ကရင်လက်နက်ကိုင်များ ပြန်စုပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှ လုပ်ဆောင်သွားရန် ခွဲထွက်၊ ထုတ်ပယ် အဖွဲ့များအား KNU ဥက္ကဋ္ဌ သတင်းစကားပါး
-“တခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု မရှိခဲ့လျင် ကျနော်တို့ အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ကျနော်တို့အတွက်လည်း အားအင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။”-စောကွယ်ထူးဝင်း
ဟန်နွေ/People’s Spring
ပြည်သူလူထုများ၏ လိုလားချက်များ ပြည့်စုံအောင်ဆောင်
ရွက်နိုင်ရန် ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး အဖွဲ့တစ်ခု၏ ဦးဆောင်မှု အောက်မှ လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ပြည်သူလူထုများသို့ ကရင်ဘာသာဖြင့် ပြောကြားသည့် ဥက္ကဋ္ဌ၏ မိန့်ခွန်း၌ ယင်းအချက်ကို အလေးထား ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခု ဖေဖော်ဝါရီလသည်ထူးခြားသည့် လဖြစ်ကြောင်း ၊ ယခုလတွင် KNU ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်ပြည့်ပြီးဖြစ်သကဲ့သို့ ကရင်တမျိုးသားလုံး၏ ကရင်အမျိုးသားရေးနေ့ ၇၆ နှစ်ပြည့် ပြီးဖြစ်ကြောင်း၊ ထို့ပြင် “ကရင်အမျိုးသားတော်လှန်ရေးနေ့လည်း ၇၅ နှစ်ရှိပြီဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။
“အဲဒါကြောင့် ဒီလိုလတစ်လဟာ ကရင်တမျိုးသားလုံးအတွက် အရမ်းကို တန်ဖိုးရှိပြီး ထူးခြားတဲ့ လတစ်လဖြစ်တယ်။ ဒီနေ့မှာ ကရင်တမျိုးသားလုံး အားလုံးကို ကျနော့်အနေနဲ့ အဓိက တင်ပြချင်တာကတော့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပယ်ထားခံရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့အစည်းများ ဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း လက်နက်ကိုင်များ ပြန်လည်ပြီး စည်းစည်းလုံးလုံး စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စိတ်သဘောထား ဆန္ဒ အစီအစဉ် တစ်ခုဖြစ်တယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
KNU ဦးစီးဦးဆောင်တာဝန်ယူမှု အောက်၌ လုပ်ဖော်ကိုင်
ဖက်အချို့ အမျိုးသားရေးအတွက် လုပ်ဆောင်ရာ၌ စိတ်နေ
သဘောထား များ ကွဲလွဲမှုများ ရှိခဲ့သည့်အပေါ် ရန်သူက သဘောထားခြင်း ကွဲလွဲအောင် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း အားလုံးဟာ ရည်မှန်းချက် မျှော်လင့်ချက် ခံယူချက်တွေဟာ တူညီမှု တစ်ခုတည်းအောက်မှာ တည်ရှိနေတာဖြစ်တယ်။ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် တန်းတူညီတူ အခွင့်အရေးရရှိဖို့အတွ့် လုပ်ဆောင်နေတာပဲဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။
ကရင့်တော်လှန်ရေးအတွင်း ကရင်အမျိုသာလွတ်မြောက်
ရေးတပ်မတော် (KNLA) ၊ DKBA ဟုခေါ်ဆိုသည့် လက်နက်ကိုင် ကရင် ဗုဒ္ဓဘာသာအဖွဲ့အစည်း ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ DKBAမှတဆင့် ဖြစ်လာသည့် BGF အ ဖွဲ့အစည်းများကို အမည်ဖော်ပြ ပြောကြားခဲ့သည်။
