People's Spring
62.8K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
29👍6🥰3💩3
"ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်"

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းနဲ့ မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် ညီနောင်မဟာမတ် ၃ဖွဲ့ဟာ ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကို ၂၀၂၃ ​အောက်တိုဘာ ၂၃ ရက်ကစပြီး​တော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇန်နဝါရီ လဆန်းမှာပဲ ကိုးကန့်ဒေသ တစ်ခုလုံးကို MNDAAက ထိန်းချုပ်ထားနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှု​ကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ ဟိုက်ဂင်သ​​ဘောတူညီချက်နဲ့ ရှမ်း​မြောက်မှာတိုက်ပွဲ​တွေရပ်နားခဲ့ပါတယ် ။အပစ်ရပ်ထားတဲ့ကာလမှာ MNDAA ဟာ ကိုးကန့်​ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်
(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

︎ရန်ရန်/People’s Spring


မေး။ကိုးကန့်ဒေသ အလုပ်သမားတွေ ခေါ်ရာမှာ သူလျှိုတွေ အေးဂျင့်တွေ မပါလာဖို့ စိစစ်ဖို့ ထုတ်ပြန်ထားတာတွေ့ရတယ်။အဲဒီအပေါ်ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့က အလုပ်သမား အလုပ်အမှုဆောင် ကော်
မတီ ဖွဲ့မှာပေါ့နော်။ပြင်ပကလာတဲ့ အလုပ်သမား မှန်သမျှ အဲဒီ အလုပ်အမှုဆောင်ကော်မတီမှာ သွားပြီးတော့ အချက်
အလက်တွေ တင်ရမယ်။ သတင်းတွေ ပို့ရမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း အဲဒီကော်မတီမှာပဲ လုပ်သွားမှာ ဖြစ်တယ်။ အကယ်၍ လုပ်ငန်းပိုင်ရှင်တွေက အလုပ်သမားကို လိုချင်ရင်လည်း ဒီကော်မတီမှာ အလုပ်သမားကို လာပြီးတော့ ခေါ်လို့ရတာပေါ့။ အလုပ်အမှုဆောင်ကော်မတီက မခေါ်ချင်လည်းရတယ်။ မိမိကိုယ်ကိုယ် လမ်းကြောင်းရှိရင် မိမိ ကိုယ့်ဆန္ဒနဲ့ကိုယ် ခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီခေါ်လာတဲ့သူက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး သို့မဟုတ် သူလျှိုတွေဖြစ်နေရင်တော့ ပိုင်ရှင်ကို ကျနော်တို့က အရေးယူမှာပေါ့။

မေး။ ဗမာလူမျိုးတွေ ကိုးကန့်ဒေသ ဝင်ရောက်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်နဲ့ ပတ်သတ်ပြီး မူဝါဒ ဘယ်ရှိရှိပါသလဲ။ဘာအသိပေးလိုပါသလဲ။

ဖြေ။ဗမာလူမျိုးအပေါ် မူဝါဒရယ်ဆိုတာ မရှိပါဘူး ကျနော်တို့က။ ပြင်ပကလာတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး မှန်သမျှကို ကျနော်တို့က အလုပ်အမှုဆောင်ကော်မတီကနေ တဆင့်ပဲလုပ်သွားမှာ ဖြစ်တယ်။ ဒီလူမျိုး ခွဲခြားပြီးတော့ ပြဌာန်းထားတဲ့ မူဝါဒဆိုတာ မရှိပါဘူးဗျ။

မေး။MNDAA တပ်ဖွဲ့ဝင်အချို့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ သတင်းတွေ တွေ့ရလို့ ဒါနဲ့ ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

ဖြေ။ကျနော်တို့ MNDAA တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာ ကျနော်ကတော့ လုံး၀ မယုံဘူးဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီတော်လှန်ရေးတလျှောက်
လုံးမှာ ရောက်တဲ့နေရာတိုင်း ကျနော်တို့ ပြည်သူလူထုရဲ့ ကြိုးတမျှင် အပ်တစ်ချောင်းကိုမှ ကျနော်တို့ ယူတာမရှိပါဘူး။ ကျနော်တို့ ရောက်တဲ့နေရာတိုင်း ရောက်တိုက်ရွာတိုင်း သွားပြီး စုံစမ်းကြည့်လို့ရပါတယ်။ ကျနော်တို့ ပစ္စည်းလုယက်တာတို့ ခိုးယူတာတို့ ဆိုတာ လုံး၀မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ အရာတွေကို ကျနော်တို့က ပိုက်ဆံပေးပြီး ဝယ်တယ် အမြဲတမ်း။ ဒါကတော့ ကျနော်တို့ တော်လှန်ရေးတလျှောက်မှာ ဒီလိုပဲ လာခဲ့တာဖြစ်တယ်။ ကျနော်တို့က စည်းကမ်းကြီး သုံးရပ်နဲ့ မူဝါဒ ၈ရပ်ကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့တဲ့ စစ်မှန်တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။

