People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍487🔥1👏1
(KNU မှ ရဲဘော်များအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍33🥰2🔥1
KNU ၏ ထုတ်ပြန်ချက်
👍64🥰52🤮2
လောင်းလုံးနှင့် ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်

ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သင်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

လောင်းလုံးနယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်များ စစ်ဆေးရေးလုပ် ဆောင်လေ့ရှိသော ရဲချောင်းလမ်းဆုံ၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)မှ ဖေဖော်ဝါရီ ၁၅ ရက်တွင် မိုင်းကွင်းများချ၍ စောင့်ဆိုင်းနေစဥ် ညနေ ၄ နာရီခန့်၌ လာရောက်စုံစမ်းသော ပျူစောထီးတစ်ဦးကို လက်ရဖမ်းဆီးရန် ကြိုးပမ်းခဲ့​သည်။

ထို့နောက် အဆိုပါ ပျူစောထီးက ၎င်းနှင့်အတူပါလာသော လက်လုပ်ပစ္စတိုသေနတ်ဖြင့် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းမိကြောင်း LLPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"ရဲချောင်းလမ်းဆုံမှာ မိုင်းကွင်းချပြီး စောင့်နေတုန်း ကင်းထောက်ပျူစောထီးတစ်ဦး အရင်ရောက်လာပါတယ်။ အဲကောင်ကို ဖမ်းတာ ပြန်လည်ပစ်ခတ်ခုခံလို့ ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်"ဟု ၎င်းက ရှင်းပြသည်။

လာရောက်ထောက်လှမ်းသည့် ပျူစောထီးတစ်ဦးပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကားတစ်စီးဖြင့် ထပ်မံရောက်ရှိလာရာ မိုင်းကွင်းအနီးမရောက်ခင် ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ကျော်နီမော်တွင် ဆင်းကျန်ခဲ့ပြီး ပျူတစ်ဦးနှင့် တပ်သားတစ်ဦးလိုက်ပါ၍ ရဲချောင်းလမ်းဆုံသို့ ဆက်ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်မှကား ထိခိုက်ပျက်စီးပြီး ယာဥ်ပေါ်ပါသူ ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း ထိခိုက်မှုရှိသော်လည်း သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။

"လမ်းဆုံအထိတက်လာပြီး ပြန်လှည့်ကွေ့တဲ့ချိန် မိုင်းဆွဲခဲ့ပါတယ်။ ပဒေသာမိုင်းတွဲ ဆွဲခဲ့တာပါ။ ပြီးတာနဲ့ နေအိမ်ထဲစစ်ဆေးနေတဲ့ပျူနဲ့စကစတွေ ထွက်လာပြီး အပြန်လှန်(ပစ်ခတ်မှု)မိနစ်အနည်းငယ်ဖြစ်ကြပြီး ကျွန်တော်တို့ ဆုတ်ခဲ့ပါတယ်"ဟု LLPDF မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါတိုက်ခိုက်မှုတွင် ပြန်လည်ခုခံထွက်ပြေးသော ပျူစောထီးထံမှ လက်လုပ်ပစ္စတိုတစ်လက်ရရှိပြီး မိုင်းဆွဲခံရသောယာဥ်မှာ ကြေမွပျက်စီးသွား၍ အခြားယာဥ်တစ်စီးဖြင့် ပြန်လည်ဆွဲယူရကာ တိုက်ခိုက်မှုဖြစ်ပွားသော ရဲချောင်းလမ်းဆုံ၌ စစ်ကောင်စီတပ်မှ အင်အားတိုးချဲ့ချထားကြောင်း စုံစမ်းသိရသည်။

