People's Spring
62.8K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍323🔥1
︎ကဗျာ

"မန်း​အောင်သံ"

-​တောင်ညွှန့်လွှင်

မန်းသူသားတို့ ...
​ရွှေဗဟိုရ်စည်သံ
တဖန်မြည်​စေရန်
ဘယ်သူထဝံ့
လက်​မောင်းခတ်လျက်
ရရာလက်နက်
စွဲကိုင်​တော်လှန်
ဖက်ဆစ်မိစ္ဆာ
အမြစ်ပြုန်းဖို့
စည်းလုံးညီမှ
​အောင်သ​ပြေပန်း
ဆင်မြန်းနိုင်မ​ည်
​ရွှေဗဟိုရ်စည်
တို့တဖန်တီးစို့​လေ ။

၂၁. ၂ . ၂၀၂၄
74👍25👏2🔥1🕊1
မင်းပြားတိုင်းဗဟို(၉)တိုက်ပွဲ ငါးရက်အတွင်း စစ်ကောင်စီတပ်စွဲရာ စခန်းနေရာ ၄ခု AA သိမ်းပိုက်

︎ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ အညံ့မခံသော တပ်ရင်း၊တပ်မ ဌာနချုပ်များ သိမ်းယူနိုင်ရေးဆက်လက်ထိုးစစ်ဆင်နေဟု အသိပေး

ဟန်နွေ/People’s Spring

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်လျက်ရှိရာစစ်ကောင်စီ ကာကင်းစခန်း ၃ခုနှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၁ နေရာတို့ကို သိမ်းယူနိုင်ပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

အဆိုပါ တိုင်းဗဟို(၉) နေရာကို AAက ဖေဖော်ဝါရီ ၁၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲ ၅ရက်မြောက်နေ့ ၂၁ရက်နေ့အထိ စစ်ရေးရလဒ်ကို အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ အဆိုပါသင်တန်း​ကျောင်းမှာ စစ်​ကောင်စီ၏ ကမ်းနီး ​လေ့ကျင့်​ရေးသင်တန်း​ကျောင်းဖြစ်​ကြောင်းသိရသည်။

စစ်ဆင်ရေးအတွင်း စစ်ကောင်စီ စခန်း၏ အစိတ်အပိုင်း အချို့ဖြစ်သော ကာကင်းစခန်း (၃) ခု နှင့် ရန်သူ့အတွက်အရေးပါသော နေရာတစ်ခုအား သိမ်းပိုက်ရရှိထားပြီး တိုင်းဗဟို (၉) တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် အာရက္ခစစ်သည်များမှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်သည်။

ထို့ပြင် ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကိုလည်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ပွဲများ ကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း အသိပေးသည်။

ရန်သူ့စခန်းတချို့အား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်လက် ဆင်နွှဲလျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်
ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်ဟု သိရသည်။

စစ်ကောင်စီသည် ယခင်ရက်များနည်းတူ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဖေဖော်ဝါရီ ၂၁ရက် ညနေပိုင်း၌ဆက်လက်ပြုလုပ်ခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီ၏ဖေဖော်ဝါရီ ၂၀ရက် လေကြောင်းတိုက်ခိုက်မှုများအတွင်း ဖျက်အားပြင်းဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့၍ ရမ်းဗြဲမြို့ဆေးရုံနှင့်စျေးနေရာများပျက်စီးမှုကြီးမားစွာဖြစ်ပေါ်ခဲ့ရကြောင်း AAက ယမန်နေ့တွင်ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြထားသည်။

(မင်းပြားမြို့ရှိ စစ်​ကောင်စီ၏ ​ခြေလျင်တပ်ရင်းများကို
တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် အတွဲလိုက်ပစ်ဒုံးများကိုပါ AA ကဖျက်ဆီးသိမ်းယူနိုင်ခဲ့သည်။ဓါတ်ပုံ-AA Info Desk)
👍46👏114🔥1
👍44👏13🔥1🥰1
မုန်းနှင့် ရွှေကျင်တွင် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံး၊ ဒဏ်ရာရသူများရှိဟု KNU အသိပေး

