ထိုင်းကိုခိုးဝင်လာတဲ့မြန်မာတွေကိုအရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး
-လီလီယန်/ People’s Spring
ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနှင့်အညီ အရေးယူခံရမယ်လို့ ဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင် က သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လာမယ့်ဧပြီကစလို့ လူငယ်တွေ စစ်မှုမထမ်းမနေရအစီအစဥ်ကို စတင်အကောင်အထည်ဖော်မယ်လို့ ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်ဖို့ မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားမှု သိသိသာသာမြင့်တက်လာတဲ့အပေါ် ဝန်ကြီးချုပ် ဆာရက်သာ က ပြောကြားခဲ့တာပါ။
“နိုင်ငံထဲကို တရားဝင်ဝင်ရောက်လာတယ်ဆိုရင် သူတို့(မြန်မာနိုင်ငံသားတွေ)ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာတယ်ဆိုရင် သူတို့ကို ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်ရပါလိမ့်မယ်။ ဒီအရေးနဲ့ပတ်သက်လို့ လုံခြုံရေးဌာနဆိုင်ရာတွေနဲ့ ကျွန်တော်ဆွေးနွေးပြီးပါပြီ” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဒေသခံထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေအပေါ် ထိုင်းဝန်ကြီးချုပ်က ဖြေသိမ့်ခဲ့ရာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြတာ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်မှာ ရှိပြီး ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဆီကနေ အလုပ်သမားတွေ များစွာလိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားတဲ့ လုပ်ငန်းစဥ်တွေအတိုင်း လိုက်နာဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Thavisin က ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် မြန်မာ
နိုင်ငံကနေထိုင်းကိုလာချင်သူတွေများလွန်းတာကြောင်ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူ အလွန်များ လာတာကြောင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာစီစစ်မှုကို တစ်ရက်မှာ လူ ၄၀၀ ပဲလက်ခံမယ်လို့အရင်အပါတ်ကထုတ်ပြန်ခဲ့ပါတယ် ။တစ်ဖက်မှာလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို နယ်စပ်ကနေ ခိုးဝင်တာတွေများနေပြီး ဖမ်းဆီးအရေးယူခံရတာတွေ ပိုများနေတယ်လို့ နယ်စပ်မှလာတဲ့သတင်းတွေအရသိရပါတယ် ။
ကိုးကား - Bangkok Post

😢21👍10👎6❤2🤬2🤷♂1
ထိုင်းကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီ လလယ်ပိုင်းမှာထိုင်းစစ်တပ်ကဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-The Nation
😢35👍7🔥2🤬2
"စီခမ်းကြီးစခန်း"ကို ဗျူဟာမြောက်တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း AA ထုတ်ပြန်
-ဆန်အောင်/People's Spring
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ “စီခမ်းကြီးစခန်း” အား KIA ၊ AA နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ၏ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် ယနေ့( ဖေဖော်ဝါရီလ ၁၉ ရက်) ညနေ (၅) နာရီ (၄၅) မိနစ်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က အတည်ပြုထုတ်ပြန်သည်။
ကချင်လွတ်လပ်ရေးတပ်မတော်( KIA) နှင့် ရက္ခိုင့်တပ်တော် (AA)တို့အပါအဝင် ဒေသခံ မိတ်ဖက်တော်လှန်ရေးအဖွဲ့တို့ကဖေဖော်ဝါရီလ (၁၇) ရက်၊ နံနက် (၅) နာရီခန့်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်သိမ်းပိုက်ရရှိကြောင်းအသိပေးသည်။
စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်ဟုသတ်မှတ်ထားသော စစ်စခန်းများထဲမှ တစ်ခုဖြစ်သည့် စီခမ်းကြီးစခန်းအားစစ်တပ်၏မရပ်မနား၊ အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကြားထဲမှ တော်လှန်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီတပ်က ရပ်ရွာများအတွင်းရှိ လူနေအိမ်များ၊ ဘုန်းကြီးကျောင်းများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးအဖွဲ့များ၏ ထိုးစစ်ကို ခုခံရန် အခွင့်မရခဲ့ဘဲ စခန်းလက်လွှတ်ခဲ့ရခြင်းဖြစ်သကဲ့သို့ ပူးပေါင်းတပ်ဖွဲ့၏ ဗျူဟာမြောက်ထိုးစစ်ကြောင့် စခန်းစွန့်လွှတ်ခဲ့ရခြင်းလည်းဖြစ်သည်ဟုဆိုသည်။
