▪︎မေးမြန်းခန်း
"စစ်ရေးတင်းမာမှုဖြစ်လာရင်တော့ ကျွန်တော်တို့ ခုခံဖို့ကတော့၊ ကာကွယ်ဖို့ကတော့ ကိုယ့်အသက်တစ်ချောင်းကိုတော့ ကာကွယ်ရမှာပေါ့"
▪︎BGF ဗိုလ်မှူးကြီး စောချစ်သူ နဲ့မေးမြန်းခန်း
ကရင်နယ်ခြားစောင့်တပ်(BGF) က စစ်ကောင်စီတပ်ဆီကနေ လစာ မယူတော့ပဲ သီးခြားရပ်တည်နေတာ ၂ လရှိနေပြီလို့ ဆိုပါ ။ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကြား
တင်းမာမှုတွေရှိနေတယ်လို့သတင်းတွေထွက်လာပြီး ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF ကဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးခဲ့ပါတယ်။ ကရင်ချင်းပြန်မတိုက်လို့တာကြောင့်သီးခြားရပ်တည်ဖို့ရယ် ၊စစ်ကောင်စီတပ်ဆီကနေလစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF ကဆွေးနွေးခဲ့ပေမယ့် တိတိပပ အဖြေမရခဲ့ဘူးလို့ဆိုပါတယ်။ BGF ကနေ ကရင်အမျိုးသားတပ်မတော်(KNA)လို့ပြောင်းလဲဖွဲ့စည်းတယ်လို့သတင်းထွက်ပေါ်နေတာ ၊သီးခြားရပ်တည်မယ်ဆိုတဲ့အစီအစဥ်နောက်ဆက်တွဲအခြေအနေ ၊စစ်တပ်နဲ့ဆက်ဆံရေး ၊ကျားဖြန့် အရေး ၊ ကရင်လက်နက်
ကိုင်အဖွဲ့တွေပေါင်းစည်းရေး စတာတွေကိုကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး စောချစ်သူကို People's Spring က ဆက်သွယ်မေးမြန်းထားတာကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ယန်းဒီ/ People's Spring
မေး - BGF ကို ဖျက်သိမ်းပြီး KNA(Karen National Army)အဖြစ် ပြောင်းလဲဖွဲ့စည်းတယ်လို့ သတင်းတွေ ထွက်နေလို့ အဲဒါဟုတ်ပါသလား။
ဖြေ - ကျွန်တော်အတည်မပြုရသေးဘူး။ BGF က ပြောင်းဖို့ အားလုံး ဆုံးဖြတ်ချက်ချထားပြီ။ ဘယ်ဘက်ကို ရပ်တည်မလဲ။ ဘာတွေ လုပ်မလဲဆိုတာ ကျွန်တော် ဘာတစ်ခုမှမလုပ်ရသေးဘူးနော်။ အဲဒါက ကျွန်တော်တိုင်ခေါင်းဆောင်တွေ အားလုံးရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဘာတစ်ခုမှ အတည်မပြုရသေးဘူး။
မေး - အဲဒါဆို BGF က ဖျက်သိမ်းဖို့က သေချာသွားပြီ ဘာတွေဆက်လုပ်မလဲဆိုတာတွေကို ဆွေးနွေးနေဆဲအဆင့်လို့ ပြောလို့ရပါလား။ ဘယ်လိုမျိုးပါလဲ။
ဖြေ - ဟုတ်တယ်။ ဟုတ်တယ်။ မှန်တယ်။
မေး - လက်ရှိ BGF ရဲ့ ရပ်တည်ချက်က ဘယ်လိုမျိုးရှိပါလဲ။
ဖြေ - ကျွန်တော်အခု မပြောနိုင်သေးဘူး။ ညှိနှိုင်းဆွေးနွေးနေဆဲကာလ ဖြစ်လို့။ နောက်ကျမှ ကျွန်တော် ချပြပါ့မယ််။ အသိပေးပါ့မယ်။
မေး - လက်ရှိ စစ်ကောင်စီတပ်နဲ့ ဆွေးနွေးညှိနှိုင်းမှု ရှိပါ
သေးသလား။
ဖြေ - ဆွေးနွေးညှိနှိုင်းမှုက ကိုယ်လိုချင်တဲ့ဘက်မှာ ကိုယ်တောင်းဆိုထားတဲ့ အချက် ၂ ချက်ကိုလည်း ဘာအဖြေမှလည်း ပြန်မပေးသေးဘူး။ ကျွန်တော်တို့တောင်းဆိုထားတဲ့ အချက် ၂ ချက်က အခြားမဟုတ်ပါဘူး။ ကရင်အချင်းချင်းမတိုက်ချင်တော့တဲ့ လက်အောက်ငယ်သားတင်ပြတဲ့ အချက်တစ်ချက်ရယ်။ တပ်မတော််ရဲ့ ပံ့ပိုးမှု၊ ရိက္ခာလစာကို ယူချင်တဲ့ ဆန္ဒမရှိတော့တဲ့အကြောင်း အဲဒီ အချက် ၂ ချက်ဆိုတော့ အခုအချိန်အထိ ဘာအဖြေမှမပေးလာသေးတော့ကျွန်တော်
တို့လည်း ပြတ်ပြတ်သားသားမဆုံးဖြတ်ရသေးဘူး။ ခဏလေး စောင့်ပေးပါနော်။
မေး - လက်ရှိရော စစ်တပ်က ပေးနေတဲ့ ရိက္ခာ၊ လစာ ဆက်လက်ရယူတာမျိုး ရှိလား။