အလားတူ ကျွန်းစုမြို့နယ်တိုက်ခိုက်မှုမှာ ဖေ ဖော်ဝါရီပထမပတ်ကတည်းက မင်းဂုတ်ကျေးရွာသို့ စစ်ကြောင်းထိုး၍ ယင်းကျေးအတွင်းအထိုင်ချထားသော စစ်ကောင်စီတပ်ကို ကျွန်းစု (ပကဖ)နှင့် ပူးပေါင်းတပ်များမှ တစ်ပတ်ကျော် ကြာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစု(ပကဖ)ထံမှ သိရသည်။

"နေ့တိုင်း စကစတွေဖက်က လက်နက်ကြီးနဲ့ ရမ်းထုနေတာ။ မင်းဂုတ်၊ မောင်းလှော်၊ ရတောင် ပျူအားကောင်းတယ်။ ကျွန်းစု တစ်ပိုင်ကပျူတွေ အကုန်အင်အား ဖြည့်ထားတယ်"ဟု စစ်​ကောင်စီတပ်စစ်ကြောင်း မင်းဂုတ်ရွာဖက်ဝင်ရောက်စဥ် အခြေအနေကို ကျွန်းစု(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ပျူစောထီးများကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားရာ တိုက်ပွဲများအတွင်း (၆၀)မမ၊ (၄၀)မမ စသည့် လက်နက်ကြီးများပါ အသုံးပြုခုခံတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ကျွန်းစုနယ် မင်းဂုတ်ရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် နှစ်ပတ်ကျော်ကြာ ပြောက် ကျားတိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖက်မှ ခံစစ်အနေဖြင့် အင်အားဖြည့်တင်းမှုများရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ တပ်ပြန်ဆုတ်ထားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၈)တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိတော့သော် လည်း မင်းဂုတ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြားမှာ နေရပ်သို့ မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲ ဖြစ်သည်။
👍462👏2🔥1
👍43👏3🔥1
(လောင်းလုံးမြို့နယ် ရဲချောင်းလမ်းဆုံတိုက်ခိုက်မှုတွင် ပျူစောထီးတစ်ဦးထံမှ ရရှိသောလက်လုပ်သေနတ်တစ်လက်နှင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
👍382👏2🔥1
ရွှေသောင်ယံကမ်းခြေ၌ ပေ ၄၀ခန့် ရှည်​သော
ဝေလငါးတစ်ကောင်သောင်တင်သေဆုံး

နန်းနောင့်နောင့်/People's Spring

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်၊ မကျီးစင်အုပ်စု၊ ဂျိုင်လယ်ကျေးရွာကမ်းစပ်၌ ပေ ၄၀ ခန့် အရှည်ရှိ ရှားပါးမျိုးစိတ်ဝင် ဝေလငါးမန်းတစ်ကောင် သောင်တင်ပြီး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ဘဂ်လားပင်လယ်​အော်ကမ်း​ခြေရှိ ဂျိုင်လယ်ကျေးရွာကမ်းစပ်၌သေဆုံးနေသည့် ဝေလငါးမန်းကို ဒေသခံများက ဖေဖော်ဝါရီလ ၁၈ရက် နံနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

"ပုပ်ပြီးပေါက်ထွက်သွားပြီ။ ကျောက်ဆောင်တွေနဲ့ထိပြီး ပေါက်သွားတာ" ဟု ဒေသခံတဦးကပြောသည်။

ဝေလငါးများသည် သေဆုံးပြီးရက်အနည်းငယ်ကြာ၌ပုပ်ပွကာ ကိုယ်ခန္ဓာပေါက်ကွဲထွက်လေ့ရှိသည်။ဂျိုင်လယ်ကျေးရွာကမ်းခြေတွင် ၂၀၂၀ ခုနှစ်ကလည်း ဝေလငါးတစ်ကောင် သောင်တင်ပြီးသေဆုံးခဲ့ဖူးသည်။

