People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီစခန်းကို
AA ထပ်မံသိမ်းပိုက်

︎ပြည်နယ်ရုံးစိုက်ရာ စစ်တွေ၊ စစ်တိုင်းဌာနချုပ်ရှိရာ အမ်းနှင့် ရေတပ်စခန်းရှိသည့်ကျောက်ဖြူ အပါအဝင် မြို့နယ် ၆ခု၌ စစ်ကောင်စီ ခွာစစ်၊ခုခံစစ်ဆင်နေဟု AA ထုတ်ပြန်

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်း၌ သိမ်း
ပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ကအသိပေးထုတ်
ပြန်သည်။

ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ ၄နာရီခွဲတွင် စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်
လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စခန်းကို ညနေပိုင်း၌ လက်လွှတ်ခဲ့ရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိဟု အသိပေးသည်။

AA အနေဖြင့်ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့သည့်မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများနှင့် ဖေဖော်ဝါရီ ၁၆ရက်တွင် သိမ်းနိုင်ခဲ့သည့် မောင်တောဒေသ၊ ဗောဓိကုန်းစခန်းမှ ရရှိသည့်လက်နက်ခဲယမ်းများ၊ နော်ရူလာနှင့်ပန်းတောပြင်ကြားတိုက်ပွဲတွင် ရရှိခဲ့သည့်လက်နက်ခဲယမ်းများ ၊ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

စစ်တွေသည် ရက္ခိုင်ပြည်နယ်၏မြို့တော်ဖြစ်ပြီး အမ်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်ရာမြို့နယ်ဖြစ်သည်။ ထို့ပြင်ကျောက်ဖြူတွင် စစ်ကောင်စီ၏ဓည၀တီရေတပ်စခန်း ဌာနချုပ်တည်ရှိသည်။

AA အနေဖြင့်ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်ကစတင်ခဲ့ရာ သုံးလကျော်အတွင်းချင်းပြည်နယ်ပလက်၀မြို့နယ်၊ရက္ခိုင်ပြည်နယ်ပေါက်တော၊ကျောက်တော်၊ မင်းပြား၊မြောက်ဦး၊မြေပုံ မြို့များကို သိမ်းပိုက်ထားပြီးရသေ့တောင်၊မောင်တော် မြို့နယ်များတွင်လည်း ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲများပြင်းထန်နေသည်။

စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်း
သန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာပြုလုပ်လျက်ရှိ၍ အရပ်
သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း AAက ထုတ်ပြန်
သည်။ ထို့အတူ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိခဲ့သည်ဟု အသိပေးသည်။

လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုချိန်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟုလည်း သတိပေးသည်။
👍43👏6🔥2🎄1
ရက္ခိုင်တပ်​တော်က ပဲရွန်း​တောင်စခန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk
👍5718👏2🔥1
မန္တလေး Passport ရုံးတွင် ပြည်သူနှစ်ဦးသေဆုံးပြီးနောက် တုံကင်စနစ်ပြောင်းလဲ

▪️တန်းစီသူများအား ဧည့်စာရင်းစစ်မည်ဟုဆို

အင်ကြင်း/People's Spring

မန္တလေးမြို့ Passport ရုံးတွင် ပြည်သူနှစ်ဦးသေဆုံးပြီးနောက် တုံကင်စနစ်ပြောင်းလဲလိုက် ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က မန္တလေးမြို့Passport ရုံးတွင် ဦးရာလူစနစ်ဖြင့် တန်းစီရာမှ လူပိပြီးအမျိုးသမီးနှစ်ဦးသေဆုံးပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင် တုံကင်များပေးဝေခဲ့ကြောင်း သွားရောက်တန်းစီခဲ့သူများက ပြောသည်။

"ဒီနေ့က မပြေးရဘူး။ အေးဆေးတန်းစီထိုင်စောင့်ရတာ။ ဒီနေ့လာတန်းစီသမျှ လူအကုန်လုံးကို တုံကင်နဲ့ ရက်တွေ ခွဲပေးလိုက်တယ်။"ဟု သွားရောက်တန်းစီခဲ့သူတစ်ဦးက ပြောသည်။

သို့သော် နောက်ရက်များတွင်မူ Passport လာတန်းစီသူတိုင်း ဧည့်စာရင်းတိုင်ရမည်ဟု ပြောဆိုသွားကြောင်း တန်းစီသူများထံမှ သိရသည်။

"ဧည့်စာရင်းစစ်ပါတယ်။နောက်ညအဲဘုန်းကြီးကျောင်းမှာတည်းရင်ဖမ်းပါမယ်တဲ့။မနက်အစောသွားတန်းစီဖို့ အစီအစဉ်ရှိခဲ့ရင် အစောကြီးမသွားသင့်ပါဘူး။ညတည်းသူတွေအချက်အလက်အကုန်ယူသွားတယ်ပြောပါတယ်။"ဟု Passport သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။

