စစ်မှုမထမ်းမနေရ ဝါဒဖြန့်စာရွက်များ
ရန်ကုန်တွင်စတင်ဖြန့်ဝျေန
ရဲခေါင်/People's Spring
လူငယ်များ စစ်တပ်ထဲဝင်ရန် စစ်ကောင်စီကဝါဒဖြန့်သော လက်ကမ်းစာစောင်များကို ရန်ကုန်မြို့တွင် စတင်ဖြန့်လာပြီ ဖြစ် ကြောင်း ဒေသခံများနှင့် ရပ်ကွက် အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သူများက လူထုနွေဦးသို့ပြောသည်။
"စိုးရိမ်ရန် မလိုပေ ပြည်သူ့စစ်မှု ထမ်းဥပဒေ"ဟူ သော ခေါင်းစဥ်ဖြင့် လက်ကမ်းစာစောင်အပြင် "နိုင် ငံသားတစ်ယောက်အနေနဲ့ ဂုဏ်တင့်တယ်စွာ ၂ နှစ် စစ်မှုထမ်းမလား.?တောထဲမှာ သူပုန်လုပ်ပြီး အဆုံးခံမလား..... ? "ဟူသော စစ်ကောင်စီ ဝါဒဖြန့် လက်ကမ်းစာစောင်နှစ်ခု ကို လိုက်လံဝေငှလျှက်ရှိသည်ဟု ပြည်သူအချို့ကပြောသည်။
"ဒီနေ့ အပြင်ကပြန်လာတော့ အိမ်တံခါးမှာ တွေ့တဲ့ စာရွက်နှစ်ရွက်ကို ကြည့်လိုက်တော့ စစ်မှုထမ်းရမယ့် ကိစ္စတွေ ဖြစ်နေတာ။အိမ်မှာလူမရှိတော့ ဒီအတိုင်း တံခါးမှာ ညှပ်သွားတယ် ထင်တယ်။ကျွန်တော်တို့ကတော့ သူတို့ လက်ထဲမှာတော့ အသေမခံနိုင်ဘူး"ဟု မရမ်းကုန်းမြို့ နေသူတစ်ဦးက ပြောသည်။
ပြည်သူ့ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်း ရပ်
ကွက်များအတွက် ဧည့်စာရင်းပိုမိုတင်ကြပ်ရန် နှင့် လုံခြုံရေး တိုးမြှင့်ရန် တိုင်းအစိုးရက အမိန့်ပေးထားကြောင်းလည်း ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရာအိမ်မှူးတစ်ဦးက အသိပေးသည်။
"ပုံမှန်ဆို ရပ်ကွက် နှစ်ခုလောက်စစ်ပြီးရင် ပြီးပြီ။ အခုက ရပ်ကွက်ကို ကွက်ပြည့်နင်းခိုင်းတာ။ပြီးတော့ လမ်းထိပ်တွေမှာ ည ၈ နာရီက စပြီး ကျွန်တော်တို့နဲ့ သင့်တင့်တဲ့သူတွေကို စောင့်ကြည့်ခိုင်းထားရတယ်။ဘယ်ရပ်ကွက်၊ဘယ်သူတွေ အဝင်၊အထွက်ရှိလည်းဆိုတာပေါ့။ ရှင်းရှင်းပြောရရင် အခုက တခြားနယ်တွေက ပါဝင်လာတာကို စိစစ်နေတယ်လို့ထင်တယ်"ဟု ၎င်းက ပြောသည်။
မကြာသေးမီရက်ပိုင်းကလည်း ဧရာဝတီ၊ပဲခူးတိုင်းနှင့် မန္တလေး တိုင်းရှိ ဒေသခံများ၏ ပြောဆိုချက်အရ စျေးများ အပါအဝင် လူစည်းကားရာ နေရာများ၌ စစ်ကောင်စီ လက်ဝေခံများက လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။
လွန်ခဲ့သော ၁၄ နှစ်က စစ် အစိုးရ ပြဌာန်းခဲ့သည့် ပြည်သူ့
စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာသိမ်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်။
နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် သေဆုံးဒဏ်ရာရသူ ၊ ထွက်ပြေးသူ ၊လက်နက်ချသူ ၊တော်လှန်ရေးအဖွဲ့များထံအလင်းဝင်သူ စသဖြင့် စစ်ကောင်စီ တပ်အင်အား နည်းလာသော်လည်း စစ်တပ်ထဲ ဝင်လိုသူ နည်းလာသောကြောင့် စစ်ကောင်စီက ၎င်းတို့အသက်ဆက်နိုင်ရေး စစ်မှု မထမ်းမနေရ ဥပဒေ ဖြင့် လူငယ်များကို စစ်တပ်အတွင်းဝင်ရန် ကြံစည်လာခြင်းဖြစ်ကြောင်း နိုင်ငံရေး ၊စစ်ရေးလေ့လာသူများကသုံးသပ်ကြသည်။

