဟောင်းများလည်းပါကြောင်းတော်လှန်ရေးအင်အားစုများကပြောသည်။
စစ်ကောင်စီတပ်က ကောလင်းမတိုင်ခင် ရွှေပြည်အေးမြို့ကို ပြန်သိမ်းရန် စစ်ကြောင်းထိုးသော်လည်း အထိနာ၍ ပြန်ဆုတ်ပြေးခဲ့ကြရသည်။ ခရိုင်မြို့ ကောလင်းကို ပြန်သိမ်းနိုင်ရန် ဇန်နဝါရီ လကတည်းက ပြင်ဆင်၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ပြီး ပြန်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။သို့သော် တော်လှန်ရေးအဖွဲ့များက ကောလင်းမြို့ပေါ်မှ ခွာစစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်းပြောပြီး မြို့တွင်းရောက်နေသော စစ်ကောင်စီတပ်ကို အပြင်မှ ဝိုင်းဝန်းပိတ်ဆို့ ၍ ပြန်လည်တိုက်ခိုက်နေကြောင်းသိရသည်။
စစ်ကောင်စီတပ်က ကောလင်းမြို့ကို ထိန်းချုပ်နိုင်ပြီးနောက်
တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသော မော်လူးမြို့ နှင့်
ရွှေပြည်အေးမြို့တို့ကိုပြန်ရရန် ထိုးစစ်ဆင်တိုက်ခိုက်လာသည်။ ဒေသခံတော်လှန်ရေးအဖွဲ့များက ခုခံ၍ တိုက်ပွဲများ အပြင်းအထန်ဖ့စ်ပွားနေသည်။
▪︎မကွေးတိုင်း
မကွေးတိုင်းတွင်လည်းစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။
ဇန်နဝါရီ ၂၈ ရက်က ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာပျူစခန်းတိုက်ခိုက်ခံရပြီးနောက် အနီးရှိ အိမ်ခြေသုံးရာခန့်ရှိသော ကြူရွာကို စစ်တပ်နှင့်ပျူများက ညနေပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ ကြူရွာ တစ်ရွာလုံးပြာကျပြီး သက်ကြီးရွယ်အို ၂ ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အတွင်း ကျစ်ပြင်ရွာ၊ သပြေရွာနှင့်ကျွန်းတောရွာတို့မှ အသက် ၂၀ ကျော်မှ ၅၀ အတွင်း အမျိုးသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အတွင်း ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ၃ရွာက နေအိမ် ၂၆ လုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း We Love Seik Phyu အဖွဲ့က ပြောသည်။
▪︎စစ်ကောင်စီကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့လိုအပ်ချက်
ပြည်သူများအား စစ်ကြောင်းထိုးသတ်ဖြတ်နေသောစစ်ကောင်စီတပ်အား တိုက်ခိုက်ရန်မှာ လက်နက်ခဲယမ်းလိုအပ်ချက်ကအဓိကဖြစ်ကြောင်း ဒေသကာကွယ်ရေးက တူညီစွာပြောကြားသည်။
"အညာဒေသကိုလက်နက်ခဲယမ်းတွေ ချပေးနိုင်မယ်ဆိုရင်တော့ အညာကမကြာခင်မှာပြီးဆုံးသွားမယ့်အနေအထားပါ။"ဟု မန္တလေးတိုင်းနှင့်မကွေးတိုင်း၌ အခြေစိုက်ထားသည့် Myingyan Black Tiger အဖွဲ့မှ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ပြန်တိုက်ချင်တယ်။ လက်နက်ခဲယမ်းက လုံလုံလောက်လောက်မရှိဘူး။ ထောက်ပံ့မှုအားကလည်းနည်းတယ်။ ခွေးတစ်ကောင်မှာ ကျည်ငါးရာပါတယ်ဆိုရင် ကျွန်တော်တို့မှာ ကျည်ငါးဆယ်ဝယ်ဖို့ရာကို အခက်အခဲဖြစ်နေတာ။"ဟု ဒီပဲယင်းပကအဖွဲ့မှ ကိုငှက်ဆိုးကြီးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းအား ပြန်လည်တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများများ ရချင်နေကြောင်း ရွှေဘိုခရိုင်အခြေစိုက် ဗိုလ်ကျားရိုင်း LPDFအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံရဲဘော်ကပြောသည်။
