မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - MSRF)
👍29❤5👏3🔥1
စစ်မှု မထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြန်မာတွေကို အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်းအမတ် တိုက်တွန်း
-People's Spring
စစ်မှုမထမ်းချင်လို့ ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ မြန်မာ ဒုက္ခသည်တွေကို လက်ခံပေးပြီး ပြည်တွင်းမှာ အလုပ်လုပ်ခွင့် ပေးသင့်ကြောင်း ထိုင်းအတိုက်အခံ လွှတ်တော် အမတ်တဦးက အစိုးရက တိုက်တွန်းလိုက်ပါတယ်။
စစ်မှုထမ်း ဥပဒေကို တိမ်းရှောင်ချင်လို့ အပါအဝင် မြန်မာဖက်ကနေ အကြောင်းအမျိုးမျိုးနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားခဲ့ပြီး မကြာခင်မှာပဲ FAIR ပါတီ ကိုယ်စားပြု လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
သူက နှစ်ဖက် ညှိနှိုင်းသဘောတူညီမှု ရယူပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ ထိုင်းနိုင်ငံကို လုပ်သားတွေ တင်ပို့မှု ယာယီ ရပ်တန့်ထားတယ်လို့ ပြောပါတယ်။ မူလက မြန်မာနိုင်ငံသား ၇၀၀၊ ၈၀၀ လောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းကို အလုပ်အကိုင်အတွက် လာရောက်နေကြကြောင်း၊ ရွှေ့ပြောင်း လုပ်သားတွေ ထိုင်းကို လာရောက်မှု ဆိုင်းငံ့ခြင်းဟာ မြန်မာဖက်က နိုင်ငံရေး အခြေအနေတွေနဲ့ ဘယ်လို ဆက်နွှယ်သလဲ ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် ထိုင်းကို ရောက်လာပြီးသူတွေကို အစိုးရက အတင်းအကျပ် ပြန်ပို့မယ် ဆိုရင်တော့ စိုးရိမ်စရာ ကိစ္စလို့ သတ်မှတ်သင့်ကြောင်း ကန်နာဗီက မှတ်ချက် ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ ထိုင်းကို အလုံးအရင်း ဝင်ရောက်လာတယ် ဆိုတာဟာ တရားမဝင် ဥပဒေ ချိုးဖောက် ဝင်ရောက်ဖို့ ဆိုတာထက် သေဘေးကနေ တိမ်းရှောင်လာကြတာ ဖြစ်ကြောင်း၊ စစ်မြေပြင်ကို အတင်းအကျပ် တွန်းပို့ခံရပြီး ကိုယ်တိုင် သေမလား၊ သူတပါးကို သတ်ဖြတ်ရမလား ဆိုတာကို ရွေးချယ်ရမယ့် ကိစ္စကနေ ရှောင်တိမ်းလာကြတာသာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
လုပ်သား တင်ပို့မှု ဆိုင်းငံ့ထားချိန်မှာ အခုလိုမျိုး စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးလာတဲ့ တရားမဝင် ခိုလှုံသူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုရင် လူသားချင်း စာနာမှု ရှုထောင့်အရ အကျိုးရှိသလို လုပ်သား ပြတ်လပ်မှု ပြဿနာကိုလည်း ကုစား ဖြေရှင်းနိုင်မယ်လို့ ကန်နာဗီက အကြံပြုသွားခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာတော့ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားလိုတဲ့ လူငယ် အများအပြားဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ထွက်ခွာဖို့ စိုင်းပြင်းနေပြီး နယ်စပ်မှာလည်း တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာလူငယ်တွေကို နေ့စဉ်လိုလို ဖမ်းမိနေတယ်လို့ ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်မြေပြင်တွေမှာ ဆက်တိုက် အရေးနိမ့်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတွေဟာ လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီး အတင်းအကျပ် စစ်ထဲဆွဲသွင်းမယ့် စစ်မှုထမ်း ဥပဒေကို လက်တွေ့ ကျင့်သုံးတော့မယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: Bangkok Post

❤42👍21❤🔥4💋3🤮1
FAIR ပါတီ မှ ထိုင်းလွှတ်တော်အမတ် ကန်နာဗီ
ဆူယက်ဘ်ဆန်ကိုထိုင်းရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောင်ပွဲအလွန်ကာလ၌တွေ့ရမှု ။ဓါတ်ပုံ- Thai PBS