🖕30👍9❤2👎2😁2🔥1🤬1
ရေတာရှည်မြို့နယ်ရှိ ရွာသုံးရွာ လေကြောင်း တိုက်ခိုက်ခံရပြီး ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ လေးဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
▪️တိုက်ပွဲမရှိဘဲ အကြောင်းမဲတိုက်ခိုက်လာခြင်းဖြစ်
ထားမြတ်/People’s Spring
ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့ကြောင်း ဒေါင်းမင်းသားရှေတာရှည် PDF မှ တာဝန်ရှိသူက ပြောသည်။
တောင်ငူ ကေတုမတီမြို့သစ်အခြေစိုက် လေတပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီးများ ကြဲချပြီး စက်လက်ဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေါင်းမင်းသား ရေတာရှည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ မြစ်အရှေ့ဘက်ကမ်းရှိ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပိတောက် ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာများကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ၈၁ မမ ဗုံးသီး ၁၂လုံးခန့် ကြဲချပြီး ပွိုင့် ၅ စက်လက်ကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ထိုသို့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာသုံးရွာကို ပစ်ခတ်ခဲ့သောကြောင့် စည်ပိုင်းကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာမှ အသက် (၁၀)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၈) နှစ် အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ လေးဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးရှိကြောင်း အသိပေးသည်။
"ဒဏ်ရာရသူကတော့ တစ်ဦး စိုးရိမ်ရဆဲ အခြေအနေ ဖြစ်ပြီး ကျန်သူများကတော့ မစိုးရိမ်ရပါ။ ကုသမှု အပိုင်းကတော့ ကျေးရွာက တာဝန်ရှိသူတွေ အနေနဲ့ ဆက်လက် ဆောင်ရွက် နေပါတယ်"ဟု ဒေါင်းမင်းသားရှေတာရှည် PDF ဘဏ္ဍာရေးနှင့်ထောက်ပို့တာဝန်ခံ ရဲဘော်ဒေါင်းဖြူက ပြောသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ရက်အနည်းငယ်ကတည်းက အကြောင်းအရင်း တစုံတရာ ထူးခြားမှုမရှိဘဲ မြို့ပေါ်တိုက်ပွဲဖြစ်သယောင်ဖန်တီးနေသည်ဟု ၎င်းက ပြောပြသည်။
"သူတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပေါ် မလာရဲအောင် တမင်လုပ်နေတယ်လို့ထင်တယ်။စစ်ရေးအခြေအနေတွေကတော့ စစ်တောင်းမြစ် တလျှောက်က ခုလောလောဆယ်တော့ ခဏငြိမ်နေ ပြီးတော့ ရေတာရှည်မြို့အဝင်ပေါက်တွေမှာ ကင်းပုန်းတွေချပြီး အရမ်းအစစ်အဆေးကြမ်းနေတယ်ဗျ"ဟု ရဲဘော် ဒေါင်းဖြူက ပြောကြားသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၀ရက်ကလည်း ရေတာရှည်မြို့နယ် ကံလှကျေးရွာသို့အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာ၍ သံတောင်မြောက်ပိုင်း အထူးဒေသ တပ်ခွဲများ ပါဝင်သည့် ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။
အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ရာ တိုက်ပွဲဖြစ်သည့် ညနေပိုင်း၌ စစ်ကောင်စီက ကံလှရွာမှ နေအိမ် ၆၀နီးပါးကို မီးရှီု့ဖျက်ဆီးခဲ့သည်။
ထို့ပြင် ကျွဲ၊နွား တိရစ္ဆာန်များကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေါင်းမင်းသားရေတာရှည် PDFက အသိပေးထားသည်။

😭27👍9🤬9❤2😡1
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သူများနှင့် နေအိမ်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါင်းမင်းသား ရေတာရှည်PDF)
😢29🔥4🤬3👍1
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၁) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းနဲ့ အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်းတို့က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုတွေက ဦးဆောင်ကာ တော်လှန်ရုပ်ရှင်ပြသပွဲနဲ့ လူထုနိုင်ငံရေးတရားဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်မှာလည်း အားမာန်သစ်လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ဒေသခံကာကွယ်ရေး ရဲဘော်မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း (၈)လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပပြီး အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ အားမာန်သစ်သပိတ်

👍25❤13🤮1
▪︎မေးမြန်းခန်း
"စစ်ရေးတင်းမာမှုဖြစ်လာရင်တော့ ကျွန်တော်တို့ ခုခံဖို့ကတော့၊ ကာကွယ်ဖို့ကတော့ ကိုယ့်အသက်တစ်ချောင်းကိုတော့ ကာကွယ်ရမှာပေါ့"
▪︎BGF ဗိုလ်မှူးကြီး စောချစ်သူ နဲ့မေးမြန်းခန်း
ကရင်နယ်ခြားစောင့်တပ်(BGF) က စစ်ကောင်စီတပ်ဆီကနေ လစာ မယူတော့ပဲ သီးခြားရပ်တည်နေတာ ၂ လရှိနေပြီလို့ ဆိုပါ ။ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်တို့ကြား
တင်းမာမှုတွေရှိနေတယ်လို့သတင်းတွေထွက်လာပြီး ဇန်နဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကရင်ပြည်နယ်ကို နေ့ချင်းပြန်သွားပြီး BGF ကဗိုလ်မှူးကြီး စောချစ်သူနဲ့ တွေ့ဆုံဆွေးခဲ့ပါတယ်။ ကရင်ချင်းပြန်မတိုက်လို့တာကြောင့်သီးခြားရပ်တည်ဖို့ရယ် ၊စစ်ကောင်စီတပ်ဆီကနေလစာနဲ့ ရိက္ခာကိုမယူတော့ဖို့ BGF ကဆွေးနွေးခဲ့ပေမယ့် တိတိပပ အဖြေမရခဲ့ဘူးလို့ဆိုပါတယ်။ BGF ကနေ ကရင်အမျိုးသားတပ်မတော်(KNA)လို့ပြောင်းလဲဖွဲ့စည်းတယ်လို့သတင်းထွက်ပေါ်နေတာ ၊သီးခြားရပ်တည်မယ်ဆိုတဲ့အစီအစဥ်နောက်ဆက်တွဲအခြေအနေ ၊စစ်တပ်နဲ့ဆက်ဆံရေး ၊ကျားဖြန့် အရေး ၊ ကရင်လက်နက်
ကိုင်အဖွဲ့တွေပေါင်းစည်းရေး စတာတွေကိုကရင်နယ်ခြားစောင့်တပ်ဖွဲ့ ဗိုလ်မှူးကြီး စောချစ်သူကို People's Spring က ဆက်သွယ်မေးမြန်းထားတာကိုကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
