မိုးကုတ်မြို့ အနီးစစ်တပ်ဂိတ်အချို့ကို PDF တိုက်ခိုက်
သရဖူ/People's Spring
မိုးကုတ်မြို့နယ် ကမ္ဘာအေးနှင့် အောင်သစ်လွင် ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလုံခြုံရေးစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နေ့လယ် ၁၂ နာရီခန့်၌ တိုက်ခိုက်ခဲ့ကြောင်းမြို့ခံများကပြောသည်။
"PDF တွေအများကြီးရောက်နေပြီဆိုပြီးသတင်းရပြီး သိပ်မကြာခင် ပစ်ခတ်သံတွေကြားရတော့တာပဲ။ PDF တွေက ပ၁စ်တာ"ဟု မိုးကုတ်မြို့ခံတဦးကပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၂၀ရက်) နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်ပစ်ခတ်သံများ ၁၅ မိနစ်ခန့် ဆက်တိုက်ကြားရသည်ဟု ဒေသခံအချို့ကပြောသည်။
" သေနတ်သံတွေဆက်တိုက်ထွက်လာတော့ တိုက်ပွဲခေါ်ပြီးမှတ်တာ။ ချလက်စနဲ့ဆက်ချရမှာ" ဟု မိုးကုတ်မြို့မှလူငယ်တစ်ဦးကပြောသည်။
ကမ္ဘာအေးနှင့် အောင်သစ်လွင်ရပ်ကွက်သည် မိုးကုတ်မြို့၊ ကျပ်ပြင်ကျေးရွာအုပ်စုအတွင်း၌ တည်ရှိသည်။ မိုးကုတ်မြို့ပေါ်နှင့် ရှစ်မိုင်ခန့်ဝေးပြီး မိုးကုတ်- သပိတ်ကျင်း လမ်းပေါ်
၌တည်ရှိသည်။
"မြို့ပေါ်မှာလည်း သေနတ်သံတချက်တချက်ထွက်ထွက်လာတယ်။ ရမ်းပစ်တာလား၊ ခြောက်ပစ်တာလားမသိဘူး" ဟု မြို့ခံတဦးကပြောသည်။
မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ ရက်ကတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့သည်။
TNLAတည်ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့စစ်ကောင်စီတပ်မှ လာရောက်ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် သုံးလက်သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်ခဲ့သည်။
ယနေ့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

👍79👏5❤3🔥1
ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် ဂိတ်ရုပ်သိမ်းသွား
သက်ဝေ/People’s Spring
မွန်ပြည်နယ် ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတား စစ်ကောင်စီဂိတ်ကို ရေးဘီလူးအဖွဲ့က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည့် စစ်ကောင်စီတပ်က အဆိုပါဂိတ်ရုတ်သိမ်းသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယနေ့ ပြောသည်။
ဖေဖော်ဝါရီ ၁၉ရက် နံနက်တွင် ရေးဘီလူးအဖွဲ့က ခံသင်းတံတား ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။
"ဒီတိုက်ပွဲအပြီး ညနေခင်း ၄နာရီလောက်မှာတော့ စခန်းကို သူတို့က အကုန်လုံး ရုတ်သိမ်းလိုက်ပြီးတော့ စခန်းတစ်ခုလုံး သူတို့ကဖျက်ဆီးလိုက်တယ်။ ဖျက်ပြီးတော့ သူတို့ဟာ သူတို့ နေရာပြောင်းရွှေ့သွားတယ်။ အခု စခန်းကမရှိတော့ဘူး အဲဒီမှာ"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါ စခန်းပတ်လည်တွင် မိုင်းကွင်းများရှိနေပြီး စခန်းအတွင်းရှိသူအားလုံး မကျသေးသည့် အခြေအနေကြောင့် အထဲသို့ ဝင်ကာ လက်နက်သိမ်းနိုင်ခဲ့ခြင်းမရှိဟု ပြောပြသည်။
