မင်းပြား တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အခြားမြို့များရှိ တပ်စခန်းများကို ထိုးစစ်ဆင်နေဟု AA အသိပေးပြီး အမြန်လက်နက်ချရန် သတိပေး
▪︎အင်အား ၁၀၀ အောက် စခန်းများကို တစ်ပတ်အတွင်း သိမ်းနိုင်ပြီး တပ်မှူးများ ပါးနပ်ပါက ငယ်သားများ အသက်ချမ်းသာရာရမည်ဟုပြော
▪︎ရမ်းဗြဲမြို့ကို ပိုပြင်းထန်သည့် ဖျက်အားပြင်းဗုံးများ အသုံးပြု တိုက်ခိုက်လာဟု အသိပေး
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့် တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ဖေဖော်ဝါရီ ၂၀ရက် တိုက်ပွဲသတင်းများ ဖော်ပြရာ၌ ကမ်းနီရွာအနီးစစ်ကောင်စီစခန်းနှင့် အခြားမြို့များရှိ စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဖော်ပြာထားသည်။
“ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း” ဟု ခေါ်သော “တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း” သည် မေလွန်းရွာနှင့်လည်းနီး၍ ၎င်းသင်တန်းကျောင်းကို ဖေဖော်ဝါရီလ (၁၇) ရက် မနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထို့အတူ အခြားသောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်မှ အဆိုပါရန်သူ့စခန်းများအား စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်ဟုလည်း ဖော်ပြသည်။
စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရသည်ဟုဆိုသည်။
စစ်ကောင်စီ၏တပ်စခန်းများတွင် အင်အား (၁၀၀) အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေ ဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် အလုံးစုံသိမ်းပိုက်ရယူနိုင်သည်အထိ ထိုးစစ်စွမ်းဆောင်ရည်မှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလျက်ရှိသည်ဟုလည်း ထုတ်ပြန်သည်။
စစ်ကောင်စီ၏ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာကား တစ်ရက်ပြီးတစ်ရက်ကျဆင်းလျက်ရှိကြောင်း၊ ယင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးပင် ဖြစ်ကြောင်း ဖော်ပြသည်။
အဆိုပါအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန် နှိုးဆော်တိုက်တွန်းလိုက်သည်ဟုလည်း ထုတ်ပြန်သည်။
လိမ္မာပါးနပ်သော စစ်ကောင်စီ၏တပ်မှူးများကြောင့် လက်အောက်ငယ်သားများ အသက်ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် လက်နက်ချအညံ့ မခံသောစခန်းများကို ထိုးစစ်မစတင်မီ လက်နက်ချအညံ့ခံရန် အသိပေးထားသည်ဟုဆိုသည်။
လက်နက်ချအညံ့မခံသော တပ်မှူးများကြောင့် လက်အောက်ငယ်သားများ၏အသက်မှာ မသေသင့်ဘဲသေဆုံးခဲ့ကြရပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သောဘဝမျိုးသို့ ရောက်ရှိ နေကြရသည်ဟုလည်း ဖော်ပြသည်။
ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အခြေအနေများကိုလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့တွင် စစ်ကောင်စီ တိုက်လေယာဉ်က ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက်ကြဲချခဲ့ကြောင်း၊ယနေ့ကြဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသော ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့ကြောင်း ဖော်ပြသည်။
ထိုသို့ဖျက်အားပြင်းဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း (၂) ကြိမ်တိုင် လာရောက်ပစ်ချခဲ့သဖြင့် လူနေအဆောက်အဦးများ၊ ဈေးနှင့် ဆေးရုံတို့ ပိုမိုပျက်စီးခဲ့ရသည်ဟု အသိပေးသည်။