ကမ္ဘာ့အကြီးဆုံးငါးမျိုးစိတ်၌ ပါဝင်သည့် ဝေလငါးမန်းသည် ပေ ၆၀ ခန့်အထိ အရှည်ရှိပြီး အန္တရာယ်မရှိသည့်ငါးမန်းမျိုးစိတ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေနိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် International Union for Conservation of Natureက ဝေလငါးမန်း အရေအတွက်သည် လွန်ခဲ့သော ၇၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း ကျော် လျော့ကျသွားခဲ့ပြီးကမ္ဘာတစ်ဝှမ်း မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်၌ စာရင်းသွင်းထားသည်။

၂၀၂၃ခုနှစ်နိုဝင်ဘာလ(၁၅)ရက်ကလည်းဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာကမ်းခြေတွင် ၁၇ပေခန့်အရှည် ဝေလငါးမန်းတစ်ကောင်သောင်တင်ပြီးသေဆုံးခဲ့သည်။
👍28😢19🔥2
သေဆုံး​နေ​သော ​ဝေလငါးနှင့် ​ဒေသခံအချို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-CJ
😢47👍10🔥1
မန္တလေး၊စစ်ကိုင်းနှင့် မကွေးတွင် စစ်တပ်က စစ်မှုထမ်းဥပဒေ လက်ကမ်းစာစောင်များလိုက်ဝေနေ

အောင်ဇေယျ/People's Spring

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင် များ လိုက်ဝေနေကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာသိမ်းစစ်တပ်က ထုတ်ပြန်အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ဒေသအသီးသီးရှိ PDF တပ်ရင်းတပ်ဖွဲ့များထံ ဆက်သွယ်ဝင်ရောက်သူများပြားလာခဲ့ရာ ပြည်သူများ မစိုးရိမ်ကြရန်ဟုဆိုကာ စစ်ကောင်စီက လက်ကမ်းစာစောင်များ လိုက်ဝေနေခြင်းဖြစ်သည်။

လက်ရှိ မန္တလေးနှင့် သပိတ်ကျင်း၊ စစ်ကိုင်းတိုင်းမုံရွာနှင့် မကွေးတိုင်း မြို့နယ်အချို့တွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ပြည်သူများအား ဖြောင်းဖျထားသည့် လက်ကမ်းစာစောင် များအား ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် လိုက်လံဝေနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"မနေ့က ကြာညှပ်ရွာနဲ့ ဇရပ်ကွင်းရွာမှာ စစ်တပ်က လက်ကမ်းစာစောင်တွေလိုက်ဝေသွားတယ်။"ဟု သပိတ်ကျင်းဒေသခံတစ်ဦးက ပြောသည်။

လက်ကမ်းစာစောင်များအား လုံခြုံရေးအပြည့်ချကာ လမ်းသွားလမ်းလာများအား ဝေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

"ဇွတ်အတင်းပေးနေတာ။ ကျွန်တော်တို့ကတော့ သူတို့ဒီနေရာမှာဝေရင် နောက်တစ်နေရာကနေပတ်သွားလိုက်တာပဲ။ မယူချင်ဘူး။"ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါစာရွက်များတွင် စစ်မှုထမ်းဥပဒေအကြောင်းရှင်းလင်းထားသည်ဟု ဆိုသည်။

ဥပဒေအသက်သွင်းပြီးနောက်တစ်ရက်နံနက်လင်းသည်နှင့် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရွာအနီး အသက် ၁၈ နှစ်ပြည့်ပြီးသူ ၄၀ ထက်မနည်း စစ်တပ်က ဖမ်းဆီးသွားခဲ့သည်။ ထို့အပြင် ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးများ၌ လူငယ်များပျောက်ဆုံးမှု ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။
💩28👍12🤮7🖕43👎3😁3🍌2
💩36🤣12🖕12👍52👎2🍌1
(စစ်ကောင်စီက စစ်မှုထမ်းဥပ​ဒေစာရွက်များ လိုက်ဝေနေစဥ်။ ဓာတ်ပုံ-စကစ)
💩31🖕8👎4🍌32👍2
︎​ဆောင်းပါး