"အထဲကလူ တော်တော်များများလည်း ဒဏ်ရာရတယ်။ အဲဒါ ပြီးတော့ ကျနော်တို့ ဆုတ်ခွာခဲ့တယ်။ တိုက်ပွဲဖြစ်ချိန်က နာရီဝက်လောက်တော့ရှိတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာ ကျနော်တို့ လက်ဦးမှုရတယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီတပ်၏ ရေးအခြေစိုက်တပ်များက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများရှိခဲ့သော်လည်း အကောင်းဆုံး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ရေးဘီလူးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်ပြီး ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ လက်ပါးစေများကို တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

👍65🤣7👏3🥰2
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူးအဖွဲ့)
❤53👍15🔥4🥰4👏2
တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စစ်မှုထမ်းဥပဒေကို ရှောင်ရှားသင့်ဟု KNU ဥက္ကဋ္ဌပြော
▪️ပြည်သူတစ်ရပ်လုံးကို စစ်သားစုဆောင်းသည့် လုပ်ရပ် စစ်ကောင်စီ ဆက်အာဏာတည်မြဲရန် ဖြစ်သည်ကို ထင်ရှားစွာ သိရှိရန်လိုကြောင်း အသိပေး
"လူငယ်တွေအနေနဲ့ လမ်းတစ်လမ်းသာရှိတယ် အာဏာရှင်စစ်ကောင်စီ စစ်တပ်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း သူတို့ရဲ့ သဘောထားကို လိုက်လျောမလား ဒါမှမဟုတ် အာဏာရှင် စစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်မလား"
သက်ဝေ/People’s Spring
စစ်ကောင်စီဆက်လက်အာဏာတည်မြဲရန် ပြည်သူတစ်ရပ်လုံးကို စစ်သားစုဆောင်းသည့် လုပ်ရပ်ဖြစ်သော စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် လမ်းစဉ်မှာ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း တော်လှန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ယနေ့တွင် KNU ဥက္ကဋ္ဌက ပြည်သူလူထုသို့ပြောကြားသည့် မိန့်ခွန်း၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ KNU ဥက္ကဋ္ဌက ကရင်ဘာသာဖြင့် ပြောဆိုချက်ကို ဗမာဘာသာရေးထိုး အသိပေးဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ခြင်းက စစ်ကောင်စီ အုပ်စု၏ စိတ်နေစိတ်ထား သဘောထားအမှန်ကို ဖော်ပြလိုက်ခြင်းဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောသည်။
စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက်ကတည်းက ရေးဆွဲထားသည့် ယင်းဥပဒေကို အတည်ပြုလိုက်ခြင်းအား စိစစ်ပါက စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြမ်းဖက် သတ်ဖြတ် ဖိနှိပ်မှုများလာ၍ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီအပေါ် ယုံကြည်မှုလုံး၀ မရှိတော့ဘဲ ဆန့်ကျင်တော်လှန်မှုများလာ၍ဖြစ်ကြောင်း ပြောပြသည်။