ထို့ပြင် စစ်ကောင်စီ၏ဂျက်ဖိုက်တာမှ ဗုံး (၃) ကြိမ် ကြဲချတိုက်ခိုက်ခဲ့၍ ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်မှ သီလရှင်ကျောင်း (၁) ဆောင်မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကင်းတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့တွင် ပုဏ္ဏားကျွန်းမြို့အား မီးလောင်ပြာကျရန် အလယ်စုရပ်ကွက်ရှိ လူနေအိမ်များအား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ရာ ရပ်ကွက် တစ်ခုလုံးမီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။
စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

👍50🥰3👏3❤1🔥1
ကရင်လက်နက်ကိုင်များ ပြန်စုပြီး ဦးဆောင်မှု တစ်ခုတည်းအောက်မှ လုပ်ဆောင်သွားရန် ခွဲထွက်၊ ထုတ်ပယ် အဖွဲ့များအား KNU ဥက္ကဋ္ဌ သတင်းစကားပါး
-“တခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု မရှိခဲ့လျင် ကျနော်တို့ အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ကျနော်တို့အတွက်လည်း အားအင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။”-စောကွယ်ထူးဝင်း
ဟန်နွေ/People’s Spring
ပြည်သူလူထုများ၏ လိုလားချက်များ ပြည့်စုံအောင်ဆောင်
ရွက်နိုင်ရန် ကရင်လက်နက်ကိုင်များ ပြန်လည်စုစည်းပြီး အဖွဲ့တစ်ခု၏ ဦးဆောင်မှု အောက်မှ လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။
ပြည်သူလူထုများသို့ ကရင်ဘာသာဖြင့် ပြောကြားသည့် ဥက္ကဋ္ဌ၏ မိန့်ခွန်း၌ ယင်းအချက်ကို အလေးထား ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခု ဖေဖော်ဝါရီလသည်ထူးခြားသည့် လဖြစ်ကြောင်း ၊ ယခုလတွင် KNU ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်ပြည့်ပြီးဖြစ်သကဲ့သို့ ကရင်တမျိုးသားလုံး၏ ကရင်အမျိုးသားရေးနေ့ ၇၆ နှစ်ပြည့် ပြီးဖြစ်ကြောင်း၊ ထို့ပြင် “ကရင်အမျိုးသားတော်လှန်ရေးနေ့လည်း ၇၅ နှစ်ရှိပြီဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောသည်။
“အဲဒါကြောင့် ဒီလိုလတစ်လဟာ ကရင်တမျိုးသားလုံးအတွက် အရမ်းကို တန်ဖိုးရှိပြီး ထူးခြားတဲ့ လတစ်လဖြစ်တယ်။ ဒီနေ့မှာ ကရင်တမျိုးသားလုံး အားလုံးကို ကျနော့်အနေနဲ့ အဓိက တင်ပြချင်တာကတော့ ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပယ်ထားခံရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့အစည်းများ ဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း လက်နက်ကိုင်များ ပြန်လည်ပြီး စည်းစည်းလုံးလုံး စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံးရဲ့ စိတ်သဘောထား ဆန္ဒ အစီအစဉ် တစ်ခုဖြစ်တယ်” ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
KNU ဦးစီးဦးဆောင်တာဝန်ယူမှု အောက်၌ လုပ်ဖော်ကိုင်
ဖက်အချို့ အမျိုးသားရေးအတွက် လုပ်ဆောင်ရာ၌ စိတ်နေ
သဘောထား များ ကွဲလွဲမှုများ ရှိခဲ့သည့်အပေါ် ရန်သူက သဘောထားခြင်း ကွဲလွဲအောင် ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဘယ်လိုအကြောင်းကြောင့် ပဲဖြစ်စေ ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်း အားလုံးဟာ ရည်မှန်းချက် မျှော်လင့်ချက် ခံယူချက်တွေဟာ တူညီမှု တစ်ခုတည်းအောက်မှာ တည်ရှိနေတာဖြစ်တယ်။ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက် တန်းတူညီတူ အခွင့်အရေးရရှိဖို့အတွ့် လုပ်ဆောင်နေတာပဲဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။
ကရင့်တော်လှန်ရေးအတွင်း ကရင်အမျိုသာလွတ်မြောက်
ရေးတပ်မတော် (KNLA) ၊ DKBA ဟုခေါ်ဆိုသည့် လက်နက်ကိုင် ကရင် ဗုဒ္ဓဘာသာအဖွဲ့အစည်း ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ DKBAမှတဆင့် ဖြစ်လာသည့် BGF အ ဖွဲ့အစည်းများကို အမည်ဖော်ပြ ပြောကြားခဲ့သည်။