မေး။ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်နေတာ ဘယ်အဆင့်လောက်ရောက်ပြီလဲ။ပြန်လည်ထူထောင်ရေးကာလမှာ ကြုံနေရတဲ့ အခက်အခဲက ဘာတွေရှိနေပါသလဲ။

ဖြေ။ပြန်လည်ထူထောင်ရေးမှာတော့ အခက်အခဲတော့ရှိမှာပဲ။ အခုလမ်းကြောင်းတွေ ပိတ်နေတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မီးတွေ အကုန်လုံး ပြတ်တောက်ခံနေရတယ်။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ပြန်လည်ထူ
ထောင်နေရတယ်ဆိုတော့ အခက်အခဲ ပေါင်းစုံတော့ ရင်
ဆိုင်နေရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပြန်ကောင်းသွားမှာပါ။ ဒါကျနော်တို့လည်း တောက်လျှောက်ကြိုးစားနေပါတယ်။

မေး။ပြန်လည်ထူထောင်ရေးကာလမှာ လူသားအရင်းမြစ် လိုအပ်ချက်ရှိတဲ့အခါ တော်လှန်ရေးထဲကလူတွေကို ခေါ်ဖို့ရှိပါသလား။ အထူးသဖြင့် CDMတွေကို နေရာပေးဖို့ အလုပ်ပေးဖို့ရှိပါသလား။

ဖြေ။ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်နော်။

မေး။ဟိုင်ဂင် သဘောတူညီချက်နဲ့ အပစ်ရပ်ထားတော့ တစ်ဖက်မှာလည်း ပြည်သူတွေကလည်း စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲအတွက် ညီနောင်သုံးဖွဲ့ကိုမျှော်လင့်နေတော့ ဒီအပေါ်ဘာပြောပေးလို့ရမလဲ။

​ဖြေ-ဟိုင်ဂင်သဘောတူညီချက်က ကျနော်လည်း ပြောစရာမရှိဘူး။ ကျနော်လည်း ကောင်းကောင်းမသိတာပါနော်။

-ကျေးဇူးတင်ပါတယ်။
👍537🤮3
ပြန်လည်ထူ​​ထောင်​ရေးကာလကိုဖြတ်သန်း​နေပြီဖြစ်တဲ့ ကိုးကန့်​ဒေသ ။ဓါတ်ပုံ- The Kokang
36👍17🤣6
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၀) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။

ရေစကြိုမြို့နယ်မှာလည်း ရွှေဗန့်ဂျီ(ရွာပေါင်းစုံ) သွေးမအေးသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ကျေးရွာပေါင်း ၁၅ရွာကို ဆိုင်ကယ်သပိတ်အဖြစ် လှည့်လည်ပြီး စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲမခံရစေရန်၊ လူငယ်တွေ မလိုအပ်ဘဲ ခရီးမထွက်ကြစေရန် လိုက်လံနှိုးဆော်ခဲ့ပါတယ်။

ဝက်လက်ဒေသမှာလည်း ဗကသများအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးရေးကော်မတီ ရဲဘော်တွေက ဦးဆောင်ကာ ကျောင်းသားပြည်သူတွေကို တော်လှန်ရုပ်ရှင်ပြသခဲ့ပြီး လူထုတော်လှန်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

မကွေးတိုင်း တစ်နေရာမှာလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနဲ့ ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ လူထုသပိတ်လှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ပါတယ်။

ယင်းသပိတ်လှုပ်ရှားမှုမှာ "မတရား စစ်မှုထမ်း ဥပဒေကို ဝိုင်း၀န်း ဆန့်ကျင်ကြ" စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေ ဟစ်ကြွေးကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ပခုက္ကူလူထုသပိတ်၊ ဗကသများအဖွဲ့ချုပ်
👍3110🤮4
👍549🔥5👏2🤮2🥴1
ရခိုင်တိုက်ပွဲများမှ သေဆုံးစစ်သားများ၏ မိသားစုဝင်များ စစ်​ကောင်စီက မထောက်ပံ့၍ အလှူခံနေ