လူ​သေသည်အထိ အန္တရာယ်များ​လာ​​​သော
ပက်စ်ပို့ရုံး​ရှေ့က​နေရာ

​ဟေဇယ်/People's Spring

စစ်အုပ်စု အာဏာသိမ်းခဲ့​သည့်​နေ့မှ စ၍ အနိဌာရုံသတင်းများ၊မ​ကောင်းသတင်းများ ပြည့်နှက်နေ​သော မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းထား​သော ၁၁၁၄ ရက်​မြောက်​နေ့သတင်းဆိုးမှာ မန္တလေးမြို့၌ ဖြစ်ပွားခဲ့၏ ။ မန္တလေး နိုင်ငံကူးမှတ်ပုံတင်ထုတ်ပေးရေးရုံး(ပက်စ်ပို့ရုံး)၌ အမျိုးသမီး နှစ်ဦး လူပိသေဆုံးခဲ့ခြင်းပင် ဖြစ်သည်။

အာဏာသိမ်းပြီးကတည်းက ပြည်ပထွက်လိုသူအများအပြားရှိလာ၍ ပက်စ်ပို့ရုံးများ၌ လူကြိတ်ကြိတ်တိုးခဲ့သည်။
ရန်ကုန်၌ အွန်လိုင်းဘွတ်ကင်စနစ်ဖြစ်၍ တော်သေးသည်။ မန္တလေးPassport ရုံးကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဦးရာလူစနစ်ပြောင်းလဲလိုက်၍ တန်းစီသူ​နေစဥ် ရာဂဏန်းဖြင့်အဆမတန်များပြားလာခဲ့သည်။

ထိုအ​​ခြေအ​နေမှာ အာဏာသိမ်းစစ်​ခေါင်း​ဆောင်က ​ဖေ​ဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့​သော(ပြည်သူ့စစ်မှုထမ်းဥပ​ဒေ) စစ်မှုမထမ်းမ​နေရဥပ​ဒေ​ကြောင့် အ​ခြေအ​နေများပိုဆိုးကုန်သည်။ စစ်​ကောင်စီတပ်တွင် စစ်မှုမထမ်းနိုင်​သော ​လူငယ်များမှာ ပြည်ပသို့ပညာသင်ကြားရန် ၊အလုပ်သွားလုပ်ရန် ၊မိသားစု မိတ်​ဆွေများထံသို့သွားရန် စ​သဖြင့် နိုင်ငံပြင်ပသို့ အမြန်ထွက်ခွာနိုင်ရန် ကြိုးစားကြရာမှ မန္တ​လေးပက်စ်ပို့ရုံးတွင်တန်းစီသူမှာ ​နေ့စဥ် လူ​ထောင်ချီ လူအုပ်ကြီးဖြစ်​စေခဲ့သည်။

ယခင်ကတည်းက ညသန်းခေါင်တိုင်လျှင်ပက်စ်ပို့ရုံးအနီး
၌ လူများပြူတစ်ပြူတစ်ဖြစ်နေကြပြီ။ နီးစပ်ရာဘုန်းကြီး
ကျောင်း၌ တစ်ယောက်ငါးထောင်၊တစ်သောင်းပေးကာတည်းခိုရသည်။ ဘုန်းကြီးကျောင်း၌ တည်းခိုသူများမှာ
နယ်ကလူများတင်မက မြို့ပေါ်နေသူများပါ ပါဝင်သည်။ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေ၍ ကြိုတင်ပြီး ရုံးအနီး ကြိုရောက်နေကြခြင်းဖြစ်သည်။

"ဘုန်းကြီးကျောင်းမှာ တည်းတဲ့သူတွေက လေးထပ်ဆောင်အပြည့်ပဲ။ တစ်ရက်တစ်ရက် လူငါးရာအထက်မှာ ရှိတယ်။"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

