မတ္တရာတွင် စစ်တပ်က PDF ရဲဘော် သုံးဦးနှင့် အရပ်သားလူငယ် ငါးဦးအား သတ်ဖြတ်
▪️အရပ်သား ငါးဦးတွင် အသက်မပြည့်သေးသည့် ကလေးသုံးဦးပါဝင်နေ
အင်ကြင်း/People's Spring
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က PDF ရဲဘော်သုံးဦးနှင့် အရပ်သားလူငယ် ငါးဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ရက်)နံနက် ၆ နာရီခွဲခန့်က အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ အင်အား ၄၅ဦးခန့်သည် စကားပင် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့၏ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့သည်။
ထိုသို့စီးနင်းစဥ် PDF ရဲဘော် သုံးဦးအပြင် စခန်းအနီး၌ရှိသည့် လူငယ်အမျိုးသား ၅ဦးကိုပါ စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
"တိုက်ပွဲမဖြစ်ဘူး။ စခန်းဝင်စီးခံရတာ။ ကိုယ့်ဘက်က သုံးဦးကျတယ်။ ပြည်သူ ငါးဦးထဲက သုံးဦးဆိုရင် အသက်မပြည့်သေးတဲ့ ကလေးတွေ။ ၁၄ နှစ် နှစ်ယောက်နဲ့ ၁၅ နှစ် တစ်ယောက်ပါ။"ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီဘက်ကမူ ၎င်းတို့ ပစ်ခတ် သတ်ဖြတ်ခဲ့သည့် လူငယ် ရှစ်ဦးလုံးကို PDF ရဲဘော်များဟု စွပ်စွဲကာ ဝါဒဖြန့်နေသည်။
လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရမှုရှိပြီး မတ္တရာ(ပကဖ)အဖွဲ့က အသိပေးနိုင်ခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်ကလည်း
မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာ၌ စစ်ကြောင်းဝင်ချိန် ပိတ်မိနေသော ပြည်သူများအား ကယ်ထုတ်ရန်လာသည့် PDF ရဲဘော် နှစ်ဦးသတ်ဖြတ်ခံခဲ့ရသေးသည်။
မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း တော်လှန်ရေးအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး နေအိမ်အများအပြားအား မီးရှို့ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများအား စစ်တပ်က ကျူးလွန်လျက်ရှိသည်။

🤬53👍12😭3😡2🤣1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၂၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား အလောင်း ၄၀ကျော်တွေ့ဟုဆို
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က မနေ့ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ကျော်တွေ့ရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၇ရက် မနက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ သုံးရက်အကြာ မနေ့ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ ပွိုင့်ဖိုက် စက်လက် တစ်လက်အပါအဝင် ၈၁ မမ၊ ၆၀ မမ နဲ့ ကျည်များစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက စခန်းမကျဆုံးရေးအတွက် လေကြောင်းပစ်ကူကြိမ်ရေ ၈၀ ခန့်သုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူများ သေဆုံးဒဏ်ရာများရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
◾️ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ဖို့ ပြန်လာတဲ့ ပြည်သူလူထုကားတန်း စစ်ကောင်စီပစ်ခတ် တိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံး
ဆီဆိုင်မြို့သို့ ပစ္စည်းများသယ်ဖို့ ပြန်လာတဲ့ ပြည်သူလူထု ကားတန်းကို စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဆီဆိုင်မြို့တိုက်ပွဲစတင်ချိန် ဇန်နဝါရီလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေများအရ မြို့ပေါ်သို့ ပြန်နေထိုင်ခြင်း၊ နေအိမ်ပြန်ကြည်ခြင်းများ မပြုလုပ်ဖို့ PNLAက မေတ္တာရပ်ခံထားတဲ့ အခြေအနေမှာ မနေ့က ပြည်သူအချို့ဟာ ကားဖြင့်ပစ္စည်းပြန်သယ်ဖို့ ပြန်လာစဉ် စစ်ကောင်စီက တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဟာ အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်တယ်လို့ PNLAက ထုတ်ပြန်ပါတယ်။