"ပြန်တိုက်ခိုက်နိုင်တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် တိုက်ခိုက်ပြီးရင် ခဲယမ်းချက်ချင်းပြန်ဖြည့်တင်းနိုင်ဖို့ ဒီဘက်မှာက အခက်အခဲတွေရှိတယ်။ ကျနော်တို့ဘက်မှာလည်း လက်နက်ရော ခဲယမ်းရောသာ ပေါရင် ပြည်နယ်တွေဘက်မှာလို ရှယ်တီး ရှယ်ပြန်ဆော်နိုင်တာပေါ့။"ဟု ၎င်းကဖွင့်ဟသည်။
သို့သော် အညာဒေသရှိ ပြည်သူများအား ဖိနှိပ်မခံရစေရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်အား အနားမပေးဘဲ အဆက်မပြတ် တိုက်ပွဲများဖော်ဆောင်နေရန် လိုအပ်ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။ ထို့အပြင် အညာဒေသရှိ တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း စစ်ကောင်စီတပ်အား ရှိသည့်အင်အား၊ လက်နက်ဖြင့် တိုက်ခိုက်နေမည်သာဖြစ်ကြောင်း၎င်းက ဆိုသည်။
"ဒါပေမယ့် တော်လှန်ရေးကဘယ်လိုပဲဖြစ်နေနေ အညာဒေသက ဘယ်တော့မှငြိမ်နေမှာမဟုတ် ဘူး"ဟု ဗိုလ်မိုက်ခဲက ပြောသည်။
▪︎ရခိုင် ၊ကရင်နီ ၊ပဲခူး ၊တနသာ်ရီမှာ အထိနာနေတဲ့စစ်တပ်

👍36🔥1
သို့သော် စစ်ကောင်စီတပ်က ရှမ်းမြောက်တွင်အပစ်ရပ်ထားချိန်တွင် အညာဒေသကိုသာဖိနိုင်ခဲ့သော်လည်း ရခိုင်ပြည်နယ် ၊ ကရင်နီပြည် ၊ရှမ်းတောင်ပိုင်း ၊တနသာ်ရီတိုင်း၊ပဲခူးတိုင်း တို့တွင်မူ စစ်ကောင်စီတပ်အကြီးအကျယ် အထိနာခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ် မှ မြို့ ၆ မြို့နှင့် ပလက်ဝ ဒေသမှ မြို့ ၂ မြို့ ကိုသိမ်းပိုက်ခဲ့ပြီး ကျန်မြို့များကိုပါ သိမ်းပိုက်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ ကရင်နီပြည်တွင်လည်း ကရင်နီပူးပေါင်းတပ်များက ရှားတော ၊မှော်ချီ၊ရွာသစ် မြို့တို့ကိုပါသိမ်းပိုက်ထိန်းချုပ်ပြီးကျန် မြို့အားလုံးကိုသိမ်းပိုက်ထိန်းချုပ်ရန် ကြိုးစားနေသည်။
ရှမ်းပြည်နယ်တွင်လည်း ၁၀၂၇ အပစ်ရပ်ထားချိန်တွင် KIA နှင့်တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများကိုတစ်ခုပြီးတစ်ခုသိမ်းကာ မဘိမ်းမြို့ကိုသိမ်းပိုက်ခဲ့သလို နမ့်ဖက်ကာဗျူဟာကုန်း ကိုလည်းသိမ်းပိုက်နိုင်ခဲ့သည်။ ထိုအပြင် KIA သည် ကချင်ပြည်နယ်တွင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် စစ်တပ်စခန်းပေါင်းများစွာကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း NCA လက်မှတ်ရေးထိုးထားသော PNLO/PNLA က တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်တပ်ကို စတင်ခုခံတိုက်ခိုက်ပြီး ဆီဆိုင်မြို့ ကိုပါသိမ်းပိုက်ထိန်းချုပ်ထားသည်။
ပဲခူးတိုင်းနှင့် တနသာ်ရီတိုင်းတွင်လည်း တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်အပေါ် ထိုးစစ်ဆင်တိုက်လိုက်မှုများပို၍ပြုလုပ်လာနိုင်သည်ကိုတွေ့ရသည်။