ဖြေ - လောလောဆယ် မယူတာ ၂ လလောက်ရှိပြီထင်တယ်။ မယူတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုစိတ်ဓာတ်လိုတော့ မနည်းပါဘူး။ အရင်လိုပါပဲ။
မေး - မြေပြင်တပ်တွေ အခြေအနေပေါ့။(စစ်ကောင်စီတပ်နဲ့) ထိတွေ့မှုဖြစ်တာ၊ စစ်ရေးတင််းမာမှုရှိတာမျိုးရောရှိပါလား။
ဖြေ - မရှိပါဘူး။ ပုံမှန်ပါပဲ။ တညမှာ သတင်းတွေ အမျိုးမျိုးထွက်လာပေမယ့် ဘာမှမဟုတ်ပါဘူး။
မေး - နောက်တစ်ခုက ကျားဖြန့်ကိစ္စပါ။ ကျားဖြန့်ကိစ္စကို ဗိုလ်မှူးကြီးအနေနဲ့ ဘာများတုန့်ပြန်လိုပါလဲ။ စစ်ကောင်စီကလည်း ကျားဖြန့်ကိစ္စကို နှိမ်နင်းမယ်။ ထိုင်းနဲ့ပူးပေါင်းပြီး နှိမ်နင်းမယ်ပြောနေတော့ ဒီအပေါ်မှာ စိုးရိမ်ပူပန်တာမျိုးရှိပါသလား။
ဖြေ - ကျွန်တော်ဘာမှမစိုးရိမ်ဘူး။ ကျွန်တော်တို့ ဒီလိမ်လည်မှုလုပ်ငန်းကိုလည်းကြိုက်တာလည်းမဟုတ်ပါဘူး။ကျွန်တော်
တို့လည်း မလုပ်ပါဘူး။ ကျွန်တော်တို့ ကုက္ကိုလ်အိမ်ရာစီမံ
ကိန်း ပထမလုပ်ထားတာလည်း အရင် NLD အစိုးရ ခွင့်ပြုထားတာလည်း ကျွန်တော်တို့ အိမ်ရာစီမံကိန်းဖွံ့ဖြိုးမှုတစ်ခု တရားဝင် NLD အစိုးရ ခွင့်ပြုထားတာ။ နောက်ပိုင်းမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ ပြဿနာ တက်နေတာလည်း ကျွန်
တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့ ပြန်ခိုင်းတာလည်း တော်တော်ကုန်သလောက်ဖြစ်နေပြီ။ တရုတ်နိုင်ငံသားတွေလည်း အများကြီး မရှိတော့ပါဘူး။ ဆင့်ခေါ်အကြောင်းကြားတာတို့ သိသိချင်း ကျွန်တော်တို့ ပြန်ပို့ပေးတာ လူအားလုံး ၂၀၀၀ ကျော် ၃၀၀၀ နီးနီးရှိပါပြီ။ ကျွန်တော်တို့လည်း လက်
မခံပါဘူး။
မေး - ပြီးခဲ့တဲ့ဇန်နဝါရီက အာဏာသိမ်း စစ်ခေါင်ဆောင်က ကိုးကန့်မှာ ကျားဖြန့်နဲ့ပတ်သက်သူတွေကို တရုတ်ဆီ လွှဲပြောင်းပေးတာ ရှိပါတယ်။ အဲဒီလုပ်ရပ်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ဘယ်လိုမြင်ပါလဲ။
ဖြေ - ကျွန်တော်ကတော့ ထူးထူးထွေထွေ ဘာမှ မမြင်ပါဘူး။ ကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့နိုင်ငံမှာလည်း တရားဥပဒေရှိပါတယ်။ ကိုယ့်နိုင်ငံသားမှန်ကန်ရင် ဒါကို
မလုပ်သင့်ပါဘူး။ လုပ်စရာ မလိုလောက်ပါဘူး။

👍34🤣14🤮8❤2
မေး - KNU အပါအဝင် ကရင့်တပ်အချင်းချင်း ပေါင်းစည်းရေးအတွက် စဥ်းစားထားချက်ရှိပါလား။ ဒီအပေါ်မှာရော ဗိုလ်မှူးကြီး ဘာပြောနိုင်ပါလဲ။
ဖြေ - ကျွန်တော်တစ််ဦးတစ်ယောက်တည်း ပြောလို့မရပါဘူးနော်။
မေး - KNU နဲ့ ဆွေးနွေးနေတာမျိုးရော ရှိပါလား။
ဖြေ - ရှိပါတယ်။ ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ ဖွဲ့စည်းထားတာလည်း KNU ရယ်၊ BGF ရယ်၊ ငြိမ်းချမ်းရေးကောင်စီရယ်၊ DKBA ရယ်။ ကြာပြီ ရှိပါတယ်။ ဟိုးအရင် NCA လက်မှတ်ရေးထိုးပြီးထားတဲ့ ၂ နှစ်မှာ ကျွန်တော်တို့ ဖွဲ့စည်းထားတယ်။ ဒါတွေဟာ ကျွန်တော်တို့ ကရင့်တပ်အချင်းချင်း ပြန်လည်ပူးပေါင်းရေး၊ ပြန်လည်စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခ မဖြစ်ပွားဖို့ဒါတွေ ဆောင်ရွက်လာတာလည်း ၁၁ နှစ်လောက်ရှိပြီ။
မေး - လက်ရှိ BGFတပ်ဖွဲ့ရပ်တည်ရေးကရော ဘယ်လိုရပ်တည်နေပါသလဲ။ စစ်တပ်ဆီက ရိက္ခာလစာ မယူဘူးဆိုတော့လေ။
