People's Spring
62.8K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကျန်ခဲ့​သောစစ်သား၊ ပြည်သူ့စစ်အ​လောင်းအချို့ နှင့် PNLA သိမ်းဆည်းရရှိ​သောလက်နက် ခဲယမ်းအချို့ ။ ဓါတ်ပုံ-PNLA
👍418👏2🔥1
တာချီလိတ်မြို့၌ ကားဗုံးပေါက်၊ လူတစ်ဦးဒဏ်ရာပြင်းထန်

ယောနသံ/People's Spring

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၌ ယမန်နေ့(ဖေဖော်ဝါရီ၂၀ရက်)ညက ကားဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ည ၁၀နာရီခန့်က တာချီလိတ်မြို့  ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးအနီး၊ ရွှေလင်းယုန် ဂေါက်ကွင်းအနီးတွင်ရပ်ထားသည့် Isuzu Double Capယာဉ်တစ်စီးအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

" ကားထဲကနေ ဗုံးထပေါက်တာ။ ဒဏ်ရာရတဲ့သူက ကားထဲကလူပဲ။ ပေါက်ကွဲချိန်မှာဘေးမှာ လူမရှိလို့ အများကြီးမထိတာ။ စခ( စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ) တွေကတော့ ကားထဲကလူကို ဆွဲဖမ်းမယ်ထင်တယ် "ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

ကားအတွင်းမှ အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လတ်တလောတွင် တာချီလိတ်ဆေးရုံ၌ ကုသနေရသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီတပ်စွဲထားသည့်နေရာနှင့်နီးသလို လောင်းကစားရုံများနှင့်လည်းနီးကြောင်း မြို့ခံများက ပြောသည်။
👍35🔥2😢1
👍37🔥2
ယမန်နေ့ညက ကားဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
👍32🔥2
"ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်"

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းနဲ့ မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် ညီနောင်မဟာမတ် ၃ဖွဲ့ဟာ ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကို ၂၀၂၃ ​အောက်တိုဘာ ၂၇ ရက်ကစပြီး​တော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇန်နဝါရီ လဆန်းမှာပဲ ကိုးကန့်ဒေသ တစ်ခုလုံးကို MNDAAက ထိန်းချုပ်ထားနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှု​ကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ ဟိုက်ဂင်သ​​ဘောတူညီချက်နဲ့ ရှမ်း​မြောက်မှာတိုက်ပွဲ​တွေရပ်နားခဲ့ပါတယ် ။အပစ်ရပ်ထားတဲ့ကာလမှာ MNDAA ဟာ ကိုးကန့်​ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်
(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

︎ရန်ရန်/People’s Spring


မေး။ကိုးကန့်ဒေသ အလုပ်သမားတွေ ခေါ်ရာမှာ သူလျှိုတွေ အေးဂျင့်တွေ မပါလာဖို့ စိစစ်ဖို့ ထုတ်ပြန်ထားတာတွေ့ရတယ်။အဲဒီအပေါ်ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့က အလုပ်သမား အလုပ်အမှုဆောင် ကော်
မတီ ဖွဲ့မှာပေါ့နော်။ပြင်ပကလာတဲ့ အလုပ်သမား မှန်သမျှ အဲဒီ အလုပ်အမှုဆောင်ကော်မတီမှာ သွားပြီးတော့ အချက်
အလက်တွေ တင်ရမယ်။ သတင်းတွေ ပို့ရမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း အဲဒီကော်မတီမှာပဲ လုပ်သွားမှာ ဖြစ်တယ်။ အကယ်၍ လုပ်ငန်းပိုင်ရှင်တွေက အလုပ်သမားကို လိုချင်ရင်လည်း ဒီကော်မတီမှာ အလုပ်သမားကို လာပြီးတော့ ခေါ်လို့ရတာပေါ့။ အလုပ်အမှုဆောင်ကော်မတီက မခေါ်ချင်လည်းရတယ်။ မိမိကိုယ်ကိုယ် လမ်းကြောင်းရှိရင် မိမိ ကိုယ့်ဆန္ဒနဲ့ကိုယ် ခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီခေါ်လာတဲ့သူက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး သို့မဟုတ် သူလျှိုတွေဖြစ်နေရင်တော့ ပိုင်ရှင်ကို ကျနော်တို့က အရေးယူမှာပေါ့။

