People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍41🔥3🤬1
မင်းတပ်မြို့ ရပ်ကွက်တစ်ခုလျင် လူ ၁၁၅ဦးစစ်မှုထမ်းခိုင်းရန် စစ်ကောင်စီ လုပ်ဆောင်နေဟုဆို

မောင်မောင်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ရှိ ပြည်သူများကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီက ဆောင်ရွက်နေပြီး ရပ်ကွက်တစ်ခုလျင်လူဦးရေ ၁၀၀ကျော်စီစာရင်း ကောက်ခံရန်ရှိနေကြောင်း မင်းတပ် ဒေသခံ သတင်းရင်းမြစ်က အသိပေးသည်။

မင်းတပ်မြို့ရှိ စံပြရပ်ကွက်၊ အနောက်ရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တို့တွင် နေထိုင်သော ပြည်သူများအား အကြမ်းဖက် စကစအုပ်စုမှ စစ်မှုထမ်းရန် တစ်ရပ်ကွက်အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၄၅ ဦး ပါဝင်နိုင်ရန် စတင်စာရင်းကောက်ခံကြတော့မည်ဟု မင်းတပ်သတင်းများကို ပုံမှန်ဖော်ပြနေသည့် သတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

"အသက်ကန့်သတ်ချက်ကို အဓိကမထားဘဲ လူဦးရေ ပြည့်မှီဖို့ဘဲလိုတယ်လို့ကြားရပါတယ်။ အမျိုးတွေအနေနဲ့ ဂရုစိုက်သွားလာသတိထားကြဖို့လိုအပ်ပါမယ်”ဟုလည်း သတင်းရင်းမြစ်က သတိပေးထားသည်။

စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းရန် စာရင်းကောက်ရုံမျှဖြင့် ပြည်သူလူထုကပါဝင်မည်မဟုတ်ကြောင်း ဒေသခံက ပြောသည်။

"အကြမ်းနည်းသုံးရင်တော့ တွေ့ရာလူစွဲရင်တော့ လူရနိုင်ပေမယ့် သာမန်စာရင်းကော်ကရုံနဲ့တော့ မရဘူး ဟုတ်တယ်။ ခုချိန်တောင် ရွာဘက်တွေ ရှောင်နေကြပြီ” ဟု မင်းတပ်ဒေသခံ တစ်ဦး
က ပြောသည်။



ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီက ကုန်တင်လေယာဉ်ဖြင့် လေထီး အသုံးပြု ပို့လာသည့် အထုပ်များတွင် ကျည်၊ရိက္ခာများအပြင် ယူနီဖောင်းများလည်းပါဝင်ကြောင်း

သတင်းရင်းမြစ်ကပြောပြထားပြီး အသေးစိတ် အတည်ပြုနိုင်ရန် စုံစမ်းနေသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၄ရက်က မင်းတပ်မြို့ (၂၇၄)တပ်သို့ လေထီးဖြင့်အထုပ် ၁၀ထုပ်ခန့် ပစ်ချသွားသည်ဟုဒေသခံက ပြောသည်။

ယခင်က ပခုက္ကူမြို့ဘက်မှ မော်တော်ယာဉ်ဖြင့် ရိက္ခာခဲယမ်းများပို့ဆောင်လေ့ရှိသော်လည်း လက်ရှိတွင် စစ်ကောင်စီ အင်အားလျော့နည်းမှုနှင့်ဒေသတွင်း ကာကွယ်ရေးတပ်များ အားကောင်းလာမှုကြောင့် မင်းတပ်ကိုလေထီး အသုံးပြု ရိက္ခာထုပ်များပို့လာခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

စစ်မှုထမ်းဥပ‌ဒေနှင့်ပတ်သက်ပြီး စစ်ကောင်စီက ကျေးရွာနှင့် ရပ်ကွက်များတွင် လက်ကမ်းစာစောင်များဖြန့်ဝေ လိုက်လံစည်းရုံးနေကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ​ပြောသည်။

