(ကရင်ဇာတ်အဖွဲ့တိမ်းမှောက်မှုဖြစ်ပွားခဲ့စဥ်။ ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့)
👍16😢2🔥1
ဆီဆိုင်မြို့သို့ ပစ္စည်းသယ်ရန်ပြန်လာသည့် ပြည်သူလူထုကားတန်း စစ်ကောင်စီပစ်ခတ် တိုက်ခိုက်၍ အရပ်သား ခုနစ်ဦးသေဆုံး
▪️လုံခြုံရေးအခြေအနေကြောင့် မြို့ကို ပြန်မလာရန် PNLAက ထပ်မံမေတ္တာရပ်ခံ၊ အွန်လိုင်းမှ အခြေအမြစ်မရှိသည့် သတင်းများ မယုံကြည်ရန် သတိပေး
မောင်မောင်/People’s Spring
ဆီဆိုင်မြို့သို့ ပစ္စည်းများသယ်ရန် ပြန်လာသည့် ပြည်သူလူထု ကားတန်းကိုစစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းကြောင့် ပြည်သူခုနစ်ဦးသေဆုံးခဲ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ထုတ်ပြန်သည်။
ဆီဆိုင်မြို့တိုက်ပွဲစတင်ချိန် ဇန်နဝါရီလကုန်ပိုင်းကတည်းက လုံခြုံရေးအခြေအနေများအရ မြို့ပေါ်သို့ ပြန်နေထိုင်ခြင်း၊ နေအိမ်ပြန်ကြည်ခြင်းများ မပြုလုပ်ရန် PNLAက မေတ္တာရပ်ခံထားသည့် အခြေအနေတွင် ဖေဖော်ဝါရီ ၁၉ရက်က ပြည်သူအချို့က ကားဖြင့်ပစ္စည်းပြန်သယ်ရန် ပြန်လာစဉ် စစ်ကောင်စီက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူလူထုကားတန်းကို စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲံကြောင်း၊ ကားတန်းသည် ဆီဆိုင်မြို့နှင့် တဆက်တစပ်တည်းတည်ရှိသည့် ဝါးတောရွာအနီးအရောက်တွင် တိုက်ခိုက် ခံရခြင်းဖြစ်ပြီး သေဆုံးသူများအပြင် ဒဏ်ရာရသူများလည်းရှိသည်ဟု PNLAက အသိပေးသည်။
စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပါ ရန်သူအဖြစ်သတ်မှတ်ကာ တိုက်ခိုက် သတ်ဖြတ် နေပြီး စစ်ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။
ယခု ဖြစ်စဉ်မဖြစ်မီ အွန်လိုင်းတွင် ဖေဖော်ဝါရီ ၂၀ရက်၌ မြို့ပေါ်သို့ ပစ္စည်းပြန်ယူခွင့် ပြုသည်ဟု ရေးသားချက်များရှိခဲ့ရာ ဒေသခံအချို့က သတင်းအမှားဖြစ်သည်ဟု ပြန်လည်ရှင်းပြမှုများရှိခဲ့သည်။
"ပစ္စည်းပြန်သယ်လို့ရတယ်လို့ အာချောင်တဲ့သူက ချောင်၊ ဘာအထောက်အထားမှ မရှိဘဲ ယုံတဲ့လူက ယုံ။ ဒီလောက်အတန်တန် ဝိုင်းတားနေတဲ့ကြားထဲက ခုတော့ အားလုံးဒုက္ခရောက်ကြရပြီ"ဟု ဒေသခံ သတင်းရင်းမြစ်က ဆီဆိုင်မြို့နယ် ဒေသခံများအား အသိပေး ရေးသားထားသည်။
အခြားဒေသခံ တစ်ဦးကလည်း "ဆီဆိုင်မြို့ထဲ မဝင်ကြပါနဲ့ ။ မြု့ထဲ ပစ်ခတ်မှုတွေရှိတယ်။ မထင်ရင် မထင်သလို လက်နက်ကြီး ၊ ဒရုန်းများ ပစ်ခတ်မှုရှိတယ်။ အရင်ထက် ပိုကြမ်းပါတယ်။ ပစ္စည်းတွေ ဆုံးရှုံးသွားရင် ပြန်ရှာလို့ရတယ်။ ခင်ဗျားတို့ လက်တွေ ၊ ခြေတွေ၊ အသက်တွေ ဆုံးရှုံးသွားရင် အစားပြန်မရဘူး"ဟုလည်း အသိပေးထားသည်။
ထိုသို့ ဒေသခံအချင်းချင်း အသိပေးမှုများရှိသော်လည်း အချို့က ယနေ့ ဆီဆိုင်ပြန်၍ရလားဟု မေးမြန်းမှုများ ရှိနေသည်ကိုလည်း တွေ့ရသည်။
"မိမိ အသိမိတ်ဆွေတွေထဲက လိုင်းမမိတဲ့ နေရာရောက်နေတဲ့ လူရှိရင် ဖုန်းဆက်ပြီး တားကြအုံးနော်။ အချို့က ၂၀ရက်နေ့ ပြန်လို့ရတယ်ဆိုတဲ့ သတင်းမှားပဲသိတာ။ နောက်ဆက်တွဲ ဖြစ်သွားတာကို မသိသေးတဲ့လူတွေရှိနေပါသေးတယ်။”ဟု ဒေသ သတင်းရင်းမြစ်က အချင်းချင်း သတိပေးကြရန် တိုက်တွန်းထားသည်။
ပြည်သူများအနေဖြင့်လည်း အွန်လိုင်းပေါ်မှ သတင်းအမှားများ အခြေအမြစ်မရှိသည့် သတင်းများကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်ခြင်း ပစ္စည်းသယ်ခြင်းများ မပြုလုပ်ကြရန် PNLAက ထပ်မံ တိုက်တွန်းသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ ထုတ်ပြန်သည့် တရားဝင်သတင်းကိုသာ စောင့်ကြည့်အတည်ယူကြရန် အထူးတိုက်တွန်းထားသည်။
ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆိုက်ခေါင်အရှေ့ဘက်ရှိ နေရာများကို လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် ၆၀ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

🤬35👍12😡2❤1😢1
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😡32🤬5😢3👍1🔥1
မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်း ထွက်ပေါ်
ထိုက်ထိုက်/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့ ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းဘတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုနှင့် စခန်းတိုက်ခိုက်ခံရမှု မြင်ကွင်းများကို ကချင်အခြေစိုက် KNG သတင်းဌာနက ဖော်ပြသည်။
ရွှေဂူ PDF ၏ ဓာတ်ပုံများဟု ဖော်ပြထားသည့် စခန်းသိမ်းတိုက်ပွဲမြင်ကွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးထက်မနည်း သေဆုံးနေမှု အခြေအနေ၊ KIA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစခန်းအဆောက်အအုံများ ပျက်စီးမှု မြင်ကွင်းများကို တွေ့ရသည်။
တော်လှန်ရေးရဲဘော်အချို့က စခန်းအတွင်း ဝင်ရောက်ရှင်းလင်းနေမှုကိုလည်း တွေ့ရသည်။ တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIAနှင့် ရွှေကူ PDF တာဝန်ရှိသူအချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။
ကချင်စစ်ရေးသတင်းရင်းမြစ်၏ ယမန်နေ့ ဖြေကြားချက်တွင် စီခန်းကြီးစခန်းကို ဖေဖော်ဝါရီ ၁၉ရက် ညနေ ၅နာရီ ၄၅ မိနစ်၌ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်း၌ လေကြောင်း ပစ်ကူ အကြိမ် ၃၀ကျော် ပြုလုပ်နေသည့်ကြားမှ သိမ်းနိုင်ခဲ့ကြောင်း အသိပေးသည်။
အဆိုပါစခန်းကို ဖေဖော်ဝါရီ ၁၇ရက် နံနက်တွင် KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်း တပ်က တိုက်ခိုက်ခဲ့ရာ သုံးရက်အကြာ၌ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ သုံးရက်အတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူအကြိမ် ၈၀ခန့် ပြုလုပ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်သည့် AAကလည်း စီခမ်းကြီး စခန်းကို သိမ်းပိုက်ရရှိထားကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ် ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအား ရန်သူ၏ မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ စုပေါင်းတပ်ဖွဲ့သည် ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း AAက အသိပေးသည်။
ရန်သူသည် ရပ်ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ်၏ ထိုးစစ်ကို ခုခံရန်အခွင့်မရခဲ့ဘဲ စခန်းလက်လွှတ် ခဲ့ရခြင်းဖြစ်သကဲ့သို့ ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့် စခန်းစွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု အသိပေးသည်။
တိုက်ပွဲအတွင်း အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော စစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုကြောင်း AAက စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

👍59❤2👏1🤣1
(မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲမြင်ကွင်းမှတ်တမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Group- Shwegu PDF)
👍46👏1🤣1