မေး။ ဗမာလူမျိုးတွေ ကိုးကန့်ဒေသ ဝင်ရောက်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်နဲ့ ပတ်သတ်ပြီး မူဝါဒ ဘယ်ရှိရှိပါသလဲ။ဘာအသိပေးလိုပါသလဲ။

ဖြေ။ဗမာလူမျိုးအပေါ် မူဝါဒရယ်ဆိုတာ မရှိပါဘူး ကျနော်တို့က။ ပြင်ပကလာတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး မှန်သမျှကို ကျနော်တို့က အလုပ်အမှုဆောင်ကော်မတီကနေ တဆင့်ပဲလုပ်သွားမှာ ဖြစ်တယ်။ ဒီလူမျိုး ခွဲခြားပြီးတော့ ပြဌာန်းထားတဲ့ မူဝါဒဆိုတာ မရှိပါဘူးဗျ။

မေး။MNDAA တပ်ဖွဲ့ဝင်အချို့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ သတင်းတွေ တွေ့ရလို့ ဒါနဲ့ ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

ဖြေ။ကျနော်တို့ MNDAA တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာ ကျနော်ကတော့ လုံး၀ မယုံဘူးဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီတော်လှန်ရေးတလျှောက်
လုံးမှာ ရောက်တဲ့နေရာတိုင်း ကျနော်တို့ ပြည်သူလူထုရဲ့ ကြိုးတမျှင် အပ်တစ်ချောင်းကိုမှ ကျနော်တို့ ယူတာမရှိပါဘူး။ ကျနော်တို့ ရောက်တဲ့နေရာတိုင်း ရောက်တိုက်ရွာတိုင်း သွားပြီး စုံစမ်းကြည့်လို့ရပါတယ်။ ကျနော်တို့ ပစ္စည်းလုယက်တာတို့ ခိုးယူတာတို့ ဆိုတာ လုံး၀မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ အရာတွေကို ကျနော်တို့က ပိုက်ဆံပေးပြီး ဝယ်တယ် အမြဲတမ်း။ ဒါကတော့ ကျနော်တို့ တော်လှန်ရေးတလျှောက်မှာ ဒီလိုပဲ လာခဲ့တာဖြစ်တယ်။ ကျနော်တို့က စည်းကမ်းကြီး သုံးရပ်နဲ့ မူဝါဒ ၈ရပ်ကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့တဲ့ စစ်မှန်တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။

မေး။ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်နေတာ ဘယ်အဆင့်လောက်ရောက်ပြီလဲ။ပြန်လည်ထူထောင်ရေးကာလမှာ ကြုံနေရတဲ့ အခက်အခဲက ဘာတွေရှိနေပါသလဲ။

ဖြေ။ပြန်လည်ထူထောင်ရေးမှာတော့ အခက်အခဲတော့ရှိမှာပဲ။ အခုလမ်းကြောင်းတွေ ပိတ်နေတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မီးတွေ အကုန်လုံး ပြတ်တောက်ခံနေရတယ်။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ပြန်လည်ထူ
ထောင်နေရတယ်ဆိုတော့ အခက်အခဲ ပေါင်းစုံတော့ ရင်
ဆိုင်နေရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပြန်ကောင်းသွားမှာပါ။ ဒါကျနော်တို့လည်း တောက်လျှောက်ကြိုးစားနေပါတယ်။

