မံစီမြို့နယ် စီခမ်းကြီးဗျူဟာစခန်းကို KIA ပူးပေါင်းတပ် သုံးရက်ကြာထိုးစစ်ဆင်ပြီးနောက်သိမ်းပိုက်ရရှိ
▪︎စစ်ကောင်စီက လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့်အသုံးပြု ခုခံခဲ့သော်လည်း စခန်းလက်လွှတ်ဆုံးရှုံး
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း)စစ်ကောင်
စီ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ ညနေပိုင်း၌ သိမ်းယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ၏ ဗျူဟာစခန်းတစ်ခုဖြစ်သည့် အဆိုပါ တပ်စခန်းကို KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ဖေဖော်ဝါရီ ၁၇ရက် မနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီကလေ
ကြောင်း ပစ်ကူသုံးအပြင်းအထန် ခုခံခဲ့သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၄၅၌ သိမ်းနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“စခ(ကျဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု စာရင်း အသေးစိတ် မသိရသေးဘူး။ ဒီနေ့တိုက်လေယာဉ်မျိုးစုံနဲ့ ၃၇ကြိမ် ဗုံးလာကြဲတယ်။ (စီခမ်းကြီး)စခန်းက စခန်းအကြီး၊ အင်အားများတယ်။ “ ဟု စစ်ရေးသတင်းရင်းမြစ်က ပြော
သည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၈ရက်တွင် လေကြောင်း ပစ်ကူ ၂၆ကြိမ်ထက်မနည်း၊ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင်လေကြောင်း ပစ်ကူ ၁၄ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်ဟုဆိုသည်။ထို့ကြောင့် တိုက်ပွဲသုံးရက်အတွင်း လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့သော်လည်း အရေးပါသည့် ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စီခမ်းကြီးရွာရှိ ပြည်သူလူထုနေအိမ်များ၊စာသင်ကျောင်းများပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးထိခိုက်မှုများလည်း ရှိသည်။ အနည်းဆုံး အရပ်သား ၆ဦးသေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
KIAသည် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ် တပ်စခန်း တို့ကိုလည်း ဇန်နဝါရီလအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။
စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ “စခန်း သိမ်းနိုင်အောင် ဆက်လက်တိုက်ပွဲဝင်နေတုန်းပါ”ဟု ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြောကြားထားသည်။

👍54👏5❤3👎1🤣1
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ
သုည/People's Spring
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၉) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပြီး ကျဆုံးရဲဘော်တွေအတွက် အလေးပြုခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာလည်း သပိတ်အင်အားစုတွေက ဦးဆောင်ကာ ရဲဘော်အောင်ကြီး (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့ပါတယ်။
ယင်းသပိတ်မှာ ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေး ကာလတလျှောက် ကျဆုံးကြွေလွင့်ခဲ့သော ရဟန်း ရှင်လူ ကျောင်းသားမိဘပြည်သူတွေကို ဦးညွှတ် အလေးပြုရင်း သပိတ်ခေါင်းဆောင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတရား ဟောပြောခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ ဦးဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို လူထုအာဏာ တည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်"ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ကနီသပိတ်၊ DDMSC

❤35👍10🥰2🤮2
စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးတိုင်ကြားရန်NUG ဖိတ်ခေါ်
ခွာညို/People's Spring
စစ်ကောင်စီထုတ်ပြန်ထားသောစစ်မှုထမ်းဥပဒေအသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်
အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
စစ်အုပ်စု၏ စစ်မှုမထမ်းမနေရဥပဒေကို အသုံးပြုလျက်
လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် ကြေညာချက်ထုတ်ပြန်ခြင်းဟု ဖော်ပြထားသည်။
အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/