တုံကင်စနစ်ပြောင်းလဲလိုက်သော်လည်း ပြည်ပထွက်လိုသူအများအပြား ရှိနေခြင်းကြောင်း Passportရုံးများ၌ ဆက်လက်လူများနေဦးမည်ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရသည့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ထွက်ကာအလုပ်လုပ်ရန်အတွက် Passport ရရှိရန် စစ်​ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်​ပေး​ရေးရုံးများ၌​နေ့စဥ်လူ​ထောင်ပေါင်းများစွာ တန်းစီတိုးဝှေ့ကာ ဝင်နေရသည်။

ထိုအ​ခြေအ​နေတွင် အာဏာသိမ်းစစ်​ကောင်စီက စစ်မှုမထမ်းမ​နေရဥပ​ဒေထုတ်ပြန်လိုက်​သောအခါ နိုင်ငံမှ လူငယ်များပြည်ပသို့သွား​ရောက်ရန် အလုအယက်ကြိုးစား​နေကြပြီး ပက်စ်ပို့ရုံးများတွင် ​နေစဥ် လူ​ထောင်ချီ တိုး​​ဝှေ့​လျှောက်ထား​နေကြသည်ဟု ပက်စ်ပို့ဝန်​ဆောင်မှု​ပေး​နေသူအချို့က​ ပြောသည်။
👍23🤬91🔥1😁1
😢26🤬4👍1
(ယခင်က မန္တလေး Passport ရုံး၌ စောင့်ဆိုင်းခဲ့သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
👍4🤬41
စစ်ကောင်စီကို ဦးဆောင်နေသူများနှင့်စစ်အာဏာရှင်စနစ်မရှိမှသာ မြန်မာပြည်သူများစိတ်သက်သာရာ ရမည်ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်

︎စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ရည်မှန်းချက်ဖြစ်သကဲ့သို့ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်ဟုထပ်မံအသိ​ပေး

ရန်ရန်/People’s Spring

စစ်ကောင်စီကို ဦးဆောင်နေကြသောသူများ ၊စစ်​ကောင်စီတပ်နှင့် စစ်အာဏာရှင်စနစ်မရှိတော့မှသာ မြန်မာပြည်
သူလူထုတို့ စိတ်သက်သာရာရမည်ဖြစ်ကြောင်း​မြောက်ပိုင်းမဟာမိတ်ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ထို့​ကြောင့်မြန်မာနိုင်ငံအနှံ့အပြား၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်သည်လည်း မြင့်တက်လျက်ရှိကြောင်း ညီ
နောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး (၁၁၆) ရက်မြောက်နေ့ တိုက်ပွဲသတင်းများထုတ်ပြန်ရာတွင်ပါရှိသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် မိမိတို့၏စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို တစ်ဖွဲ့ချင်းစီအလိုက်သော်လည်း
ကောင်း၊ စုပေါင်း၍သော်လည်းကောင်းအကောင်အထည်
ဖော်ရင်း ၁၀၂၇ စစ်ဆင်ရေးကို အတူတကွဆင်နွှဲခဲ့သော်လည်းအခြေအနေတစ်ခုအောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် ရှမ်းမြောက်၌ ဟိုင်ဂင်သဘောတူညီမှုနောက်ပိုင်း ရုတ်တရက်ရပ်တန့်နေခဲ့ကြောင်း၊ သို့သော်
လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲမှတစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်နှင့် ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတို့၏ ရက္ခိုင်ဒေသတွင်းတိုက်ပွဲများမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ​ဖေည်ပြထားသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များထဲမှတစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ရည်မှန်းချက်ဖြစ်သကဲ့သို့ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ရည်မှန်းချက် (ဆန္ဒ) လည်း ဖြစ်ကြောင်း လည်းထပ်မံအသိ​ပေးသည်။

စစ်ကောင်စီအနေဖြင့်အရပ်သားပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာဒုက္ခမျိုးစုံတို့ကို တစ်နေ့တစ်မျိုးမရိုးအောင် ပြုလုပ်နေကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ဖြစ်ပျက်လျက်ရှိသည်ဟုသိရသည်။

ထို့အတူ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှာ အမြင့်ဆုံးအနေအထားတွင်ရှိနေပြီး အာဆီယံနိုင်ငံများအတွင်း “အယုတ်မာဆုံး ဖက်ဆစ်စစ်တပ်ဘွဲ့”ကို ၂၀၂၃ ခုနှစ်ကတည်းကပင် ပြိုင်ဘက်ကင်းရရှိထားပြီးဖြစ်ကြောင်း၊
ယခုအချိန်၌ လည်း စစ်ကောင်စီ၏ရက်စက်ယုတ်မာသည့်လုပ်ရပ်များမှာ ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေကြောင်း ညီနောင်သုံးဖွဲ့ကဆိုသည်။ထို​ကြောင့် လက်ရှိ စစ်ကောင်စီ ၊ စစ်ကောင်စီ ဦးဆောင်နေသူများ နှင့် စစ်အာဏာရှင်စနစ်
မရှိရန်လိုအပ်ကြောင်း ဖော်ပြထားသည်။