"သူတို့ရဲ့ စစ်ကောင်စီတပ် အသိုင်းအဝိုင်းတွေကိုလည်း ထိန်းချုပ်ဖို့ မလွယ်ကူတော့ဘဲ သူတို့ရဲ့ စစ်တပ်အင်အားမလုံလောက်တော့တာကြောင့် စစ်အင်အားလည်း လျော့နည်းလာတယ်။ သူ့ကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို ပြန်လည်တွန်းလှန်ဖို့ အင်အားမရှိတဲ့ အခက်အခဲတွေကြောင့် ဒီစစ်မှုထမ်းဥပဒေ တရပ်ကို ထုတ်ပြ်လိုက်ရခြင်းက သူတို့ရဲ့ စစ်ကောင်စီတပ်ရဲ့ ကိုယ်ကျိုးရလဒ်တစ်ခုအတွက်သာဖြစ်တယ်"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
စစ်ကောင်စီအင်အားအလုံးအလောက်မရှိတော့ခြင်းကြောင့်လည်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
"မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကို စစ်သားစုဆောင်းရတဲ့ စစ်ကောင်စီရဲ့လုပ်ရပ် အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့အာဏာ ဆက်လက်ပြီး တည်တံ့ခိုင်မြဲဖို့အတွက်ဆိုတဲ့ အကြောင်းအရင်းကို ကျနော်တို့တွေ ထင်ထင်ရှားရှား သိရှိဖို့လိုအပ်တယ်။သူတို့ရဲ့ အာဏာတည်တံ့ဖို့ သူတို့ ကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် လုပ်နေတဲ့ ဒီစစ်အာဏာရှင်စစ်တပ်ကို အမြစ်ဖြတ် ဆန့်ကျင်တော်လှန်နိုင်ဖို့ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအားလုံး အတူတကွ ဆန့်ကျင်တော်လှန်ရမယ်ဆိုတာ ကျနော်တို့ ဒါကို စဉ်းစားသိရှိထားရမှာ ဖြစ်တယ်"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
လက်ရှိ လူငယ်များ၊ အိမ်ထောင်သည်များ၊ မိသားစုဝင်များအပေါ်များစွာ အခက်အခဲကြုံလာရ၍ တော်လှန်ရေးအင်အားစုများနှင့်အတူ ရှိနေပြီး စ်စကောင်စီကို ဆန့်ကျင်တော်လှန်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
"ယခု လက်ရှိ ပြောချင်တာက အသက်ပြည့်ပြီးဖြစ်တဲ့ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ရှောင်ရှားဖို့ က အခက်အခဲ မျိုးစုံ ဒုက္ခ အမျိုးမျိုး နဲ့ ကြုံတွေ့နေရတယ်။ အဲဒါကြောင့် လူငယ်တွေ အနေနဲ့ လမ်းတစ်လမ်းသာရှိတယ် အာဏာရှင်စစ်ကောင်စီ စစ်တပ်ရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း သတို့ရဲ့ သဘောထားကို လိုက်လျောမလား ဒါမှမဟုတ် အာဏာရှင် စစ်ကောင်စီ တပ်ကို ဆန့်ကျင်တော်လှန်မလား” ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားပြီး လူငယ်များကို အကြံပေးဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့သည်။
"စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်းလိုက်နာမယ်ဆိုရင် အာဏာရှင် စစ်ကောင်ဏီတပ်ရဲ့ အာဏာရှင်စနစ် ကို သက်ဆိုးရှည်အောင် ကူညီထောက်ပံ့ပေးသလို ဖြစ်တယ်။ အဲဒီလို မဖြစ်အောင် ပြုလုပ်ရမယ့် လမ်းစဉ်ကတော့ ကျနော်တို့တွေ ပြုလုပ်နေသလို အတူတကွ ဆန့်ကျင်တော်လှန်ဖို့ ယခုလက်ရှိ အာဏာရှင်စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူတကွ ပူးပေါင်းတော် လှန်ဆောင်ရွက်ဖို့လိုပြီး ဒါဟာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ လမ်းစဉ်တစ်ခုသာ လုပ်ဆောင်ဖြေရှင်းသင့်တယ် လုပ်ဆောင်ရမှာဖြစ်တယ်"ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