“အခု ကျနော်ပြောချင်တာက ဒီအဖွဲ့အစည်းတွေက ဘယ်လိုပဲ ခွဲထွက် ကွဲပြားနေပါစေ ကျနော်တို့ အားလုံး နားလည်တာကတော့ ကရင်တမျိုးသားလုံး မျှော်လင့်တောင့်တတဲ့ ကရင်ပြည်( ဝါ) ကော်သူးလေပြည်ရရှိဖို့အတွ့် လုပ်ဆောင်နေတာပဲဖြစ်တယ်။ ဘယ်လိုပဲ လုပ်ဆောင်မှု ပုံစံတွေ မတူညီ ကွဲပြားနေမှုအပေါ်မှာ ကျနော်တို့ရဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ စိတ်နေသဘောထားကတော့ ဖွဲ့စည်းထားတဲ့ကော်မတီဝင်တွေကို ခွဲထွက်နေတဲ့ ကျနော်တို့ရဲ့ ကရင်အဖွဲ့အစည်း လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ပြန်လည်ပေါင်းစည်းပြီး ရပ်တည်ချက် တစ်ခုတည်းအပေါ်မှာ တည်ရှိသွားဖို့ ၁၀စုနှစ်ကျော် တိုင်တိုင် ဆွေးနွေးပြောဆိုခဲ့ပြီးဖြစ်တယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလို ဆွေးနွေးခဲ့ကြပြီး ပြီးပြည့်စုံအောင် အတူတူ လုပ်ဆောင်မှု မရှိခဲ့ကြပေမယ့်လည်း ယခု လက်ရှိ အချိန်ထိ ကျနော်တို့ရဲ့ စိတ်ထဲမှာ ဒီလိုမျိုး အားလုံး ပြန်လည်ပေါင်းစည်းဖို့ စိတ်ရှိနေတယ်ဆိုတာ သူတို့ကိုအမြဲတမ်း သိစေချင်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ပြည်သူလူထုလိုလားချက်များ ပြည်စုံအောင် လုပ်ဆောင်ရမည်ဆိုပါက တော်လှန်နေသည့် ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်စေ ၊ အခြားသော ကရင်အမျိုးသားအရပ်ဖက်အဖွဲ့အစည်းများ ဖြစ်စေ တခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှု အောက်၌ လုပ်ဆောင်ရန်လိုအပ်သည်ဟု ပြောသည်။
“တစ်ခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု မရှိခဲ့လျင် ကျနော်တို့ အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ကျနော်တို့အတွက်လည်း အားအင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

❤31👍23🤔1🤮1
တန့်ဆည်၊ ကံထူးမနယ်မြေရဲစခန်းကို လေကြောင်းပစ်ကူများကြားမှ PDFများ တိုက်ခိုက်သိမ်းပိုက်မီးရှို့
ယောနသံ/People's Spring
တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၃၀ ခန့် တပ်စွဲထားသော ကံထူးမနယ်မြေရဲစခန်းအား လေကြောင်းတိုက်ခိုက်မှုများကြားမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် တိုက်ခိုက်သိမ်းယူပြီး စခန်းအား မီးရှို့ဖျက်ဆီးလိုက်သည်။
"ကံထူးမစခန်းကို ရပြီ။မနက် ၂နာရီကနေ စတိုက်တာ။ လေကြောင်းကနေ ၄ခါ လာပစ်တယ်။အဲ့ဒီကြားကနေ ရအောင် ချတာ" ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စခန်းအား ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်နေရင်းတပြိုင်နက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း ယနေ့ နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိဟု ကနဦးသတင်းရရှိသည်။ စစ်ကောင်စီဘက်မှထိခိုက်မှုကို မသိရှိရသေးပေ။
ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန်ဆည်နှင့် ရေဦး မြို့ကြား၌ သည်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ရက်နေ့ညနေကလည်း တန်ဆည်မြို့အရှေ့ဘက်သို့ ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၊ TCRF(PLA) ၊ပကဖတပ်ရင်းများဖြစ်သော တပ်ရင်း ၁၀၊၁၆၊၈၊၇ တို့က တိုက်ခိုက်ခဲ့ကြရာ ရပ်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးကာ ဆယ်ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း PLA ကသတင်းထုတ်ပြန်ထားသည်။
ကံထူးမ ရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲများ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

❤26👍15👏9🔥1
မြိုင်တွင် လက်နက်ခဲယမ်းနှင့် အလင်းဝင်လာသည့် ရဲတပ်သားအား ကျပ်သိန်း၅၀ ချီးမြှင့်
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ မြိုင်(ပကဖ)အဖွဲ့က ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့သည်။
