ယမန်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၆၆)ရပ်ကွက်၌ မီးလောင်နေမှုအား ငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)
👍35🔥2
စစ်ကျွန်ပြုဥပဒေကို ဆန့်ကျင်ကြရန် NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
သရဖူ/People's Spring
စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်ကျွန်ပြုဥပဒေကို ငြင်းပယ်ကြရန်နှင့် ယင်းဥပဒေကြောင့် အကျပ်အတည်း ကြုံလာပါက လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ရန်နှင့် ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေး ပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတိုက်တွန်းသည်။
စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ရက်က အတည်ပြုထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကျွန်ပြုဥပဒေဟု သုံးနှုန်းကာ ပြည်သူလူထုအား NUGကာကွယ်ရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၁ ရက်တွင်သတိပေးလိုက်ခြင်းလည်းဖြစ်သည်။
"သိပ်အကျပ်အတည်း ကြုံလာရင် လွတ်မြောက်နယ်မြေ တစ်ခုခုကို ထွက်ခဲ့ပါ။ဖြစ်နိုင်သမျှ တော်လှန်ရေးအတွက် အလုပ်အကျွေးပြုပါ။ လွတ်မြောက်နယ်မြေဆိုရာမှာ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရှိသလို၊NUG ထိန်းချုပ်နယ်မြေတွေလည်း ရှိမယ်။ နိုင်ငံ့တာဝန်ထမ်းဖို့ တော်လှန်ရေးအကျိုးပြုဖို့ ကျွမ်း
ကျင်ရာ လိမ္မာကြမယ့်သူတွေ အမြောက်အမြား လိုပါတယ်" ဟု၎င်း၏ ဖေစ်ဘွခ်တွင်ရေးသားထားသည်။
လက်ရှိအချိန် လူထူ တော်လှန်ရေး၏ အားသာချက်မှာ နိုင်ငံတနံတလျား၌ လွတ်မြောက်နယ်မြေ အမြောက်အမြား ပေါ်ပေါက်နေခြင်းဟု ဆိုသည်။
"ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလည်း လိုအပ်ရင် သူတို့ထိန်းချုပ်နယ်မြေတွေဆီကို လာရောက်ဖို့ တံခါးဖွင့်ထားပေးပြီးလည်း ဖြစ်ပါတယ်" ဟု ပြောထားသည်။
လက်ရှိအချိန်တွင် ပြည်သူလူထုအနေဖြင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ရန်၊ တိုင်း
ရင်းသားလက်နက်ကိုင်အဖွဲ့များ၌ တောင်ထမ်းဆောင်ရန်၊ NUG အစိုးရထံတွင် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်နှင့်သင့်တော်ရာ အလုပ်အကိုင် တစ်ခုခုဖြင့် အသက်မွေးဝမ်းကျောင်းရင်း တော်လှန်ရေးကို အလုပ်အကျွေးပြုရန်စသည့်ရွေးချယ်စရာ အလုပ် လေးမျိုးရှိနေကြောင်း ဝန်ကြီးကတိုက်တွန်းထားသည်။
"လွတ်မြောက်နယ်မြေ လာရောက်လိုသူများ NUGအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းလိုတယ်။NUGအနေနဲ့ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ လိုအပ်တဲ့ ချိတ်ဆက်ညှိနှိုင်းစီစဥ်မှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်"ဟု အသိပေးထားသည်။
ထို့အပြင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်
ပြုခြင်းသည် မြန်မာပြည်သူလူထုနှင့် မြန်မာလူငယ်များအပေါ် စစ်အုပ်စုက ဗြောင်ကျကျ စစ်ကျွန်ပြုမှု နောက်ထပ်ပြယုဂ်တစ်ခုဟု ဆိုထားသည်။
