ထိုင်းကိုခိုးဝင်လာတဲ့မြန်မာတွေကိုအရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်သတိပေး
-လီလီယန်/ People’s Spring
ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေနှင့်အညီ အရေးယူခံရမယ်လို့ ဝန်ကြီးချုပ် ဆာရက်သာ သာဗီဆင် က သတိပေးလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက လာမယ့်ဧပြီကစလို့ လူငယ်တွေ စစ်မှုမထမ်းမနေရအစီအစဥ်ကို စတင်အကောင်အထည်ဖော်မယ်လို့ ပြောကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်ဖို့ မြန်မာနိုင်ငံသားတွေ ဗီဇာလျှောက်ထားမှု သိသိသာသာမြင့်တက်လာတဲ့အပေါ် ဝန်ကြီးချုပ် ဆာရက်သာ က ပြောကြားခဲ့တာပါ။
“နိုင်ငံထဲကို တရားဝင်ဝင်ရောက်လာတယ်ဆိုရင် သူတို့(မြန်မာနိုင်ငံသားတွေ)ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တရားမဝင် ခိုးဝင်လာတယ်ဆိုရင် သူတို့ကို ဥပဒေနဲ့အညီ အရေးယူလုပ်ဆောင်ရပါလိမ့်မယ်။ ဒီအရေးနဲ့ပတ်သက်လို့ လုံခြုံရေးဌာနဆိုင်ရာတွေနဲ့ ကျွန်တော်ဆွေးနွေးပြီးပါပြီ” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဒေသခံထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေအပေါ် ထိုင်းဝန်ကြီးချုပ်က ဖြေသိမ့်ခဲ့ရာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့အတွက် လက်ရှိမှာ မြန်မာနိုင်ငံသားတွေ ထိုင်းဘက်ကို ထွက်ပြေးလာကြတာ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်လက်မဲ့နှုန်းမှာ ၁ ရာခိုင်နှုန်းအောက်မှာ ရှိပြီး ထိုင်းဟာ အိမ်နီးချင်းနိုင်ငံတွေဆီကနေ အလုပ်သမားတွေ များစွာလိုအပ်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံအတွင်း သတ်မှတ်ထားတဲ့ လုပ်ငန်းစဥ်တွေအတိုင်း လိုက်နာဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ် Thavisin က ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေကြောင့် မြန်မာ
နိုင်ငံကနေထိုင်းကိုလာချင်သူတွေများလွန်းတာကြောင်ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူ အလွန်များ လာတာကြောင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာစီစစ်မှုကို တစ်ရက်မှာ လူ ၄၀၀ ပဲလက်ခံမယ်လို့အရင်အပါတ်ကထုတ်ပြန်ခဲ့ပါတယ် ။တစ်ဖက်မှာလည်း အိမ်နီးချင်းထိုင်းနိုင်ငံကို နယ်စပ်ကနေ ခိုးဝင်တာတွေများနေပြီး ဖမ်းဆီးအရေးယူခံရတာတွေ ပိုများနေတယ်လို့ နယ်စပ်မှလာတဲ့သတင်းတွေအရသိရပါတယ် ။
ကိုးကား - Bangkok Post

😢21👍10👎6❤2🤬2🤷♂1
ထိုင်းကိုခိုးဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖေဖော်ဝါရီ လလယ်ပိုင်းမှာထိုင်းစစ်တပ်ကဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-The Nation
😢35👍7🔥2🤬2