ခွာညို/People's Spring

ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင် AAက ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်​ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်-စကခ (၉) လက်အောက်ခံတပ်ရင်းများမှ စစ်သားမိသားစုဝင်များသည် အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့်
အဟာရပြတ်တောက်ပြီး ရန်ကုန်မြို့၊ ဘုရင့်နောင်အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိလာကြောင်း စစ်တပ်ထောက်ခံသူများက ပြောသည်။

စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ မှီခို သက်ကြီးရွယ်အိုအမျိုးသား ၁၀ ဦး၊ စစ်သားများ၏ ဇနီး၅၃ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား/မ ၂၈ဦး၊ အရွယ်မရောက်သေးသော ကလေး ကျား/မ ၂၁ဦး စုစုပေါင်း၁၁၂ဦးတို့သည် ဘုရင့်နောင် အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိနေပြီး စာရေးသောက်ရေးအခက်အခဲတွေ့နေ၍ အကူညီပေးကြရန် စစ်တပ်ထောက်ခံသူအချင်းချင်း လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကူအညီတောင်းထားကြသည်ကို တွေ့ရသည်။

" ၅၀၀၊ ၁၀၀၀ တတ်နိုင်သလောက်လှူပေးကြပါ။ သွားလှူပေးပါ့မယ်"ဟု အဆိုပါသတင်းကို ပထမဆုံးစတင်ထားသည့် စစ်တပ်ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်၌ ယ‌နေ့
(ဖေဖော်ဝါရီလ ၂၀ရက်) အကူအညီတောင်းထားသည်ကို​တွေ့ရသည်။

စစ်တပ်မိသားစုဝင်များသည်အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် အဟာရများပြတ်တောက်ပြီး ရောက်ရှိလာသော ကျဆုံး/ပျောက်ဆုံး စစ်သည်များ၏ မိသားစုဝင်များဖြစ်သည်ဟု ဆိုသည်။

လက်ရှိအခြေအနေတွင် အ၀တ်အစားများ၊ အဟာရအတွက် အစားအစာများ၊ သုံးစွဲရန် ငွေကြေးများ ခက်ခဲနေကြပြီး နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာများ ထိခိုက်နေသည်ဟု ၎င်းက ​ရေးသားထားသည်။

လှူဒါန်းရန် ဖုန်းနံပါတ်အချို့လည်းတင်ထားပြီး အလှူခံနေသည်ကိုတွေ့ရသည်။

"စစ်ခေါင်းဆောင်တွေဟာ အောက်ခြေကိုဘယ်လောက်တောင် ပစ္စလက်ခတ်ထားလဲဆို မြင်တဲ့တိုင်းပဲ။တပ်ထဲကိုပြန်ရောက်နေတာတောင် အထောက်အပံ့မလုပ်လို့ တပ်ထောက်ခံသူအချင်းချင်းအကူအညီတောင်းနေကြရပြီ"ဟု စစ်တပ်မိသားစုဝင်တဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို ရက္ခိုင့်တပ်တော် AAက ဖေဖော်ဝါရီလဆန်းပိုင်းတွင် တပ်ရင်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်ရင်း ၁၀ ရင်းစလုံးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အား ဖေဖော်ဝါရီလ ၇ရက်နှင့်၈ ရက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာစဉ် တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်ဖမ်းဆီးမိခဲ့ကြောင်းထုတ်ပြန်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း အား အသေဖမ်းဆီးရမိခဲ့ပြီး ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူးဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိထားကြောင်း AA က ထုတ်ပြန်ထားသည်။

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

ရက္ခိုင်တပ်​တော်က ရခိုင်ပြည်နယ်နှင့် ပလက်ဝ​ဒေသတိုက်ပွဲများတွင် ဖမ်းဆီးရရှိ​သော စစ်​ကောင်စီတပ်သား ​ထောင်နှင့်ချီရှိပြီး ရှိ​ကြောင်း AA က ​ဖေ​ဖော်ဝါရီ ၂၀ တွင်ထုတ်ပြန်သည်။ဖမ်းဆီးထား​သော စစ်သားများကိုစစ်သုံ့ပန်းဥပ​ဒေ ၊ နိုင်ငံတကာ ဥပ​ဒေ စည်းမျှဥ်များနှင့်အညီညအ​ရေးယူမည်ဖြစ်ပြီး ဒဏ်ရာရစစ်သားများကိုပင်​ဆေးကုသ​ပေး​နေသည်ဟုအသိ​ပေးသည်။ စစ်သားများ၏ မိသားစုဝင်များကိုလည်း လူသားချင်းစာနာ​ထောက်ထားစွာဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်မှု နှင့် ​နေထိုင်စား​သောက်ရန်အ​ကောင်းဆုံး​ဆောင်ရွက်​ပေးထား​ကြောင်း AA က ထုတ်ပြန်သည်။