" စစ်မှုထမ်းဥပဒေကို ဘာကြောင့်ထုတ်ပြန်သလဲ-တစ်ခွန်းထဲ ဖြေရရင် အကြမ်းဖက်စစ်တပ်မှာ လူမရှိတော့လို့ပဲ။ သူ့မှာ အမာခံတိုက်ခိုက်ရေးအင်အားက တပ်မ ၁၀ခု၊ စကခ ၂၀ ပေါင်း ၃၀ ၊ အကြမ်းဖျင်း တပ်ရင်း၃၀၀လောက် ရှိတယ်။(နောက် မြို့စောင့်နယ်စောင့် တိုင်းတပ် ဒကစတပ် တပ်ရင်း ၂၀၀ခန့်ရှိဦးမယ်။) အခုဆို အမာခံတိုက်ခိုက်ရေး တပ်မ၊ စကခ ၃၀အနက် သုံးပုံနှစ်ပုံဟာ ချိနဲ့ပျက်ပြုန်းသွားခဲ့ပြီ။တပ်မ စကခမှူးအမြောက်အမြား သေဆုံး/ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သလို ရင်းလိုက်ပြုတ်တာကော ဖွဲ့စည်းပုံပျက်သွားတဲ့ တပ်တွေကော မနည်းတော့ဘူး။ သူ စစ်ရှုံးနေပြီ၊ သူ့မှာ အင်အားမရှိတော့ဘူးဆိုတာ သူဝန်မခံချင်ဘူး၊လူသိမခံချင်ဘူး။ အမျိုးမျိုး ဖာထေးတယ်၊ ပျူရွာတွေ ပြည်သူ့စစ်တွေမွေးတယ်၊စစ်မှူထမ်းဟောင်းတွေ ပြန်ခေါ်တယ်၊ ဝန်ထမ်းတွေ သေနတ်ကိုင်ခိုင်းတယ်၊ထောင်သားတွေ ထုတ်သုံးတယ်၊သို့သော် မလုံလောက်ဘူး။ အခုတော့ သူ့မှာ လူမရှိတော့ဘူးဆိုတာ ဝန်မခံလို့ မရတော့ဘူး၊ လူသိမခံလို့ မရတော့ဘူး။အယူတိမ်းလို့ နတ်စိမ်းဖြစ်ခဲ့ရတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကြီးအဖို့ သူ့မှာ ကူကယ်ရာ မရှိတော့ဘူး။ဒီလိုနဲ့ နောက်ဆုံးကဒ်ကို ထုတ်သုံး၊ ပြည်သူကို အတိအလင်း ဆန့်ကျင်ပြီး စစ်ကျွန်ပြုရတော့တယ်။သူ့ရဲ့ နောက်ဆုံးကဒ်ကတော့ စစ်မှူထမ်းဥပဒေပဲ ဖြစ်တယ်။ အခုတော့ စစ်မှူထမ်းဥပဒေထုတ်ပြန်ပြီး သူ့မှာ လူမရှိတော့လို့ လုပ်မိလုပ်ရာ လုပ်ရပါတယ်ဆိုတာ လူသိရှင်ကြား ဝန်ခံလိုက်ရတော့တာပဲ" ဟု ကာကွယ်ရေးဝန်ကြီးကပြောကြားထားသည်။
စစ်ကောင်စီကအဆိုပါဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းလူ
ငယ်အများအပြားသည် အမျိုးသားညီညွတ်ရရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးရေးအဖွဲ့များထံထောင်သောင်းနှင့်ချီ၍ ဆက်သွယ်လာကြသာ်ဟုလည်း ပြောထားသည်။
"ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်တို့ယုံကြည်ပါတယ်။ လူငယ်တွေဟာ ကိုယ်ရွေးချယ်ရမယ့်လမ်းကို ကိုယ်ကောင်းကောင်းသိတယ်။စစ်ကျွန်ပြုဥပဒေကို ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ကြမှာပဲ" ဟုကာကွယ်ရေးဝန်ကြီးကဆိုသည်။
ဆက်လက်၌ " ဒီဥပဒေကြောင့် တိုင်းပြည် ဗရုတ်ဗရက် ဖြစ်လိမ့်မယ်ဆိုတာ သူတို့ကောင်းကောင်းသိတယ်။သို့သော် တိုင်းပြည် ဗရုတ်ဗရက်ဖြစ်လေ ဖက်ဆစ်တပ် အသက်ရှူပေါက်ရလေဆိုတဲ့ စဥ်းစားချက်ပဲ။ တိုးတက်တဲ့ မြန်မာလူ

👍49👏2🤮1
ငယ်တွေထဲ စစ်အာဏာရှင်အတွက် အသေခံစစ်တိုက်ပေး
မယ့် သူမရှိဘူးဆိုတာလည်း သူတို့ကောင်းကောင်းသိတယ်။သို့သော် လူငယ်တွေကို အဓမ္မ ပြန်ပေးဆွဲပြီး စစ်အာဏာသက်ဆိုးရှည်ရေး သူတို့ရှေ့က လူသားဒိုင်းအဖြစ် အသေခံခိုင်းဖို့ အသုံးချဖို့ပဲ ဖြစ်တယ်ဆိုတာ ရှင်းတယ်" ဟု ဝန်ကြီးကပြောကြားထားသည်။
နယ်မြို့တမြို့တွင် ကုမ္ပဏီဝန်ထမ်းအဖြစ်အလုပ်လုပ်နေသူ အသက်၂၀အရွယ် အမျိုးသမီးတစ်ဦးက " စစ်တပ်ထဲ ဝင်ရမယ့်အစား PDF ထဲ ဝင်မှာ" ဟု ဆိုသည်။ NUG ကာကွယ်