မန္တလေး၊ ဧရာဝတီ၊ပဲခူးတိုင်းနှင့် မကွေးတိုင်းရှိ ဒေသခံများ၏ပြောဆိုချက်အရ စျေးများ အပါအဝင် လူစည်းကားရာ နေရာများ၌ စစ်ကောင်စီ လက်ဝေခံများက လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဟု ဆိုသည်။

"စျေးထဲမှာကို တရားဝင် ဖြန့်နေတာ။မယူရင် ယူတဲ့အထိကို လိုက်ပေးတာ။အဲဒါ လူတိုင်းစေ့ပေးနေတာ။ အစတော့ လက်ကမ်းကြော်ငြာ ထင်တာ။နောက်မှ အဲဒီစာရွက်မှန်းသိတာ"ဟု ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့စျေးသို့ ရောက်ရှိခဲ့သူက ရှင်း​ပြသ​ည်။

ထို့အတူ မကွေး၊ ပဲခူးနှင့် မန္တလေးတိုင်းတို့တွင်လည်း ယမန်နေ့ညပိုင်းကစပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ကျေးရွာအချို့တွင် စစ်မှုထမ်းဆောင်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

)
🤬34👍9👎31
🖕34👍3👎2💩21🔥1
မင်းတပ်မြို့ ကျန်းမာရေးဌာနရုံး၌ တွေ့ရသော စစ်ကောင်စီတပ်သားများ။ (ဓာတ်ပုံ - CJ)
👎18🖕5🔥4👍2💩2
ပဲခူးရိုးမအတွင်းတိုက်ပွဲ စစ်ကောင်စီ​သေဆုံးထိခိုက်မှုများ

ယောနသံ/People's Spring

မင်းလှမြို့နယ်တွင် ​ဖေ​ဖော်ဝါရီ ၁၈ ရက်ကဖြစ်ပွားသောတိုက်ပွဲလေးကြိမ်၌ စစ်‌ ကောင်စီဘက်မှ ၄၀ဦးခန့်သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅) နှင့် အမှတ်(၂) စစ်ဒေသခွဲ မှ တာဝန်ရှိသူတို့ကအတည်ပြု
သည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဉ်တောင်နှင့်အနီးတဝိုက်တွင်​ဖေ​ဖော်ဝါရီ ၁၈ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၄၀ဦးထက်မနည်းသေဆုံးသည့်သတင်းမှန်ကန်ကြောင်း အမှတ်(၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှူးရဲဘော်တင်ဦးက People's Spring အား အတည်ပြု​ပြောကြားသည်။

​ဖေ​ဖော်ဝါရီ ၁၈ ရက် နံနက် ၁၀နာရီခန့်က ခါချဉ်တောင်ပေါ်သို့အင်အား၄၀ခန့်ဖြင့် တက်လာသောစစ်ကောင်စီစစ်ကြောင်းကို (၄၈)ပေါက် ဖုတ်တက်ကြီးအဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၌ စစ်‌ကောင်စီဘက်မှ ၁‌၅ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ထို့အပြင် မွန်းတည့် ၁၂နာရီခန့်တွင် စစ်ကူလာသည့် အင်အား ၂၅ဦးပါ ဖောကားအား ဟိုင်းယုလမ်းဆုံနှင့် ပျ ဉ်းကတိုးခင်းကြား၌ ၄၀မမများဖြင့် စောင့်ကြို ပစ်ခတ်သဖြင့် စစ်‌ကောင်စီဘက်မှ ၁၀ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)က သတင်းထုတ်ပြန်သည်။

ညနေ ၃နာရီနှင့် ၅နာရီခွဲခန့်တွင်လည်း ခါချဉ် တောင်ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်တက်လာရာပက်ကွေ့
ကြီးအဆင်းနှင့် ရှောက်ပင်ချောင်းအနီးမှစောင့်ကြိုတိုက်
ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရသည်။ထိုတိုက်ခိုက်မှုနှစ်ကြိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်းဆိုသည်။ စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ ။

မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဖြစ်သည်။တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်၍ပြည်သူများအနေဖြင့် ပဲခူးရိုးမ အတွင်း သွားလာမှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း(၃၈ဝ၂) တပ်ခွဲ (၅)ကအသိပေးထားသည်။
👍49👏7💔3🥰2😢1🤣1😭1
ပဲခူးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့ဝင်အချို့ ။
ဓါတ်ပုံ-NUG-MOD
57👍14👏9🔥4🏆3🥰2
မုံရွာမြို့၌ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီး သေနတ်နှစ်လက်သိမ်းဆည်းခံရ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေနတ်နှစ်လက်သိမ်းဆည်းခံလိုက်ရကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၉နာရီခန့်က မုံရွာမြို့ပေါ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အ.ထ.က ဂိတ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

"ဂိတ်တဲထဲ ရေနွေးသောက်နေတုန်း ဝင်ပစ်သွားတာ။ ပစ်တာ ‌‌ခြောက်ချက်။ အသက်ငယ်တဲ့သူက တပ်ရင်း(၁၆)ထဲက နေရာတင် အသက်ငင်။ အသက်ကြီးတဲ့တစ်ယောက်က နည်းနည်းပြေးနိုင်သေးတယ်။ လက်နက်နှစ်လက် ရသွားတယ်။"ဟု မုံရွာရပ်ကွက် ကင်းထောက်များကပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သား နှစ်ဦးဒဏ်ရာရရှိကာ MA3အမျိုးအစား သေနတ်နှစ်လက်အား သိမ်းဆည်းနိုင်ခဲ့ကြောင်းသလ္လာဝတီကာကွယ်ရေးတပ်ဖွဲ့ - TLWDFက အသိပေးသည်။

"နေရာက မုံရွာမြို့ပေါ်တနေရာပါ။ ဖြစ်စဉ်ကတော့ စစ်ဆေးရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်ကို ရဲဘော်၃ ယောက်နဲ့ ပြောက်ကျားနည်းဗျုဟာအတိုင်း ရုတ်တရက်တိုက်ခိုက်ပစ်ခတ်ပြီး သေနတ်သိမ်းယူခဲ့တာပါ။ပစ်ခက်ခံရတဲ့ စစ်သား ၂ယောက်ကတော့ သေဆုံးခြင်းမရှိပါဘူး။ မသေအောင်ပစ်ခက်ပြီး အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ရန်သူ့လက်နက်ကိုယ့်လက်နက်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့တာပါ။"ဟု သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါပစ်ခတ်မှုကို သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDFနှင့် Monywa M4 တပ်ဖွဲ့မှ ရဲဘော်များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၂၁ ရက်ကလည်း မုံရွာမြို့၌ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဒုရဲအုပ် ကျော်ဇင်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။
👍5212👏3🤣2
39👍21🥰2👏2🤣1
(သိမ်းဆည်းရမိ​သော သေနတ်နှစ်လက်အား တွေ့ရစဥ်။ ဓာတ်ပုံ-သလ္လာဝတီ ကာကွယ်ရေးတပ်ဖွဲ့ - TLWDF)
34👍12👏4🤣1
မံစီမြို့နယ် စီခမ်းကြီးဗျူဟာစခန်းကို KIA ပူးပေါင်းတပ် သုံးရက်ကြာထိုးစစ်ဆင်ပြီး​နောက်သိမ်းပိုက်ရရှိ

︎စစ်ကောင်စီက လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့်အသုံးပြု ခုခံခဲ့သော်လည်း စခန်းလက်လွှတ်ဆုံးရှုံး