◾️စစ်ကောင်စီကို ဦးဆောင်နေသူများနဲ့ စစ်အာဏာရှင်စနစ်မရှိမှသာ မြန်မာပြည်သူများစိတ်သက်သာရာရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
စစ်ကောင်စီကို ဦးဆောင်နေကြသောသူများ၊ စစ်ကောင်စီတပ်နဲ့ စစ်အာဏာရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို့ စိတ်သက်သာရာရမှာဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်ဟာလည်း မြင့်တက်နေတယ်လို့ ညီ
နောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး (၁၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာမှာ ဖော်ပြပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၎င်းတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဖွဲ့ချင်းစီအလိုက်သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်းအကောင်အထည် ဖော်နေတယ်လို့ ဆိုပါတယ်။
◾️စစ်မှုထမ်းဥပဒေရဲ့ သက်ရောက်နိုင်မှုများကို ကုလလူ့အခွင့်အရေးကောင်စီ၊ ILO ညီလာခံတို့မှာ NUG အစီရင်ခံမည်
အာဏာသိမ်းစစ်အုပ်စု အသက်သွင်းပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရဥပဒေ(ပြည်သူ့စစ်မှုထမ်းဥပဒေ)အပေါ် နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မေးမြန်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင််းများ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အဲဒီဥပဒေကို စစ်မှုထမ်းဥပဒေလို့ စစ်အုပ်စုက သတ်မှတ်ပေမယ့် လက်တွေ့မှာ တရားဝင်ပေါ်တာဆွဲဖို့ ပြဌာန်းလိုက်တဲ့ ဥပဒေဆိုးတစ်ရပ်ဖြစ်ပြီး အဲဒီဥပဒေဆိုးရဲ့ သက်ရောက်နိုင်မှုများကို မကြာမီကျင်းပမယ့် ကုလသဂ္ဂလူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ညီလာခံတို့မှာ တင်ပြသွားမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ NUG အစိုးရရဲ့ ဝန်ကြီးဌာနအသီးသီး လုပ်နိုင်တဲ့ ကိစ္စများကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်အုပ်စုအနေဖြင့် ၎င်းတို့ထုတ်ပြန်ခဲ့တဲ့ ဥပဒေကို အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ကြေညာပါတယ်။
◾️မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီစခန်းကို AA ထပ်မံသိမ်းပိုက်

Thaiconsularyangon
အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းယူခြင်း ထိုင်းသံရုံး၊ ရန်ကုန်၊ မြန်မာနိုင်ငံ :: Royal Thai Embassy, Yangon Visa Appointment Booking…
Royal Thai Embassy, Yangon Visa Booking Online
👍37❤4🤣1
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းကို မနေ့ ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ပါတယ်။ ရက္ခိုင်ဒေသအတွင်း လက်နက်ချအညံ့မခံတဲ့ စခန်းများထဲမှ တစ်ခုဖြစ်တဲ့ ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီစခန်းကို မနေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့တာလို့ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် (၃)ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို ညနေပိုင်းမှာ လက်လွှတ်ခဲ့ရပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်း (၁၀)ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းနေတယ်လို့ အသိပေးပါတယ်။