ရေးဝန်ကြီး၏ ယမန်နေ့က တိုက်တွန်းချက်က စိတ်ဓာတ်ခွန်အားရစေသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီထုတ်ပြန်ထားသော စစ်မှုထမ်းတရားမဝင်သည့် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင် ပူးပေါင်းပါဝင်သူများအားအရေးယူမည်ဟု NUG က ထုတ်ပြန်ထားပြီး ယင်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းNUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
KNU၊ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကိုရှောင်ရှားလိုသူများ ၎င်းတို့ထံလာရောက်ခိုလှုံကြရန် တိုက်တွန်းချက်များထုတ်ပြန်ထားသည်။

❤37👍26👎1👏1🤮1🤣1
ပုလဲမြို့နယ်တွင် ရှင်ပြုအလှူပွဲ စစ်တပ်က ဝင်ရောက်ပစ်ခတ်၍ အလှူပွဲပျက်
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာတွင် ရှင်ပြုနားသအလှူပွဲပြုလုပ်နေစဥ် စစ်ကောင်စီတပ် ဝင်ရောက်ပစ်ခတ်၍ အလှူပွဲ ပျက်ခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ. ၂၁ ရက်)နံနက်ပိုင်းက ပုလဲမြို့နယ်၊ ကြောင်သန်းကျေးရွာ၌ ရှင်ပြုနားသ အလှူမင်္ဂလာပွဲတစ်ခု ပြုလုပ်ခဲ့သည်။
နံနက် ၈နာရီခန့်တွင် စစ်တပ်က အဆိုပါအလှူအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် အလှူပွဲ ရုတ်ရုတ်သဲသဲဖြစ်ကာ ရှင်လောင်းဆံချ၊ရေစက်ချတရားနာမှုများပင် မပြုလုပ်ရဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရ၍ အလှူမင်္ဂလာပွဲ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
"အလှူမှာ ကျွေးမွေးဧည့်ခံနေတုန်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်ဝင်ရောက်တာ။ ပြည်သူတွေလည်း အများကြီးပိတ်မိတယ်ပြောတယ်။ အညာရဲ့ ဗုဒ္ဓဘာသာရဲ့အထွဋ်အမြတ်ထားတဲ့ သားရှင်ပြုအလှူက ပျက်စီးသွားတယ်။ ထမင်းစားရင်း ဧည့်ခံရင်းတန်းလန်း ထွက်ပြေးလာကြရတာ။"ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လူသားစာနာတာဝန်ခံက ပြောသည်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှုများရရှိလာ၍ ယခုနှစ်ပိုင်းအတွင်း အလှူမင်္ဂလာပွဲများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
"အလှူကလည်း လုပ်ချင်လွန်းလို့တော့မဟုတ်ဘူး။ ကိုယ့်သားသမီးအရွယ်ရောက်တုန်း လှူဖို့ပြုဖို့ကြိုးစားကြတာ။ လေးနှစ်ရှိသွားပြီလေ။ ကိုဗစ်တစ်နှစ်ရယ်၊ အာဏာသိမ်း သုံးနှစ်ရယ်။ ဒီနှစ်တော့ အညာမှာအလှူတွေ လုပ်လာကြတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်း၌ အင်အား ၈၀ကျော်ပါပြီး ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ ပုလဲမြို့ပေါ်မှထွက်လာခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းကြောင့် ကုက္ကိုကုန်း၊စေတီယျုံ၊ ကြောင်သန်းကျေးရွာများမှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့အနောက်ဘက်သို့ စစ်ကြောင်းစထိုးစဥ် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပြီး စစ်တပ်က Mi 35တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်စီးပြီးဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်မှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