ယန်းဒီ/ People's Spring
မေး - BGF ကို ဖျက်သိမ်းပြီး KNA(Karen National Army)အဖြစ် ပြောင်းလဲဖွဲ့စည်းတယ်လို့ သတင်းတွေ ထွက်နေလို့ အဲဒါဟုတ်ပါသလား။
ဖြေ - ကျွန်တော်အတည်မပြုရသေးဘူး။ BGF က ပြောင်းဖို့ အားလုံး ဆုံးဖြတ်ချက်ချထားပြီ။ ဘယ်ဘက်ကို ရပ်တည်မလဲ။ ဘာတွေ လုပ်မလဲဆိုတာ ကျွန်တော် ဘာတစ်ခုမှမလုပ်ရသေးဘူးနော်။ အဲဒါက ကျွန်တော်တိုင်ခေါင်းဆောင်တွေ အားလုံးရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဘာတစ်ခုမှ အတည်မပြုရသေးဘူး။
မေး - အဲဒါဆို BGF က ဖျက်သိမ်းဖို့က သေချာသွားပြီ ဘာတွေဆက်လုပ်မလဲဆိုတာတွေကို ဆွေးနွေးနေဆဲအဆင့်လို့ ပြောလို့ရပါလား။ ဘယ်လိုမျိုးပါလဲ။
ဖြေ - ဟုတ်တယ်။ ဟုတ်တယ်။ မှန်တယ်။
မေး - လက်ရှိ BGF ရဲ့ ရပ်တည်ချက်က ဘယ်လိုမျိုးရှိပါလဲ။
ဖြေ - ကျွန်တော်အခု မပြောနိုင်သေးဘူး။ ညှိနှိုင်းဆွေးနွေးနေဆဲကာလ ဖြစ်လို့။ နောက်ကျမှ ကျွန်တော် ချပြပါ့မယ််။ အသိပေးပါ့မယ်။
မေး - လက်ရှိ စစ်ကောင်စီတပ်နဲ့ ဆွေးနွေးညှိနှိုင်းမှု ရှိပါ
သေးသလား။
ဖြေ - ဆွေးနွေးညှိနှိုင်းမှုက ကိုယ်လိုချင်တဲ့ဘက်မှာ ကိုယ်တောင်းဆိုထားတဲ့ အချက် ၂ ချက်ကိုလည်း ဘာအဖြေမှလည်း ပြန်မပေးသေးဘူး။ ကျွန်တော်တို့တောင်းဆိုထားတဲ့ အချက် ၂ ချက်က အခြားမဟုတ်ပါဘူး။ ကရင်အချင်းချင်းမတိုက်ချင်တော့တဲ့ လက်အောက်ငယ်သားတင်ပြတဲ့ အချက်တစ်ချက်ရယ်။ တပ်မတော််ရဲ့ ပံ့ပိုးမှု၊ ရိက္ခာလစာကို ယူချင်တဲ့ ဆန္ဒမရှိတော့တဲ့အကြောင်း အဲဒီ အချက် ၂ ချက်ဆိုတော့ အခုအချိန်အထိ ဘာအဖြေမှမပေးလာသေးတော့ကျွန်တော်
တို့လည်း ပြတ်ပြတ်သားသားမဆုံးဖြတ်ရသေးဘူး။ ခဏလေး စောင့်ပေးပါနော်။
မေး - လက်ရှိရော စစ်တပ်က ပေးနေတဲ့ ရိက္ခာ၊ လစာ ဆက်လက်ရယူတာမျိုး ရှိလား။
ဖြေ - လောလောဆယ် မယူတာ ၂ လလောက်ရှိပြီထင်တယ်။ မယူတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုစိတ်ဓာတ်လိုတော့ မနည်းပါဘူး။ အရင်လိုပါပဲ။
မေး - မြေပြင်တပ်တွေ အခြေအနေပေါ့။(စစ်ကောင်စီတပ်နဲ့) ထိတွေ့မှုဖြစ်တာ၊ စစ်ရေးတင််းမာမှုရှိတာမျိုးရောရှိပါလား။
ဖြေ - မရှိပါဘူး။ ပုံမှန်ပါပဲ။ တညမှာ သတင်းတွေ အမျိုးမျိုးထွက်လာပေမယ့် ဘာမှမဟုတ်ပါဘူး။
မေး - နောက်တစ်ခုက ကျားဖြန့်ကိစ္စပါ။ ကျားဖြန့်ကိစ္စကို ဗိုလ်မှူးကြီးအနေနဲ့ ဘာများတုန့်ပြန်လိုပါလဲ။ စစ်ကောင်စီကလည်း ကျားဖြန့်ကိစ္စကို နှိမ်နင်းမယ်။ ထိုင်းနဲ့ပူးပေါင်းပြီး နှိမ်နင်းမယ်ပြောနေတော့ ဒီအပေါ်မှာ စိုးရိမ်ပူပန်တာမျိုးရှိပါသလား။
ဖြေ - ကျွန်တော်ဘာမှမစိုးရိမ်ဘူး။ ကျွန်တော်တို့ ဒီလိမ်လည်မှုလုပ်ငန်းကိုလည်းကြိုက်တာလည်းမဟုတ်ပါဘူး။ကျွန်တော်
တို့လည်း မလုပ်ပါဘူး။ ကျွန်တော်တို့ ကုက္ကိုလ်အိမ်ရာစီမံ