စစ်အစိုးရ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို စဉ်းစားဆင်ခြင် တွေးခေါ်ကြည့်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
စစ်ကောင်စီ၏ ဥပဒေစည်းမျဉ်း စည်းကမ်းအတိုင်းသာ ရပ်တည်သွားမည်ဆိုပါက စစ်အာဏာရှင်စနစ်၏ အကြမ်းဖက်မှုအောက်မှ လွတ်မြောက်ခြင်းရှိမည်မဟုတ်ကြောင်း လည်း KNU ဥက္ကဋ္ဌက သတိပေးသည်။
အတူတကွ အဆုံးတိုင်ဆန့်ကျင်သွားမည်ဆိုပါက စစ်အာဏာရှင်၏ အကြမ်းဖက်မှုများ၊ ကျင့်သုံးနေသည့် အာဏာရှင်စနစ်များ အဆုံးသတ်သွားမည်ဖြစ်ပြီး ပြည်သူ လူထုအားလုံး တန်းတူညီမျှမှုများ လူ့အခွင့်အရေးများ ပြန်လည် တည်ဆောက် နိုင်မည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

❤37👍27🤮2
(KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအား တွေ့ရစဉ်။ ဓာတ်ပုံ - File Photo)
❤29👍6🥰3💩3
"ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်"
MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းနဲ့ မေးမြန်းခန်း
ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် ညီနောင်မဟာမတ် ၃ဖွဲ့ဟာ ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကို ၂၀၂၃ အောက်တိုဘာ ၂၃ ရက်ကစပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ ဇန်နဝါရီ လဆန်းမှာပဲ ကိုးကန့်ဒေသ တစ်ခုလုံးကို MNDAAက ထိန်းချုပ်ထားနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် ၂၀၂၄ ဇန်နဝါရီ ၁၀ ရက်မှာ ဟိုက်ဂင်သဘောတူညီချက်နဲ့ ရှမ်းမြောက်မှာတိုက်ပွဲတွေရပ်နားခဲ့ပါတယ် ။အပစ်ရပ်ထားတဲ့ကာလမှာ MNDAA ဟာ ကိုးကန့်ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။ ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်
(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
▪︎ရန်ရန်/People’s Spring
မေး။ကိုးကန့်ဒေသ အလုပ်သမားတွေ ခေါ်ရာမှာ သူလျှိုတွေ အေးဂျင့်တွေ မပါလာဖို့ စိစစ်ဖို့ ထုတ်ပြန်ထားတာတွေ့ရတယ်။အဲဒီအပေါ်ရှင်းပြပေးပါလား။
ဖြေ။ကျနော်တို့က အလုပ်သမား အလုပ်အမှုဆောင် ကော်
မတီ ဖွဲ့မှာပေါ့နော်။ပြင်ပကလာတဲ့ အလုပ်သမား မှန်သမျှ အဲဒီ အလုပ်အမှုဆောင်ကော်မတီမှာ သွားပြီးတော့ အချက်
အလက်တွေ တင်ရမယ်။ သတင်းတွေ ပို့ရမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကိုလည်း အဲဒီကော်မတီမှာပဲ လုပ်သွားမှာ ဖြစ်တယ်။ အကယ်၍ လုပ်ငန်းပိုင်ရှင်တွေက အလုပ်သမားကို လိုချင်ရင်လည်း ဒီကော်မတီမှာ အလုပ်သမားကို လာပြီးတော့ ခေါ်လို့ရတာပေါ့။ အလုပ်အမှုဆောင်ကော်မတီက မခေါ်ချင်လည်းရတယ်။ မိမိကိုယ်ကိုယ် လမ်းကြောင်းရှိရင် မိမိ ကိုယ့်ဆန္ဒနဲ့ကိုယ် ခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီခေါ်လာတဲ့သူက နိုင်ငံရေးနောက်ခံ မသန့်ရှင်းဘူး သို့မဟုတ် သူလျှိုတွေဖြစ်နေရင်တော့ ပိုင်ရှင်ကို ကျနော်တို့က အရေးယူမှာပေါ့။
မေး။ ဗမာလူမျိုးတွေ ကိုးကန့်ဒေသ ဝင်ရောက်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်နဲ့ ပတ်သတ်ပြီး မူဝါဒ ဘယ်ရှိရှိပါသလဲ။ဘာအသိပေးလိုပါသလဲ။