😢31🤬22👍7🔥3🤣2👏1
ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ (ဓာတ်ပုံ - ပုလဲပအဖ)
😢34👍6🤣2🤬1😭1
မြန်မာဖက်ကနေ နျူကလီးယား ဆက်စပ်ပစ္စည်းတွေ မှောင်ခို ရောင်းချဖို့ ကြိုးစားမှုနဲ့ ယာကူဇာ ခေါင်းဆောင် စွဲချက်တင်ခံရ
ဂျပန် ယာကူဇာ ဒုစရိုက် ခေါင်းဆောင် တဦးကို နျူကလီးယားနဲ့ ဆက်စပ် ပစ္စည်းတွေ မှောင်ခိုတင်ပို့ဖို့ ကြိုးစားခဲ့ကြောင်း အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။
အသက် ၆၀ အရွယ် တာကီရှီ အီဘီဆာဝါဟာ နျူကလီးယား ဗုံးတလုံး ထုတ်လုပ်ဖို့ လိုအပ်တဲ့ ယူရေနီယမ်နဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေကို အီရန်ဆီ လွှဲပြောင်းပေးဖို့ စီစဉ်ခဲ့တယ်လို့ စွပ်စွဲပြီး အမေရိကန် အစိုးရ ရှေ့နေတွေက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အီဘီဆာဝါနဲ့အတူ ထိုင်းနိုင်ငံသား ကြံရာပါ တဦးတို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းကလည်း လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ တရားစွဲဆို ခံထားရပြီးသားပါ။ အခုနောက်ဆုံး စွပ်စွဲချက်တွေ အတွက်သာ ပြစ်မှုထင်ရှားကြောင်း သေချာလာရင် အီဘီဆာဝါဟာ ထောင်ဒဏ် တစ်သက်ထိ ချမှတ် ခံရနိုင်ခြေ ရှိနေပါတယ်။
ဘရွတ်ကလင်းမြို့ အကျဉ်းထောင်မှာ လောလောဆယ် ထိန်းသိမ်း ခံထားရသူ အီဘီဆာဝါဟာ ယာကူဇာလို့ လူသိများတဲ့ ဂျပန် ဒုစရိုက် ကွန်ရက်ကြီးထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦး၊ ခေါင်းဆောင်တစ်ဦးလို့လည်း အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ ယာကူဇာတွေရဲ့ လက်တံဟာ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်းနဲ့ အမေရိကန်ထိ ပျံ့နှံ့နေတယ်လို့ ယုံကြည်ရပါတယ်။
အီဘီဆာဝါနဲ့ အပေါင်းအပါတွေဟာ ထိုင်းနိုင်ငံမှာ အသွင်ယူ လှုပ်ရှားနေတဲ့ အမေရိကန် မူးယစ်မှောင်ခို တိုက်ဖျက်ရေး လျှို့ဝှက် အေးဂျင့် တစ်ဦးနဲ့ တွေ့ဆုံရာမှာ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်တဲ့ ဓာတ်သတ္တုပစ္စည်း နမူနာတွေကို ပြသခဲ့တယ်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ အေးဂျင့်က အီရန် စစ်ဗိုလ်ချုပ် တစ်ဦးနဲ့ အဆက်အသွယ်ရှိတဲ့ မူးယစ်နဲ့ လက်နက်မှောင်ခို ကုန်သည်တစ်ဦးအဖြစ် ဟန်ဆောင် လှုပ်ရှားနေခဲ့တာပါ။ အဲဒီ နျူကလီးယား ဆက်စပ် ဓာတ်သတ္တု ပစ္စည်းတွေကို မြန်မာဖက်ကနေ ယူဆောင်လာတာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တဲ့နောက် အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ခွဲစစ်ဆေးမှုတွေအရ အဲဒီ ပစ္စည်းတွေထဲမှာ ယူရေနီယမ် သတ္တုနဲ့ လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်မျိုး ပလူတိုနီယမ်တွေ ပါဝင်နေတယ်ဆိုတာ အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အမေရိကန် အစိုးရ ရှေ့နေတွေက အီဘီဆာဝါဟာ မြန်မာနိုင်ငံထဲက