◾️ဟုမ္မလင်းနဲ့ ရွှေပြည်အေးမြို့ကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် နေ့စဉ်လေကြောင်းမှ ဗုံးကြဲနေ
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ရွှေပြည်အေးမြို့တို့ကို စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့(SNA)က စစ်ကြောင်းထိုးဖို့ ကြိုးစားနေပြီး Mi-2 ရဟတ်ယာဥ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့ (SNA)စုစုပေါင်း အင်အား ၅၀၀ ခန့်ဟာ ဟုမ္မလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်ရင်းအတွင်း အသင့်အနေထားဖြင့်ရှိနေတယ်လို့ ဒေသခံများကပြောပါတယ်။ ၂၀၂၃ နိုဝင်ဘာလအတွင်း ရွှေပြည်အေးမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ (၂၂) ရက်မှာ မြို့ကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဟာ လက်လွှတ်ခဲ့ရတဲ့ ရွှေပြည်မြို့ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတို့အတွင်း နှစ်ကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် တပ်လှန် ထပ်မံရှုံးနိမ့်ခဲ့ပါတယ်။
◾️မတ္တရာမှာ စစ်တပ်က PDF ရဲဘော် သုံးဦးနဲ့ အရပ်သားလူငယ် ငါးဦးကို သတ်ဖြတ်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က PDF ရဲဘော်သုံးဦးနဲ့ အရပ်သားလူငယ် ငါးဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ မနေ့ မနက်ပိုင်းက အင်ကြင်းမြိုင်လေကြောင်းကာကွယ်ရေးတပ်မှ အင်အား ၄၅ဦးခန့်ဟာ စကားပင် ကျေးရွာအနီးရှိ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ ကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး PDF ရဲဘော် သုံးဦးအပြင် စခန်းအနီးရှိ လူငယ်အမျိုးသား ၅ ဦးကိုပါ စစ်တပ်က ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ လူငယ် ၅ ဦးထဲက သုံးဦးဟာ ၁၈ နှစ်အောက်ဖြစ်ပြီး ၁၄ နှစ်အရွယ် နှစ်ဦးနဲ့ ၁၅ နှစ်အရွယ်တစ်ဦးတို့ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီဘက်ကမူ ၎င်းတို့ ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ လူငယ် ရှစ်ဦးစလုံးကို PDF ရဲဘော်များဟု စွပ်စွဲကာ ဝါဒဖြန့်နေပါတယ်။
◾️အွန်လိုင်းကနေ ဗီဇာရက်ချိန်းရယူနိုင်ပြီလို့ ထိုင်းသံရုံးကြေညာ
ထိုင်းနိုင်ငံကိုလာရောက်လိုသူတွေအနေနဲ့ အွန်လိုင်းကတဆင့် ဗီဇာရက်ချိန်းကို ဒီနေ့က စတင်ပြီး ရယူနိုင်ပြီလို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက ကြေညာပါတယ်။ အွန်လိုင်းကနေ ဗီဇာရက်ချိန်းရယူတာကို https://thaiconsularyangon.com/visa ဝက်ဘ်ဆိုဒ်မှာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်ကစတင်ပြီး အွန်လိုင်းဗီဇာရက်ချိန်းကို တစ်ရက် တိုကင်နံပါတ်အရေအတွက် ၂၀၀ နှုန်းနဲ့ ရက် ၃၀ စာကြိုတင် ရက်ချိန်ပေးမယ်လို့ ထိုင်းသံရုံးက ဆိုပါတယ်။ အွန်လိုင်းကတဆင့် ဗီဇာရက်ချိန်ရယူထားသူတွေဟာ အီမေးလ်တဆင့်ပေးပို့လာတဲ့ ရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်ထားမယ့်ရက်မှာ ယူဆောင်လာရမယ်လို့လည်း အသိပေးထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ့် ဥပဒေကိုအသက်သွင်းပြီးနောက် ဗီဇာရလွယ်ပြီး မြန်မာနဲ့အနီးဆုံးမှာရှိတဲ့ ထိုင်းနိုင်ငံဆီ တိမ်းရှောင်ဖို့ ပြင်ဆင်ကြသူတွေ များပြားနေတာပါ။

👍33🔥1
မိုးကုတ်မြို့ အနီးစစ်တပ်ဂိတ်အချို့ကို PDF တိုက်ခိုက်
သရဖူ/People's Spring
မိုးကုတ်မြို့နယ် ကမ္ဘာအေးနှင့် အောင်သစ်လွင် ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလုံခြုံရေးစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ နေ့လယ် ၁၂ နာရီခန့်၌ တိုက်ခိုက်ခဲ့ကြောင်းမြို့ခံများကပြောသည်။