AA က ထိုသို့ စစ်သုံ့ပန်း နှင့်ညစစ်သားမိသားစုများကို ​နေထိုင်​ရေးစား​သောက်​ရေးနှင့်ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးထား​သော်လည်း စစ်​ကောင်စီကမူ ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​သောစစ်သားမိသားစုများကို စားဝတ်​နေ
ရေးအဆင်​ပြေ​အောင် မစီစဥ်​​ပေးဘဲ ၊မ​ထောက်ပံ့ဘဲထားခြင်းဖြစ်သည်။
😁3117👍8
ရခိုင်ပြည်နယ်မှ ရန်ကုန်​ရောက်လာ​ စစ်သားမိသားစုဝင်များကို စစ်​ကောင်စီက မ​ထောက်ပံ့၍ စစ်တပ်​ထောက်ခံသူအချို့က အလှူ​ငွေ​ကောက်၍  သွား​ရောက်​ပေး​ဝေနေစဥ်နှင့် ​ပေး​ဝေ​သောမုန့် ။ဓါတ်ပုံ-စစ်တပ်​ထောက်ခံသူ​ဖေစ်ဘွခ်
😁55👍5🤮43
စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ်တန့်ခြင်းမရှိဘဲဆက်လက်
ကျူးလွန်မည်ဆိုပါက စစ်ကောင်စီကို ပြင်းထန်ပြတ်သားစွာတုံ့ပြန်မည်ဟု AA ရာဇသံ​ပေး

︎AA ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများမှာ အာရက္ခပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသောနေရာများဖြစ်ဟုဆို

ယန်းဒီ/People’s Spring

စစ်ရှုံးစစ်ကောင်စီအနေဖြင့် စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ််တန့်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က အထူးသတိပေးလိုက်ပြီး ရှောင်ရှား၊ ရပ်တန့်ခြင်းမပြုဘဲ ဆက်လက် ကျူးလွန်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) ထုတ်ပြန်ကြေညာသည်။

စစ်ရှုံးစစ်ကောင်စီသည် စစ်သားပီသစွာဖြင့် စစ်မြေပြင်တွင် တိုက်ခိုက်ရမည့်အစား အရပ်သားပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ်အလောင်းဖျောက်ခြင်း အစရှိသော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု AA က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျူကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ ၎င်းတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ်ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရားနည်းလမ်းကျကျ စစ်ဆေး အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြသည်။

လက်ရှိ ရက္ခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများသည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသောနေရာများ ဖြစ်ကြောင်း AA က ဆိုသည်။ ထို့ကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြမည့်အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိဘပြည်သူများအား AAက အသိပေး တိုက်တွန်းသည်။

စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်းကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေပြီး ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိသည်ဟု AA က ဖော်ပြသည်။ ထိုကဲ့သို့ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည်ဟု ဆိုသည်။

တပြိုင်နက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုးကာ မိမိတို့ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင် စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက်ဆိုးရွားစွာ ကျူးလွန်လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

ထို့အပြင် လူမှုကွန်ရက်သုံးစွဲသူ အပြစ်မဲ့ ရက္ခိုင်လူမျိုးများကိုလည်း သက်သေ အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ် အလောင်းဖျောက်မှုများကို ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို အကြမ်းဖက်စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု AA က ဖော်ပြထားသည်။
👏27👍215🤣4
မင်းပြားမြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ နှင့် AA ၏ ထုတ်ပြန်ချက်။ဓါတ်ပုံ-AA Info desk
43👍21👏7🥰3🖕2🔥1🏆1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်မှုထမ်းဥပဒေကို ရှောင်ရှားသင့်ဟု KNU ဥက္ကဋ္ဌပြော