သို့ "စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာ တိုင်ကြားလွှာပုံစံ " ခေါင်းစဥ်ဖြင့် ပေးပို့ထိုင်ကြားရန်နှင့် ထိုlinkမှတဆင့်တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် စာဖြင့်တိုင်ကြားရန်တိုင်ကြားစာနမူနာကို ပြသထားသည်။
စစ်မှုထမ်းရန်ခြိမ်းခြောက်ခြင်း၊စာရင်းကောက်ခြင်း၊ငွေကောက်ခံခြင်း၊ ဆင့်ခေါ်ခြင်း၊လာရောက်ခေါ်ဆောင်ခြင်း၊လမ်းတွင်ဖမ်းဆီးခံရခြင်း စသည် တို့တွင် စစ်ကောင်စီနှင့်ပူးပေါင်းသူများကို မှတ်သားတိုင်ကြားနိုင်သည်ဟု အသိပေးထားသည်။
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေကိုဖေဖော်ဝါရီ
လ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေသည်တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားသူများကထုတ်ပြန်ထားသည်။
အဆိုပါဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုကလည်း ဖေဖေည်ဝါရီ ၁၉ ရက်တွင်ထုတ်ပြန်သည်။ ထိုဥပဒေဟာ တစ်နိုင်ငံလုံး စစ်နွှံအတွင်း နက်ရှိုင်းစွာ ကျရောက်စေရန် လုပ်သော လုပ်ရပ်ဖြစ်သကဲ့သို့ စစ်အာဏာရှင် သက်ဆိုးရှည်စေမည့် လုပ်ရပ်ဖြစ်သောကြောင့် KNUက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြသည်။ မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီက မတရားထုတ်ပြန်ထားသော ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အချင်းချင်း အကာအကွယ်ပေးသော လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပူးပေါင်းလုပ်ဆောင်ကြရန် KNUက တိုက်တွန်းထားသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်ကြောင်း တရားမဝင်ကြေညာခဲ့ပြီးနောက်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သလို လူငယ်များမတရားဖမ်းဆီးခံရမှုဖြစ်စဉ်များ ပိုမိုများပြား လာခဲ့ကြောင်း၊ အဆိုပါကြေညာမှုသည် အရပ်သားပြည်သူများကို အတင်းအဓမ္မလုပ်အားပေးစေခိုင်းရန် အတွက် ပေါ်တာဆွဲသည့်ဖြစ်စဉ်များ တဖြည်းဖြည်းများပြားလာနေသည့်အချိန်တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း NUG
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်သည်။
ထိုဥပဒေပြဌာန်းပြီးနောက် ဧည့်စာရင်းပိုစစ်လာပြီး ရပ်ကွက်အတွင်းမှာ လူငယ်အချို့ဖမ်းဆီးခံခဲ့ကြောင်း ရန်ကုန်မြို့မှ ပြည်သူ ၂ ဦးကပြောသည်။
သို့သော် ဒေသအချို့တွင် လူငယ်အချို့ကို ဖမ်းဆီး၍ ငွေညှစ်နေကြောင်းလည်းသိရသည်။
"မန္တလေးမြို့ပေါ်တွင် ပေါ်တာအကြောင်းပြကာ ငွေညှစ်မှုများ ဖြစ်ပေါ်နေပါတယ်။ အမှန်တကယ် ပေါ်တာ မဟုတ်ပါခင်ဗျာ။ ရုံးမှာဖမ်းထားကာ မနက်ငွေရလျှင် ပြန်ထုတ်
ပေးနေတာပဲ ဖြစ်ပါတယ်။ပြည်သူကို ထင်ယောင်ထင်မှား
Psywar သတင်း တမင်လွှင့်ထားကာ ငွေညှစ်ခြင်းသာဖြစ်ပါတယ်။"ဟု MDY Revolution အဖွဲ့က ဆိုသည်။
စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်တစ်ရက် ဖေဖော်
ဝါရီလ ၁၁ ရက်နေ့တွင် မန္တလေးဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှ လူငယ်အမျိုးသားတစ်ဦး မန္တလေးမြို့တွင်း၌ အဖမ်းခံခဲ့ရပြီး ငွေဆယ်သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း နီးစပ်သည့် မြို့ခံများက ပြောသည်။
"ညနေ ၆ နာရီလောက်ရှိသေးတယ် အဖမ်းခံရတာ။ နောက်တစ်ရက်မှာ သူ့မိသားစုကသွားရွေးရတာ။"ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ ကြေညာချက်နောက်ဆက်တွဲအနေဖြင့် အရပ်သားပြည်သူများကို ပေါ်တာဆွဲရန် ကြိုးပမ်းမှုကို ဥပဒေအရ တရားဝင်သည့်သဖွယ် အကြမ်းဖက်စစ်အုပ်စုက ပုံဖော်လာနိုင်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအပါအဝင် အရပ်သားပြည်သူများကို အတင်းအဓမ္မအစဖျောက်ခြင်း ပြုလုပ် လာနိုင်ကြောင်းလည်း သတိပေးထားသည်။ ထို့အတူ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အတင်းအဓမ္မအစဖျောက်ခြင်းနှင့် စစ်မြေပြင်တွင်လူသားဒိုင်းအဖြစ် အသုံးပြုခြင်းတို့ကို ပြုလုပ်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာနိုင်သည့် အန္တရာယ် ရှိသည်ဟုလည်း ဆိုသည်။

👍49🤮3🤣2