စစ်ဆင်​ရေးသတင်းများထုတ်ပြန်ရာတွင် ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား KIA ၊ AA နှင့် မိတ်ဖက်​တော်လှန်​​ရေးအဖွဲ့များ၏ ဗျူဟာ​မြောက်တိုက်ခိုက်မှု​ကြောင့် စတင်ထိုးစစ်ဆင်ပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်ညနေ (၅) နာရီ (၄၅) မိနစ်တွင် သိမ်းပိုက် ရရှိခဲ့​ကြောင်းလည်း အသိ​ပေးသည်။စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအားစစ်တပ်၏မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ ​တော်လှန်​ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

အလားတူရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ ၄နာရီခွဲတွင် စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။

တိုက်ပွဲအတွင်းစစ်​ကောင်စီတပ်ဖွဲ့ဝင်အလောင်း (၁၀) ကျော်အပါအဝင် လက်နက် ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသောရန်သူများ ကို လိုက်လံရှင်းလင်းလျက်ရှိသည်ဟုဆိုသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။
စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းမှ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကိုသာ ပြုလုပ်လျက်ရှိ​သောကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာနှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်းဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ အိမ်မွေးတိရစ္ဆာန်များနှင့် ကျွဲ၊ နွားတို့မှာလည်း သေဆုံးမှုများ ရှိခဲ့သည်ဟုသိရသည်။

ရက္ခိုင်ဒေသတွင်သာမက နိုင်ငံတစ်ဝန်းတွင်စစ်ရေးရှုံးနိမ့်ကာ နလံမထူနိုင်သည့် စစ်ကောင်စီသည် လက်ကျန်မြို့ကြီးအချို့ရှိ အပြစ်မဲ့အရပ်သားပြည်သူလူထုများအား မတရားစွပ်စွဲချက်များဖြင့် ဖမ်းဆီးခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ်ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟု ညီ​နောင် သုံးဖွဲ့က ​ဖော်ပြထားသည်။
👍447👏2🤮1
42👍5👏4🔥1
(တအာင်း၊ ကိုးကန့်၊ ရက္ခိုင် ညီနောင်မဟာမိတ် သုံးဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - AA)
29👍8👏2🔥1
ဖေဖော်ဝါရီလ၁၆ ရက်ကမောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်း၊ နော်ရူလာနှင့်ပန်းတောပြင်ကြားတိုက်ပွဲတို့တွင် စစ်ကောင်စီတပ်ထံမှ ရက္ခိုင့်တပ်တော်က သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ဓါတ်ပုံ-AA Info Desk
👍35👏113🔥1
စစ်မှုထမ်းဥပဒေနဲ့စစ်ကောင်စီတပ်လူသစ်စုတာကို KNU အပြင်းထန်ဆုံးတားဆီးမယ်

နိုင်ပကောင်း/People's Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေထဲမှာ စစ်မှုထမ်းဖို့ လူထုကို ဖမ်းဆီးခေါ်ဆောင်မှုတွေ စစ်ကောင်စီတပ်လုပ်ဆောင်လာရင် အပြင်းထန်ဆုံး တားဆီးသွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောဆိုလိုက်ပါတယ်။

KNU ဟာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်ထားပါတယ်။

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းတာဟာ နိုင်ငံကို စစ်နွံထဲ ကျဆင်းစေမယ့် လုပ်ရပ်ဖြစ်တယ်လို့ KNU ရဲ့သဘောထားကို ဖေဖော်ဝါရီ ၁၉ ရက်က တရားဝင်ကြေညာထားတာပါ။

စစ်ကောင်စီ စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး ဒုတိယအကြိမ်မြောက် အမှားကြီးတစ်ခုကို ကျုးလွန်လိုက်တာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မှတ်ချက်ပြုပါတယ်။

" ဒီမဟာအမှားက ၂၀၂၀ နောက်ပိုင်းပေါ့နော်၊ ဒါက ကြီးမားတဲ့ ဒုတိယအမှားလို့လည်း ပြောလို့ရပါတယ်" က ပဒိုစောကလယ်စေးက ဆိုပါတယ်။

အဲဒီစစ်မှုထမ်းဥပဒေကြောင့် KNU နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံမှာ အင်အားတိုးလာနိုင်တာ သေချာတယ်လို့ ပဒိုစောကလယ်စေးက တွက်ဆပါတယ်။

စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က အတည်ပြုပြီးနောက် ကရင်ပြည်နယ်အပါအဝင် မြို့ပြတွေမှာ အချက်အလက်ကောက်ယူတာနဲ့ ဖမ်းဆီးတာတွေစတင်လုပ်ဆောင်နေတာကိုတွေ့လာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က ပြောပါတယ်။

စစ်မှုထမ်းဥပဒေကို လူငယ်လူရွယ်တွေမလိုလားတဲ့အတွက် "အတင်းအဓမ္မစစ်မှုထမ်းဆောင်စေမှုတွေလည်း ဖြစ်ပွားလာမယ်" လို့ လည်း KHRG ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက ဆိုပါတယ်။