👍49❤12❤🔥6🙏3💋3🤮1
တာချီလိတ်မြိုတွင် ရဲအရာရှိကို အိုင်ဖုန်းလက်ဆောင်ပေးပြီးပါဆယ်ဗုံးဖြင့်လုပ်ကြံ
ယောနသံ/People's Spring
ရှမ်းပြည်နယ်အရှေပိုင်းတာချီလိတ်မြို့၌ယမန်နေ့(ဖေဖော်
ဝါရီလ ၂၀ရက်)ညက စစ်ကောင်စီလက်အောက်ခံရဲအရာရှိတစ်ဦးသည် အိုင်ဖုန်းလက်ဆောင်ပါသည့် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲလုပ်ကြံခံလိုက်ရကြောင်း People's Spring က စုံစမ်းသိရှိရသည်။
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးအနီး၊ ရွှေလင်းယုန် ဂေါက်ကွင်းအနီးတွင်ရပ်ထားသည့် Isuzu Double Cap ကားတစ်စီးသည် ယမန်နေ့ ည ၁၀ နာရီခန့်၌ ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုသည်တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲအရာရှိ ရာဆူဆိုသူကို အိုင်ဖုန်းလက်ဆောင်ပေး၍ လုပ်ကြံတိုက်ခိုက်ခြင်းဟု ဒေသခံများကပြောသည်။
"ရာဆူကဒီမှာ ဂွင်မိထားတာ။ အထက်ကလည်း သူ့ဆို လွှတ်ထားတယ်။ လူမုန်းများတယ်။ရဲအချင်းချင်းလည်း ကြည့်မရတဲ့သူ။ သူ့ကို အိုင်ဖုန်းနောက်ဆုံးမော်ဒယ်လက်ဆောင်ဗူးပေးပြီး ဗုံးခွဲတာ"ဟု တာချီလိတ်မြို့မှ ရဲအရာရှိတဦးကပြောသည်။
ပေါက်ကွဲချိန်တွင် ကားအတွင်း၌ ရာဆူနှင့်အတူ ၎င်း၏အမျိုးသမီးလည်းရှိနေပြီး နှစ်ဦးစလုံးဒဏ်ရာအပြင်းအထန်ရသွားကာ တာချီလိတ်ဆေးရုံ၌ကုသ
နေကြောင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီတပ်စွဲထားသည့်နေရာနှင့်နီးသလို လောင်းကစားရုံများနှင့်လည်းနီးကြောင်း မြို့ခံများကပြောသည်။
တာချီလိတ်မြို့သည် ထိုင်း၊လာအိုနိုင်ငံတို့နှင့် ထိစပ်နေပြီးနာမည်ကျော် ရွှေတြိဂံဒေသ၌ပါဝင်နေသည်။လောင်းကစားဝိုင်းများ၊ ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းအများအပြားရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ယင်းလုပ်ငန်းများ၌ပါဝင်ပတ်သက်နေကြောင်း မြို့ခံများကပြော
သည်။ ထိုအပြင် ၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်ဒေသမှ ရွေ့ပြောင်းလာသော ကျားဖြန့်လုပ်ငန်းများလည်းရှိကြောင်းဒေသခံအချို့ကပြောသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ အကြီးဆုံးရာထူးဖြစ်သည့် ပြည်နယ်ရဲတပ်ဖွဲ့မှူးသည် ရဲမှူးချုပ်တင်ကိုကိုဖြစ်သည်။ စစ်တပ်မှအသွင်ပြောင်းဖြစ်သည့် ရဲမှူးချုပ်တင်ကိုကိုသည် ကျားဖြန့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ယခု ရဲအရာရှိတစ်ဦး ပါဆယ်ဗုံးဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ကိုလည်း ပြင်ပသို့ပေါက်ကြားမှုမရှိစေရေး အထက်အရာရှိအဆင့်ဆင့်က နှုတ်ဖြင့် သတိပေးထားကြောင်း စုံစမ်းသိရသည်။

👍47👏9❤4🔥1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️စစ်ကောင်စီ တပ်စခန်းများကို AA ဆက်လက်ထိုးစစ်ဆင်နေ၊ အမြန်လက်နက်ချဖို့ သတိပေး
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၉)တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အလားတူ အခြားသောမြို့များရှိ စစ်ကောင်စီရဲ့တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော်က အဲဒီရန်သူ့စခန်းများကို စောစီးစွာ လက်နက်ချအညံ့ခံဖို့ ထပ်မံသတိပေးလိုက်ပါတယ်။ စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲလို့ ရွေးချယ်စရာမရှိဘဲ ၎င်းတို့ရဲ့အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရတယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
◾️ကရင်လက်နက်ကိုင်များ ပြန်စုပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှ လုပ်ဆောင်သွားဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း
ပြည်သူလူထုများရဲ့ လိုလားချက်များ ပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး အဖွဲ့တစ်ခုရဲ့ ဦးဆောင်မှုအောက်မှ လုပ်ဆောင်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက မနေ့က တိုက်တွန်းလိုက်ပါတယ််။ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပယ်ထားခံရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းများ ဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း လက်နက်ကိုင်များ ပြန်လည်ပြီး စည်းစည်းလုံးလုံး၊ စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စိတ်သဘောထားဆန္ဒ အစီအစဉ် တစ်ခုဖြစ်တယ်လို့ KNU ဥက္ကဋ္ဌက ဆိုပါတယ်။
◾️တာဟန်းရပ်ကွက်အပါအဝင် ကလေးမြို့ရှိ စစ်ကောင်စီစခန်းများကို PDFများ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံများက ပြောပါတယ်။ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဖွင့်ထားတဲ့ တာဟန်းရပ်ကွက်အပါအဝင် စက္ကန့်၊ မြို့လှ၊ အင်ဒိုင်းကုန်း၊ ကံကြီးကျေးရွာများရှိ စစ်ကောင်စီစခန်းများကို ကာကွယ်ရေးအဖွဲ့များက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့ ကံကြီးကျေးရွာစခန်းကို ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူများ ထိခိုက်မှုများရှိတယ်လို့ ကာကွယ်ရေးတပ်များက ပြောပါတယ်။
◾️တန့်ဆည် ကံထူးမနယ်မြေရဲစခန်းကို လေကြောင်းပစ်ကူများကြားမှ PDFများ တိုက်ခိုက်သိမ်းပိုက်မီးရှို့
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၃၀ ခန့် တပ်စွဲထားတဲ့ ကံထူးမနယ်မြေရဲစခန်းကို လေကြောင်းတိုက်ခိုက်မှုများကြားမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီနေ့မနက် တိုက်ခိုက်သိမ်းယူပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ စခန်းကို ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်နေရင်း တပြိုင်နက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီကလည်း ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်ခတ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိဘူးလို့ ကနဦးသိရပါတယ်။
◾️ဟိုပုံးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ PNOပြည်သူ့စစ် ငါးဦးသေဆုံး
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ ငါးဦးသေဆုံးပြီး သေနတ်လေးလက်နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။ မနေ့က ဟိုပုံးမြို့နယ် တနေရာမှာ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLAစစ်ကြောင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် နေ့တဝက််နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဆီဆိုင်မြို့နဲ့ PNLA လှုပ်ရှားရာ နယ်မြေများမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားတဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်များသေဆုံးဒဏ်ရာရသူ ၁၀၀ကျော်ရှိနေပြီလို့ သိရပါတယ်။
◾️တာချီလိတ်မြို့မှာ ကားဗုံးပေါက်၊ လူတစ်ဦးဒဏ်ရာပြင်းထန်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မနေ့ညက ကားဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။ ည ၁၀နာရီခန့်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးအနီး၊ ရွှေလင်းယုန် ဂေါက်ကွင်းအနီးမှာ ရပ်ထားတဲ့ Isuzu Double Capယာဉ်တစ်စီးအတွင်း ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာနှင့်နီးသလို လောင်းကစားရုံများနှင့်လည်းနီးတယ်လို့ မြို့ခံများက ပြောပါတယ်။
◾️မြိုင်မှာ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာတဲ့ ရဲတပ်သားကို ကျပ်သိန်း၅၀ ချီးမြှင့်

👍41🔥1
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာလို့ မြိုင်(ပကဖ)အဖွဲ့က ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့ပါတယ်။ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှာ ၂နှစ်နီးပါး တာဝန်ကျခဲ့တဲ့ ရဲတပ်သားရဲအောင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်က အူစီသေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု ၊ ၉ မမကျည် ၁၇တောင့်ဖြင့် အလင်းဝင်လာလို့ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တာလို့ မြိုင်(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကာကွယ်ရေးတပ်များရဲ့ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကန်နီပျူစောထီးရွာမှာ စားနပ်ရိက္ခာခက်ခဲကာ ဆန်ပြုတ် သုံးလနီးပါးသောက်ခဲ့ရတယ်လို့ အလင်းဝင်လာတဲ့ ရဲတပ်သားက ဆိုပါတယ်။
◾️မန္တလေးကျောက်ဝိုင်း အသံတိတ်သပိတ်ပါဝင်ပြီးနောက် စစ်ကောင်စီက စည်းကမ်းချက် ၂၀ကျော် ထပ်ထုတ်
မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းရှိ ဆိုင်ခန်းများ အသံတိတ်သပိတ် ပါဝင်ပြီးနောက် စည်းကမ်းချက် အချက် ၂၀ကျော်ထပ်ထုတ်ကာ မလိုက်နာပါက ဆိုင်ခန်းသိမ်းထောင်ချမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှု (၃)နှစ်ပြည့် အသံတိတ်သပိတ်မှာ မဟာအောင်မြေကျောက်ဝိုင်းမှ ဆိုင်ခန်းများ ပိတ်ထားမှုကြောင့် ရက်နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၄ ရက်မှာ အချက် ၂၃ ချက်ပါ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ပါတယ်။ စည်းကမ်းချက်များမှာ အကြောင်းပြချက်် မယ်မယ်ရရမရှိဘဲ ထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူများက ပြောပါတယ်။