ကိန်း ပထမလုပ်ထားတာလည်း အရင် NLD အစိုးရ ခွင့်ပြုထားတာလည်း ကျွန်တော်တို့ အိမ်ရာစီမံကိန်းဖွံ့ဖြိုးမှုတစ်ခု တရားဝင် NLD အစိုးရ ခွင့်ပြုထားတာ။ နောက်ပိုင်းမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ ပြဿနာ တက်နေတာလည်း ကျွန်
တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့ ပြန်ခိုင်းတာလည်း တော်တော်ကုန်သလောက်ဖြစ်နေပြီ။ တရုတ်နိုင်ငံသားတွေလည်း အများကြီး မရှိတော့ပါဘူး။ ဆင့်ခေါ်အကြောင်းကြားတာတို့ သိသိချင်း ကျွန်တော်တို့ ပြန်ပို့ပေးတာ လူအားလုံး ၂၀၀၀ ကျော် ၃၀၀၀ နီးနီးရှိပါပြီ။ ကျွန်တော်တို့လည်း လက်
မခံပါဘူး။
မေး - ပြီးခဲ့တဲ့ဇန်နဝါရီက အာဏာသိမ်း စစ်ခေါင်ဆောင်က ကိုးကန့်မှာ ကျားဖြန့်နဲ့ပတ်သက်သူတွေကို တရုတ်ဆီ လွှဲပြောင်းပေးတာ ရှိပါတယ်။ အဲဒီလုပ်ရပ်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီး ဘယ်လိုမြင်ပါလဲ။
ဖြေ - ကျွန်တော်ကတော့ ထူးထူးထွေထွေ ဘာမှ မမြင်ပါဘူး။ ကျွန်တော်တို့ပြောချင်တာက ကိုယ့်ရဲ့နိုင်ငံမှာလည်း တရားဥပဒေရှိပါတယ်။ ကိုယ့်နိုင်ငံသားမှန်ကန်ရင် ဒါကို
မလုပ်သင့်ပါဘူး။ လုပ်စရာ မလိုလောက်ပါဘူး။

👍34🤣14🤮8❤2
မေး - KNU အပါအဝင် ကရင့်တပ်အချင်းချင်း ပေါင်းစည်းရေးအတွက် စဥ်းစားထားချက်ရှိပါလား။ ဒီအပေါ်မှာရော ဗိုလ်မှူးကြီး ဘာပြောနိုင်ပါလဲ။
ဖြေ - ကျွန်တော်တစ််ဦးတစ်ယောက်တည်း ပြောလို့မရပါဘူးနော်။
မေး - KNU နဲ့ ဆွေးနွေးနေတာမျိုးရော ရှိပါလား။
ဖြေ - ရှိပါတယ်။ ကရင့်လက်နက်ကိုင်စည်းလုံးညီညွတ်ရေးကော်မတီ ဖွဲ့စည်းထားတာလည်း KNU ရယ်၊ BGF ရယ်၊ ငြိမ်းချမ်းရေးကောင်စီရယ်၊ DKBA ရယ်။ ကြာပြီ ရှိပါတယ်။ ဟိုးအရင် NCA လက်မှတ်ရေးထိုးပြီးထားတဲ့ ၂ နှစ်မှာ ကျွန်တော်တို့ ဖွဲ့စည်းထားတယ်။ ဒါတွေဟာ ကျွန်တော်တို့ ကရင့်တပ်အချင်းချင်း ပြန်လည်ပူးပေါင်းရေး၊ ပြန်လည်စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင်ပဋိပက္ခ မဖြစ်ပွားဖို့ဒါတွေ ဆောင်ရွက်လာတာလည်း ၁၁ နှစ်လောက်ရှိပြီ။
မေး - လက်ရှိ BGFတပ်ဖွဲ့ရပ်တည်ရေးကရော ဘယ်လိုရပ်တည်နေပါသလဲ။ စစ်တပ်ဆီက ရိက္ခာလစာ မယူဘူးဆိုတော့လေ။
ဖြေ - ဒီလိုပဲ ရပ်တည်တယ်။ ဒီလိုပဲ။ ပိုးကောင်တွေ သူ့ရဲ့အစာမငတ်ဘူးဆိုရင် ကျွန်တော်တို့ ကရင်လူသားတစ်ယောက်က ထမင်းငတ်မှာမဟုတ်ဘူး။
မေး - ဘာများဖြည့်စွက်ပြောကြားချင်ပါလဲ။
ဖြေ - တခြားတော့မရှိသေးပါဘူး။ ကျွန်တော်တို့ BGF တွေ အားလုံး လက်မောင်းတစ်ဖက်ဖြုတ်ပြီး နိုင်ငံတော်နဲ့ စစ်ဖြစ်မှာ ဘာညာ၊ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်မှာ ဘာညာ။ ကျွန်တော်တို့လည်း တိုက်ပွဲမဖြစ်ချင်ဘူး။ တိုက်ပွဲဖြစ်လာတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ သေတာ၊ ဒုက္ခရောက်တာ ပြည်သူတွေ ပိုခံစားရတယ်။ ဒါတွေ ကျွန်တော်တို့ ခေါင်း
