People's Spring
62.8K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👏34👍21🔥1
စစ်ကောင်စီက​လေ​ကြောင်းမှ ဖျက်အားပြင်းဗုံးများကြဲ၍ ရမ်းဗြဲမြို့မဆေးရုံ ၊မြို့မစျေး နှင့် ​နေအိမ်များပျက်စီး

ရှိုင်း/People’s Spring

စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေကြောင်းမှ ဖျက်အားပြင်း ဗုံးအသုံးပြု၍ ယမန်​နေ့ ( ဖေဖော်ဝါရီ ၂၀ရက်)ကတိုက်ခိုက်ရာ ရမ်းဗြဲ မြို့မဆေးရုံ၊ မြို့မစျေးနှင့်လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့​ကြောင်းဓါတ်ပုံမှတ်တမ်းများနှင့်တကွ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

AAက ရမ်းဗြဲအပါအဝင် ရက္ခိုင်ဒေသတစ်လုံးသိမ်းနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ရမ်းဗြဲမြို့ပေါ် တိုက်ပွဲ၌ AAက အသာစီးရနေသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ပေါ် နေရာများကို နေ့စဉ် ရက်ဆက် လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လည် ၂နာရီခန့်တွင် စစ်ကောင်စီသည် ရမ်းဗြဲမြို့အနီး ဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဖျက်အားပြင်းဗုံးများ သုံး၍ ဗုံးကြဲခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသော ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း များကို တွေ့ရပြီး ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့ကြောင်းရုပ်သံဖိုင်နှင့်တစ်ကွ ​ဖေ​ဖော်ဝါရီ ၂၀တွင် ဖော်ပြခဲ့သည်။

ထိုသို့ဖျက်အားပြင်းဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း (၂) ကြိမ်တိုင် လာရောက်ပစ်ချခဲ့သဖြင့် လူနေအဆောက်အဦးများ၊ ဈေးနှင့် ဆေးရုံတို့ ပိုမိုပျက်စီးခဲ့ရသည်ဟု အသိပေးသည်။

အပျက်အစီး ဓာတ်ပုံများကို ဖော်ပြခဲရာ ဆေးရုံအတွင်း ပျက်စီးမှုများ၊ အဆောက်အဦ ပျက်စီးမှုများ၊ အပျက်အစီးများအား လိုက်လံကြည့်ရှုနေသည့် AA ရဲဘော်အချို့ကို တွေ့ရသည်။ ထို့အပြင်တိုက်ခိုက်ခံရမှု ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ရာ ပေါက်ကွဲမှု အပြီး မီးခိုးငွေ့များ ပေါက်ကွဲမှု ဖြစ်သည့်နေရာမှ အပေါ်သို့ တက်နေသည်ကို ပမာဏကြီးမားစွာ တွေ့မြင်ရသည်။

ဗုံးကြဲတိုက်ခိုက်မှု​ကြောင့်လူထိခိုက်မှုရှိ၊မရှိ အ​ခြေအ​နေကိုမူ​ဖော်ပြမထား​ပေ။ ​မြို့​ပေါ်တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား၍ ​​ဒေသခံပြည်သူများမှ ထွက်​ပြေးတိမ်း​ရှောင် ​နေရ​ကြောင်း​ဒေသခံ အချို့က​ပြောသည်။

စစ်ကောင်စီသည် ​ဖေ​ဖော်ဝါရီ ၂၀ ရက်တွင် ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်မှ သီလရှင်ကျောင်း ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့၍ ကျောင်းဆောင် (၁) ဆောင်မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့က အသိပေးထားသည်။

စစ်​ကောင်စီက ရမ်းဗြဲမြို့ကို ဇန်နဝါရီလကတည်းက ​လေ​ကြောင်းမှ ဗုံးများကြဲခြင်း ၊လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဓါတုဗုံးများကြဲခြင်း စသဖြင့် မြို့ကို ဆိုးရွာစွာပျက်စီး​အောင် ဖျက်ဆီး​နေ​ကြောင်း ရက္ခိုင်တပ်​တော်နှင့် ​ဒေသခံများထံမှသိရသည်။
🤬23😢15👍93😁2😡1
စစ်​ကောင်စီတပ်၏ ဖျက်အားပြင်းဗုံး​ကြောင့်ရမ်းဗြဲ မြို့မ
ဆေးရုံ၊ မြို့မစျေးနှင့်လူနေအိမ်များစွာ ပျက်စီး​နေစဥ်နှင့်
ဖျက်အားပြင်း ဗုံး​ကြောင့်  မီးခိုးလိပ်ကြီးကို​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk
😢32🤬21👍41😱1😡1
😢40🤬151👍1