နာမည်ဖော်မပြတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တခုအတွက် စစ်သုံးလက်နက်တွေ အမြောက်အမြား ဝယ်ယူနိုင်ရေး အတွက်လည်း စုံစမ်းခဲ့ကြောင်း၊ အဲဒီ လက်နက်တွေထဲမှာ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ၊ ချေမှုန်းရေးနဲ့ စနိုက်ပါ ရိုင်ဖယ်တွေ၊ စက်သေနတ်တွေ၊ အရွယ်အစား ကွဲပြားတဲ့ ဒုံးကျည်စနစ်တွေနဲ့ တခြား စစ်အသုံးအဆောင်တွေ ပါဝင်ခဲ့တယ်လို့ အမေရိကန် တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီ အရောင်းအဝယ်သာ တကယ်တမ်း ဖြစ်မြောက်သွားခဲ့မယ်ဆိုရင် ကြုံလာမယ့် အကျိုးဆက်တွေက ကျောချမ်းဖို့ ကောင်းလွန်းနေကြောင်း၊ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံတကာ တည်ငြိမ်မှုတွေကို အကြီးအကျယ် ခြိမ်းခြောက် ခံရမှာဖြစ်ကြောင်း အမေရိကန် လက်ထောက် ရှေ့နေချုပ် မက်သရူး အိုဂိုးလ်ဒန်းက ပြောပါတယ်။ အီဘီဆာဝါဟာ အမေရိကန် လျှို့ဝှက်အေးဂျင့်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ နျူကလီးယား ဆက်စပ် သတ္တုတွေ ရောင်းချဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပြီး တနည်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်တပ် အာဏာမသိမ်းခင် တစ်နှစ်အလိုမှာပါ။ အဲဒီနှစ်မှာပဲ အီဘီဆာဝါဟာ ယူရေနီယမ်နဲ့ သော်ရီယမ် ဓာတ်ငွေ့ တန် ၅၀ ကို ဒေါ်လာ ၆.၈၅ သန်းနဲ့ ရောင်းမယ်လို့ အေးဂျင့်ဆီ ကမ်းလှမ်းခဲ့ပြီး သူ့ရဲ့ အီးမေးလ်မှာတော့ သတ္တုမိုင်းတွင်း ကုမ္ပဏီ တစ်ခုရဲ့ နာမည်ပါ ပါလာခဲ့တယ်လို့ ဆိုပါတယ်။
အီဘီဆာဝါနဲ့ ထိုင်းနိုင်ငံသား ကြံရာပါ ဆွမ်ဟော့ ဆင်ဟာဆီရီတို့ဟာ ၂၀၂၂ ခုနှစ်တုန်းက နယူးယောက်မြို့၊ မက်ဟမ်တန် ရပ်ကွက်ထဲမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ လက်နက်မှုနဲ့ အခုနောက်ဆုံး နျူကလီးယား ပစ္စည်းတွေ မှောင်ခိုမှု စွဲချက်ပါ တိုးလာတာကြောင့် ပြစ်မှုထင်ရှားရင် ထောင်ထဲမှာပဲ ဘဝဆုံးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ သူတို့နှစ်ဦးကို နယူးယောက်မြို့၊ ဖက်ဒရယ် တရားရုံးမှာ ဖေဖော်ဝါရီ ၂၂ ရက်ကျရင် ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။
ကိုးကား: BBC

👍51🥰3😁1
လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် တရုတ်စားသောက်ဆိုင်ကို မိုင်းခွဲတိုက်ခိုက်
သုည/People's Spring
ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် Xi Yan တရုတ်စားသောက်ဆိုင်ကို ယမန်နေ့ညတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၁) ည ၈ နာရီ ၅၀မိနစ်တွင် လှိုင်သာယာမြို့နယ် အရှေ့ပိုင်း၊ တပင်ရွှေထီးလမ်း ရွှေညောင်ပင်မှတ်တိုင်အနီးရှိ Xi Yan တရုတ်စားသောက်ဆိုင်ကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GODအဖွဲ့တို့ ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ယင်းစားသောက်ဆိုင်သည် စစ်ကောင်စီဝင်များ စုစည်းရာ နေရာဖြစ်ပြီး ရပ်ကွက်အတွင်းရှိ ပျူစောထီးများနှင့် ပူးပေါင်း၍ တော်လှန်ရေးရဲဘော်များ သတင်းကို စုဆောင်းခြင်း၊ စစ်ကောင်စီကို ဆက်ကြေးပေး ထောက်ပံ့ခြင်း၊ စစ်ကောင်စီ၏ မတရားထုတ်ပြန်ထားသည့် စစ်မှုထမ်း အမိန့်ကို အသက်သွင်းပုံပေါ်စေရန် ရပ်ကွက်အတွင်းရှိ လူငယ်များကို စောင့်ကြည့်၍ သတင်းပေးခြင်း ဖြစ်သည့်အတွက် ပစ်မှတ်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Dark Shadow အဖွဲ့က ဆိုသည်။