ည ၁၂ ထိုးပြီး သန်းခေါင်ကျော်တာနှင့်ထကာ ပက်စ်ပို့ရုံး
နား ပြေးကြရသည်။ သံဆူးကြိုးများဖြင့်တားထားသည့် ရုံးအနီးတော့ကပ်ခွင့်မရ။ သွားလျှင်လည်း စစ်ကောင်စီလက်အောက်ခံရဲများက လိုက်လံရိုက်နှက်ခြင်း၊ ခဲများဖြင့်ထုခြင်းများ ပြုလုပ်လေ့ရှိကြောင်းပက်စ်ပို့ရုံးသွားရောက်လုပ်ကိုင်ခဲ့သူများက ပြောသည်။

"မိန်းကလေးမို့ဘာမို့မချန်ဘူး။ အကုန်ရိုက်တာ။ မြောင်းတွေထဲတို့ဘုရားကြားထဲတို့ဝင်ပုန်းရတယ်။"ဟု ဂျပန်သွားရန်အတွက် ပက်စ်ပို့လုပ်ရန်ဝင်တိုးခဲ့သူ လူငယ်တစ်ဦးက ပြောပြသည်။ ရုံးအနီးလမ်းမပေါ်မှာထိုင်စောင့်ကြရသည်။

"ည၁၂ကတည်းက တန်းရတာ။ လူအုပ်ထဲ လှုပ်မရအောင်ကြပ်ညပ်ပြီး မနက် ၅ နာရီအထိ ထိုင်နေရတာ။လူတိုးတဲ့အခါ ထိုးတာရိုက်တာတွေပါရှိတယ်။ စနစ်တကျမစီလို့ဆိုပြီး။ လူအများစုက နေရာလိုချင်တော့ သူ့ထက်ငါအရင်ရဖို့ လုတိုးကြတာ။ အဲဒါကိုထိုးတာရိုက်တာ။"ဟု နယ်ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီလုံထိန်းများက ထိုးကြိတ် ၊ရိုက်နှက် ၊ဟိန်း​​ကြသော်လည်း လာရောက်တန်းစီသူများမှာ ရုံးရှေ့ပြန်ပြန်ရောက်လာသည်။ လူအုပ်ကြီးမှာထိန်း၍မရတော့။ ဖုန်တွေအလိမ်းလိမ်းဖြင့်ပြေးကြ၊လဲကြ၊ ဖိနပ်ပြတ်၊ လူပိ၊ ချွေးသံတရွှဲရွှဲဖြင့် မန္တလေးဆောင်းမှာ ထိုလူအုပ်ကိုမအေးမြစေတော့။

"တိုးတဲ့ထဲ ဗိုက်ကြီးသည်တွေ အဘိုးကြီးအဘွားကြီးတွေပါသေးတာ။ရိုက်တော့ နောက်ပြန်ဆုတ်ပြီး ရှေ့မရောက်ကြတော့တာ။ မိသားစုက ပြည်ပမှာဆိုတော့ မိဘတွေကိုခေါ်ချင်တော့ လာတန်းခိုင်းကြတာ။ လူတန်းစားအစုံပါပဲ။ နွားအုပ်လွှတ်လိုက်သလို ဖုန်တွေလုံးတက်ပြီး တကယ်ဆိုးဆိုးရွားရွားပဲ။"ဟု ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ပြောသည်။

လာတိုးသူများလည်း မကြာခဏ မူးလဲကြ၊ လဲပြိုကာလူပိကြသည်။ ခြေလက်များ ​ကျိုးကြနာကြသည်။

လာရောက်တန်းစီသူများထဲတွင် ပြည်ပထွက်လို၍ ကိုယ်တိုင်လာလုပ်သူအများဆုံးဖြစ်ပြီး အချို့မှာ နေရာပြန်လည်ရောင်းစားရန်အတွက် လာရောက်တန်းစီကြခြင်းဖြစ်သည်။ နေရာမှာလည်း နှစ်သိန်းသုံးသိန်းဝန်းကျင်အထိ စျေးပေါက်နေသည်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရဥပ​ဒေကို နည်းဥပ​ဒေပြဌာန်ပြီး ဧပြီလ သကြ်န်အပြီးစတင်သက်ဝင်မည်ဟုဆို​သော်အခါ ဧပြီ မတိုင်ခင် ပြည်ပသို့ ထွက်ခွာနိုင်ရန် ကြိုးစား​နေကြသူပိုများလာသည်။