မေး။ပြန်လည်ထူထောင်ရေးကာလမှာ လူသားအရင်းမြစ် လိုအပ်ချက်ရှိတဲ့အခါ တော်လှန်ရေးထဲကလူတွေကို ခေါ်ဖို့ရှိပါသလား။ အထူးသဖြင့် CDMတွေကို နေရာပေးဖို့ အလုပ်ပေးဖို့ရှိပါသလား။

ဖြေ။ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်နော်။

မေး။ဟိုင်ဂင် သဘောတူညီချက်နဲ့ အပစ်ရပ်ထားတော့ တစ်ဖက်မှာလည်း ပြည်သူတွေကလည်း စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲအတွက် ညီနောင်သုံးဖွဲ့ကိုမျှော်လင့်နေတော့ ဒီအပေါ်ဘာပြောပေးလို့ရမလဲ။

​ဖြေ-ဟိုင်ဂင်သဘောတူညီချက်က ကျနော်လည်း ပြောစရာမရှိဘူး။ ကျနော်လည်း ကောင်းကောင်းမသိတာပါနော်။

-ကျေးဇူးတင်ပါတယ်။
👍535🤮1
ပြန်လည်ထူ​​ထောင်​ရေးကာလကိုဖြတ်သန်း​နေပြီဖြစ်တဲ့ ကိုးကန့်​ဒေသ ။ဓါတ်ပုံ- The Kokang
👍50🔥1
တာဟန်းရပ်ကွက်အပါအဝင် ကလေးမြို့ရှိ စစ်ကောင်စီစခန်းများကို PDFများ တိုက်ခိုက်

စောနွေဦး/People's Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ယနေ့နံနက် ၄နာရီကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် တာဟန်းရပ်ကွက်အပါအဝင် စက္ကန့်၊မြို့လှ၊ အင်ဒိုင်းကုန်း၊ ကံကြီးကျေးရွာများရှိ စစ်ကောင်စီစခန်းများကို ကာကွယ်ရေးအဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ။ အခြေအနေတွေက ထုတ်ပြန်ဖို့ ခဏစောင့်ပါဦး"ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော CDF-KKG ပြန်ကြားတာဝန်ခံက ပြောသည်။

ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စခန်းနှင့် ကလေးမြို့မြောက်ပိုင်း ကံကြီးကျေးရွာရှိ စစ်ကောင်စီစခန်းတို့ကို အဓိကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့် ကံကြီးကျေးရွာစခန်းကို ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစခန်းသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့်နေရာ ဖြစ်သည်။

တိုက်ခိုက်မှုကို ချင်းတော်လှန်ရေးတပ်များဖြစ် သည့် CDF-KKG၊ CNDFနှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် RKDF၊ ကလေးမြို့ခံကာကွယ်ရေးတပ်များနှင့် ကလေး(ပကဖ) များက!ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူများထိခိုက်မှုများရှိသည်ဟုလည်း ကာကွယ်ရေးတပ်များက ပြောသည်။

"မနက်ကတည်းက သေနတ်သံတွေကော၊ လက်နက်ကြီးသံတွေကော ကြားနေရတယ်"ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကတပ်က ကလေးမြို့အနီးအနားကို လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ် နေသည်ဟုလည်း ဒေသခံများက ပြောသည်။
👍46👏10🔥1
👍25🤬6💩4🖕4
၂၀၂၁ မတ်လအတွင်းက နာမည်ကျော် တာဟန်းရပ်ကွက်သပိတ်အား စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းနေစဥ်။(ဓာတ်ပုံ - CJ)
🤬30👍3😡3🔥2👏2🖕2😢1
KNUတပ်မဟာ(၆)နယ်မြေတွင် စစ်ကောင်စီ ဗုံးကြဲ၍ အမျိုးသမီးတစ်ဦး သေဆုံး

