People's Spring
62.7K subscribers
66.4K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😡33😢20🤬3🔥2👍1
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😡32🤬5😢3👍1🔥1
မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်း ထွက်ပေါ်

ထိုက်ထိုက်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့ ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းဘတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုနှင့် စခန်းတိုက်ခိုက်ခံရမှု မြင်ကွင်းများကို ကချင်အခြေစိုက် KNG သတင်းဌာနက ဖော်ပြသည်။

ရွှေဂူ PDF ၏ ဓာတ်ပုံများဟု ဖော်ပြထားသည့် စခန်းသိမ်းတိုက်ပွဲမြင်ကွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်း သေဆုံးနေမှု အခြေအနေ၊ KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစခန်းအဆောက်အအုံများ ပျက်စီးမှု မြင်ကွင်းများကို တွေ့ရသည်။

တော်လှန်ရေးရဲဘော်အချို့က စခန်းအတွင်း ဝင်ရောက်ရှင်းလင်းနေမှုကိုလည်း တွေ့ရသည်။ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIAနှင့် ရွှေကူ PDF တာဝန်ရှိသူအချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။

ကချင်စစ်ရေးသတင်းရင်းမြစ်၏ ယမန်နေ့ ဖြေကြားချက်တွင် စီခန်းကြီးစခန်းကို ဖေဖော်ဝါရီ ၁၉ရက် ညနေ ၅နာရီ ၄၅ မိနစ်၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်း၌ လေကြောင်း ပစ်ကူ အကြိမ် ၃၀ကျော် ပြုလုပ်နေသည့်ကြားမှ သိမ်းနိုင်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါစခန်းကို ဖေဖော်ဝါရီ ၁၇ရက် နံနက်တွင် KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်း တပ်က တိုက်ခိုက်ခဲ့ရာ သုံးရက်အကြာ၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ သုံးရက်အတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူအကြိမ် ၈၀ခန့် ပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်သည့် AAကလည်း စီခမ်းကြီး စခန်းကို သိမ်းပိုက်ရရှိထားကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ် ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအား ရန်သူ၏ မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ စုပေါင်းတပ်ဖွဲ့သည် ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း AAက အသိပေးသည်။

ရန်သူသည် ရပ်ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်၏ ထိုးစစ်ကို ခုခံရန်အခွင့်မရခဲ့ဘဲ စခန်းလက်လွှတ် ခဲ့ရခြင်းဖြစ်သကဲ့သို့ ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့် စခန်းစွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးသည်။

တိုက်ပွဲအတွင်း အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုကြောင်း AAက စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
👍592👏1🤣1
(မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲမြင်ကွင်းမှတ်တမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Group- Shwegu PDF)
👍46👏1🤣1
👍76🔥3👎1👏1
မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီ အလောင်း ၄၀ကျော်တွေ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

▪️ပွိုင့်ဖွိုက် စက်သေနတ်နှင့် လက်နက်ကြီးများ အပါအဝင် လက်နက်များစွာရ

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ် ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့ ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ကျော်တွေ့ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းကို KIA၊ AA၊ KPDF ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၇ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ သုံးရက်အကြာ ယမန်နေ့ ညနေပိုင်း၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

"လက်နက်ခဲယမ်းစာရင်း အကုန်မရသေးဘူး။ စကစ တပ်အလောင်း ၄၀ကျော်တွေ့တယ်။ လက်နက်တွေ တော်တော်များတယ်။ ပွိုင့်ဖိုက် စက်လက် ၁လက်ပါတယ်။ ၈၁ မမ၊ ၆၀ မမ တွေနဲ့ ကျည်တွေ အများကြီး"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၃ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် စီခမ်းကြီးရွာတစ်ခုလုံး နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

စီခမ်းကြီး စခန်းသိမ်းပိုက်နိုင်မှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

"စီခမ်းကြီး စခန်းကို မနေ့ညနေပိုင်း ၅နာရီ ၄၅မိနစ်ဝန်းကျင်လောက်မှာ အကုန်လုံး အပြီးအပိုင် သိမ်းပိုက်လို့ရတယ်ဆိုတဲ့ သတင်းကိုသက်ဆိုင်ရာဘက်က သတင်းပေးလာတာရှိပါတယ်။အခုထက်ထိကတော့ ပျက်စီးသွားတဲ့ ပြည်သူလူထုရဲ့ အိုးအိမ်စာရင်းဇယား တွေ ၊ နောက် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သေဆုံးသွားတဲ့ စာရင်းဇယားတွေတော့ ဘာမှ မရသေးပါဘူး။ ဒီမနက် အစောကြီးမှာ ကျနော်တို့အဖွဲ့တွေ နယ်မြေရှင်းလင်းရေးတွေ ပြန်လုပ်နေပြီဆိုတဲ့သတင်းကတော့ကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စီခမ်းကြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၆ဦးထက်မနည်းသေဆုံးကာ ၃၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲ ဒုတိယနေ့ ဖေဖော်ဝါရီ ၁၈ရက်တွင် ရရှိခဲ့သည့် သတင်းများအရ သိထားရပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း တိုက်ပွဲတွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားပြီး အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
👍668😁2🤣1
🤬31😢16👍9😁1