"၄လပိုင်း deadline သတ်မှတ်ထားကြပြီး လာလုပ်တဲ့သူများတယ်။ ဘယ်သူ့မေးမေးနီးစပ်ရာထိုင်းပဲသွားမဲ့သူများတယ်။ ပြီးမှ ပြောင်းကြမှာပေါ့။ အဲဒါကြောင့် ဒုက္ခခံတန်းနေကြတာ။ကိုရီးယား သွားမဲ့သူတွေကတော့ နယ်ကများတယ်။တချို့ဆို ၂ပတ်၃ပတ် တလရှိပြီ။ အခုထိနေရာမရကြဘူး။"ဟု နီးစပ်သူတစ်ဦးက ပြောသည်။

"ကြေညာချက်ထုတ်ပြီးမှ ညပိုင်း အော်သံမျိုးစုံနဲ့ နေရာတွေပြေးလုနေကြတာ။ လူပိုများလာတာ။ တချို့ဆိုနင်းမိလို့ ဆွဲထုတ်ကြရတယ်။ ညတိုင်းပါပဲ။ သွားတွေကျိုးတဲ့သူနဲ့၊ ခြေကျင်းဝတ်လည်တဲ့သူနဲ့။"ဟု ၎င်းကဆိုသည်။

သို့သော် တိုးတိုင်းရသလားဆိုတော့ လူတိုင်းမရပေ။ နံနက် ၆ နာရီတွင် ထောင်ချီလူအုပ်ထဲမှ လူ ၂၀၀ ကိုသာ ရုံးတွင်းဝင်ခွင့်ပြုသည်။ ထိုလူ ၂၀၀ ထဲ ပါဖို့ကလည်းမလွယ်ပေ။

"တချို့ဆို တစ်လနီးနီးရှိပြီ။ လူမတိုးနိုင်လို့ မရကြဘူး။"ဟု နယ်ခံက ပြောပြသည်။
👍36🤬8😢5💩31
လူ ၂၀၀ ထဲပါသွားသူများမှာလည်း ညပိုင်းအထိ ရုံးတွင်း၌ ဆက်လက်နေကာ ပက်စ်ပို့ရရန်​ စာရွက်စာတမ်းဖြည့်သွင်းရ​သော လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြရသည်။

"ညကနေ မနက်အထိတန်း၊ မနက်နေရာရတော့ ညအထိ
ရုံးထဲ ပြီးတဲ့အထိလုပ်ရတာ။ မအိပ်ရဘူး။ နေရာရလည်း ပင်ပန်းတယ်။"ဟု နယ်ခံက ပြောသည်။

"မန္တ​လေးမှာ ပက်စ်ပို့လုပ်ရတာက ​ကြောက်စရာ​ကောင်းပါတယ် ။ကျွန်မဆို လဲသွားတာပြန်ထမရ ကိုယ်က​အောက်ဆုံးမှာပိ​နေတာပါ။ အဲကြားထဲ မျက်နှာကိုပါ​ခြေ​ထောက်နဲ့အနင်းခံရပါ​သေးတယ် ။အဲ​နေ့က​တော်​တော် လန့်သွားတာ ။
မျက်နှာ ဒဏ်ရာ​တွေပါ ရခဲ့တယ် ။​တော်​တော်​ကြောက်သွားပါတယ်"ဟု ကိုယ်တိုင် ပက်စ်ပို့ရုံး​ရှေ့တွင်တန်းစီပြီးအနင်းခံခဲ့ရသူတစ်ဦးက​ပြောသည်။