ဖြေ။ဗမာလူမျိုးအပေါ် မူဝါဒရယ်ဆိုတာ မရှိပါဘူး ကျနော်တို့က။ ပြင်ပကလာတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံး မှန်သမျှကို ကျနော်တို့က အလုပ်အမှုဆောင်ကော်မတီကနေ တဆင့်ပဲလုပ်သွားမှာ ဖြစ်တယ်။ ဒီလူမျိုး ခွဲခြားပြီးတော့ ပြဌာန်းထားတဲ့ မူဝါဒဆိုတာ မရှိပါဘူးဗျ။
မေး။MNDAA တပ်ဖွဲ့ဝင်အချို့ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တဲ့ သတင်းတွေ တွေ့ရလို့ ဒါနဲ့ ပတ်သက်ပြီး ဘာပြောလိုပါသလဲ။
ဖြေ။ကျနော်တို့ MNDAA တပ်ဖွဲ့ဝင်တွေ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာ ကျနော်ကတော့ လုံး၀ မယုံဘူးဗျ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ဒီတော်လှန်ရေးတလျှောက်
လုံးမှာ ရောက်တဲ့နေရာတိုင်း ကျနော်တို့ ပြည်သူလူထုရဲ့ ကြိုးတမျှင် အပ်တစ်ချောင်းကိုမှ ကျနော်တို့ ယူတာမရှိပါဘူး။ ကျနော်တို့ ရောက်တဲ့နေရာတိုင်း ရောက်တိုက်ရွာတိုင်း သွားပြီး စုံစမ်းကြည့်လို့ရပါတယ်။ ကျနော်တို့ ပစ္စည်းလုယက်တာတို့ ခိုးယူတာတို့ ဆိုတာ လုံး၀မရှိဘူး။ ကျနော်တို့ လိုချင်တဲ့ အရာတွေကို ကျနော်တို့က ပိုက်ဆံပေးပြီး ဝယ်တယ် အမြဲတမ်း။ ဒါကတော့ ကျနော်တို့ တော်လှန်ရေးတလျှောက်မှာ ဒီလိုပဲ လာခဲ့တာဖြစ်တယ်။ ကျနော်တို့က စည်းကမ်းကြီး သုံးရပ်နဲ့ မူဝါဒ ၈ရပ်ကို တစိုက်မတ်မတ်လိုက်နာဆောင်ရွက်ခဲ့တဲ့ စစ်မှန်တဲ့ ပြည်သူ့စစ်သားဖြစ်တယ်။
မေး။ကိုးကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်နေတာ ဘယ်အဆင့်လောက်ရောက်ပြီလဲ။ပြန်လည်ထူထောင်ရေးကာလမှာ ကြုံနေရတဲ့ အခက်အခဲက ဘာတွေရှိနေပါသလဲ။
ဖြေ။ပြန်လည်ထူထောင်ရေးမှာတော့ အခက်အခဲတော့ရှိမှာပဲ။ အခုလမ်းကြောင်းတွေ ပိတ်နေတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ မီးတွေ အကုန်လုံး ပြတ်တောက်ခံနေရတယ်။ ဒီလို အခြေအနေမျိုးမှာ ကျနော်တို့ ပြန်လည်ထူ
ထောင်နေရတယ်ဆိုတော့ အခက်အခဲ ပေါင်းစုံတော့ ရင်
ဆိုင်နေရပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ပြန်ကောင်းသွားမှာပါ။ ဒါကျနော်တို့လည်း တောက်လျှောက်ကြိုးစားနေပါတယ်။
မေး။ပြန်လည်ထူထောင်ရေးကာလမှာ လူသားအရင်းမြစ် လိုအပ်ချက်ရှိတဲ့အခါ တော်လှန်ရေးထဲကလူတွေကို ခေါ်ဖို့ရှိပါသလား။ အထူးသဖြင့် CDMတွေကို နေရာပေးဖို့ အလုပ်ပေးဖို့ရှိပါသလား။
ဖြေ။ပညာရှင်တွေ ၊အလုပ်သမားတွေကို ခေါ်တဲ့နေရာမှာ နိုင်ငံရေးနောက်ခံ သန့်ရှင်းရင်အားလုံးခေါ်ပါတယ်နော်။
မေး။ဟိုင်ဂင် သဘောတူညီချက်နဲ့ အပစ်ရပ်ထားတော့ တစ်ဖက်မှာလည်း ပြည်သူတွေကလည်း စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲအတွက် ညီနောင်သုံးဖွဲ့ကိုမျှော်လင့်နေတော့ ဒီအပေါ်ဘာပြောပေးလို့ရမလဲ။
ဖြေ-ဟိုင်ဂင်သဘောတူညီချက်က ကျနော်လည်း ပြောစရာမရှိဘူး။ ကျနော်လည်း ကောင်းကောင်းမသိတာပါနော်။
-ကျေးဇူးတင်ပါတယ်။

👍53❤7🤮3