စစ်ကောင်စီက ထိုဥပဒေအတွက် နည်းဥပဒေထုတ်ပြန်ပြီး လာမည့် ဧပြီလတွင်မှ စတင် အသက်ဝင်မည်ဖြစ်ကြောင်း၊လူငယ်အားလုံးစစ်မှုထမ်းရမည့်မဟုတ်ဘဲ တစ်နှစ်လျှင် လူ ငယ် ၅၀၀၀ စစ်မှုထမ်းရမည်ဖြစ်ကြောင်းစစ်ကောင်စီက ဝါဒဖြန့်နေသည်။သို့သော် လူငယ်များ၏ စာရင်းကောက်ခံခြင်း ၊စီစစ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်းကို အလောတကြီး ပြုလုပ်နေသည်ကိုတွေ့ရသည်။
နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်သားသေဆုံးဒဏ်ရာရသူများခြင်း ၊လက်နက်ချသူ ထွက်ပြေးသူများခြင်း၊တိုက်ပွဲများပိုများလာပြီး တပ်သားသစ်စုဆောင်း၍ မရတော့သော်အခါ စစ်ကောင်စီကို ထိုဥပဒေပြဌာန်းလာခြင်းဖြစ်သည်။ထိုကြောင့် ထိုဥပဒေပြဌာန်းခြင်းမှာစစ်ကောင်စီတပ် အင်အားနည်းပါးလာမှု ၊စစ်ရှုံး၍ အထိနာနေမှုကို ညွှန်ပြသောလြပ်ရပ်ဖြစ်ကြောင်း စစ်ရေး၊နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။
ထိုဥပဒေကို အသုံးပြုလျက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများအတွက် ရရှိလာသော အချက်အလက်များကို လေ့လာသုံးသပ်လျက် နိုင်ငံတကာ တရားမျှတမှု နည်းလမ်းများမှတဆင့် တရားမျှတမှု ဖော်ဆောင်ခြင်းအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ပြည်သူများ၏ ထိခိုက်နစ်နာမှုများအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကြိုးပမ်းခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်းရှင်းလင်းထား

👏26👍21🤮5
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဖေဖော်ဝါရီ ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မံစီမြို့နယ် စီခမ်းကြီးဗျူဟာစခန်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်ရရှိ
ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း)စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဒီနေ့ညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီရဲ့ ဗျူဟာစခန်းတစ်ခုဖြစ်တဲ့ စီခမ်းကြီး တပ်စခန်းကို KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ဖေဖော်ဝါရီ ၁၇ရက် မနက်ပိုင်းကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူသုံးအပြင်းအထန် ခုခံခဲ့ပေမယ့် သုံးရက်အကြာ ဒီနေ့ ညနေပိုင်းမှာ သိမ်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲသုံးရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့ပေမယ့် အရေးပါတဲ့ ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ်။
◾️စစ်မှုထမ်းဥပဒေ အသုံးချကာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးတိုင်ကြားဖို့ NUG ဖိတ်ခေါ်
စစ်ကောင်စီထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေအသုံးချကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်မှုမထမ်းမနေရဥပဒေကို အသုံးပြုကာ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ပြီး စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ဖို့၊ လိုအပ်တဲ့ နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများပေးအပ်နိုင်ဖို့ ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ သို့ "စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာ တိုင်ကြားလွှာပုံစံ " ခေါင်းစဥ်ဖြင့် ပေးပို့ထိုင်ကြားဖို့နဲ့ အဲဒီ linkမှတဆင့်တိုင်ကြားဖို့ အခက်အခဲရှိတဲ့ ပြည်သူများအနေဖြင့် စာဖြင့်တိုင်ကြားဖို့ တိုင်ကြားစာနမူနာကို ထုတ်ပြန်ထားပါတယ်။ စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခြင်း၊ စာရင်းကောက်ခြင်း၊ ငွေကောက်ခံခြင်း၊ ဆင့်ခေါ်ခြင်း၊ လာရောက်ခေါ်ဆောင်ခြင်း၊ လမ်းမှာဖမ်းဆီးခံရခြင်းစတဲ့ စစ်ကောင်စီနှင့်ပူးပေါင်းသူများကို မှတ်သားတိုင်ကြားနိုင်တယ်လို့လည်း အသိပေးထားပါတယ်။
◾️ပဲခူးရိုးမအတွင်းတိုက်ပွဲ စစ်ကောင်စီသေဆုံးထိခိုက်မှုများ
မင်းလှမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်ကဖြစ်ပွားတဲ့ တိုက်ပွဲလေးကြိမ်မှာ စစ်ကောင်စီဘက်မှ ၄၀ဦးခန့်သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)နဲ့ အမှတ်(၂) စစ်ဒေသခွဲမှ တာဝန်ရှိသူတို့က အတည်ပြုပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်နဲ့ အနီးတဝိုက်မှာ တိုက်ပွဲများဖြစ်ပွားခဲ့တာပါ။ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်လို့ ပြည်သူများအနေဖြင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)ကအသိပေးထားပါတယ်။