စစ်ကောင်စီဆက်လက်အာဏာတည်မြဲဖို့ ပြည်သူတစ်ရပ်လုံးကို စစ်သားစုဆောင်းတဲ့ လုပ်ရပ်ဖြစ်တဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ လမ်းစဉ်မှာ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းတော်လှန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ခြင်းက စစ်ကောင်စီ အုပ်စုရဲ့ စိတ်နေစိတ်ထား သဘောထားအမှန်ကို ဖော်ပြလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ် ဖိနှိပ်မှုများလာတာကြောင့် ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီအပေါ် ယုံကြည်မှုလုံး၀ မရှိတော့ဘဲ ဆန့်ကျင်တော်လှန်မှုများလာလို့ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ သူ့ရဲ့အာဏာ ဆက်လက်ပြီး တည်တံ့ခိုင်မြဲဖို့အတွက်ဆိုတဲ့ အကြောင်းအရင်းကို ထင်ထင်ရှားရှား သိရှိဖို့လိုအပ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

◾️စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်မည်ဆိုပါက စစ်ကောင်စီကို ပြင်းထန်ပြတ်သားစွာတုံ့ပြန်မည်ဟု AA သတိ​ပေး

စစ်ရှုံးစစ်ကောင်စီအနေဖြင့် စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ််တန့်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က အထူးသတိပေးလိုက်ပြီး ရှောင်ရှား၊ ရပ်တန့်ခြင်းမပြုဘဲ ဆက်လက် ကျူးလွန်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်တဲ့ ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ စစ်ရှုံးစစ်ကောင်စီဟာ စစ်သားပီသစွာဖြင့် စစ်မြေပြင်မှာ တိုက်ခိုက်ရမယ့်အစား အရပ်သားပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ်အလောင်းဖျောက်ခြင်း အစရှိတဲ့ စစ်ရာဇဝတ်မှုများကို ကျူးလွန်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။ AA က ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေထဲ အာရက္ခပြည်သူများကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ အမိန့်ပေးခဲ့တဲ့ အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျူကျူးလွန်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်များပါဝင်ပြီး အဲဒီပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်ကာ ၎င်းတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ အသိပေးပါတယ်။

◾️ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် ဂိတ်ရုပ်သိမ်းသွား

မွန်ပြည်နယ် ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတား စစ်ကောင်စီဂိတ်ကို ရေးဘီလူးအဖွဲ့က မနေ့က တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့တဲ့ စစ်ကောင်စီတပ်က အဲဒီဂိတ်ကို ရုတ်သိမ်းသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဒီနေ့ ပြောပါတယ်။ ရေးဘီလူးအဖွဲ့က ခံသင်းတံတားဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းပတ်လည်မှာ မိုင်းကွင်းများရှိနေပြီး စခန်းအတွင်းရှိသူအားလုံး မကျသေးတာကြောင့် အထဲသို့ ဝင်ကာ လက်နက်သိမ်းနိုင်ခဲ့ခြင်းမရှိဘူး ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

◾️မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား အလောင်း ၄၀ကျော်တွေ့ဟုဆို

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မနေ့ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ကျော်တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၇ရက် မနက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ သုံးရက်အကြာ မနေ့ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ပွိုင့်ဖိုက် စက်လက် တစ်လက်အပါအဝင် ၈၁ မမ၊ ၆၀ မမ နဲ့ ကျည်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက စခန်းမကျဆုံးရေးအတွက် လေကြောင်းပစ်ကူကြိမ်ရေ ၈၀ ခန့်သုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာများရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

◾️ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ဖို့ ပြန်လာတဲ့ ပြည်သူလူထုကားတန်း စစ်ကောင်စီပစ်ခတ် တိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံး
👍30🤮3
ဆီဆိုင်မြို့သို့ ပစ္စည်းများသယ်ဖို့ ပြန်လာတဲ့ ပြည်သူလူထု ကားတန်းကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဆီဆိုင်မြို့တိုက်ပွဲစတင်ချိန် ဇန်နဝါရီလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေများအရ မြို့ပေါ်သို့ ပြန်နေထိုင်ခြင်း၊ နေအိမ်ပြန်ကြည်ခြင်းများ မပြုလုပ်ဖို့ PNLAက မေတ္တာရပ်ခံထားတဲ့ အခြေအနေမှာ မနေ့က ပြည်သူအချို့ဟာ ကားဖြင့်ပစ္စည်းပြန်သယ်ဖို့ ပြန်လာစဉ် စစ်ကောင်စီက တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဟာ အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်တယ်လို့ PNLAက ထုတ်ပြန်ပါတယ်။

◾️စစ်ကောင်စီကို ဦးဆောင်နေသူများနဲ့ စစ်အာဏာရှင်စနစ်မရှိမှသာ မြန်မာပြည်သူများစိတ်သက်သာရာရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