“အခု ကျနော်ပြောချင်တာက ဒီအဖွဲ့အစည်းတွေက ဘယ်လိုပဲ ခွဲထွက် ကွဲပြားနေပါစေ ကျနော်တို့ အားလုံး နားလည်တာကတော့ ကရင်တမျိုးသားလုံး မျှော်လင့်တောင့်တတဲ့ ကရင်ပြည်( ဝါ) ကော်သူးလေပြည်ရရှိဖို့အတွ့် လုပ်ဆောင်နေတာပဲဖြစ်တယ်။ ဘယ်လိုပဲ လုပ်ဆောင်မှု ပုံစံတွေ မတူညီ ကွဲပြားနေမှုအပေါ်မှာ ကျနော်တို့ရဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ စိတ်နေသဘောထားကတော့ ဖွဲ့စည်းထားတဲ့ကော်မတီဝင်တွေကို ခွဲထွက်နေတဲ့ ကျနော်တို့ရဲ့ ကရင်အဖွဲ့အစည်း လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ပြန်လည်ပေါင်းစည်းပြီး ရပ်တည်ချက် တစ်ခုတည်းအပေါ်မှာ တည်ရှိသွားဖို့ ၁၀စုနှစ်ကျော် တိုင်တိုင် ဆွေးနွေးပြောဆိုခဲ့ပြီးဖြစ်တယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဒီလို ဆွေးနွေးခဲ့ကြပြီး ပြီးပြည့်စုံအောင် အတူတူ လုပ်ဆောင်မှု မရှိခဲ့ကြပေမယ့်လည်း ယခု လက်ရှိ အချိန်ထိ ကျနော်တို့ရဲ့ စိတ်ထဲမှာ ဒီလိုမျိုး အားလုံး ပြန်လည်ပေါင်းစည်းဖို့ စိတ်ရှိနေတယ်ဆိုတာ သူတို့ကိုအမြဲတမ်း သိစေချင်တယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ပြည်သူလူထုလိုလားချက်များ ပြည်စုံအောင် လုပ်ဆောင်ရမည်ဆိုပါက တော်လှန်နေသည့် ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ဖြစ်စေ ၊ အခြားသော ကရင်အမျိုးသားအရပ်ဖက်အဖွဲ့အစည်းများ ဖြစ်စေ တခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှု အောက်၌ လုပ်ဆောင်ရန်လိုအပ်သည်ဟု ပြောသည်။
“တစ်ခုတည်းသော အဖွဲ့အစည်းရဲ့ ဦးဆောင်မှု အောက်မှာ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်မှု မရှိခဲ့လျင် ကျနော်တို့ အောင်မြင်မှု ရရှိမှာ မဟုတ်ဘဲ ကျနော်တို့အတွက်လည်း အားအင်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
ထုတ်ပယ်ခံထားရသည့် အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့် အဖွဲ့ဖြစ်စေ တစ်ခုတည်းသော အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်၌ အတူတကွ ပြန်လည်လုပ်ဆောင်မည်ဟု ယုံကြည်ကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

❤31👍23🤔1🤮1
တန့်ဆည်၊ ကံထူးမနယ်မြေရဲစခန်းကို လေကြောင်းပစ်ကူများကြားမှ PDFများ တိုက်ခိုက်သိမ်းပိုက်မီးရှို့
ယောနသံ/People's Spring
တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၃၀ ခန့် တပ်စွဲထားသော ကံထူးမနယ်မြေရဲစခန်းအား လေကြောင်းတိုက်ခိုက်မှုများကြားမှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် တိုက်ခိုက်သိမ်းယူပြီး စခန်းအား မီးရှို့ဖျက်ဆီးလိုက်သည်။
"ကံထူးမစခန်းကို ရပြီ။မနက် ၂နာရီကနေ စတိုက်တာ။ လေကြောင်းကနေ ၄ခါ လာပစ်တယ်။အဲ့ဒီကြားကနေ ရအောင် ချတာ" ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စခန်းအား ကာကွယ်ရေးရဲဘော်များက တိုက်ခိုက်နေရင်းတပြိုင်နက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း ယနေ့ နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိဟု ကနဦးသတင်းရရှိသည်။ စစ်ကောင်စီဘက်မှထိခိုက်မှုကို မသိရှိရသေးပေ။
ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန်ဆည်နှင့် ရေဦး မြို့ကြား၌ သည်ရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၂၁ရက်နေ့ညနေကလည်း တန်ဆည်မြို့အရှေ့ဘက်သို့ ဝင်ရောက်လာသည့်စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ၊ TCRF(PLA) ၊ပကဖတပ်ရင်းများဖြစ်သော တပ်ရင်း ၁၀၊၁၆၊၈၊၇ တို့က တိုက်ခိုက်ခဲ့ကြရာ ရပ်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃၀ဦးထက်မနည်းသေဆုံးကာ ဆယ်ဦးထက်မနည်းဒဏ်ရာရရှိသွားကြောင်း PLA ကသတင်းထုတ်ပြန်ထားသည်။