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် အတွင်း စစ်ကောင်စီ၏ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၆ရက် နံနက်တွင် စစ်ကောင်စီ၏ အမြောက်တပ်(၃၁၅)တပ်ရင်းမှ ဒရုန်းဖြင့် ဗုံကြဲလာ၍ လို့ရှားရွာနေ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်း ကျည်ထိဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် စံပြရွာမှအမျိုးသမီးတစ်ဦး ကျည်ထိ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ကွမ်းသီးပင်နှင့် ရာဘာပင်များ ပျက်စီးမှုများရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း ၊ ရုန်းဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် KNU နယ်မြေများ၌ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ၂၀၂၃အတွင်း လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီ၏ လက်ချက်ကြောင့် KNUနယ်မြေရှိ အရပ်သား ၂၀၀ခန့် သေဆုံးခဲ့ရကြောင်း အသိပေးထားသည်။
😢24🤬9👍61🔥1👏1
🤬28👍4🔥1
စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည့် အပိုင်းအစများအား တွေ့ရစဉ်။(ဓာတ်ပုံ - KNU)
🤬24👍5😢2🔥1👏1
ရေးအခြေစိုက် စစ်ကောင်စီပစ်မှတ်နေရာများအား တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

▪️စစ်ကောင်စီတပ် အထိနာဟုဆို

ထားမြတ်/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေးတံတားကြီး ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၉ရက်ကတိုက်ခိုက်ရာ အထိနာခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF)က အသိပေး ထုတ်ပြန်သည်။

MSRF ၊ Dawns Wings ၊ Ye Air Force - YAF၊ ဝေဟင်တပ်ခွဲ ဒေါနတပ်ခွဲ - ၆ ၊ ကံပေါက်တပ်ခွဲ ဒေါနတပ်ခွဲ - ၄ ၊ YGF ရေးပြောက်ကျားတပ် ဒေါနတပ်ခွဲ - ၃၊ ရေးသိမ်းငှက်၊ ABSDF တပ်ရင်း - ၁ ၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း - MSRO ၊ Ye Defense Force - YDF ၊ DDT စသည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ရေးမြို့နယ်ရှိ စစ်ကောင်စီ ပစ်မှတ် များအား တိုက်ခိုက်ခဲ့မှုကို MSRFက အသိပေးထားခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများအနက် ဖေဖော်ဝါရီ ၁၉ရက် နံနက်တွင် ရေးတံတားကြီးတွင် တပ်စွဲထားသော ရန်သူစစ်ကောင်စီများအား ဗုံးသီး များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ရေးမြို့အခြေစိုက် စကခ - ၁၉ နှင့် ခလရ - ၆၁ တို့အား လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ရေးမြို့တံတားကြီးဂိတ်၌ တပ်စွဲထားသည့် ရဲကင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ခလရ - ၆၁မှ အိမ်စီးကား ၆စီးဖြင့် ထိခိုက်ဒဏ်ရာရသူများအား သယ်ထုတ်သွားကြောင်း MSRFက ထုတ်ပြန်သည်။

ပူးပေါင်းတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၉ရက် ညနေပိုင်း၌ စကခ(၁၉) တပ်ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီဘက်ကလည်း ဖေဖော်ဝါရီ ၁၉ရက် တစ်ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၀ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၂ရက်တွင်လည်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်သည် ရေးမြို့အခြေစိုက် စကခ(၁၉) လက်အောက် ခလရ(၆၁)နှင့် ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဗုံးသီးချ တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

ထို့ပြင် ရေးတံတားအနီးရှိ ဘောင်ဘုတ်ရွာထိပ် ဝင်းဆီဆိုင်နောက်ကျော၌ စစ်ကောင်စီတပ် အင်အား ၆၀ခန့် တပ်စွဲလာကြောင်း သတင်းရ၍ SF-Z fixed wings drone အသုံးပြု ၆၀မမ ဗုံးသီးဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးထားသည်။