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်က်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများထပ်မံ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ခဲ့ရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၇ရက်မှ ၂၁ရက်အထိ KNU ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)နှင့် မူး(မုန်း)မြို့နယ်များအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု၊ အိုးအိမ် ပျက်စီးမှု အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များမှ ပြည်သူလူထုအား ပစ်မှတ်ထားပြီး ကျူးလွန်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်ခိုက်တိုက်ခိုက် မှုများကြောင့် ပြည်သူလူထု တစ်ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့အပြင် နေအိမ် (၈) လုံး၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်း နှင့် ဘုရားကျောင်း (၁)ကျောင်း ပျက်စီးခဲ့ရဟု ထုတ်ပြန်သည်။

မုန်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၇ရက်က စစ်ကောင်စီတပ်က ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့၍ နေအိမ်နှင့်စာသင်ကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၈ရက်တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ရေတွင်းကုန်းလေးရွာဘေး ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းမီးလောင်ကာ နွားတစ်ကောင်သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၉ရက်တွင်လည်း ရွှေဝါအခြေစိုက် ခမရ−၃၀၇ မှနေ၍ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ရာ လက်တက်ကြီး ရွာနှင့် အနီးသို့ ကျရောက်ခဲ့၍ အသက် (၄၈)နှစ်အရွယ် အမျိုးသား တစ်ဦးသေဆုံးကာ ၅နှစ် ကလေးငယ် အပါအဝင် ပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပြီးနေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

ရွှေကျင်မြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၂၁ရက် က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် ရွှေကျင်မြို့နယ် ထီးဝါးထာ ကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ၊ ဗုံး (၈)လုံးခန့် ကြဲချ တိုက်ခိုက်ခဲ့ရာ ဘုရားရှိခိုးကျောင်း (၁)ကျောင်းနှင့် နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNUက ထုတ်ပြန်သည်။
🤬32👍9😢5🔥1😁1
😭19👍13🤬9🔥3
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုရားကျောင်းနှင့် နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
🤬20👍8😢2👎1
လူငယ်များအား စစ်နွှံထဲဆွဲထည့်လာသည့် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အစီအစဉ်မှရုန်းထွက်ဆန့်ကျင်ရန် KNU အတွင်းရေးမှူး (၂)တိုက်တွန်း

ထားမြတ်/People’s Spring

တရားမဝင်သည့် ဥပဒေများ အတင်းအဓမ္မ ထုတ်ပြန်ပြီးပြည်သူများဒုက္ခရောက်အောင် ၊ လူငယ်များအား စစ်ကျွန်၊စစ်နွံထဲ ဆွဲသွင်းလာသည့် အစီအစဉ်မှ ရုန်းထကြရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပြီး စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြရန် ပြောကြားလိုက်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုနှင့်ပတ်သက်ပြီးပဒိုစောလှထွန်းက ပြည်သူလူထုသို့ ပြောကြားသည့်သတင်းစကားကို KNU ဗဟိုက ဖေဖော်ဝါရီ ၂၁ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"ကျနော်တို့လူငယ်တွေကို စစ်နွှံထဲ၊ စစ်ကျွန်ထဲကိုဆွဲထည့်လာတဲ့ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စတင်ကိုင်တွယ်လာတာလည်း ကျနော်တို့ ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း ကျနော်တို့ မြန်မာနိုင်ငံအနှံ့မှာရှိနေကြတဲ့ တိုင်းရင်းသားလူငယ်တွေကိုလည်း တိုက်တွန်းအားပေးချင်ပါတယ်။ ကျနော်တို့တတွေဟာ လူငယ်ဖြစ်တဲ့အလျောက်မတရားတဲ့ ဖိနှိပ်မှု ၊ဆိုးသွမ်းလှတဲ့ ဗမာ့တပ်မတော်ကို၊ ဆိုးသွမ်းလှတဲ့စစ်အာဏာရှင်ကိုမချုပ်ငြိမ်းဘဲနဲ့ဒီအတိုင်းပဲနဲ့ဒီအတိုင်းပဲ ဆက်ပြီးခေါင်းငုံ့ခံမယ်ဆိုရင် ရှေ့ဆက်ပြီးကျနော်တို့တွေရဲ့ဘ၀ဟာ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။အဲဒါကြောင့်ကျနော်တို့လူငယ်တွေလည်း ဒီဘက် IT ခေတ်ရဲ့ အသိဉာဏ်ထွန်းကားလှတဲ့ ဒီကာလမှာ ကိုယ်ကိုယ်တိုင် ထိုးဖောက်၊ထိုးထွန်း ကြံဆတဲ့တွန်းလှန်မှုနဲ့အတူ တွန်းလှန်ကြဖို့ လိုပါလိမ့်မယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။