"PDF တွေအများကြီးရောက်နေပြီဆိုပြီးသတင်းရပြီး သိပ်မကြာခင် ပစ်ခတ်သံတွေကြားရတော့တာပဲ။ PDF တွေက ပ၁စ်တာ"ဟု မိုးကုတ်မြို့ခံတဦးကပြောသည်။
အဆိုပါ တိုက်ခိုက်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၂၀ရက်) နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်ပစ်ခတ်သံများ ၁၅ မိနစ်ခန့် ဆက်တိုက်ကြားရသည်ဟု ဒေသခံအချို့ကပြောသည်။
" သေနတ်သံတွေဆက်တိုက်ထွက်လာတော့ တိုက်ပွဲခေါ်ပြီးမှတ်တာ။ ချလက်စနဲ့ဆက်ချရမှာ" ဟု မိုးကုတ်မြို့မှလူငယ်တစ်ဦးကပြောသည်။
ကမ္ဘာအေးနှင့် အောင်သစ်လွင်ရပ်ကွက်သည် မိုးကုတ်မြို့၊ ကျပ်ပြင်ကျေးရွာအုပ်စုအတွင်း၌ တည်ရှိသည်။ မိုးကုတ်မြို့ပေါ်နှင့် ရှစ်မိုင်ခန့်ဝေးပြီး မိုးကုတ်- သပိတ်ကျင်း လမ်းပေါ်
၌တည်ရှိသည်။
"မြို့ပေါ်မှာလည်း သေနတ်သံတချက်တချက်ထွက်ထွက်လာတယ်။ ရမ်းပစ်တာလား၊ ခြောက်ပစ်တာလားမသိဘူး" ဟု မြို့ခံတဦးကပြောသည်။
မိုးကုတ်မြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၂၁ ရက်ကတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့သည်။
TNLAတည်ရှိရာ မိုးကုတ်နှင့် မိုးမိတ်ကြား ၈ မိုင်သို့စစ်ကောင်စီတပ်မှ လာရောက်ထိုးစစ်ဆင်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် သုံးလက်သိမ်းဆည်းရရှိခဲ့သည်ဟု TNLAက ထုတ်ပြန်ခဲ့သည်။
ယနေ့ တိုက်ခိုက်မှုနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

👍79👏5❤3🔥1
ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတားစစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် ဂိတ်ရုပ်သိမ်းသွား
သက်ဝေ/People’s Spring
မွန်ပြည်နယ် ရေး - မော်လမြိုင်လမ်းပိုင်းရှိ ခံသင်းတံတား စစ်ကောင်စီဂိတ်ကို ရေးဘီလူးအဖွဲ့က ယမန်နေ့တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည့် စစ်ကောင်စီတပ်က အဆိုပါဂိတ်ရုတ်သိမ်းသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယနေ့ ပြောသည်။
ဖေဖော်ဝါရီ ၁၉ရက် နံနက်တွင် ရေးဘီလူးအဖွဲ့က ခံသင်းတံတား ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ၎င်းက ပြောပြသည်။
"ဒီတိုက်ပွဲအပြီး ညနေခင်း ၄နာရီလောက်မှာတော့ စခန်းကို သူတို့က အကုန်လုံး ရုတ်သိမ်းလိုက်ပြီးတော့ စခန်းတစ်ခုလုံး သူတို့ကဖျက်ဆီးလိုက်တယ်။ ဖျက်ပြီးတော့ သူတို့ဟာ သူတို့ နေရာပြောင်းရွှေ့သွားတယ်။ အခု စခန်းကမရှိတော့ဘူး အဲဒီမှာ"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
အဆိုပါ စခန်းပတ်လည်တွင် မိုင်းကွင်းများရှိနေပြီး စခန်းအတွင်းရှိသူအားလုံး မကျသေးသည့် အခြေအနေကြောင့် အထဲသို့ ဝင်ကာ လက်နက်သိမ်းနိုင်ခဲ့ခြင်းမရှိဟု ပြောပြသည်။
"အထဲကလူ တော်တော်များများလည်း ဒဏ်ရာရတယ်။ အဲဒါ ပြီးတော့ ကျနော်တို့ ဆုတ်ခွာခဲ့တယ်။ တိုက်ပွဲဖြစ်ချိန်က နာရီဝက်လောက်တော့ရှိတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာ ကျနော်တို့ လက်ဦးမှုရတယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
စစ်ကောင်စီတပ်၏ ရေးအခြေစိုက်တပ်များက လက်နက်ကြီး ပစ်ကူပေး တိုက်ခိုက်မှုများရှိခဲ့သော်လည်း အကောင်းဆုံး ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ရေးဘီလူးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့တစ်ခုဖြစ်ပြီး ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ လက်ပါးစေများကို တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

👍65🤣7👏3🥰2
(ရေးဘီလူးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ရေးဘီလူးအဖွဲ့)
❤53👍15🔥4🥰4👏2