👍35👏4❤2🔥2
စစ်ကောင်စီကလေကြောင်းမှ ဖျက်အားပြင်းဗုံးများကြဲ၍ ရမ်းဗြဲမြို့မဆေးရုံ ၊မြို့မစျေး နှင့် နေအိမ်များပျက်စီး
ရှိုင်း/People’s Spring
စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေကြောင်းမှ ဖျက်အားပြင်း ဗုံးအသုံးပြု၍ ယမန်နေ့ ( ဖေဖော်ဝါရီ ၂၀ရက်)ကတိုက်ခိုက်ရာ ရမ်းဗြဲ မြို့မဆေးရုံ၊ မြို့မစျေးနှင့်လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်းဓါတ်ပုံမှတ်တမ်းများနှင့်တကွ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။
AAက ရမ်းဗြဲအပါအဝင် ရက္ခိုင်ဒေသတစ်လုံးသိမ်းနိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ရမ်းဗြဲမြို့ပေါ် တိုက်ပွဲ၌ AAက အသာစီးရနေသည့် အခြေအနေတွင် စစ်ကောင်စီက မြို့ပေါ် နေရာများကို နေ့စဉ် ရက်ဆက် လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ နေ့လည် ၂နာရီခန့်တွင် စစ်ကောင်စီသည် ရမ်းဗြဲမြို့အနီး ဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာရာ ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဖျက်အားပြင်းဗုံးများ သုံး၍ ဗုံးကြဲခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသော ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း များကို တွေ့ရပြီး ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့ကြောင်းရုပ်သံဖိုင်နှင့်တစ်ကွ ဖေဖော်ဝါရီ ၂၀တွင် ဖော်ပြခဲ့သည်။
ထိုသို့ဖျက်အားပြင်းဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း (၂) ကြိမ်တိုင် လာရောက်ပစ်ချခဲ့သဖြင့် လူနေအဆောက်အဦးများ၊ ဈေးနှင့် ဆေးရုံတို့ ပိုမိုပျက်စီးခဲ့ရသည်ဟု အသိပေးသည်။
အပျက်အစီး ဓာတ်ပုံများကို ဖော်ပြခဲရာ ဆေးရုံအတွင်း ပျက်စီးမှုများ၊ အဆောက်အဦ ပျက်စီးမှုများ၊ အပျက်အစီးများအား လိုက်လံကြည့်ရှုနေသည့် AA ရဲဘော်အချို့ကို တွေ့ရသည်။ ထို့အပြင်တိုက်ခိုက်ခံရမှု ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ရာ ပေါက်ကွဲမှု အပြီး မီးခိုးငွေ့များ ပေါက်ကွဲမှု ဖြစ်သည့်နေရာမှ အပေါ်သို့ တက်နေသည်ကို ပမာဏကြီးမားစွာ တွေ့မြင်ရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုရှိ၊မရှိ အခြေအနေကိုမူဖော်ပြမထားပေ။ မြို့ပေါ်တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွား၍ ဒေသခံပြည်သူများမှ ထွက်ပြေးတိမ်းရှောင် နေရကြောင်းဒေသခံ အချို့ကပြောသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်မှ သီလရှင်ကျောင်း ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့၍ ကျောင်းဆောင် (၁) ဆောင်မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု ညီနောင်သုံးဖွဲ့က အသိပေးထားသည်။
စစ်ကောင်စီက ရမ်းဗြဲမြို့ကို ဇန်နဝါရီလကတည်းက လေကြောင်းမှ ဗုံးများကြဲခြင်း ၊လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဓါတုဗုံးများကြဲခြင်း စသဖြင့် မြို့ကို ဆိုးရွာစွာပျက်စီးအောင် ဖျက်ဆီးနေကြောင်း ရက္ခိုင်တပ်တော်နှင့် ဒေသခံများထံမှသိရသည်။

🤬23😢15👍9❤3😁2😡1
စစ်ကောင်စီတပ်၏ ဖျက်အားပြင်းဗုံးကြောင့်ရမ်းဗြဲ မြို့မ
ဆေးရုံ၊ မြို့မစျေးနှင့်လူနေအိမ်များစွာ ပျက်စီးနေစဥ်နှင့်
ဖျက်အားပြင်း ဗုံးကြောင့် မီးခိုးလိပ်ကြီးကိုတွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk

😢32🤬21👍4❤1😱1😡1