ဖြေ - ဒီလိုပဲ ရပ်တည်တယ်။ ဒီလိုပဲ။ ပိုးကောင်တွေ သူ့ရဲ့အစာမငတ်ဘူးဆိုရင် ကျွန်တော်တို့ ကရင်လူသားတစ်ယောက်က ထမင်းငတ်မှာမဟုတ်ဘူး။
မေး - ဘာများဖြည့်စွက်ပြောကြားချင်ပါလဲ။
ဖြေ - တခြားတော့မရှိသေးပါဘူး။ ကျွန်တော်တို့ BGF တွေ အားလုံး လက်မောင်းတစ်ဖက်ဖြုတ်ပြီး နိုင်ငံတော်နဲ့ စစ်ဖြစ်မှာ ဘာညာ၊ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်မှာ ဘာညာ။ ကျွန်တော်တို့လည်း တိုက်ပွဲမဖြစ်ချင်ဘူး။ တိုက်ပွဲဖြစ်လာတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ သေတာ၊ ဒုက္ခရောက်တာ ပြည်သူတွေ ပိုခံစားရတယ်။ ဒါတွေ ကျွန်တော်တို့ ခေါင်း
ဆောင်တွေ အားလုံးသိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးနည်းလမ်းကြိုးစားမယ်။ စစ်မဖြစ်အောင်ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားမယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားလို့ မရဘူး။ စစ်ရေးတင်းမာမှုဖြစ်လာရင်တော့ ကျွန်တော်တို့ ခုခံဖို့ကတော့၊ ကာကွယ်ဖို့ကတော့ ကိုယ့်အသက်တစ်ချောင်းကိုတော့ ကာကွယ်ရမှာပေါ့။
မေး - စစ်ကောင်စီတပ်နဲ့ ပြန်လည်ပေါင်းစည်းရေးရော ဖြစ်လာနိုင်ပါလား။
ဖြေ - ဒါတော့လည်း ကျွန်တော်မပြောနိုင်ဘူး။
ကျေးဇူးတင်ပါတယ်။ ။

👍26🤮12😁6🤣4❤3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်းဗုံးများကြဲချလို့ ရမ်းဗြဲမြို့မဆေးရုံ၊ မြို့မစျေးနဲ့ နေအိမ်များပျက်စီး
စစ်ကောင်စီဟာ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဖျက်အားပြင်း ဗုံးအသုံးပြုတိုက်ခိုက်ရာ ရမ်းဗြဲ မြို့မဆေးရုံ၊ မြို့မစျေးနဲ့ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။ AAက ရမ်းဗြဲအပါအဝင် ရက္ခိုင်ဒေသတခုလုံးသိမ်းနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ရမ်းဗြဲမြို့ပေါ်တိုက်ပွဲ AAက အသာစီးရနေတဲ့အခြေအနေမှာ စစ်ကောင်စီက မြို့ပေါ် နေရာများကို နေ့စဉ် ရက်ဆက် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေတာပါ။ မနေ့ နေ့ခင်းက စစ်ကောင်စီဟာ ရမ်းဗြဲမြို့အနီး ဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဖျက်အားပြင်းဗုံးများ သုံးကာ ဗုံးကြဲခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဖျက်အားပြင်းဗုံးဟာ အရင်ရက်တွေမှာ ကြဲချတဲ့ ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း များကို တွေ့ရပြီး ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားတဲ့ မြေမှုန့်များလည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့ကြောင်းရုပ်သံဖိုင်နှင့်တကွ ဖော်ပြပါတယ်။
◾️ရေတာရှည်မြို့နယ်ရှိ ရွာသုံးရွာ လေကြောင်း တိုက်ခိုက်ခံရပြီး ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ လေးဦးသေဆုံး
ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီက ဒီနေ့ နေ့ခင်းပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့တယ်လို့ ဒေါင်းမင်းသားရေတာရှည် PDF မှ တာဝန်ရှိသူက ပြောပါတယ်။ တောင်ငူ ကေတုမတီမြို့သစ်အခြေစိုက် လေတပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီး ၁၂လုံးခန့် ကြဲချပြီး ပွိုင့် ၅ စက်လက်ကျည်များဖြင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာသုံးရွာကို ပစ်ခတ်ခဲ့မှုကြောင့် စည်ပိုင်းကျေးရွာနဲ့ ပိတောက်ကုန်းကျေးရွာမှ အသက် (၁၀)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၈) နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