စစ်ကောင်စီကို ဦးဆောင်နေကြသောသူများ၊ စစ်​ကောင်စီတပ်နဲ့ စစ်အာဏာရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို့ စိတ်သက်သာရာရမှာဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်ဟာလည်း မြင့်တက်နေတယ်လို့ ညီ
နောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး (၁၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၎င်းတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဖွဲ့ချင်းစီအလိုက်သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်းအကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။

◾️မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီစခန်းကို AA ထပ်မံသိမ်းပိုက်

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းကို မနေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ပါတယ်။ ရက္ခိုင်ဒေသအတွင်း လက်နက်ချအညံ့မခံတဲ့ စခန်းများထဲမှ တစ်ခုဖြစ်တဲ့ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီစခန်းကို မနေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့တာလို့ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃)ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို ညနေပိုင်းမှာ လက်လွှတ်ခဲ့ရပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်း (၁၀)ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေတယ်လို့ အသိပေးပါတယ်။

◾️ဟုမ္မလင်းနဲ့ ရွှေပြည်အေးမြို့ကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် နေ့စဉ်​လေ​ကြောင်းမှ ဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ရွှေပြည်အေးမြို့တို့ကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့(SNA)က စစ်ကြောင်းထိုးဖို့ ကြိုးစားနေပြီး Mi-2 ရဟတ်ယာဥ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့ (SNA)စုစု​ပေါင်း အင်အား ၅၀၀ ခန့်ဟာ ဟုမ္မလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်ရင်းအတွင်း အသင့်အနေထားဖြင့်ရှိနေတယ်လို့ ဒေသခံများကပြောပါတယ်။ ၂၀၂၃ နိုဝင်ဘာလအတွင်း ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ မြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ ရွှေပြည်မြို့ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတို့အတွင်း နှစ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် တပ်လှန် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။

◾️မတ္တရာမှာ စစ်တပ်က PDF ရဲဘော် သုံးဦးနဲ့ အရပ်သားလူငယ် ငါးဦးကို သတ်ဖြတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က PDF ရဲဘော်သုံးဦးနဲ့ အရပ်သားလူငယ် ငါးဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်းက အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ အင်အား ၄၅ဦးခန့်ဟာ စကားပင် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး PDF ရဲဘော် သုံးဦးအပြင် စခန်းအနီးရှိ လူငယ်အမျိုးသား ၅ ဦးကိုပါ စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ လူငယ် ၅ ဦးထဲက သုံးဦးဟာ ၁၈ နှစ်အောက်ဖြစ်ပြီး ၁၄ နှစ်အရွယ် နှစ်ဦးနဲ့ ၁၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီဘက်ကမူ ၎င်းတို့ ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ လူငယ် ရှစ်ဦးစလုံးကို PDF ရဲဘော်များဟု စွပ်စွဲကာ ဝါဒဖြန့်နေပါတယ်။

◾️မိုးကုတ်မြို့အနီး စစ်တပ်ဂိတ်အချို့ကို PDF တိုက်ခိုက်
👍35🤮4
မိုးကုတ်မြို့နယ် ကမ္ဘာအေးနဲ့ အောင်သစ်လွင်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလုံခြုံရေးစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီနေ့ နေ့ခင်းက တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံများကပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်ကလည်း မိုးကုတ်မြို့နယ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ရေစကြိုမြို့နယ်မှာ ရွှေဗန့်ဂျီ(ရွာပေါင်းစုံ) သွေးမအေးသပိတ်စစ်ကြောင်းက ကျေးရွာပေါင်း ၁၅ရွာကို ဆိုင်ကယ်သပိတ်အဖြစ် လှည့်လည်ပြီး စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲမခံရစေဖို့၊ လူငယ်တွေ မလိုအပ်ဘဲ ခရီးမထွက်ကြဖို့ လိုက်လံနှိုးဆော်ခဲ့ပါတယ်။
ဝက်လက်ဒေသမှာလည်း ဗကသများအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးရေးကော်မတီ ရဲဘော်တွေက ကျောင်းသားပြည်သူတွေကို တော်လှန်ရုပ်ရှင်ပြသခဲ့ပြီး လူထုတော်လှန်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

မကွေးတိုင်း တစ်နေရာမှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနဲ့ ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ လူထုသပိတ်လှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ပါတယ်။ သပိတ်လှုပ်ရှားမှုမှာ "မတရား စစ်မှုထမ်း ဥပဒေကို ဝိုင်း၀န်း ဆန့်ကျင်ကြ" စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေ ဟစ်ကြွေးကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
👍38🤮2