အဲဒီဥပဒေကြောင့်နိုင်ငံတွင်း လုံခြုံရေးအခြေအနေ ယခုထက်ပိုမိုဆိုးရွားလာနိုင်တယ်လို့ KHRG ကသုံးသပ်ပါတယ်။
👍477🔥1
KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စောကလယ်​စေး ။ဓါတ်ပုံ-KNU
👍44👏4🤮1
စစ်မှုထမ်းဥပ​ဒေ၏ သက်ရောက်နိုင်မှုများကို ကုလလူ့အခွင့်အရေးကောင်စီ၊ ILO ညီလာခံတို့၌ NUG အစီရင်ခံမည်

︎စစ်မှုမထမ်းမနေရဥပဒေအပေါ် နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်နေဟုNUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက​ပြော

ယန်းဒီ/People’s Spring

အာဏာသိမ်းစစ်အုပ်စု အသက်သွင်းပြဌာန်းခဲ့သော စစ်မှုမထမ်းမနေရဥပဒေ(ပြည်သူ့စစ်မှုထမ်းဥပဒေ)အပေါ် နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မေးမြန်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင််းများ လုပ်ဆောင်နေကြောင်း သိရသည်။

အထက်ပါဥပဒေကို စစ်မှုထမ်းဥပဒေဟု စစ်အုပ်စုက သတ်မှတ်သော်လည်း လက်တွေ့တွင် တရားဝင်ပေါ်တာဆွဲရန် ပြဌာန်းလိုက်သော ဥပဒေဆိုးတစ်ရပ်ဖြစ်ပြီး ယင်းဥပဒေဆိုး၏ သက်ရောက်နိုင်မှုများကို မကြာမီကျင်းပမည့် ကုလသဂ္ဂလူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ညီလာခံတို့၌ ယခင်ကတည်းက ပြည်သူလူထုအပေါ် စစ်အုပ်စု ချိုးဖောက်နေသော အဓမ္မလုပ်အားစေခိုင်းမှုကို တရားဝင်ဥပဒေပုံစံမျိုးဖြင့် လုပ်ဆောင်သည့်အရာမျိုးဖြစ်ကြောင်း သိစေရန် တင်ပြသွားမည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက People’s Spring-လူထုနွေဦးကို ပြောသည်။

“နိုင်ငံတကာကလည်း ဒါကို အာရုံစိုက်နေပါတယ်။ အာရုံစိုက်တယ်ဆိုတာက ဒါနဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာ ကျွန်တော်တို့နဲ့ လာရောက်မေးမြန်းတာ၊ တိုင်ပင်ဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု၊ ဒါက လုံးဝလက်မခံသင့်ဘူးဆိုတဲ့အချက်တွေ ရရှိဖို့အတွက် လာမယ့် မတ်လအတွင်းမှာ ကျင်းပမယ့် နိုင်ငံတကာညီလာခံတွေမှာ ကျွန်တော်တို့ တက်ရောက်ပြောဆိုတာတွေ၊ တင်ပြတာတွေ လုပ်ဆောင်မှာပါ။ ဒီအတွက်ကြောင့် ဒါကို အမြန်ဆုံးရပ်တန့်ဖို့ လုပ်ဆောင်တာတွေ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းပြသည်။

စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ NUG အစိုးရ၏ ဝန်ကြီးဌာနအသီးသီး လုပ်နိုင်သည့် ကိစ္စများကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်အုပ်စုအနေဖြင့် ၎င်းတို့ထုတ်ပြန်ခဲ့သော ဥပဒေကို အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ကြေညာသည်။

“အကြမ်းဖက်စစ်အုပ်စုက သူတို့ လိုတဲ့အချိန်မှာ လူ့အခွင့်အရေးချိုးဖောက်ဖို့၊ အထူးသဖြင့် ပေါ်တာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက် ဒီဥပဒေကို ပြဌာန်းတယ်လို့ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါကြောင့်မို့ လူ့အခွင့်အရေးရှုထောင့်အရ ဒီလိုမျိုးဖြစ်လာရင် တိုင်ကြားနိုင်ဖို့အတွက် တိုင်ကြားမှုဖောင်ကို ကျွန်တော်တို့ လုပ်တယ်။ ဒါတွေ လုပ်ဆောင်ခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုကနေ ဆက်လက်ပြီး ကျူးလွန်မယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် လူငယ်တွေအားလုံးကို တရားဝင်ပေါ်တာထမ်းဖို့အတွက် စေခိုင်းမှုတွေ၊ စစ်တပ်အတွင်းမှာ ထပ်မံနှိပ်စက်ညှင်းပမ်းမှုတွေကို စုဆောင်းမယ်၊ စုဆောင်းပြီးတော့ ဒါတွေကို တကယ့် ရာဇဝတ်မှု ကျူးလွန်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုတာ တင်ပြနိုင်ဖို့အတွက် အခုလိုမျိုး တိုင်ကြားမှု ယန္တရားကို တည်ဆောက်ပြီးတော့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းပြသည်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် နည်းလမ်းများအနေဖြင့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ ကို ဖွင့်လှစ်ထားရှိ၍ လည်းကောင်း၊ link မှတဆင့် တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် နမူနာ တိုင်ကြားစာပါ အချက်အလက်များကို ဖြည့်စွက်၍ ဝန်ကြီးဌာန social media channel များမှတဆင့်လည်းကောင်း တိုင်ကြားမှု လွယ်ကူ အဆင်ပြေစေရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

“အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ တနေ့တခြားလျှော့ပါးလာတဲ့ စစ်အင်အားတွေကို အစားထိုးဖို့ရယ်၊ နောက်တစ်ခါ တော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းဖို့ရည်ရွယ်ချက်တွေပါတယ်။ နောက်တစ်ခုက အခုအချိန်မှာ သူတို့အချင်းချင်းဖိနှိပ်မှုကြောင့် မခံနိုင်လို့ ထွက်ပြေးနေတဲ့ စစ်ပြေးတွေ ၊ ခိုလှုံလာတဲ့သူတွေ ရှိနေသည့်ကာလအတွင်းမှာ အခုလိုမျိုး တပ်ထဲခေါ်ခြင်းက နောက်ထပ်ပိုမိုဆိုးရွားတဲ့ လူ့အခွင့်
အရေးချိုးဖောက်မှု၊​အထူးသဖြင့် အဓမ္မလုပ်အားစေခိုင်းမှုတွေ နောက်ပြီးရင် အတင်းအကြပ် လူသတ်ကွင်းထဲမှာ လူ
သားမိုင်းအဖြစ် စေခိုင်းမှုတွေ ဒါတွေဖြစ်လာနိုင်ပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောသည်။
👍39🥰4🤮1
ဆက်လက်၍ စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေမှာ“ကျောင်း
သားလူငယ်တွေ နောက်ထပ်မျိုးဆက်တစ်ခုလုံးကို အန္တ
ရာယ်ကျရောက်နိုင်တဲ့ ရာဇဝတ်မှုတွေ ဒီလောက်အထိ ကျူးလွန်တဲ့ရည်ရွယ်ချက်တွေ ဖြစ်တယ်။ ဖြစ်လည်းဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။
👍35👏3🤮1
စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေအ​ကြောင်းဝါ
ဒဖြန့်စာများလိုက်လံဖြန့်​ဝေ​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ/
စစ်မှုထမ်း​စေခိုင်းခြင်းဆိုင်ရာ တိုင်ကြားရန်ပုံစံကိုNUG က ထုတ်ပြန်အသိ​ပေးထားမှု
👍53😁54🤬3👎1🔥1
︎အ​တွေးအမြင်

ကြောက်ကြောက်နဲ့ တံခါးလှပ်လာတဲ့အခါ

-မသီတာ(စမ်း​ချောင်း)

စစ်မှုမထမ်း မနေရ ဥပဒေ အသက်ဝင်ပြီလို့ ကြေညာလိုက်ပြီးတဲ့နောက် သက်ရောက်မှုအဖုံဖုံ တုံ့ပြန်မှုအသီးသီးကို မြင်ရတဲ့အခါ တွေးစရာတွေ အများအပြား ရှိလာပါတယ်။ အဲဒါတွေကတော့ လူတစ်ဦးချင်းစီနဲ့ အင်စတီကျူးရှင်းကြားက အပြန်အလှန် သက်ရောက်မှု၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံကြားက အပြန်အလှန် လေးစားယုံကြည်မှု၊ အဲဒီနှစ်ခုရဲ့ နိုင်ငံအပေါ် ရိုက်ခတ်မှုတွေပါပဲ။