ဆောင်တွေ အားလုံးသိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးနည်းလမ်းကြိုးစားမယ်။ စစ်မဖြစ်အောင်ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားမယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားလို့ မရဘူး။ စစ်ရေးတင်းမာမှုဖြစ်လာရင်တော့ ကျွန်တော်တို့ ခုခံဖို့ကတော့၊ ကာကွယ်ဖို့ကတော့ ကိုယ့်အသက်တစ်ချောင်းကိုတော့ ကာကွယ်ရမှာပေါ့။
မေး - စစ်ကောင်စီတပ်နဲ့ ပြန်လည်ပေါင်းစည်းရေးရော ဖြစ်လာနိုင်ပါလား။
ဖြေ - ဒါတော့လည်း ကျွန်တော်မပြောနိုင်ဘူး။
ကျေးဇူးတင်ပါတယ်။ ။

👍26🤮12😁6🤣4❤3
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်ကောင်စီက လေကြောင်းမှ ဖျက်အားပြင်းဗုံးများကြဲချလို့ ရမ်းဗြဲမြို့မဆေးရုံ၊ မြို့မစျေးနဲ့ နေအိမ်များပျက်စီး
စစ်ကောင်စီဟာ ရမ်းဗြဲမြို့ကို လေကြောင်းမှ ဖျက်အားပြင်း ဗုံးအသုံးပြုတိုက်ခိုက်ရာ ရမ်းဗြဲ မြို့မဆေးရုံ၊ မြို့မစျေးနဲ့ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။ AAက ရမ်းဗြဲအပါအဝင် ရက္ခိုင်ဒေသတခုလုံးသိမ်းနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ရမ်းဗြဲမြို့ပေါ်တိုက်ပွဲ AAက အသာစီးရနေတဲ့အခြေအနေမှာ စစ်ကောင်စီက မြို့ပေါ် နေရာများကို နေ့စဉ် ရက်ဆက် လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေတာပါ။ မနေ့ နေ့ခင်းက စစ်ကောင်စီဟာ ရမ်းဗြဲမြို့အနီး ဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဖျက်အားပြင်းဗုံးများ သုံးကာ ဗုံးကြဲခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဖျက်အားပြင်းဗုံးဟာ အရင်ရက်တွေမှာ ကြဲချတဲ့ ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း များကို တွေ့ရပြီး ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားတဲ့ မြေမှုန့်များလည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့ကြောင်းရုပ်သံဖိုင်နှင့်တကွ ဖော်ပြပါတယ်။
◾️ရေတာရှည်မြို့နယ်ရှိ ရွာသုံးရွာ လေကြောင်း တိုက်ခိုက်ခံရပြီး ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ လေးဦးသေဆုံး
ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ကျေးရွာ သုံးရွာကို စစ်ကောင်စီက ဒီနေ့ နေ့ခင်းပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ခဲ့တယ်လို့ ဒေါင်းမင်းသားရေတာရှည် PDF မှ တာဝန်ရှိသူက ပြောပါတယ်။ တောင်ငူ ကေတုမတီမြို့သစ်အခြေစိုက် လေတပ်က ရဟတ်ယာဉ်ဖြင့် ၈၁ မမ ဗုံးသီး ၁၂လုံးခန့် ကြဲချပြီး ပွိုင့် ၅ စက်လက်ကျည်များဖြင့် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာသုံးရွာကို ပစ်ခတ်ခဲ့မှုကြောင့် စည်ပိုင်းကျေးရွာနဲ့ ပိတောက်ကုန်းကျေးရွာမှ အသက် (၁၀)နှစ် အရွယ် ကလေးငယ်တစ်ဦး၊ အသက်(၈) နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူလေးဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