အဆိုပါ တိုက်ခိုက်ခံရပြီးနောက် ရန်သူ စစ်ကောင်စီဘက်မှ လူနာတင်ယာဉ် ၃စီး ဖြင့်လာရောက်သယ်ဆောင်သွားကြောင်း ပြည်သူများထံမှ သိရသည်ဟု MSRFက ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၄ရက် နံနက်ကလည်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များမှအဖွဲ့များမှ စကခ - ၁၉ရှိ ခရိုင်အုပ်ချုပ်ရေးရုံးသို့ SF-Z Fixed Wings Drone သုံးပြီး ဗုံးသီးဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများ၌ ပါဝင်ခဲ့သည့် ABSDF ကလည်း တိုက်ပွဲသတင်းများ ဖော်ပြအသိပေးထားရာ ABSDF တပ်ရင်း(၁)နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များ ရေးမြို့အခြေစိုက် စကခ - ၁၉၊ ရေးတံတားကြီးရှိ စစ်ကောင်စီတပ်များကို ဒရုန်း(Drone) ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ဟု ဖော်ပြထားသည်။

ဒေါနစစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ရုံးကလည်း ရေးမြို့နယ် တိုက်ပွဲသတင်းဖော်ပြရာ
ရေးမြို့နယ်တောင်ပိုင်းနှင့် ပြည်ထောင်စုလမ်းမအား စိုးမိုးနိုင်ရေးအတွက် ပူးပေါင်းတပ်များက
စကခ(၁၉) စစ်ရေးဌာနချုပ် လက်အောက်ခံ တပ်များနှင့် စကစ ထောက်တိုင်များကို အမြဲချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၉ရက်တိုက်ပွဲ၌ ရဲ ၂ဦး သေဆုံးခဲ့ကြောင်း၊ ခလရ(၆၁) အတွင်းသို့ ဒဏ်ရာရသူများအား Mini Bus ဖြင့် သယ်သွားသည့်သတင်းရသော်လည်း ထိခိုက်သေဆုံး စုံစမ်းဆဲဖြစ်ကြောင်း အသိပေးသည်။

ခရိုင်ရုံးအတွင်း ဗိုလ်ချုပ်အဆင့်အပါအဝင် အရာရှိ(၆) ဦး နှင့် ဝန်ထမ်းများရှိနေကြောင်း စုံစမ်းသိရှိရသဖြင့် ခရိုင်ရုံးအားလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ပူးပေါင်းတပ်များက တိကျသေချာသော စုံစမ်းမှုများနှင့် စစ်ရေးပစ်မှတ်များထိရောက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများစွာပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

တော်လှန်ရေးအင်အားစုများ နေရာအတွင်းသိူ့ ပြန်လည်ပစ်ခတ်ချင်းမျိုးမဟုတ်ဘဲ ပြည်သူ့လူထုအပေါ် အကြောက်တရားကြီးစိုးစေရန်အတွက် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
👍35👏104🔥1
👍349👏7🔥1
မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်များအား တွေ့ရစဉ်။ (ဓာတ်ပုံ - MSRF)
👍295👏3🔥1
စစ်မှု မထမ်းချင်လို့ ထွက်ပြေးလာတဲ့ မြန်မာတွေကို အလုပ်လုပ်ခွင့်ပေးဖို့ ထိုင်းအမတ် တိုက်တွန်း

-People's Spring

စစ်မှုမထမ်းချင်လို့ ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ မြန်မာ ဒုက္ခသည်တွေကို လက်ခံပေးပြီး ပြည်တွင်းမှာ အလုပ်လုပ်ခွင့် ပေးသင့်ကြောင်း ထိုင်းအတိုက်အခံ လွှတ်တော် အမတ်တဦးက အစိုးရက တိုက်တွန်းလိုက်ပါတယ်။

စစ်မှုထမ်း ဥပဒေကို တိမ်းရှောင်ချင်လို့ အပါအဝင် မြန်မာဖက်ကနေ အကြောင်းအမျိုးမျိုးနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားခဲ့ပြီး မကြာခင်မှာပဲ FAIR ပါတီ ကိုယ်စားပြု လွှတ်တော်အမတ် ကန်နာဗီ ဆူယက်ဘ်ဆန်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