ကံထူးမ ရဲစခန်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲများ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

❤26👍15👏9🔥1
မြိုင်တွင် လက်နက်ခဲယမ်းနှင့် အလင်းဝင်လာသည့် ရဲတပ်သားအား ကျပ်သိန်း၅၀ ချီးမြှင့်
ဟာနာဆန်/People's Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာ၍ မြိုင်(ပကဖ)အဖွဲ့က ကျပ်သိန်း၅၀ ချီးမြှင့်ခဲ့သည်။
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာ၌ (၂)နှစ်နီးပါး တာဝန်ကျခဲ့သော ရဲတပ်သားရဲအောင်သည် ဖေဖော်ဝါရီ ၁၉ ရက်က အူစီသေနတ် (၁)လက်၊ ကျည်ဘောက် (၂)ခု ၊ ၉ မမကျည် ၁၇တောင့်ဖြင့် အလင်းဝင်လာ၍ ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
" သူလည်းမြိုင်နယ်သားပါပဲ။ သူကအရင်တခါစစ်ကြောင်းကနေ ကန်နီကနေမြိုင်ကို ပြန်ပြောင်းရတယ်။ မြိုင်ကနေပြန်ပြေးလာတာ။ သူ့မိသားစုကို လုံခြုံစိတ်ချရတဲ့တစ်နေရာကို ပို့ပေးထားပါတယ်။"ဟု မြိုင်(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
၎င်း၏ထွက်ဆိုချက်အရ ကန်နီပျူစောထီးရွာ၌ စစ်သားနှင့်ရဲ ၁၃ ဦးရှိပြီး စစ်သား၊ ရဲ၊ ပျူစောထီးတို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့သော်လည်းကောင်း၊ အချင်းချင်းသော်လည်းကောင်း မတည့်ကြောင်း၊ ပျူအဖွဲ့ဝင် ကျား၊မ မရွေး ကင်းစောင့်ရပြီး စစ်သားနှင့်ရဲများ သောက်စားနေတတ်ကြောင်း သိရသည်။
ကာကွယ်ရေးတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် ကန်နီပျူစောထီးရွာတွင် စားနပ်ရိက္ခာခက်ခဲ၍ ဆန်ပြုတ် သုံးလနီးပါးသောက်ခဲ့ရကြောင်း ၎င်းရဲတပ်သားက ဆိုသည်။
ကန်နီပျူခေါင်းဆောင်ကျော်ဆန်းဝင်းမိသားစုက ကျေးရွာအတွင်း ပြည်သူများကို ပျူအတင်းလုပ်ခိုင်း၍ မလုပ်လျှင် ရိက္ခာဖြတ်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်းများ ပြုလုပ်နေကြောင်း၊ ပျူများသည် ပြည်သူနှင့်ပူးပေါင်းလိုသော်လည်း စစ်သားနှင့်ပျူခေါင်းဆောင်များကခြိမ်းခြောက်ထားသဖြင့် ထွက်ခွာရန် ခက်ခဲနေကြောင်း ရဲတပ်သားရဲအောင်က ဆိုသည်။
မြိုင်မြို့နယ်တွင်းရှိ စစ်သား၊ရဲနှင့်ပျူစောထီးများ စစ်ကောင်စီလက်အောက်မှထွက်၍ အလင်းဝင်လိုပါက နီးစပ်ရာ မြိုင်ပကဖ ဇုန်၊တိုက်နယ်၊ရပ်ကျေးအဖွဲ့ဝင်များထံ ဆက်သွယ် နိုင်ကြောင်း ပကဖက အသိပေးထားသည်။

👍46🔥1
(အလင်းဝင်လာသော ရဲတပ်သားအား သိန်းငါးဆယ်ချီးမြှင့်နေစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ)
👍40🔥1
ကြည့်မြင်တိုင်တွင် "ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား"ဘန်နာနှင့် PDF အလံလွှင့်ထူ ဆန္ဒပြ
သုည/People's Spring
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် တစ်နေရာတွင် တော်လှန်လူငယ်များ ပူးပေါင်း၍ "ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား" ဘန်နာချိတ်ဆွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်တော်(PDF) အလံလွှင့်ထူကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဖေဖော်ဝါရီ ၂၁)က ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကို Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ပြည်သူအားလုံးက မရွေးချယ် မတင်မြှောက်ထားပဲ ပြည်သူ့အာဏာကို မတရားသိမ်းယူထားတဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ ဥပဒေကြောင်းအရ တရားမဝင်တဲ့အဖွဲအစည်းတစ်ခုဖြစ်ပြီး၊ ယုတ်မာကောက်ကျစ်သောနည်းလမ်းများဖြင့် ပြည်သူအားလုံးကို အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်နေသော အကြမ်းဖက်အဖွဲစည်းသာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ထုတ်ပြန်သမျှဟာ ဥပဒေတစ်ရပ်အဖြစ် ဘယ်လိုမှ တရားဝင်မနေပါဖူး။ မတရားတဲ့အမိန့်အာဏာတစ်ခုသာဖြစ်ပါတယ်။ ဒါကိုပြည်သူအားလုံးဟာ ဘာအကြောင်းနဲ့မှ လက်ခံလိုက်နာနေစရာ အကြောင်းမရှိပါဖူး။ ငုံ့ခံနေစရာအကြောင်းမရှိပါဖူး။ ဒီနေရာမှာ တော်လှန်ရေးအင်အားစုအားလုံးကလည်း ပြည်သူနှင့်အတူရှိနေပြီး ရုန်းထွက်ကြဖို့ တိုက်တွန်းအားပေးပါရစေ"ဟုလည်း တော်လှန်လူငယ် များက တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဓာတ်ပုံ - Kyimyindaing Networks

👍34❤19🔥1
မန္တလေးကျောက်ဝိုင်း အသံတိတ်သပိတ်ပါဝင်ပြီးနောက် စစ်ကောင်စီက စည်းကမ်းချက် ၂၀ကျော် ထပ်ထုတ်
▪️မလိုက်နာပါက ဆိုင်ခန်းသိမ်း၊ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
အင်ကြင်း/People's Spring
မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းရှိ ဆိုင်ခန်းများ အသံတိတ်သပိတ် ပါဝင်ပြီးနောက် စည်းကမ်းချက် အချက် ၂၀ကျော်ထပ်ထုတ်ကာ မလိုက်နာပါက ဆိုင်ခန်းသိမ်းထောင်ချမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။
ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းမှု (၃)နှစ်ပြည့် အသံတိတ်သပိတ်တွင် မဟာအောင်မြေကျောက်ဝိုင်းမှ ဆိုင်ခန်းများ ပိတ်သိမ်းထားမှုကြောင့် ရက်နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၄ ရက်တွင် အချက် ၂၃ ချက်ပါ စည်းကမ်းချက်များအား ထုတ်ပြန်ခဲ့သည်။
ထို ၂၃ ချက်အနက် စစ်ကောင်စီနှင့် စည်ပင်မှ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ အမိန့် ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ၎င်းတို့ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများတွင်ပါဝင်ခြင်း၊ ၎င်းတို့က အကြမ်းဖက်ဟု သတ်မှတ် ထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အစရှိသည်များ ပြုလုပ်ပါက ဆိုင်ခန်းသိမ်းပြီး အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။
ထို့အပြင် အသံတိတ်သပိတ်ကဲ့သို့ ဆန္ဒပြမှုများမပြုလုပ်ရန်အတွက် ဆိုင်ခန်းအား ခွင့်ပြုချက်မရဘဲ မပိတ်ရန်နှင့် တစ်လထက်ပို၍ အလွတ်မထားရန် စစ်ကောင်စီက သတိပေးထားသည်။
အခြား စည်းကမ်းချက်များမှာလည်း အကြောင်းပြချက်် မယ်မယ်ရရမရှိဘဲ ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူများက ပြောသည်။
"ကျောက်ကလွဲပြီး ဘာမှလုပ်စားလို့ မရအောင်
လျှပ်စစ်မီးကလွဲပြီး အခြားမီးမမွှေးရ၊ မသုံးရ အမိုးအဖီမထုတ်ရ၊ ထပ်ခိုး မလုပ်ရ၊ ကျောက်ကလွဲပြီး ဘာမှ မရောင်းမဝယ်ရ အကြောင်းပြချက်မရှိပိတ်မထားရ အစုံပါပဲ စိတ်ပျက်တယ်။"ဟု ကျောက်ဝိုင်းအတွင်း အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါ စည်းကမ်းချက်များ လိုက်နာပါမည်ဟု ဆိုင်ခန်းရှင်များက ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်က မန္တလေးကျောက်ဝိုင်းရှိ ဆိုင်များ ပိတ်ထား၍ ဆိုင်ခန်း၉၀ ပိတ်သိမ်းမည်ဟု စစ်တပ်လော်ဘီများက သတင်းလွှင့်ခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုစည်းကမ်းချက်များ ထုတ်ကာ စစ်ကောင်စီက ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

👍21🤬12🖕9
မဟာအောင်မြေကျောက်ဝိုင်းအတွင်း စစ်ဆေးနေသော စစ်ကောင်စီ၏ စည်ပင်ဝန်ထမ်းများအား တွေ့ရစဥ်။ (ဓာတ်ပုံ-စကစ)
👍16🤮9🖕4💩3