တကယ်တော့ စစ်မှုမထမ်း မနေရဆိုတဲ့ ဥပဒေဟာ နိုင်ငံ့ဝန်ထမ်း လက်နက်ကိုင်များသာမက စီးပွါးရေးနောက်ခံ မတူကြတဲ့ ပြည်သူအသီးသီးကိုပါ အခြေခံစစ်ပညာကို တတ်သိနားလည်စေပြီး နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အသင့်ဖြစ်အောင် လုပ်ပေးတယ်၊ တနည်းအားဖြင့် အမြဲတမ်းတပ်မတော်နဲ့ ပြည်သူကြား အဆက်အစပ်ကို ပိုကောင်းအောင် အမြဲရှိနေအောင် လုပ်ပေးတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ စဉ်းစားရမှာက ၂၀၁၀ ခုနှစ်ကတည်းက ရှိခဲ့တဲ့ ဥပဒေကို အခုမှ ဘာလို့ အသက်သွင်းသလဲဆိုတာပါ။ အမြဲတမ်းတပ်မတော်ဆိုတာကြီးက ၂၀၁၀ နောက်ပိုင်းကနေ ခုချိန်ထိ ပြည်သူနဲ့ အဆက်အစပ် တယ် မရှိချင်ခဲ့လို့လို့ ပြောရမှာပေါ့။ နိုင်ငံကြီးထဲက နိုင်ငံကလေးတစ်ခုလိုမျိုး၊ အစိုးရ နှစ်ရပ် ရှိတယ်လို့ ပြောကြရတဲ့ အနေအထားမျိုးကို ၂၀၁၀ နောက်ပိုင်း ဖားတစ်ပိုင်း ငါးတစ်ပိုင်း အစိုးရနှစ်ဆက်မှာ ဖြစ်နေခဲ့တာကို အမှတ်ရကြမှာပါ။ တပ်ပိုင်မြေဆိုတာ ပြည်သူတွေအတွက် မိုးကြိုးစက်ကွင်းသဘော ဖြစ်နေခဲ့တာလည်း သမိုင်းအဆက်ဆက်ကနေ ဒီကနေ့ ဒီအချိန်ထိပါပဲ။ ဒီတော့ အမြဲတမ်းတပ်မတော်ဟာ ပြည်သူနဲ့ တသားတည်း တဆက်တစပ်တည်း မဖြစ်အောင် အမြဲကြိုးစားခဲ့တာ အတော်ကြာခဲ့ပါပြီ။ နောက်ဆုံး ၂၀၂၁ နောက်ပိုင်းမှာဆိုရင် တပ်မိသားစုတွေကို ပြည်သူနဲ့ ထိတွေ့ခွင့်မရအောင် နည်းပေါင်းစုံနဲ့ အားထုတ်နေခဲ့တာ ပိုထင်ရှားလာပါတယ်။ တနည်းအားဖြင့်တော့ အမြဲတမ်းတပ်မတော်ဆိုတဲ့ ကမ္ဘာကြီးက ပြည်သူနဲ့ ထိတွေ့ရမှာကို ကြောက်ခဲ့ စိုးရိမ်ခဲ့ပါတယ်။ ပြည်သူဆိုတာ သူ အနိုင်ကျင့်လို့ရမယ့်၊ ညာဝါးကြိမ်းမောင်း ခိုင်းစားလို့ရမယ့်၊ အုပ်ချင်တိုင်း အုပ်၊ ချုပ်ချင်းတိုင်း ချုပ်လို့ရမယ့် လူတွေလို့ပဲ သဘောထားခဲ့ပါတယ်။ ဒါကြောင့်လည်း 'ပြည်သူသာ အမိ၊ ပြည်သူသာ အဖ'ဆိုတဲ့ ဆောင်ပုဒ်ကို ဖျက်ပြီး 'တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ'လို့ ရဲရဲကြီး ပြင်ခဲ့တာပေါ့။