◾️ရေးအခြေစိုက် စစ်ကောင်စီပစ်မှတ်နေရာများကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေးတံတားကြီး ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၉ရက်ကတိုက်ခိုက်ရာ အထိနာခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့များက အသီးသီး အသိပေး ထုတ်ပြန်ပါတယ်။ ရေးတံတားကြီးမှာ တပ်စွဲထားတဲ့ ရန်သူစစ်ကောင်စီများကို ဗုံးသီး များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေးမြို့အခြေစိုက် စကခ - ၁၉ နဲ့ ခလရ - ၆၁ တို့ကို လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ ရဲ ၂ဦး သေဆုံးခဲ့ပြီး ခလရ(၆၁) အတွင်းသို့ ဒဏ်ရာရသူများကို Mini Bus ဖြင့် သယ်သွားတဲ့သတင်းရပေမယ့် ထိခိုက်သေဆုံး စုံစမ်းဆဲဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
◾️စစ်ကောင်စီ တပ်စခန်းများကို AA ဆက်လက်ထိုးစစ်ဆင််နေ၊ အမြန်လက်နက်ချဖို့ သတိပေး
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အလားတူ အခြားသောမြို့များရှိ စစ်ကောင်စီရဲ့တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော်က အဲဒီရန်သူ့စခန်းများကို စောစီးစွာ လက်နက်ချအညံ့ခံဖို့ ထပ်မံသတိပေးလိုက်ပါတယ်။ စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲလို့ ရွေးချယ်စရာမရှိဘဲ ၎င်းတို့ရဲ့အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
◾️ကရင်လက်နက်ကိုင်များ ပြန်စုပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှ လုပ်ဆောင်သွားဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း
ပြည်သူလူထုများရဲ့ လိုလားချက်များ ပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး အဖွဲ့တစ်ခုရဲ့ ဦးဆောင်မှုအောက်မှ လုပ်ဆောင်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မနေ့က တိုက်တွန်းလိုက်ပါတယ််။ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပယ်ထားခံရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းများ ဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း လက်နက်ကိုင်များ ပြန်လည်ပြီး စည်းစည်းလုံးလုံး၊ စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စိတ်သဘောထားဆန္ဒ အစီအစဉ် တစ်ခုဖြစ်တယ်လို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။
◾️တာဟန်းရပ်ကွက်အပါအဝင် ကလေးမြို့ရှိ စစ်ကောင်စီစခန်းများကို PDFများ တိုက်ခိုက်

❤20👍15🔥2🤮1
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံများက ပြောပါတယ်။ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့ တာဟန်းရပ်ကွက်အပါအဝင် စက္ကန့်၊ မြို့လှ၊ အင်ဒိုင်းကုန်း၊ ကံကြီးကျေးရွာများရှိ စစ်ကောင်စီစခန်းများကို ကာကွယ်ရေးအဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကံကြီးကျေးရွာစခန်းကို ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူများ ထိခိုက်မှုများရှိတယ်လို့ ကာကွယ်ရေးတပ်များက ပြောပါတယ်။