ဆိုးသွမ်း၊ညစ်ပတ်စုပ်ပဲ့ပြီး အရိုင်းအစိုင်းဖြစ်နေသည့် စစ်ကောင်စီတပ်၏ စစ်မှုထမ်းတစ်ယောက် သွားလုပ်မည်ဆိုပါက စစ်ကောင်စီ၊ စစ် အာဏာရှင်၏ သက်ဆိုးရှည်မှုကို ပံ့ပိုးကူညီရာ ရောက်စေမည်ဟု ပြောပြသည်။

"အဲဒီအတွက် ဗမာ့တပ်မတော်ရဲ့ သက်ဆိုးရှည်မှုကို ရပ်တန့်ဖို့၊စစ်အာဏာရှင် ချုပ်ငြိမ်းဖို့အတွက် သူတို့ ကိုင်တွယ်လာတဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ပြီးတော့ တစ်ဦးချင်းစီသော်လည်းကောင်း သက်ဆိုင်ရာ အစုအဖွဲ့လိုက်သော်လည်းကောင်း ဆိုင်ရာဆိုင်ရာ ကိုယ့်ရဲ့ နေရာဒေသကနေတွန်းလှန်နိုင်သလို လက်ရှိတော်လှန်တိုက်ပွဲဝင်နေတဲ့နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းမှု၊ ဆက်စပ်မှု၊ အတူတကွ လက်တွဲဆောင်ရွက်မှုတွေကနေ တွန်းလှန်တိုက်ပွဲဝင်သွားနိုင်တဲ့ လမ်းကြောင်းနဲ့ အဖြေလည်းရှိပါတယ်။ဘာဖြစ်လို့လည်းဆိုတော့ ဒီစစ်အာဏာရှင် မချုပ်ငြိမ်းသရွေ့ ကျနော်တို့တွေက မလွတ်မြောက်နိုင်ဘူး။ စစ်အာဏာရှင် တည်တံ့နေသရွေ့ကျနော်တို့တွေဟာ အမြဲတမ်း ဖိနှိပ်မှု၊ကျွန်ပြုမှု၊ ညှင်းပမ်းနှိပ် စက်မှုတွေ ဆက်ခံနေရမှာဖြစ်ပါတယ်"ဟု ပဒိုစောလှထွန်းက ပြောသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အစီအစဉ် အောက်တွင် ပြည်သူများ စစ်နွံမှလွတ်မြောက် ရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ခိုကိုးရာမဲ့ ပြည်သူများ ဘ၀နှင့် အနာဂတ်လူ့ဘ၀ သာယာလှပ ငြိမ်းချမ်းရေး အတွက်အားလုံးပူးပေါင်းပါဝင်မှု၊ စုပေါင်းဖော်ဆောင်မှု၊ အတူတကွ စည်းလုံးညီညွတ်မှု နှင့်အတူ လုပ်ဆောင်ကြရမည်ဟုလည်း KNUအတွင်းရေးမှူး(၂)က ပြောသည်။

အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးအတူတကွ ယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကို အတူတည်ဆောက်နိုင်ပါစေဟုလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်ကောင်စီထုတ်ပြန်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး KNUက ဖေဖော်ဝါရီ ၁၉ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ရာ ဂုဏ်သိက္ခာရှိသည့်ဆန္ဒအလျောက်ပါဝင်သင့်သောပြည်သူ့စစ်မှုထမ်းဥပဒေကဲ့သို့သော ဥပဒေများကို အသက်ဝင်ကြောင်း အတည်ပြု သတ်မှတ်ထုတ်ပြန်ရန် စစ်ကောင်စီတွင် တရားဝင်မှုမရှိကြောင်းနှင့် စစ်ကောင်စီ၏ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

မျိုးဆက်သစ်လူင်များနှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီ မတရားထုတ်ပြန်သည့် ဥပဒေ အကောင်အထည်ဖော်မှုလုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း ၊ အချင်းချင်း အကာအကွယ်ပေးသည့် လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ကြရန် KNUက တိုက်တွန်းထားသည်။
👍36👏91🤮1