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာ၌ (၂)နှစ်နီးပါး တာဝန်ကျခဲ့သော ရဲတပ်သားရဲအောင်သည် ဖေဖော်ဝါရီ ၁၉ ရက်က အူစီသေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု ၊ ၉ မမကျည် ၁၇တောင့်ဖြင့် အလင်းဝင်လာ၍ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
" သူလည်းမြိုင်နယ်သားပါပဲ။ သူကအရင်တခါစစ်ကြောင်းကနေ ကန်နီကနေမြိုင်ကို ပြန်ပြောင်းရတယ်။ မြိုင်ကနေပြန်ပြေးလာတာ။ သူ့မိသားစုကို လုံခြုံစိတ်ချရတဲ့တစ်နေရာကို ပို့ပေးထားပါတယ်။"ဟု မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
၎င်း၏ထွက်ဆိုချက်အရ ကန်နီပျူစောထီးရွာ၌ စစ်သားနှင့်ရဲ ၁၃ ဦးရှိပြီး စစ်သား၊ ရဲ၊ ပျူစောထီးတို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့သော်လည်းကောင်း၊ အချင်းချင်းသော်လည်းကောင်း မတည့်ကြောင်း၊ ပျူအဖွဲ့ဝင် ကျား၊မ မရွေး ကင်းစောင့်ရပြီး စစ်သားနှင့်ရဲများ သောက်စားနေတတ်ကြောင်း သိရသည်။
ကာကွယ်ရေးတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကန်နီပျူစောထီးရွာတွင် စားနပ်ရိက္ခာခက်ခဲ၍ ဆန်ပြုတ် သုံးလနီးပါးသောက်ခဲ့ရကြောင်း ၎င်းရဲတပ်သားက ဆိုသည်။
ကန်နီပျူခေါင်းဆောင်ကျော်ဆန်းဝင်းမိသားစုက ကျေးရွာအတွင်း ပြည်သူများကို ပျူအတင်းလုပ်ခိုင်း၍ မလုပ်လျှင် ရိက္ခာဖြတ်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း၊ ပျူများသည် ပြည်သူနှင့်ပူးပေါင်းလိုသော်လည်း စစ်သားနှင့်ပျူခေါင်းဆောင်များကခြိမ်းခြောက်ထားသဖြင့် ထွက်ခွာရန် ခက်ခဲနေကြောင်း ရဲတပ်သားရဲအောင်က ဆိုသည်။
မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

👍46🔥1
(အလင်းဝင်လာသော ရဲတပ်သားအား သိန်းငါးဆယ်ချီးမြှင့်နေစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)
👍40🔥1
ကြည့်မြင်တိုင်တွင် "ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား"ဘန်နာနှင့် PDF အလံလွှင့်ထူ ဆန္ဒပြ
သုည/People's Spring
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် တစ်နေရာတွင် တော်လှန်လူငယ်များ ပူးပေါင်း၍ "ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား" ဘန်နာချိတ်ဆွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်တော်(PDF) အလံလွှင့်ထူကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၁)က ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ပြည်သူအားလုံးက မရွေးချယ် မတင်မြှောက်ထားပဲ ပြည်သူ့အာဏာကို မတရားသိမ်းယူထားတဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ ဥပဒေကြောင်းအရ တရားမဝင်တဲ့အဖွဲအစည်းတစ်ခုဖြစ်ပြီး၊ ယုတ်မာကောက်ကျစ်သောနည်းလမ်းများဖြင့် ပြည်သူအားလုံးကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲစည်းသာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်သမျှဟာ ဥပဒေတစ်ရပ်အဖြစ် ဘယ်လိုမှ တရားဝင်မနေပါဖူး။ မတရားတဲ့အမိန့်အာဏာတစ်ခုသာဖြစ်ပါတယ်။ ဒါကိုပြည်သူအားလုံးဟာ ဘာအကြောင်းနဲ့မှ လက်ခံလိုက်နာနေစရာ အကြောင်းမရှိပါဖူး။ ငုံ့ခံနေစရာအကြောင်းမရှိပါဖူး။ ဒီနေရာမှာ တော်လှန်ရေးအင်အားစုအားလုံးကလည်း ပြည်သူနှင့်အတူရှိနေပြီး ရုန်းထွက်ကြဖို့ တိုက်တွန်းအားပေးပါရစေ"ဟုလည်း တော်လှန်လူငယ် များက တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဓာတ်ပုံ - Kyimyindaing Networks

👍34❤19🔥1
မန္တလေးကျောက်ဝိုင်း အသံတိတ်သပိတ်ပါဝင်ပြီးနောက် စစ်ကောင်စီက စည်းကမ်းချက် ၂၀ကျော် ထပ်ထုတ်