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီး(ဂျယ်ခမ်း)စစ်ကောင်
စီ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့ ညနေပိုင်း၌ သိမ်းယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၏ ဗျူဟာစခန်းတစ်ခုဖြစ်သည့် အဆိုပါ တပ်စခန်းကို KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့က ဖေဖော်ဝါရီ ၁၇ရက် မနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီကလေ
ကြောင်း ပစ်ကူသုံးအပြင်းအထန် ခုခံခဲ့သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၁၉ရက်) ညနေ ၅နာရီ ၄၅၌ သိမ်းနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စခ(ကျဆုံးနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု စာရင်း အသေးစိတ် မသိရသေးဘူး။ ဒီနေ့တိုက်လေယာဉ်မျိုးစုံနဲ့ ၃၇ကြိမ် ဗုံးလာကြဲတယ်။ (စီခမ်းကြီး)စခန်းက စခန်းအကြီး၊ အင်အားများတယ်။ “ ဟု စစ်ရေးသတင်းရင်းမြစ်က ပြော
သည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၈ရက်တွင် လေကြောင်း ပစ်ကူ ၂၆ကြိမ်ထက်မနည်း၊ ဖေဖော်ဝါရီ ၁၇ရက်တိုက်ပွဲတွင်လေကြောင်း ပစ်ကူ ၁၄ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်ဟုဆိုသည်။ထို့ကြောင့် တိုက်ပွဲသုံးရက်အတွင်း လေကြောင်း ပစ်ကူ အကြိမ် ၈၀ ခန့် အသုံးပြု ခုခံခဲ့သော်လည်း အရေးပါသည့် ဗျူဟာစခန်းကို ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စီခမ်းကြီးရွာရှိ ပြည်သူလူထုနေအိမ်များ၊စာသင်ကျောင်းများပျက်စီးခဲ့ရပြီး အရပ်သားသေဆုံးထိခိုက်မှုများလည်း ရှိသည်။ အနည်းဆုံး အရပ်သား ၆ဦးသေဆုံးပြီး ၃၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

KIAသည် မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ မံဝိန်းကြီးတပ်စခန်း၊ ကိုက်ထိပ် တပ်စခန်း တို့ကိုလည်း ဇန်နဝါရီလအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။

စီခမ်းကြီး စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ “စခန်း သိမ်းနိုင်အောင် ဆက်လက်တိုက်ပွဲဝင်နေတုန်းပါ”ဟု ​ဖေ​ဖော်ဝါရီ ၁၉ ရက် ညနေပိုင်းက ပြောကြားထားသည်။
👍54👏53👎1🤣1
စီခမ်းကြီး(ဂျယ်ခမ်း)စစ်ကောင်စီ စခန်းကိုGoogle Map တွင်​တွေ့ရမှု
👏41👍14🤣2
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၉) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပြီး ကျဆုံးရဲဘော်တွေအတွက် အလေးပြုခြင်း အခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း သပိတ်အင်အားစုတွေက ဦးဆောင်ကာ ရဲဘော်အောင်ကြီး (၂)နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လုပ်ဆောင်ခဲ့ပါတယ်။

ယင်းသပိတ်မှာ ခေတ်အဆက်ဆက်နဲ့ မြန်မာ့နွေဦးတော်လှန်ရေး ကာလတလျှောက် ကျဆုံးကြွေလွင့်ခဲ့သော ရဟန်း ရှင်လူ ကျောင်းသားမိဘပြည်သူတွေကို ဦးညွှတ် အလေးပြုရင်း သပိတ်ခေါင်းဆောင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးတရား ဟောပြောခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC) မှ ဦးဆောင်ပြီး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို လူထုအာဏာ တည်ဆောက်ပြီး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ "လူထုအာဏာတည်ဆောက် လွတ်မြောက်ရေးအတွက် ဆက်လျှောက်"ဆိုတဲ့ ခေါင်းစဥ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ကနီသပိတ်၊ DDMSC
35👍10🥰2🤮2
53👍15👏3🤮2