◾️တန့်ဆည် ကံထူးမနယ်မြေရဲစခန်းကို လေကြောင်းပစ်ကူများကြားမှ PDFများ တိုက်ခိုက်သိမ်းပိုက်မီးရှို့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ ကံထူးမနယ်မြေရဲစခန်းကို လေကြောင်းတိုက်ခိုက်မှုများကြားမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီနေ့မနက် တိုက်ခိုက်သိမ်းယူပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ စခန်းကို ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်နေရင်း တပြိုင်နက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိဘူးလို့ ကနဦးသိရပါတယ်။
◾️ဟိုပုံးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNOပြည်သူ့စစ် ငါးဦးသေဆုံး
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ ငါးဦးသေဆုံးပြီး သေနတ်လေးလက်နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။ မနေ့က ဟိုပုံးမြို့နယ် တနေရာမှာ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLAစစ်ကြောင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် နေ့တဝက််နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဆီဆိုင်မြို့နဲ့ PNLA လှုပ်ရှားရာ နယ်မြေများမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များသေဆုံးဒဏ်ရာရသူ ၁၀၀ကျော်ရှိနေပြီလို့ သိရပါတယ်။
◾️မြိုင်မှာ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာတဲ့ ရဲတပ်သားကို ကျပ်သိန်း၅၀ ချီးမြှင့်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာလို့ မြိုင်(ပကဖ)အဖွဲ့က ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့ပါတယ်။ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှာ ၂နှစ်နီးပါး တာဝန်ကျခဲ့တဲ့ ရဲတပ်သားရဲအောင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်က အူစီသေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု ၊ ၉ မမကျည် ၁၇တောင့်ဖြင့် အလင်းဝင်လာလို့ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တာလို့ မြိုင်(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကာကွယ်ရေးတပ်များရဲ့ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကန်နီပျူစောထီးရွာမှာ စားနပ်ရိက္ခာခက်ခဲကာ ဆန်ပြုတ် သုံးလနီးပါးသောက်ခဲ့ရတယ်လို့ အလင်းဝင်လာတဲ့ ရဲတပ်သားက ဆိုပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းတို့က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုတွေက တော်လှန်ရုပ်ရှင်ပြသပွဲနဲ့ လူထုနိုင်ငံရေးတရားဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက ဒေသခံကာကွယ်ရေး ရဲဘော်မင်းမင်းထက်(ခ) ဖက်တီး ကျဆုံးခြင်း (၈)လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပပြီး အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

👍39❤7🔥1