▪️မလိုက်နာပါက ဆိုင်ခန်းသိမ်း၊ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
အင်ကြင်း/People's Spring
မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းရှိ ဆိုင်ခန်းများ အသံတိတ်သပိတ် ပါဝင်ပြီးနောက် စည်းကမ်းချက် အချက် ၂၀ကျော်ထပ်ထုတ်ကာ မလိုက်နာပါက ဆိုင်ခန်းသိမ်းထောင်ချမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။
ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှု (၃)နှစ်ပြည့် အသံတိတ်သပိတ်တွင် မဟာအောင်မြေကျောက်ဝိုင်းမှ ဆိုင်ခန်းများ ပိတ်သိမ်းထားမှုကြောင့် ရက်နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၄ ရက်တွင် အချက် ၂၃ ချက်ပါ စည်းကမ်းချက်များအား ထုတ်ပြန်ခဲ့သည်။
ထို ၂၃ ချက်အနက် စစ်ကောင်စီနှင့် စည်ပင်မှ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ၎င်းတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင်ပါဝင်ခြင်း၊ ၎င်းတို့က အကြမ်းဖက်ဟု သတ်မှတ် ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အစရှိသည်များ ပြုလုပ်ပါက ဆိုင်ခန်းသိမ်းပြီး အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။
ထို့အပြင် အသံတိတ်သပိတ်ကဲ့သို့ ဆန္ဒပြမှုများမပြုလုပ်ရန်အတွက် ဆိုင်ခန်းအား ခွင့်ပြုချက်မရဘဲ မပိတ်ရန်နှင့် တစ်လထက်ပို၍ အလွတ်မထားရန် စစ်ကောင်စီက သတိပေးထားသည်။
အခြား စည်းကမ်းချက်များမှာလည်း အကြောင်းပြချက်် မယ်မယ်ရရမရှိဘဲ ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူများက ပြောသည်။
"ကျောက်ကလွဲပြီး ဘာမှလုပ်စားလို့ မရအောင်
လျှပ်စစ်မီးကလွဲပြီး အခြားမီးမမွှေးရ၊ မသုံးရ အမိုးအဖီမထုတ်ရ၊ ထပ်ခိုး မလုပ်ရ၊ ကျောက်ကလွဲပြီး ဘာမှ မရောင်းမဝယ်ရ အကြောင်းပြချက်မရှိပိတ်မထားရ အစုံပါပဲ စိတ်ပျက်တယ်။"ဟု ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါ စည်းကမ်းချက်များ လိုက်နာပါမည်ဟု ဆိုင်ခန်းရှင်များက ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်က မန္တလေးကျောက်ဝိုင်းရှိ ဆိုင်များ ပိတ်ထား၍ ဆိုင်ခန်း၉၀ ပိတ်သိမ်းမည်ဟု စစ်တပ်လော်ဘီများက သတင်းလွှင့်ခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုစည်းကမ်းချက်များ ထုတ်ကာ စစ်ကောင်စီက ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

👍21🤬12🖕9
မဟာအောင်မြေကျောက်ဝိုင်းအတွင်း စစ်ဆေးနေသော စစ်ကောင်စီ၏ စည်ပင်ဝန်ထမ်းများအား တွေ့ရစဥ်။ (ဓာတ်ပုံ-စကစ)
👍16🤮9🖕4💩3
ဟိုပုံးမြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီနှင့်PNOပြည်သူ့စစ်
ငါးဦးသေဆုံး၊လက်နက် ၄ လက်ရ
▪︎စစ်တပ်နှင့်ပြည်သူ့စစ်အလောင်းများကို အမြဲပြန်လာမကောက်၍ တော်လှန်ရေးအဖွဲ့များကသဂြိုဟ်ပေးနေရ
ရွှေပြည်စိုး/People's Spring
ဟိုပုံးမြို့နယ်တွင် ယမန်နေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ ငါးဦးသေဆုံးပြီး သေနတ်လေးလက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)
ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။
ဖေဖော်ဝါရီ လ ၂၀ ရက်က ဟိုပုံးမြို့နယ် တနေရာ၌ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် PNLAစစ်ကြောင်းကို စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များက လာရောက်တိုက်ခိုက်သဖြင့် မနက် ၁၁နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