အဆိုပါအောင်ပွဲအတွင်း စစ်ကောင်စီထံမှ ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ပြီး တိုက်ပွဲအတွင်း အသက်ပေးဆပ်စွန်လွှတ်ခဲ့ရသော တော်လှန်ရေးစစ်သည်တော်များနှင့် ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်နိုင်ခဲ့သော တပ်ဖွဲ့ဝင်များအားလုံးကို လေးနက်စွာဂုဏ်ပြုအပ်ပါသည်ဟု ရက္ခိုင်တပ်တော်ကဖော်ပြထားသည်။
ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း
“စခ(ကျဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု စာရင်း အသေးစိတ် မသိရသေးဘူး။ ဒီနေ့တိုက်လေယာဉ်မျိုးစုံနဲ့ ၃၇ကြိမ် ဗုံးလာကြဲတယ်။ (စီခမ်းကြီး)စခန်းက စခန်းအကြီး၊ အင်အားများတယ်။ “ ဟုပြောသည်။
စစ်ကောင်စီသည် စခန်းမကျစေရန် ဖေဖော်ဝါရီ ၁၈ရက်တွင် လေကြောင်း ပစ်ကူ ၂၆ကြိမ်ထက်မနည်း၊ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင်လေကြောင်း ပစ်ကူ ၁၄ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်ဟုသိရသည်။ထို့ကြောင့် တိုက်ပွဲသုံးရက်အတွင်း လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့သော်လည်း အရေးပါသည့် ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စီခမ်းကြီးရွာရှိ ပြည်သူလူထုနေအိမ်များ၊စာသင်ကျောင်းများပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးထိခိုက်မှုများလည်း ရှိသည်။ အနည်းဆုံး အရပ်သား ၆ဦးသေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
KIAသည် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ် တပ်စခန်း တို့ကိုလည်း ဇန်နဝါရီလအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားသေးသည်။

👍37❤8👏6😁1🎄1
စီခမ်းကြီးစခန်းမြေပုံနှင့် စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် ပြည်သူများ၏နေအိမ် ၊အဆောက်အဦးအချို့ ပျက်စီးနေစဥ်။ဓါတ်ပုံ-CJ
😡24🤬10👍9❤1🔥1😢1
မောင်တောမြို့နယ် ပဲရွန်းတောင် စစ်ကောင်စီစခန်းကို
AA ထပ်မံသိမ်းပိုက်
▪︎ပြည်နယ်ရုံးစိုက်ရာ စစ်တွေ၊ စစ်တိုင်းဌာနချုပ်ရှိရာ အမ်းနှင့် ရေတပ်စခန်းရှိသည့်ကျောက်ဖြူ အပါအဝင် မြို့နယ် ၆ခု၌ စစ်ကောင်စီ ခွာစစ်၊ခုခံစစ်ဆင်နေဟု AA ထုတ်ပြန်
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ် ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်း၌ သိမ်း
ပိုက်နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ကအသိပေးထုတ်
ပြန်သည်။
ရက္ခိုင်ဒေသအတွင်း၌လည်း လက်နက်ချအညံ့မခံသော စခန်းများထဲမှ တစ်ခုဖြစ်သည့် ပဲရွန်းတောင်(ပဲရမ်းတောင်) ရှိ စစ်ကောင်စီ စခန်းကို ဖေဖော်ဝါရီ လ (၁၉) ရက်နေ့၊ နံနက် (၇) နာရီခန့်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၉) နာရီအကြာ ထိုးစစ်အပြီး ညနေ ၄နာရီခွဲတွင် စခန်းတစ်ခုလုံး သိမ်းနိုင်ခဲ့ဟု ဖော်ပြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဂျက်တိုက်
လေယာဉ်ဖြင့် (၃) ကြိမ်တိုင် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စခန်းကို ညနေပိုင်း၌ လက်လွှတ်ခဲ့ရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ ရန်သူ့အလောင်း (၁၀) ကျော်အပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိဟု အသိပေးသည်။
AA အနေဖြင့်ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့သည့်မောင်တောမြို့နယ်၊ ပဲရွန်းတောင်(ပဲရမ်းတောင်) စစ်ကောင်စီစခန်းမှ ရရှိသည့် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆာင်ပစ္စည်းများနှင့် ဖေဖော်ဝါရီ ၁၆ရက်တွင် သိမ်းနိုင်ခဲ့သည့် မောင်တောဒေသ၊ ဗောဓိကုန်းစခန်းမှ ရရှိသည့်လက်နက်ခဲယမ်းများ၊ နော်ရူလာနှင့်ပန်းတောပြင်ကြားတိုက်ပွဲတွင် ရရှိခဲ့သည့်လက်နက်ခဲယမ်းများ ၊ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း ထုတ်ဖော်ပြသခဲ့သည်။
စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိပေးသည်။
စစ်တွေသည် ရက္ခိုင်ပြည်နယ်၏မြို့တော်ဖြစ်ပြီး အမ်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်ရာမြို့နယ်ဖြစ်သည်။ ထို့ပြင်ကျောက်ဖြူတွင် စစ်ကောင်စီ၏ဓည၀တီရေတပ်စခန်း ဌာနချုပ်တည်ရှိသည်။
AA အနေဖြင့်ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်ကစတင်ခဲ့ရာ သုံးလကျော်အတွင်းချင်းပြည်နယ်ပလက်၀မြို့နယ်၊ရက္ခိုင်ပြည်နယ်ပေါက်တော၊ကျောက်တော်၊ မင်းပြား၊မြောက်ဦး၊မြေပုံ မြို့များကို သိမ်းပိုက်ထားပြီးရသေ့တောင်၊မောင်တော် မြို့နယ်များတွင်လည်း ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲများပြင်းထန်နေသည်။
စစ်ကောင်စီအနေဖြင့် လက်နက်ကြီး၊ လေကြောင်းမှ ရမ်း
သန်းပစ်ခတ် တိုက်ခိုက်မှုများကိုသာပြုလုပ်လျက်ရှိ၍ အရပ်
သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း AAက ထုတ်ပြန်
သည်။ ထို့အတူ အိမ်မွေးတိရ စ္ဆာန်များနှင့် ကျွဲ၊ နွား တို့မှာ သေဆုံးမှုများ ရှိခဲ့သည်ဟု အသိပေးသည်။
လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း ယခုချိန်ထိ အညံ့မခံသော စစ်ကောင်စီ၏ စခန်းတိုင်းကို ရက္ခိုင့်တပ်တော်အနေဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟုလည်း သတိပေးသည်။

👍43👏6🔥2🎄1
ရက္ခိုင်တပ်တော်က ပဲရွန်းတောင်စခန်းသိမ်းပြီးနောက်တွေ့ရစဥ်။ဓါတ်ပုံ-AA Info Desk
👍57❤18👏2🔥1
မန္တလေး Passport ရုံးတွင် ပြည်သူနှစ်ဦးသေဆုံးပြီးနောက် တုံကင်စနစ်ပြောင်းလဲ
▪️တန်းစီသူများအား ဧည့်စာရင်းစစ်မည်ဟုဆို
အင်ကြင်း/People's Spring
မန္တလေးမြို့ Passport ရုံးတွင် ပြည်သူနှစ်ဦးသေဆုံးပြီးနောက် တုံကင်စနစ်ပြောင်းလဲလိုက် ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့က မန္တလေးမြို့Passport ရုံးတွင် ဦးရာလူစနစ်ဖြင့် တန်းစီရာမှ လူပိပြီးအမျိုးသမီးနှစ်ဦးသေဆုံးပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင် တုံကင်များပေးဝေခဲ့ကြောင်း သွားရောက်တန်းစီခဲ့သူများက ပြောသည်။
"ဒီနေ့က မပြေးရဘူး။ အေးဆေးတန်းစီထိုင်စောင့်ရတာ။ ဒီနေ့လာတန်းစီသမျှ လူအကုန်လုံးကို တုံကင်နဲ့ ရက်တွေ ခွဲပေးလိုက်တယ်။"ဟု သွားရောက်တန်းစီခဲ့သူတစ်ဦးက ပြောသည်။
သို့သော် နောက်ရက်များတွင်မူ Passport လာတန်းစီသူတိုင်း ဧည့်စာရင်းတိုင်ရမည်ဟု ပြောဆိုသွားကြောင်း တန်းစီသူများထံမှ သိရသည်။
"ဧည့်စာရင်းစစ်ပါတယ်။နောက်ညအဲဘုန်းကြီးကျောင်းမှာတည်းရင်ဖမ်းပါမယ်တဲ့။မနက်အစောသွားတန်းစီဖို့ အစီအစဉ်ရှိခဲ့ရင် အစောကြီးမသွားသင့်ပါဘူး။ညတည်းသူတွေအချက်အလက်အကုန်ယူသွားတယ်ပြောပါတယ်။"ဟု Passport သွားရောက်လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။
တုံကင်စနစ်ပြောင်းလဲလိုက်သော်လည်း ပြည်ပထွက်လိုသူအများအပြား ရှိနေခြင်းကြောင်း Passportရုံးများ၌ ဆက်လက်လူများနေဦးမည်ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်နေရသည့် လူငယ်များသည် ပြည်ပနိုင်ငံများသို့ထွက်ကာအလုပ်လုပ်ရန်အတွက် Passport ရရှိရန် စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌နေ့စဥ်လူထောင်ပေါင်းများစွာ တန်းစီတိုးဝှေ့ကာ ဝင်နေရသည်။
ထိုအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်လိုက်သောအခါ နိုင်ငံမှ လူငယ်များပြည်ပသို့သွားရောက်ရန် အလုအယက်ကြိုးစားနေကြပြီး ပက်စ်ပို့ရုံးများတွင် နေစဥ် လူထောင်ချီ တိုးဝှေ့လျှောက်ထားနေကြသည်ဟု ပက်စ်ပို့ဝန်ဆောင်မှုပေးနေသူအချို့က ပြောသည်။

👍23🤬9❤1🔥1😁1
(ယခင်က မန္တလေး Passport ရုံး၌ စောင့်ဆိုင်းခဲ့သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
👍4🤬4❤1