◾️ရေးအခြေစိုက် စစ်ကောင်စီပစ်မှတ်နေရာများကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်
မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေးတံတားကြီး ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၉ရက်ကတိုက်ခိုက်ရာ အထိနာခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့များက အသီးသီး အသိပေး ထုတ်ပြန်ပါတယ်။ ရေးတံတားကြီးမှာ တပ်စွဲထားတဲ့ ရန်သူစစ်ကောင်စီများကို ဗုံးသီး များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေးမြို့အခြေစိုက် စကခ - ၁၉ နဲ့ ခလရ - ၆၁ တို့ကို လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲမှာ ရဲ ၂ဦး သေဆုံးခဲ့ပြီး ခလရ(၆၁) အတွင်းသို့ ဒဏ်ရာရသူများကို Mini Bus ဖြင့် သယ်သွားတဲ့သတင်းရပေမယ့် ထိခိုက်သေဆုံး စုံစမ်းဆဲဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။
◾️စစ်ကောင်စီ တပ်စခန်းများကို AA ဆက်လက်ထိုးစစ်ဆင််နေ၊ အမြန်လက်နက်ချဖို့ သတိပေး
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အလားတူ အခြားသောမြို့များရှိ စစ်ကောင်စီရဲ့တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော်က အဲဒီရန်သူ့စခန်းများကို စောစီးစွာ လက်နက်ချအညံ့ခံဖို့ ထပ်မံသတိပေးလိုက်ပါတယ်။ စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲလို့ ရွေးချယ်စရာမရှိဘဲ ၎င်းတို့ရဲ့အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
◾️ကရင်လက်နက်ကိုင်များ ပြန်စုပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှ လုပ်ဆောင်သွားဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း
ပြည်သူလူထုများရဲ့ လိုလားချက်များ ပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး အဖွဲ့တစ်ခုရဲ့ ဦးဆောင်မှုအောက်မှ လုပ်ဆောင်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မနေ့က တိုက်တွန်းလိုက်ပါတယ််။ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပယ်ထားခံရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းများ ဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း လက်နက်ကိုင်များ ပြန်လည်ပြီး စည်းစည်းလုံးလုံး၊ စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စိတ်သဘောထားဆန္ဒ အစီအစဉ် တစ်ခုဖြစ်တယ်လို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။
◾️တာဟန်းရပ်ကွက်အပါအဝင် ကလေးမြို့ရှိ စစ်ကောင်စီစခန်းများကို PDFများ တိုက်ခိုက်

❤20👍15🔥2🤮1