PNLA ပြောရေးဆိုခွင့်ရှိသူက "ကျွန်တော်တို့ရှင်းလင်းရေးလုပ်တဲ့အခါမှာအလောင်းငါးလောင်းကျန်ခဲ့တာတွေ့တယ်။သူတို့ကျဆုံးတာအသေးစိတ်ဘယ်လောက်လဲတော့မသိဘူး။ ဆွဲထုတ်သွားတဲ့ နေရာတွေတော့အများကြီးတွေ့တယ်။ သွေးတွေဘာတွေ ကျန်ခဲ့တာအများကြီးရှိတယ်။ အလောင်းသက်သက်ကျန်ခဲ့တာကငါးလောင်း၊ လက်နက်ကလေးလက်။ခဲယမ်းအချို့လည်းသိမ်းရတယ်" ဟု ပြောသည်။
ဆီဆိုင်မြို့နှင့် PNLA လှုပ်ရှားရာ နယ်မြေများတွင် ဇန်နဝါရီလ မှစတင်ဖြစ်ပွားသောတိုက်ပွဲများတွင် စစ်ကောင်စီတပ်နှင့်PNO ပြည်သူ့စစ် များသေဆုံးဒဏ်ရာရသူ တစ်ရာကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။သို့သော်စစ်တပ်နှင့်ညပြည်သူ့စစ်များမှာ သေဆုံးပြီးကျန်သောအလောင်းများကို ပြန်လာကောက်သည်မရှိသေးကြောင်း ခွန်ရိန်းယံကပြောသည်။ထိုကြောင့် စွန့်ပစ်အလောင်းများကိုတော်လှန်ရေးအဖွဲ့များကသာ မြေမြှပ်ပေးနေရကြောင်း ၎င်းကဆက်ပြောသည်။
စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များသည် မဲနယ်တောင်ဒေသနှင့် ဟိုပုံးမြို့ဘက်မှနေပြီး ထမ်းဆန်းဂူဒေသအနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း PNLAက ထုတ်ပြန်ထားသည်။ထိုနေရာများ
သည် PNLAတပ်ဖွဲ့ဝင်များ တည်ရှိသည့်နေရာမဟုတ်သလို့ တပ်စွဲထားခြင်းလည်းမရှိဟုသိရသည်။
တိုက်ပွဲများတွင် သေဆုံးဒဏ်ရာရသူများတယတွင် စစ်ကောင်စီတပ်မှ များသော်လည်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်သည်။ လက်ရှိတိုက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သည့် တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီလက်အောက်
ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်စနစ်လက်
အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန်လည်း PNLA က ထပ်မံတိုက်တွန်းထားသည်။
"ပြည်သူ့စစ်တွေအနေနဲ့ အခုတိုက်ပွဲက စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်နေတဲ့တိုက်ပွဲဖြစ်တယ်။ ဒီတိုက်ပွဲမှာကိုယ့်အနာဂတ်ကိုကိုယ် သတ်ဖြတ်နေသလိုမျိုးစစ်အာဏာရှင်ယန္တရားဘက်မှာ ပါဝင်တာတို့၊ စစ်အာဏာရှင်ဘက်မှာပါဝင်တိုက်ခိုက်နေတာတွေက ကိုယ့်လူမျိုးကို ကိုယ့်အနာဂတ်ကိုယ် ပြန်လည်သတ်ဖြတ်တာနဲ့တူတယ်။ ဒါကြောင့် ပြည်
သူ့စစ်တွေအနေနဲ့ အမျိုးသားရေးလွတ်မြောက်လမ်း
ကြောင်းပေါ် အမြန်ဆုံးကူးပြောင်းနိုင်ဖို့တိုက်တွန်းချင်တယ်။စစ်အာဏာရှင်ကိုအမြန်ဆုံးစွန့်ခွာကြဖို့တိုက်တွန်းချင်တယ်။ စစ်အာဏာရှင်ကကျွန်တော်တို့ကိုနှစ်ပေါင်းဘယ်လောက်အထိနှိပ်စက်ခဲ့တယ်ဆိုတာပြည်သူလူထုကအသိဆုံးဖြစ်တယ်" ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက တိုက်တွန်းသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေ
ဖြင့် နီးစပ်ရာPNLAတပ်ဖွဲ့များထံဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟု အသိပေးထားသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်PNOကိုကျောက်စိမ်းတူးဖော်သော ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင်
ခရိုနီနေဝင်းထွန်းဆိုသူ ဦးဆောင်နေသည်။ နေဝင်းထွန်းသည် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်ရေး PNLA ၏ ညှိနှိုင်းမှုကို လက်မခံဘဲ လာရောက်တိုက်ခိုက်နေကြောင်း PLNA က ထုတ်ပြန်ထားသည်။

👍43👏14🔥1
ကျန်ခဲ့သောစစ်သား၊ ပြည်သူ့စစ်အလောင်းအချို့ နှင့် PNLA သိမ်းဆည်းရရှိသောလက်နက် ခဲယမ်းအချို့ ။ ဓါတ်ပုံ-PNLA
👍41❤8👏2🔥1