စစ်ကိုင်းတိုင်းမှာပင် ဒေသအချို့အဖိခံနေရချိန်တွင် တမူးမြို့နယ်ရှိ အောင်ဇေယျ စခန်း ၊ တန့်ဆည် ၊ကလေး မြို့တို့ရှိ စစ်တပ်စခန်းများ ၊ပျူစခန်းများကို တော်လှန်ရေးအဖွဲ့များကထိုးစစ်ဆင်၍ တန်ပြန် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေကြသည်။ ကောလင်းအပါအဝင် မော်လူး ၊ ရွှေပြည်အေး စသောဒေသများတွင်လည်းတိုက်ပွဲများပြင်းထန်နေသည်။
ခရိုင်ပကဖတာဝန်ခံ ရဲဘော် ဇော်အောင်က The call-ခေါ်သံအွန်လိုင်း မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကောလင်းမြို့ တိုက်ပွဲနှင့်ပတ်သပ်၍
"ကောလင်းမြို့ထဲ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို အခု ပိတ်ဆို့ဖြတ်တောက်ထားတယ်၊ ကောလင်းဂွင်ဟာ သတ်ကွင်း ဖြစ်လာလိမ့်မယ်။ ကောလင်းမြို့ကို ကျွန်တော်တို့ ရအောင် ပြန်ယူမှာပါ။ လက်ရှိမှာ စစ်ဗျူဟာအရ အဆုတ်အတက် ကစားရတာတော့ ရှိလိမ့်မယ်။ ကောလင်းသာမကဘူး စစ်ကိုင်းတိုင်းတတိုင်းလုံး ကျွန်တော်တို့ ရအောင် ဆက်လုပ်မယ်"ဟုဆိုလေသည်။ ။

👍38🔥2👏2
ဖေဖော်ဝါရီလတွင် ရေဦးမြိုနယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများ။ဓါတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး၊ Peoople Defence Comrade
👍30😭11🔥4🤣1
စစ်ကောင်စီက ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်များကို တရုတ်ထံလွှဲပြောင်းပေးခဲ့ခြင်းမှာ မလုပ်သင့်သောလုပ်ရပ်ဟု ဗိုလ်မှူးကြီးစောချစ်သူပြောကြား
ယန်းဒီ/People’s Spring
စစ်အုပ်စု၏ ကာလရှည် မဟာမိတ် ကိုးကန့်ဒေသခေါင်းဆောင်းဟောင်းအပါအဝင် ၁၀ ဦးကို တရုတ်နိုင်ငံထံ စစ်ကောင်စီက လွှဲပြောင်းပေးခဲ့ခြင်းအပေါ် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူက ၎င်းတို့သည် မြန်မာနိုင်ငံသားမှန်ကန်ပါက မလွှဲပြောင်းပေးသင့်ကြောင်း ဝေဖန်ထောက်ပြသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ပြည်ခိုင်ဖြိုးအမတ်ဟောင်းဖြစ် ၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သော ဦးပယ်ဆောက်ချိန် ၊၎င်း၏သား ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် အပါ
အဝင် ၁၀ ဦးကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့သည့်ဇန်နဝါရီ လကုန်ပိုင်းတွင် တရုတ်နိုင်ငံထံ လွှဲပြောင်းအပ်နှံခဲ့ခြင်းအပေါ် ကရင်BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၏ အမြင်သဘောထားကို မေးမြန်းခဲ့ရာ “ကျွန်တော်ကတော့ ထူးထူးထွေထွေ ဘာမှ မမြင်ပါဘူး။ ကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့နိုင်ငံမှာလည်း တရားဥပဒေရှိပါတယ်။ ကိုယ့်နိုင်ငံသားမှန်ကန်ရင်ဒါကို မလုပ်သင့်ပါဘူး။ လုပ်စရာ မလိုလောက်ပါဘူး” ဟု People’s Spring သို့ ပြောသည်။
တရုတ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)နှင့်ပတ်သက််၍ နိုင်ငံဖြတ်ကျော််ဖမ်းဆီးမှုများ ၊ နှိမ်နင််းမှုများ လုပ်ဆောင်နေရာ အာဏာသိမ်းစစ်ကောင်စီကလည်း တရုတ်အလိုရှိနေသော မြန်မာနိုင်ငံသားများကို တရုတ်ထံ လွှဲပြောင်းပေးအပ်မှုရှိခဲ့သည်။ ထိုအခြေအနေတွင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်မှုရှိသည််ဟု စွပ်စွဲခံထားရသော BGF ခေါင််းဆောင်် ဗိုလ်မှူးကြီးစောချစ််သူက ကျားဖြန့်နှင့်ပတ်သက််၍ စိုးရိမ်မှုမရှိကြောင်း တုန့်ပြန်သည်။