◾️မင်းတပ်မြို့ ရပ်ကွက်တစ်ခုလျှင် လူ ၁၁၅ဦးစစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီ ဖိအားပေးနေ
ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများကို စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီက ဖိအားပေးနေပြီး ရပ်ကွက်တစ်ခုလျှင် လူဦးရေ ၁၀၀ကျော်စီ စာရင်း ကောက်ခံဖို့ ရှိနေတယ်လို့ မင်းတပ်ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။ မင်းတပ်မြို့ရှိ စံပြရပ်ကွက်၊ အနောက်ရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တို့မှာ နေထိုင်တဲ့ ပြည်သူများကို အကြမ်းဖက်စစ်အုပ်စုက စစ်မှုထမ်းဖို့ တစ်ရပ်ကွက် အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၄၅ ဦး ပါဝင်နိုင်ဖို့ စတင်စာရင်းကောက်ခံကြတော့မယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက ကုန်တင်လေယာဉ်ဖြင့် လေထီး အသုံးပြု ပို့လာတဲ့ အထုပ်များမှာ ကျည်၊ရိက္ခာများအပြင် ယူနီဖောင်းများလည်းပါဝင်တယ်လို့ သတင်းရင်းမြစ်ကပြောပြထားပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့ စစ်ကောင်စီက ကျေးရွာနဲ့ ရပ်ကွက်များမှာ လက်ကမ်းစာစောင်များဖြန့်ဝေ လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။
◾️မန္တလေး Passport ရုံးမှာ တန်းစီရာမှ လူများလွန်း၍ အသက်ရှုရပ်ပြီး အမျိုးသမီး ၂ ဦးသေဆုံး

👍28😁3
မန္တလေးမြို့၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး Passport ရုံးမှာ တန်းစီရာမှ လူများလွန်းတာကြောင့် အသက်ရှုရပ်ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံများက ပြောပါတယ်။ ဒီနေ့ မနက် ၂ နာရီခန့်မှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်းရှိ နိုင်ငံရေးကူးလက်မှတ်ထုတ်ပေးရေးရုံး(Passportရုံး)မှာ တန်းစီတိုးကြရာမှ လူအုပ်ပိ၊ အသက်ရှုကြပ်ကာ သတိလစ်သွားတဲ့ အမျိုးသမီး ၃ဦးအား အရေးပေါ်ပို့ဆောင်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့သူများက ပြောပါတယ်။ ဒါ့အပြင် လူငယ်အချို့လည်း လူအုပ်ပိကာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူများမှာ ညောင်ကွဲရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေနဲ့ အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းတို့ဖြစ်ပါတယ်။
◾️စစ်မှုထမ်း ဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာမှာ ပူးပေါင်းကြဖို့ KNU တိုက်တွန်း
အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။ အဲဒီဥပဒေဟာ တစ်နိုင်ငံလုံး စစ်နွှံအတွင်း နက်ရှိုင်းစွာ ကျရောက်စေဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်သကဲ့သို့ စစ်အာဏာရှင် သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် KNUက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြပါတယ်။ မျိုးဆက်သစ်လူငယ်များနဲ့ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းမှာ မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အချင်းချင်း အကာအကွယ်ပေးတဲ့ လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ KNUက တိုက်တွန်းပါတယ်။ အခုလိုတရားမဝင်သော ဥပဒေများဖြင့် စစ်ကောင်စီက လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုကို အတင်းအကြပ် တပ်သားသစ်စုဆောင်းပြီး စစ်ပွဲနွံအတွင်းသို့ ဆွဲသွင်းခြင်းကို ပြည်သူလူထုက လိုက်နာဖို့ မလိုအပ်ဘူးလို့လည်း ဖော်ပြပါတယ်။
◾️စစ်ကောင်စီက စစ်ရှုံးဖို့သေချာတဲ့ တပ်စခန်းများကို မီးရှို့ဖျက်ဆီးကာ ခွာစစ်ဆင်နေ
စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်ဖို့ ရာနှုန်းပြည့် သေချာနေတဲ့ စစ်စခန်းများ၊ ပွိုင့်ကုန်းများကို မီးရှို့ဖျက်ဆီးကာ ခွာစစ်ဆင်နေခြင်းတို့ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ရယူဖို့ ကြိုးစားနေတဲ့ မြို့တွေမှာ အခုရက်များအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာခဲ့တယ်လို့ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာအနောက်မြောက်ဘက် တစ်မိုင်ခွဲကျော်ရှိ “ပွိုင့် (၄၀၂)” နဲ့ “ပွိုင့် (၄၀၈)” ကုန်းကို စစ်ကောင်စီက ဆုံးရှုံးလက်လွှတ်ဖို့ သေချာတာကြောင့် မနေ့ ညနေပိုင်းက စခန်းကို စွန့်ခွာသွားတယ်လို့ ဆိုပါတယ်။ စခန်းစွန့်ခွာရာမှာ ၎င်းတို့ရဲ့ ပွိုင့်ကုန်းရှိ စစ်လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းပွိုင့်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ယူလို့ရတဲ့ လက်နက်ခဲယမ်းများကို စစ်ရဟတ်ယာဉ်များဖြင့် လေးကြိမ်တိုင်တိုင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွေ့ပြောင်းသွားခဲ့တယ်လို့ ဖော်ပြပါတယ်။ မနေ့က ရက္ခိုင်ဒေသအတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမှာ ပုံမှန်ရှိနေခဲ့ပြီး စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သား ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မြို့ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေခဲ့တယ်လို့ အသိပေးပါတယ်။
◾️လောင်းလုံးနဲ့ ကျွန်းစုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခြင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ပြောပါတယ်။ လောင်းလုံးနယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်များ စစ်ဆေးရေးလုပ်ဆောင်လေ့ရှိတဲ့ ရဲချောင်းလမ်းဆုံမှာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)က ဖေဖော်ဝါရီ ၁၅ ရက်မှာ မိုင်းကွင်းများချကာ စောင့်ဆိုင်းနေစဥ် ညနေပိုင်း လာရောက်စုံစမ်းတဲ့ ပျူစောထီးတစ်ဦးကို လက်ရဖမ်းဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့် ပြန်လည်ခုခံခဲ့လို့ အသေဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အလားတူ ကျွန်းစုမြို့နယ်မှာလည်း စစ်ကောင်စီတပ်ကို ကျွန်းစု(ပကဖ)နှင့် ပူးပေါင်းတပ်များက တစ်ပတ်ကျော်ကြာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းစု(ပကဖ)က ပြောပါတယ်။
◾️မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ စစ်တပ်က စစ်မှုထမ်းဥပဒေလက်ကမ်းစာစောင်များ လိုက်ဝေနေ

👍25❤2👎1
မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ရှိ မြို့နယ်အချို့မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ လက်ကမ်းစာစောင်များ လိုက်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ဒေသအသီးသီးရှိ PDF တပ်ရင်းတပ်ဖွဲ့များထံ ဆက်သွယ်ဝင်ရောက်သူများပြားလာခဲ့ရာ ပြည်သူများ မစိုးရိမ်ကြဖို့ဆိုကာ စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်ဝေဝါဒဖြန့်နေတာပါ။ မန္တလေးမြို့ပေါ်နဲ့ သပိတ်ကျင်း၊ စစ်ကိုင်းတိုင်း မုံရွာနဲ့ မကွေးတိုင်း မြို့နယ်အချို့မှာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်တဲ့ ပြည်သူများကို ဖြောင်းဖျထားတဲ့ လက်ကမ်းစာစောင်များကို မနေ့ကနဲ့ ဒီနေ့မှာ လက်လံဖြန့်ဝေနေတာပါ။ လက်ကမ်းစာစောင်များကို လုံခြုံရေးအပြည့်ချကာ လမ်းသွားလမ်းလာများကို ဖြန့်ဝေခဲ့တာလို့ ဒေသခံများက ပြောပါတယ်။
◾️မုံရွာမြို့မှာ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရ၊ သေနတ်နှစ်လက်သိမ်းဆည်းရရှိ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေနတ်နှစ်လက်သိမ်းဆည်းခံလိုက်ရတယ်လို့ မြို့ခံများက ပြောပါတယ်။ မုံရွာမြို့ပေါ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိကာ MA3အမျိုးအစား သေနတ်နှစ်လက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDFက အသိပေးပါတယ်။
◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပြီး ကျဆုံးရဲဘော်တွေအတွက် အလေးပြုခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာ သပိတ်အင်အားစုတွေက ဦးဆောင်ကာ ရဲဘော်အောင်ကြီး (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့ပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က လူထုအာဏာ တည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်"ဆိုတဲ့ ခေါင်းစဥ်နဲ့ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

❤20👍12🔥1