ကိုယ်တိုင် အဖြစ်ဆိုးကြုံခဲ့ဖူးသူတစ်ဦးကလည်း "​တော်​တော်​လေး​ကြောက်ဖို့​ကောင်းလို့ ပက်စ်ပို့လုပ်ရမှာကိုစိတ်ကုန်တဲ့အထိပါ။ကိုယ်သွားလုပ်တဲ့​နေက လူတိုးခံရပြီး လဲကျပြီး တင်နင်းခံရတဲ့ ​ကောင်​လေး ၃ ​​ယောက်ကို လူအုပ်​အောက်က ဆွဲထုတ်ရတယ် ။ကိုယ့်သူငယ်ချင်း မိန်းက​လေးဆို အခုထိစကားမ​ပြောနိုင်​သေးဘူး လဲကျလို့သွား​တွေကျိုးကုန်တာ။
အဲတာ​တွေမြင်ပြီး ဘယ်မှသွားဖို့ စိတ်ကူးမရှိ​တော့တာ ။ကိုယ်လည်းအဲလိုမတိုးနိုင်လို့ တစ်ကယ်စ်တ်ညစ်စရာပါ"ဟု
ရင်ဖွင့်သည်။

ထိုအ​ခြေအ​နေကို အခွင့်အ​ရေးယူ၍ ​ငွေရှာ​ကာ အလုပ်ဖြစ်​နေသူများစွာရှိပါသည်။ ပက်စ်ပို့ရုံးပြင်ပတွင်သာ ​ဈေးကွက်ဖြစ်နေခြင်းမဟုတ်ပါ။ ရုံးတွင်း၌ ပက်စ်ပို့စာအုပ်ရ​ရေး စစ်​ကောင်စီဝန်ထမ်းနှင့်အ​ပေါင်းအပါများကို ​ပေးကမ်းရ​သောပိုများပါသည်။ စာအုပ် မြန်ချင်လျှင်မြန်ချင်သလို နှုန်းထားတွေက ကြောက်စရာကောင်းလှသည်။

ပက်စ်ပို့ရုံးမှစစ်​ကောင်စီ အရာရှိများလစဥ်သိန်းတစ်ရာဝန်းကျင် ဝင်ငွေရှိနေပြီး လက်အောက်ဝန်ထမ်းများမှာ ရာထူးပေါ်မူတည်၍ ဆယ်သိန်းမှ သိန်းငါးဆယ်အထိ ရရှိနေကြောင်း မန္တလေး ပက်စ်ပို့ရုံးနှင့် နီးစပ်သူများက ပြောသည်။

"ဂွင်မှ အကြီးကြီးပဲ။ အထဲက ဝန်ထမ်းတွေကြည့်လိုက်ရင် လုံးဝလုပ်ငန်းရှင်ကြီးတွေ ကျနေတာပဲ။ မသိရင် ကုမ္ပဏီပိုင်ရှင်လိုပဲ။ I Poneနဲ့ လည်ကတုံးနဲ့။"ဟု မန္တလေးပက်စ်ပို့ ရုံး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မန္တ​လေး သာမက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်ရှိ ပက်စ်ပို့ ရုံးများတွင် အနီ​ရောင်စာအုပ်လုပ်ခများ​ဈေးတဟုန်ထိုးတက်ကုန်သည်။ အရင် အပြီးအစီး ဝန်​ဆောင်ခ ကျပ် ၇ ၊ ၈ သိန်း မှ ကျပ်သိန်း ဆယ်ချီဖြစ်ကုန်၍ စစ်​ကောင်စီဝန်ထမ်းများနှင့် ပွဲစားများ ဝင်​ငွေ​​ကောင်း​နေကြ၏ ။