ခုလို နွားကျောင်းသား၊ ထန်းတက်သမား၊ ဆိတ်ကျောင်းသမ၊ ပန်းရံသမတွေမကျန် ခုခံစစ်အတွက် လက်နက်ကိုင် ပြန်ချမယ်လို့ ဆုံးဖြတ်တဲ့ ကာလကျကာမှ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူကြားမှာ အဆက်အစပ်လေး ပြန်လုပ်ရအောင်လို့ တွေးလာတာဟာ ကြောက်ကြောက်နဲ့ ရွေးရတဲ့ ခြေလှမ်းသာ ဖြစ်မှာပါ။ ပြည်သူဆိုတဲ့ သူတို့ကို အမုန်းကြီးမုန်းပြီး ကျိန်စာတိုက်နေတဲ့ လူအုပ်ကြီးထဲက ကျန်းမာသန်စွမ်းတဲ့လူတွေကိုပဲ ရွေးပြီး သူတို့ရဲ့ 'ငါမိ ငါဖ ကမ္ဘာ'ထဲကို အဝင်ခံဖို့ ဆုံးဖြတ်ရတာဟာ သတ္တိတွေ ရှိလွန်းလို့ မဟုတ်တာတော့ သေချာပါတယ်။ ကာလတို မဟုတ်ဘဲ အမြဲတစေ (သူတို့စကားအရ နောင်အစိုးရလက်ထက်တွေမှာပါ) အချိန်ပိုင်းအလိုက် အလှည့်ကျ တသောသော ဝင်စေမယ့် အရေအတွက်ဟာ သူတို့ အမြဲတမ်းတပ်အင်အားရဲ့ ဘယ်နှရာခိုင်နှုန်းလောက် ဖြစ်မလဲ။ ဘတ်ဂျက်နဲ့ ပြန်တွက်ပြီး တစ်နှစ်မှ ငါးသောင်းလောက်ဆိုရင်တောင် လက်ရှိလက်ကျန်စစ်သည်အင်အားရဲ့ ထက်ဝက်နီးပါး ဖြစ်နေပြီလေ။ အမှုထမ်းသက်က နှစ်နှစ်လို့ပဲ ထားဦး။ ဒုတိယနှစ်က စပြီး အမြဲတမ်းတပ်ရဲ့ အင်အားနဲ့ ခေါ်ယူခံပြည်သူအင်အားက ဆတူနီးပါး ဖြစ်လာမယ့်ကိန်းမျိုး။ ဒါက တိုက်ရေးခိုက်ရေးတင်မက ကျွမ်းကျင်ပညာရှင်တွေကိုပါ ခေါ်ထားရမှာနော်။ တပ်ပိုင်မြေ တပ်ဝင်း တပ်ရုံးတွေထဲ တပ်ဒေတာတွေ တပ်မိသားစုတွေကို တနည်းမဟုတ်တနည်းနဲ့ exposed အဖြစ်ခံရမှာ၊ ထိတွေ့ဖွင့်ဟပြရမှာ။ တကယ်ပဲ အဲလိုအခင်းအကျင်းမျိုးကို လက်ရှိစစ်ကောင်စီဟာ သတ္တိရှိရှိ
လိုလားလို့လားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒါဖြင့် ဒီဥပဒေ အသက်ဝင်မယ်လည်းဆိုရော ပြည်သူတွေက ဖုန်နေ မှုန်နေအောင်ကို တုန်သွားကြရတာ ဘာလို့လဲ။ သူတို့က ကြောက်ကြောက်နဲ့ တံခါးအသာလှပ်တာ ပြည်သူတွေက ဘာလို့ တုန်လှုပ်နေရတာလဲပေါ့။ ဒါကတော့ ရှင်းပါတယ်။ မြေပြင်အခင်းအကျင်းမှာ ဥပဒေကို ကျင့်သုံးဖို့ အစီအမံတွေ စရုံရှိသေး ဥပဒေကို လက်တလုံးခြားလုပ်ပြီး ကိုယ်ကျိုးရှာ အာဏာပြတဲ့ သူ့တပ်သား တပ်အရာရှိတွေရဲ့ ရမ်းကားမှုတွေက လက်လက်ထလာလို့ပါ။ ပေါ်တာဆွဲ ငွေညှစ်ဆိုတဲ့ တပ်နည်းတပ်ကျင့်တွေအကြောင်း ကောင်းကောင်းသိနေတဲ့ လူထုဟာ ဥပဒေထက် အဲဒီဥပဒေအကြောင်း ပြောပြီး သောင်းကျန်းမယ့်သူတို့တပ်သားတွေကို ရင်မဆိုင်ချင်ကြတာပါ။ ဒါကြောင့် လူတစ်ဦးချင်းစီနဲ့ အင်စတီကျူးရှင်းကြားက အပြန်အလှန် သက်ရောက်မှုဟာ သိပ်အရေးကြီးတယ်လို့ ဆိုရတာပါ။
👍32🔥2
'စစ်တပ်'ဆိုတဲ့ အင်စတီကျူးရှင်း ပြိုကွဲသွားရင် တိုင်းပြည် နစ်နာမယ်၊ ပြိုကွဲမယ်ဆိုတဲ့ ဇာတ်ကြောင်းပြောကို နိုင်ငံခြားသားတွေနဲ့ တပ်ထောက်ခံသူတွေက လွဲရင် ပြည်သူအများစုက လက်မခံတာဟာလည်း ဒါတွေကြောင့်ပါပဲ။ ခေါင်းဆောင်ပိုင်းတွေကပဲ အရာရာမှာ တာဝန်ရှိပြီး အောက်ခြေကတော့ အမိန့်ပေးလို့ လုပ်ကြရတာပါလို့ ယူဆကြသူတွေ ရှိပေမဲ့ လမ်းဘေး အပေါ့သွားမိရုံနဲ့ ပေါ်တာဆွဲ-လူသားဒိုင်းလုပ်ပစ်တတ်သူတွေဟာ အပွင့် အခက် မပါတဲ့ သာမန်တပ်သားတပ်ကြပ်မျိုးတွေလည်း ဖြစ်နေပါတယ်။ ဘာအမှားလုပ်လုပ် ဘာအပြစ်ကျူးလွန်လွန် ဘာတာဝန်မှ ခံစရာ မလိုအောင် 'တပ်လူ'ကိုသာ ကာကွယ်ပေးတတ်တဲ့ တပ်ခေါင်းဆောင်တွေကြောင့်လည်း တပ်သားတပ်ကြပ်တွေရဲ့ စရိုက်နဲ့ အမူအကျင့်တွေဟာ အဲဒီလို စည်းကမ်းမဲ့ရတာပါ။ အဲဒီလို စည်းကမ်းမဲ့တဲ့ တပ်ဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီဆီက ရလာတဲ့ သတင်းစကားကလည်း သူတို့ကိုယ်စားပြုနေတဲ့ တပ်ကြီးတစ်ခုလုံးဟာ ယုံကြည် အားကိုး လေးစားမှုနဲ့ မထိုက်တန်ဘူး၊ မပတ်သက်နိုင်လေ ကောင်းလေဆိုတဲ့ သတင်းစကားပဲ ဖြစ်နေပါတယ်။

တပ်ကသာ တံခါးလှပ်ပြီး ပြည်သူကို ဆက်စပ်ရအောင်လို့ လုပ်ချင်ပေမဲ့ လူထုကတော့ တပ်ကို ရှောင်လေဝေးဝေးလို့ပဲ သဘောထားကြတာဟာ အဲဒီတပ်ထဲက တစ်ဦးချင်းစီရဲ့ စရိုက်၊ အမူအကျင့်တွေဟာ လူမဆန်ဘူးလို့ နားလည်ထားကြလို့ပါပဲ။ ထိပ်ပိုင်းက ခေါင်းဆောင်တွေကို အနားပေးလိုက်ရုံနဲ့ တပ်ဆိုတဲ့ အင်စတီကျူးရှင်းရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်လို့ မရနိုင်မှာ သေချာနေရတဲ့ အကြောင်းကလည်း ကိုယ့်အင်စတီကျူးရှင်းထဲက တစ်ဦးချင်းစီကို သိက္ခာရှိအောင် နေထိုင်ပြုမူစေဖို့ ဘာနည်းလမ်း ဘာအကြောင်းများနဲ့မှ လေ့ကျင့်ထိန်းကျောင်းခဲ့ခြင်း မရှိလို့ပါပဲ။ ဒါကြောင့် လူထုကတော့ လက်ရှိစစ်ကောင်စီရဲ့တပ်ကို နိုင်ငံအတွက် လိုအပ်ချက်တစ်ခုအနေနဲ့ကို မရှုမြင်နိုင်တာပါ။