သူက နှစ်ဖက် ညှိနှိုင်းသဘောတူညီမှု ရယူပြီး အာဏာသိမ်း မြန်မာစစ်တပ်ဟာ ထိုင်းနိုင်ငံကို လုပ်သားတွေ တင်ပို့မှု ယာယီ ရပ်တန့်ထားတယ်လို့ ပြောပါတယ်။ မူလက မြန်မာနိုင်ငံသား ၇၀၀၊ ၈၀၀ လောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းကို အလုပ်အကိုင်အတွက် လာရောက်နေကြကြောင်း၊ ရွှေ့ပြောင်း လုပ်သားတွေ ထိုင်းကို လာရောက်မှု ဆိုင်းငံ့ခြင်းဟာ မြန်မာဖက်က နိုင်ငံရေး အခြေအနေတွေနဲ့ ဘယ်လို ဆက်နွှယ်သလဲ ဆိုတာကို အတိအကျ မပြောနိုင်ပေမယ့် ထိုင်းကို ရောက်လာပြီးသူတွေကို အစိုးရက အတင်းအကျပ် ပြန်ပို့မယ် ဆိုရင်တော့ စိုးရိမ်စရာ ကိစ္စလို့ သတ်မှတ်သင့်ကြောင်း ကန်နာဗီက မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေ ထိုင်းကို အလုံးအရင်း ဝင်ရောက်လာတယ် ဆိုတာဟာ တရားမဝင် ဥပဒေ ချိုးဖောက် ဝင်ရောက်ဖို့ ဆိုတာထက် သေဘေးကနေ တိမ်းရှောင်လာကြတာ ဖြစ်ကြောင်း၊ စစ်မြေပြင်ကို အတင်းအကျပ် တွန်းပို့ခံရပြီး ကိုယ်တိုင် သေမလား၊ သူတပါးကို သတ်ဖြတ်ရမလား ဆိုတာကို ရွေးချယ်ရမယ့် ကိစ္စကနေ ရှောင်တိမ်းလာကြတာသာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

လုပ်သား တင်ပို့မှု ဆိုင်းငံ့ထားချိန်မှာ အခုလိုမျိုး စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေးလာတဲ့ တရားမဝင် ခိုလှုံသူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးမယ်ဆိုရင် လူသားချင်း စာနာမှု ရှုထောင့်အရ အကျိုးရှိသလို လုပ်သား ပြတ်လပ်မှု ပြဿနာကိုလည်း ကုစား ဖြေရှင်းနိုင်မယ်လို့ ကန်နာဗီက အကြံပြုသွားခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားလိုတဲ့ လူငယ် အများအပြားဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ထွက်ခွာဖို့ စိုင်းပြင်းနေပြီး နယ်စပ်မှာလည်း တရားမဝင် ဖြတ်ကျော်လာတဲ့ မြန်မာလူငယ်တွေကို နေ့စဉ်လိုလို ဖမ်းမိနေတယ်လို့ ထိုင်း လူဝင်မှု ကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်မြေပြင်တွေမှာ ဆက်တိုက် အရေးနိမ့်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတွေဟာ လူငယ်တွေကို အဓိက ပစ်မှတ်ထားပြီး အတင်းအကျပ် စစ်ထဲဆွဲသွင်းမယ့် စစ်မှုထမ်း ဥပဒေကို လက်တွေ့ ကျင့်သုံးတော့မယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Bangkok Post
42👍21❤‍🔥4💋3🤮1
FAIR ပါတီ မှ ထိုင်းလွှတ်တော်အမတ် ကန်နာဗီ
ဆူယက်ဘ်ဆန်ကိုထိုင်း​ရွေး​ကောက်ပွဲအကြိုကာလနှင့် ​ရွေး​ကောင်ပွဲအလွန်ကာလ၌​တွေ့ရမှု ။ဓါတ်ပုံ- Thai PBS
👍4912❤‍🔥6🙏3💋3🤮1