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၀) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ရေစကြိုမြို့နယ်မှာလည်း ရွှေဗန့်ဂျီ(ရွာပေါင်းစုံ) သွေးမအေးသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ကျေးရွာပေါင်း ၁၅ရွာကို ဆိုင်ကယ်သပိတ်အဖြစ် လှည့်လည်ပြီး စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲမခံရစေရန်၊ လူငယ်တွေ မလိုအပ်ဘဲ ခရီးမထွက်ကြစေရန် လိုက်လံနှိုးဆော်ခဲ့ပါတယ်။
ဝက်လက်ဒေသမှာလည်း ဗကသများအဖွဲ့ချုပ်၊ ဗဟိုစည်းရုံးရေးကော်မတီ ရဲဘော်တွေက ဦးဆောင်ကာ ကျောင်းသားပြည်သူတွေကို တော်လှန်ရုပ်ရှင်ပြသခဲ့ပြီး လူထုတော်လှန်ရေးအတွက် စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။
မကွေးတိုင်း တစ်နေရာမှာလည်း ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနဲ့ ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ လူထုသပိတ်လှုပ်ရှားမှုတစ်ရပ် ဖော်ဆောင်ခဲ့ပါတယ်။
ယင်းသပိတ်လှုပ်ရှားမှုမှာ "မတရား စစ်မှုထမ်း ဥပဒေကို ဝိုင်း၀န်း ဆန့်ကျင်ကြ" စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေ ဟစ်ကြွေးကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ပခုက္ကူလူထုသပိတ်၊ ဗကသများအဖွဲ့ချုပ်

👍31❤10🤮4
ရခိုင်တိုက်ပွဲများမှ သေဆုံးစစ်သားများ၏ မိသားစုဝင်များ စစ်ကောင်စီက မထောက်ပံ့၍ အလှူခံနေ
ခွာညို/People's Spring
ရခိုင်ပြည်နယ်မှတိုက်ပွဲများတွင် AAက ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်-စကခ (၉) လက်အောက်ခံတပ်ရင်းများမှ စစ်သားမိသားစုဝင်များသည် အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့်
အဟာရပြတ်တောက်ပြီး ရန်ကုန်မြို့၊ ဘုရင့်နောင်အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိလာကြောင်း စစ်တပ်ထောက်ခံသူများက ပြောသည်။
စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ မှီခို သက်ကြီးရွယ်အိုအမျိုးသား ၁၀ ဦး၊ စစ်သားများ၏ ဇနီး၅၃ဦး၊ အရွယ်ရောက်ပြီး ကလေး ကျား/မ ၂၈ဦး၊ အရွယ်မရောက်သေးသော ကလေး ကျား/မ ၂၁ဦး စုစုပေါင်း၁၁၂ဦးတို့သည် ဘုရင့်နောင် အမှတ် (၁)စစ်ကြောရေးနှင့်တည်းခိုရေးတပ်သို့ ရောက်ရှိနေပြီး စာရေးသောက်ရေးအခက်အခဲတွေ့နေ၍ အကူညီပေးကြရန် စစ်တပ်ထောက်ခံသူအချင်းချင်း လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကူအညီတောင်းထားကြသည်ကို တွေ့ရသည်။
" ၅၀၀၊ ၁၀၀၀ တတ်နိုင်သလောက်လှူပေးကြပါ။ သွားလှူပေးပါ့မယ်"ဟု အဆိုပါသတင်းကို ပထမဆုံးစတင်ထားသည့် စစ်တပ်ထောက်ခံသူတစ်ဦးက လူမှုကွန်ရက်၌ ယနေ့
(ဖေဖော်ဝါရီလ ၂၀ရက်) အကူအညီတောင်းထားသည်ကိုတွေ့ရသည်။
စစ်တပ်မိသားစုဝင်များသည်အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့် အဟာရများပြတ်တောက်ပြီး ရောက်ရှိလာသော ကျဆုံး/ပျောက်ဆုံး စစ်သည်များ၏ မိသားစုဝင်များဖြစ်သည်ဟု ဆိုသည်။
လက်ရှိအခြေအနေတွင် အ၀တ်အစားများ၊ အဟာရအတွက် အစားအစာများ၊ သုံးစွဲရန် ငွေကြေးများ ခက်ခဲနေကြပြီး နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာများ ထိခိုက်နေသည်ဟု ၎င်းက ရေးသားထားသည်။