နောက်တစ်ခုကတော့ ပြည်သူလူထုဟာ နိုင်ငံကို ကာကွယ်ပေးချင် လုံခြုံစေချင်တာ သေချာပါတယ်။ ဒါကြောင့်လည်း သာမန်ပြည်သူတွေကို မတရား နှိပ်စက်သတ်ဖြတ် ဗုံးကြဲနေတဲ့ ဒီတပ်ကို လက်နက်ကိုင်ပြီး ပြန်တိုက်တာဟာ နိုင်ငံတော်ကို ကာကွယ်နေတာလို့ သူတို့ ယုံကြည်နေတာပေါ့။ ၂၀၂၀ ကိုဗစ်ကာလ အတွေ့အကြုံတွေအရ အုပ်ချုပ်သူအပေါ် လေးစားယုံကြည်တဲ့အတွက် တစ်ဦးချင်းရော အစုအဖွဲ့လိုက်ပါ ပူးပေါင်းခဲ့ပြီး ကမ္ဘာ့အဆင့် ၂၆ အထိ ကိုဗစ်ခုခံရေးကို စွမ်းဆောင်ပြခဲ့တာ မြန်မာ့ပြည်သူလူထုပါ။ လူထုဟာ သူတို့ သဘောတူကြည်ဖြူရင် ဥပဒေနဲ့ ဆင့်ခေါ်စရာ မလိုဘဲ ပူးပေါင်းလက်တွဲပြခဲ့ပြီးသားပါ။ အခု တုန်ဆင်းရွံရှာနေကြတာဟာ သူတို့ မကြည်ဖြူသူတွေကို လက်တွဲရမှာမို့သာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပါးစပ်က နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောတတ်ပြီး လက်တွေ့မှာ စစ်အင်အားအတွက် ခတ်ကွင်းပြင်တာဟာ စစ်ရေးနည်းက လွဲပြီး ကျန်တာကို မကြံတတ်ကြောင်းလည်း ဝန်ခံရာ ရောက်နေတာမျိုးပါ။ (အင်မတန် စိတ်ရှည်တဲ့ အာဆီယံကြီးရဲ့ သဘောတူညီချက် ငါးချက်ကလည်း သူက ပစ်ထားလို့သာ မရွေ့တာ မဟုတ်လား၊ တကယ်တမ်း နိုင်ငံရေးနည်းကို စမ်းချင်ရင် အဲဒီငါးချက်ကို ရွေ့အောင် လုပ်နိုင်စွမ်းဟာ သူ့လက်ထဲမှာ ရှိနေတုန်းပါပဲ) တပ်အင်အား ချိနဲ့လွန်းလို့ ဒီဥပဒေကို အားကိုးပြီး ကြောက်ကြောက်နဲ့ ကြံမိကြံရာ ကြံတာဆိုရင် အင်အားကြီးမားတဲ့ ပြည်သူဟာ အရာရာကို အဆုံးအဖြတ် ပေးနိုင်နေသေးတာကိုတော့ လျော့မတွက်ဖို့ လိုပါမယ်။ ပြည်သူဟာ သူ့အင်အားကို သူ ကြည်ဖြူရာနဲ့ လက်တွဲပြီး နိုင်ငံတော်ကြီးကို အကာအကွယ် ပေးဖို့ ဆုံးဖြတ်နိုင်နေပါသေးတယ်။ စကစအနေနဲ့ သူ ကျွမ်းကျင်တယ်လို့ ယူဆတဲ့ စစ်ရေးနည်းကို ပြည်သူလူထု အသုံးချပြီး လက်ရှိအခင်းအကျင်းကနေ ဖောက်ထွက်ဖို့ ကြိုးစားတာထက် ပြည်သူလူထုကို အနိုင်ပေးလိုက်တဲ့ နိုင်ငံရေးနည်းကို သုံးတာက ပိုသင့်တော်ကြောင်း သဘောပေါက်လာဖို့ကတော့........။ ။
👍374🔥2👎1👏1
၂၀၂၁ မတ်လတွင်စစ်​ကောင်စီတပ်သားများ၊ရဲများ ၊အရပ်သားဝတ်စုံဝတ်ထား​သော စစ်သားများက ဆန္ဒပြ​နေ​သော ပြည်သူများကို ဝိုင်းဝန်း ရိုက်နှက် ၊အကြမ်းဖက်​နေစဥ်။ဓါတ်ပုံ-CJ
😡30👍8🤬4😢2🔥1