BGF အနေဖြင့်ယင်းလိမ်လည်မှုလုပ်ငန်းများကို လုပ်ကိုင်ခြင်းမရှိသကဲ့သို့ တရုတ်နိုင်ငံသား ၃၀၀၀ နီးပါးကိုလည်း တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ဆိုသည်။
“တရုတ်နိုင်ငံသားတွေလည်း အများကြီး မရှိတော့ပါဘူး။
ဆင့်ခေါ်အကြောင်းကြားတာတို့ သိသိချင်း ကျွန်တော်တို့ ပြန်ပို့ပေးတာ လူအားလုံး ၂၀၀၀ကျော် ၃၀၀၀ နီးနီးရှိပါပြီ။ (ကျားဖြန့်ကို) ကျွန်တော်တို့လည်း လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် ၂၀၂၃ ဒီဇင်ဘာတွင် BGF ခေါင််းဆောင််ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို အမေရိကန်၊ ဗြိတိန််နှင့် ကနေဒါတို့ ပူးပေါင်း အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့ရာ ဒဏ်ခတ််ပိတ်ဆို့မှုခံရသူများမှာ ဒေသတွင်း အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ လည်ပတ်စေပြီး လူကုန်ကူးခံရသူများကို အတင်းအကျပ် ခိုင်းစေမှုများ ကျူးလွန်နေကြောင်း ကြေညာသည်။ ၎င်းတို့သည် လူမှောင်ခိုမှု၊ အဓမ္မခိုင်းစေမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန််ကြောင််း အထက်ပါသုံးနိုင််ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြေ
ညာချက်၌ ဖော််ပြသည််။
ထိုသို့ဒဏ်ခတ််ပိတ်ဆို့မှုများအပေါ် BGF ခေါင်းဆောင်စောချစ်သူက “ဘာမှ မပြောချင်ဘူး။ ကျွန်တော်တို့ လုပ်တာအမှန်ဆိုရင် ကိုယ့်ရဲ့ပြည်သူလူထုကို နစ်နာတာတို့၊ ဒုက္ခရောက်တာတို့ ရှိလား” ဟု တုန့်ပြန်သည်။
ကရင်နယ်ခြားစောင့်တပ် BGF သည် အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖြစ် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ အကြမ်းဖက်စစ်တပ်ထံမှ ရိက္ခာနှင့် လစာ ယူခဲ့ပြီး လက်ရှိတွင်စစ်တပ်ထံမှ ရိက္ခာနှင့် လစာမယူတော့ဘဲ BGF ကို ပြောင်းလဲကာ သီးခြားရပ်တည်တော့မည်ဟု ယခုနှစ်ဆန်းတွင် ကြေညာသည်။ BGF သည် ကရင့်တပ်အချင်းချင်းတိုက်ခိုက်လိုခြင်းမရှိတော့ကြောင်းနှင့် စစ်တပ်ထံမှ ရိက္ခာ၊လစာမယူတော့ကြောင်း အချက်၂ချက်ကို တောင်းဆိုခဲ့ပြီး ယင်းတောင်းဆိုချက်များနှင့်ပတ်သက်၍ စစ်တပ်က ဖေဖော်ဝါရီ ၂၁ ရက်အထိ တုန့်ပြန်အကြောင်းကြားခြင်းမရှိသေးကြောင်း သိရသည်။
သို့သော် အာဏာသိမ်းစစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်
BGF တို့ မြေပြင်ထိတွေ့မှုနှင့် စစ်ရေးတင်းမာမှု မရှိကြောင်း ဗိုလ်မှူးကြီးစောချစ်သူက ပြောသည်။ ထို့အပြင်် ‘အကြမ်းဖစ်စစ််တပ်နှင့် ပြန်လည်ပေါင်းစည်းရေးဖြစ်လာနိုင်ပါသလား’ မေးခွန်းကို “ ဒါတော့လည်း ကျွန်တော်မပြောနိုင်ဘူး” ဟု မတင်မကျဖြေသည်။

😁43👍27🤣4❤2
ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်များအပါအဝင် ၁၀ ဦးကိုကျားဖြန့်လုပ်ငန်း အမှုများဖြင့်တရုတ်ကနေပြည်တော်သို့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားစဥ်။ဓါတ်ပုံ-တရုတ်အစိုးရမီဒီယာများ
👍56🔥1