လှူဒါန်းရန် ဖုန်းနံပါတ်အချို့လည်းတင်ထားပြီး အလှူခံနေသည်ကိုတွေ့ရသည်။
"စစ်ခေါင်းဆောင်တွေဟာ အောက်ခြေကိုဘယ်လောက်တောင် ပစ္စလက်ခတ်ထားလဲဆို မြင်တဲ့တိုင်းပဲ။တပ်ထဲကိုပြန်ရောက်နေတာတောင် အထောက်အပံ့မလုပ်လို့ တပ်ထောက်ခံသူအချင်းချင်းအကူအညီတောင်းနေကြရပြီ"ဟု စစ်တပ်မိသားစုဝင်တဦးက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်အောက်ခံတပ်ရင်းများကို ရက္ခိုင့်တပ်တော် AAက ဖေဖော်ဝါရီလဆန်းပိုင်းတွင် တပ်ရင်းတစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်ရင်း ၁၀ ရင်းစလုံးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အား ဖေဖော်ဝါရီလ ၇ရက်နှင့်၈ ရက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာစဉ် တပ်ဖွဲ့ဝင်အချို့နှင့်အတူ အရှင်ဖမ်းဆီးမိခဲ့ကြောင်းထုတ်ပြန်ထားသည်။ ထို့အပြင် ဖေဖော်ဝါရီလ (၇) ရက်နေ့က မြောက်ဦး ခမရ (၃၇၇) အား တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ ကြည်း အား အသေဖမ်းဆီးရမိခဲ့ပြီး ကျောက်တော်၊ စကခ (၉) လက်အောက်ခံ၊ နည်းဗျူဟာ (၃) မှ ဗျူဟာမှူးဒု-ဗိုလ်မှူးကြီး ညီညီဝင်းကို ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိထားကြောင်း AA က ထုတ်ပြန်ထားသည်။
AA က ရခိုင်ပြည်နယ် တွင် မြောက်ဦး ၊မင်းပြား၊ကျောက်တော် ၊ ပေါက်တော ၊ မြေပုံ စသောမြို့များကို သိမ်းပိုက်ထားပြီး ရသေ့တောင် ၊မောင်တော ၊ မအိ ၊ ကျောက်ဖြူ ၊ရမ်းဗြဲ စသောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
ရက္ခိုင်တပ်တော်က ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသတိုက်ပွဲများတွင် ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သား ထောင်နှင့်ချီရှိပြီး ရှိကြောင်း AA က ဖေဖော်ဝါရီ ၂၀ တွင်ထုတ်ပြန်သည်။ဖမ်းဆီးထားသော စစ်သားများကိုစစ်သုံ့ပန်းဥပဒေ ၊ နိုင်ငံတကာ ဥပဒေ စည်းမျှဥ်များနှင့်အညီညအရေးယူမည်ဖြစ်ပြီး ဒဏ်ရာရစစ်သားများကိုပင်ဆေးကုသပေးနေသည်ဟုအသိပေးသည်။ စစ်သားများ၏ မိသားစုဝင်များကိုလည်း လူသားချင်းစာနာထောက်ထားစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု နှင့် နေထိုင်စားသောက်ရန်အကောင်းဆုံးဆောင်ရွက်ပေးထားကြောင်း AA က ထုတ်ပြန်သည်။
AA က ထိုသို့ စစ်သုံ့ပန်း နှင့်ညစစ်သားမိသားစုများကို နေထိုင်ရေးစားသောက်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးထားသော်လည်း စစ်ကောင်စီကမူ ရခိုင်ပြည်နယ်မှ ရန်ကုန်ရောက်လာသောစစ်သားမိသားစုများကို စားဝတ်နေ
ရေးအဆင်ပြေအောင် မစီစဥ်ပေးဘဲ ၊မထောက်ပံ့ဘဲထားခြင်းဖြစ်သည်။

😁31❤17👍8
ရခိုင်ပြည်နယ်မှ ရန်ကုန်ရောက်လာ စစ်သားမိသားစုဝင်များကို စစ်ကောင်စီက မထောက်ပံ့၍ စစ်တပ်ထောက်ခံသူအချို့က အလှူငွေကောက်၍ သွားရောက်ပေးဝေနေစဥ်နှင့် ပေးဝေသောမုန့် ။ဓါတ်ပုံ-စစ်တပ်ထောက်ခံသူဖေစ်ဘွခ်
😁55👍5🤮4❤3