"ညက ၉ နာရီလောက်က ပေါက်ကွဲသံ တစ်ချက်ကြားလိုက်ရတယ်။ စက်မှုဇုန်ဘက်မှာလည်း အဲ့အချိန်က မီးလောင်နေတာဆိုတော့ အဲ့ဘက်က ပေါက်ကွဲမှု ဖြစ်တာလို့ ထင်နေတာ နောက်မှ တရုတ်ဆိုင်ဘက်က ဗုံးပေါက်တာလို့ သိရတယ်။ အဲ့ဆိုင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရဲတွေ မကြာခဏ သွားလေ့ရှိတဲ့ ဆိုင်ပါ"ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို အန္တရာယ်ပေးသည့် မည်သူမဆို အဆုံးထိ ဆက်လက် ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း Dark Shadow အဖွဲ့က အသိပေးကြေညာခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရှိ (၁၂)ရပ်ကွက်ရုံးနှင့် (၉)ရပ်ကွက်ရုံး အနီးတို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။

👏40👍20❤4🔥1
လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးကြဲ
ရဲခေါင်/People's Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများကြဲချ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၁ ရက်) နံနက်ပိုင်းကစ၍ စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချခြင်း၊ အဝေးပစ်မီးလောင်ဗုံးများပစ်ခတ်ခဲ့၍ လူထုနေအိမ်များ မီးလောင်ကျွမ်းခဲ့ရသည်ဟု ဆိုသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးလောင်ဗုံးများအား တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ရွှေတောင် ၊ မင်္ဂလာ ၊ ပိုးဇာခြံစသည့် ရပ်ကွက်များအတွင်း နေရာငါးခု၌ တိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ခဲ့ကြောင်း အသိပေးသည်။
"ဒီနေ့လည်း နောင်ယားဘက်မှာ မီးလောင်နေတယ်။ မနေ့ကတော့ ပိုဆိုးတယ်။လွိုင်ကော်မြို့ကိုအကြောင်းမဲ့ ဖျက်ဆီးနေတဲ့ စစ်ကောင်စီ အမြန်ကျရှုံးပါစေ"ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ စဥ်ဆက်မပြတ်ရှိနေကြောင်း KNDFက ဆိုသည်။
စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း ၊ ဒရုန်း ၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်နေခြင်းကြောင့် မြို့တွင်း၌ ပြည်သူများနေထိုင်သွားလာရန် မသင့်သောအခြေအနေဟု သတိပေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် နေအိမ်ပြန်ခြင်းများမပြုလုပ်ရန် ၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ မှန်ကန်သည့် သတင်းအချက်လက်များကို ရယူရန် ၊ပစ္စည်းပြန်သယ်ယူခြင်းများကို တတ်နိုင်သမျှ မပြုလုပ်ရန်နှင့် လုံခြုံရေးကို ဦးစားပေး၍ စစ်ရေးသတိရှိရန်လည်း KNDF က တိုက်တွန်းသည်။
နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ '၁၁၁၁ စစ်ဆင်ရေး'တွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း KNDFက အသိပေးထားသည်။
လက်ရှိအချိန်ထိ လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ) ၊ ရဲစခန်း၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ အထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ တက္ကသိုလ် နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားပြီး မြို့တွင်းတိုက်ပွဲများပြင်းထန်နေသည်။
စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးကိုအဓိကအသုံးပြု၍ တိုက်ခိုက်နေသည်။

😡43👍11🤬11🔥5😢1
စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လွိုင်ကော်မြို့ရှိရပ်ကွက်များ၌ မီးလောင်နေသည်ကိုတွေ့ရစဥ်။ (ဓာတ်ပုံ - KNDF)
😡47👍9🤬5😢4🔥2
ထားဝယ်-ထီးခီးလမ်းတွင် စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်းကိုတော်လှန်ရေးအဖွဲ့များ တိုက်ခိုက်၊ ကား၆စီးပျက်စီးစစ်သား ၂၀ ဦးခန့်သေဆုံး
▪︎တော်လှန်ရေးအဖွဲ့များကလက်နက်မျိုးစုံ ၃၀ ကျော်သိမ်းဆည်းရရှိ
ခွာညို/People's Spring
ထားဝယ်-ထီးခီးလမ်းတွင် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့သည်။
"ထောက်ပို့ယာဉ်တန်းကို တိုက်တာ။ စစ်တပ်ဘက်က သေတာတွေများတယ်။ ကားတွေလည်း ကျန်ခဲ့တယ်။ ERO တွေနဲ့ PDF တိုက်တာ။ မကြာခင် သတင်းထုတ်ပြန်လိမ့်မယ်" ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီ ယာဥ်တန်း၌ ကား ၁၇ စီး၊အင်အား သုံးရာခန့်ပါဝင်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်း မှ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတွင် ဖေဖော်ဝါရီ ၂၁ ရက်တနေကုန် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။ စစ်ကောင်စီတပ်ကား ၆ စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက်မနည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
လူမှုကွန်ယက်မှာပျံနှံနေတဲ့ တိုက်ပွဲဓါတ်များပုံများတွင် ပျက်စီးနေသောကားများနှင့်စစ်သားအလောင်း ၂၀ ခန့်လမ်းပေါ် ပျံ့ကြဲနေသည်ကိုတွေ့ရသည်။ ထိုအပြင် လက်နက်မျိုးစုံ ၃၀ ကျော်သိမ်းဆည်းရရှိသည်ကိုလည်း သတင်းဓါတ်ပုံတွင်တွေ့ရသည်။
တိုက်ပွဲဖြစ်ပွားနေချိန်၌ စစ်ကောင်စီက MI - 2 ရဟတ်
ယာဥ်ဖြင့် ဝကုန်းရွာကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်၊ အရပ်သားအချို့ ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
စစ်ကောင်စီယာဥ်တန်းသာ် ယနေ့ ( ဖေဖော်ဝါရီလ ၂၂ရက်) နံနက်တွင် ထားဝယ်-ထီးခီးလမ်းပိုင်းပေါ်မှ ကျောက်မဲတောင်နယ်မြေရဲစခန်းကိုရောက်ရှိနေသည်ဟုသိရသည်။
စစ်ရေးဆက်လက်တင်းမာနိုင်၍ ခရီးသွားပြည်သူများ ယခုရက်ပိုင်း သတိပြုနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

👍70👏12❤6🤣2🥰1💯1
စစ်သားအလောင်းနှင့်ပျက်စီးနေသောကားများ/ တော်လှန်ရေးတပ်ဖွဲ့များသိမ်းဆည်းရရှိသော လက်နက်များ။
ဓါတ်ပုံ-Facebook Viral
ဓါတ်ပုံ-Facebook Viral
❤73👍23👏16🤣4🏆3🥰2🤩2👎1