ယနေ့( ဖေဖော်ဝါရီလ ၁၉ ရက်) တနင်္လာနေ့တွင်တော့ ညသန်းခေါင်ကတည်းက တန်းစီသူများပြားခဲ့သည်။ ထို့နောက် နံနက် ၂ နာရီခွဲဝန်းကျင်တွင် လူအုပ်ကြီးအဆမတန်များပြားလာခဲ့ပြီး တိုးဝှေ့ရာမှ အသက်ရှုကြပ်ကာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့သည်။ ထို့အပြင် အခြားအမျိုးသမီးတစ်ဦးလည်း လက်ကျိုးခဲ့ပါသည်။

သေဆုံးသူများမှာ ညောင်ကွဲရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေနှင့် အသက် ၅၃ နှစ်အရွယ် ​ဒေါ်ဌေးဌေးဝင်းတို့ဖြစ်သည်။

"နှစ်ဦးသေတယ်။ တစ်ဦးခြေထောက်ကျိုးတယ်။"ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။

"သေဆုံးသူတွေက Passport လာလုပ်သူတွေမဟုတ်ဘဲ အလုပ်အကိုင်ခက်ခဲလို့ နေရာလာရောင်းဖို့ တိုးတဲ့သူတွေလို့လည်းပြောကြတယ်။အတိအကျတော့မသိရသေးဘူး။"ဟု မြို့ခံတစ်ဦးက ပြောပါသည်။

သို့သော် လက်နက်အားကိုးဖြင့် အာဏာလုထား​​သောစစ်​ကောင်စီကြောင့်သာ အရင်မကြားဖူး မကြုံဖူး​သော အဖြစ်ဆိုးများပြည်သူများကြုံကြရ ၊ ညစဥ်လူအုပ်ကြီးဒုက္ခခံနေရခြင်းဖြစ်ကြောင်း ပက်စ်ပို့လာရောက် လုပ်ကိုင်သူများက ပြောသည်။

"ဘယ်သူ့အပြစ်ကြောင့်လဲမေးရင် အဓိကက နိုင်ငံရေးစနစ်
ဆိုးကြောင့်ပါ။ အခုသေဆုံး ဒဏ်ရာရသူ ၃ဦးလုံးဟာ ညောင်ကွဲရပ်ကပါ။ သူများပြောသလို နေရာရောင်းပွဲစားပေါ့။ နေရာရောင်းသူတွေက နေ့စဉ်လာကြမှာပဲလေ။ သူ့ဘာသာပွဲစားနေနေ ဘာနေနေ လူဟာလူပါပဲ။ ဒါပေမဲ့ဒီလောက်စီးပွါးရေး ကြပ်တည်းနေချိန်မှာ သူဌေးတွေတောင် ငြီးတွားနေကြတဲ့ခေတ်ကြီးမှာ ဒီအလုပ်လုပ်တာလည်း အပြစ်တော့မရှိဘူး။"ဟု မန္တလေးမြို့ခံတစ်ဦးက​ပြောသည်။

အာဏာသိမ်းကာလအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့်ပြည်သူ​ထောင်​ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်၍ မန္တ​လေး
ပက်စ်ပို့ရုံး ရုံးရှေ့က ပြည်သူနှစ်ဦးသေဆုံးမှုကို စစ်တပ်က အရေးပင်စိုက်မည်မဟုတ်ဟု ​ဒေသခံတစ်ဦးက​ပြော​လေသည်။
👍32😢19💩3
ဖေ​ဖော်ဝါရီ ဒုတိယပါတ်ညသန်း​ခေါင်တွင် မန္တ​လေးပက်စ်ပို့ရုံး​ရှေ့ တန်စီ​နေ​သော လူအုပ်နှင့် ​ဖေ​ဖော်ဝါ ရီ ၁၉ ရက်မနက်က လူအုပ်ပိ၍ ​ဆေးကုသမှု ခံယူ​နေသူအချို့။ဓါတ်ပုံ-CJ
👍20😢14😱5🔥1