စစ်ကောင်စီက စစ်ရှုံးရန်သေချာသည့် တပ်စခန်းများကို မီးရှို့ဖျက်ဆီး ခွာစစ်ဆင်နေပြီး ရပ်ရွာများအား တိုက်ခိုက်ဖျက်ဆီးမှုပုံမှန်လုပ်နေဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်
▪︎AA သည် မြန်မာနိုင်ငံအနှံ့ လှည့်ပတ်တိုက်ပွဲဝင်နေသည့် တစ်ခုတည်းသောတပ်ဟု ဖော်ပြ
ရှိုင်း/People’s Spring
စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်ရန် ရာနှုန်းပြည့် သေ
ချာနေသော စစ်စခန်းများ၊ ပွိုင့်ကုန်းများကို မီးရှို့ဖျက်ဆီး၍ ခွာစစ်ဆင်နေခြင်းတို့ကို ညီနောင်မဟာမိတ်တပ်များ သိမ်း
ပိုက်ရယူရန်ကြိုးစားနေသော မြို့များ၌ ယခုရက်များအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) ပါဝင်သည့်ညီနောင် မဟာမိတ် ၃ဖွဲ့က သတင်းထုတ်
ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ဖေဖော်ဝါရီ ၁၈ရက်တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။
ရက္ခိုင်ပြည်နယ် မြေပုံမြို့နယ်၊ ဟင်းခရော်ကျေးရွာအနောက်မြောက်ဘက် တစ်မိုင်ခွဲကျော်ရှိ “ပွိုင့် (၄၀၂)” နှင့် “ပွိုင့် (၄၀၈)” ကုန်းအား စစ်ကောင်စီက ဆုံးရှုံးလက်လွှတ်ရန် သေချာသောကြောင့် ဖေဖော်ဝါရီလ (၁၈) ရက် ညနေပိုင်းတွင် စခန်းကို စွန့်သွားသည်ဟု ထုတ်ပြန်သည်။
ထိုသို့စခန်းစွန့်ခွာရာ၌ ၎င်းတို့၏ ပွိုင့်ကုန်းရှိ စစ်လက်နက်ခဲယမ်းများ၊ လက်နက်ကြီးများကို ၎င်းတို့ကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ၎င်းပွိုင့်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သယ်ယူ၍ရသော လက်နက်ခဲယမ်းများကို စစ်ရဟတ်ယာဉ် များဖြင့် လေးကြိမ်တိုင်တိုင် အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရွေ့ပြောင်းသွားခဲ့ကြောင်း ဖော်ပြသည်။
ယမန်နေ့တွင် ရက္ခိုင်ဒေသအတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများမှာ ပုံမှန်ရှိနေခဲ့ပြီးစစ်ကောင်စီသည် အပြစ်မဲ့အရပ်
သား ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မြို့ ရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေခဲ့သည်ဟု ထုတ်
ပြန်သည်။
စစ်ကောင်စီသည် ရမ်းဗြဲမြို့အား အလုံးစုံပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု ဖော်
ပြသည်။ ဖေဖော်ဝါရီ ၁၇ရက် တိုက်ခိုက်မှုများအတွင်း ရမ်းဗြဲမြို့၊ အမှတ် (၄) ကင်းတဲရပ်ကွက်မှ လူနေအိမ် (၁၅၀) ကျော်အထိ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရဟု အသိပေးသည်။
ယမန်နေ့တွင် ရမ်းဗြဲသိမ်တောင်ဘုရားကုန်းထက်၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းမှ ရမ်းဗြဲမြို့အား လက်နက်ကြီးဖြင့် (၂) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်လမ်းခွဲရှိ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်နှင့် စျေးဆိုင်ခန်း တွဲဆောက်ထားသည့် အဆောင် (၆) လုံးအား ဖေဖော်ဝါရီ ၁၇ရက်တွင် စစ်ကောင်စီက မီးရှို့ခဲ့သည်ဟုဆိုသည်။ထို့ပြင် အဆိုပါ စစ်ကောင်စီတပ်များသည် ဂုံးချွိန်တိုက်နယ်၊ မင်းတက်တောင်ကျေးရွာဘက်သို့ အပြန်လမ်းတွင် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးတို့အား အင်အားသုံး၍ မျက်နှာကို အဝတ်ဖြင့်အုပ်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်သည်။
ရက္ခိုင်ဒေသတွင်း စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မည့် ပကတိအနေအထားကို လက်ခံနိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် အကြမ်းဖက် ဖက်ဆစ်တို့၏လုပ်ရပ်အတိုင်း အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ပြီး ရှုံးမဲမဲလျက်ရှိကြောင်း ဖော်ပြသည်။
ထို့အပြင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို မိုက်ရူးရဲဆန်စွာ ကျူးလွန်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
ညီနောင်မဟာမိတ်တပ် အနေဖြင့်လည်း ယခင်ပြောထားပြီးသည့်အတိုင်း လက်နက်ချအညံ့မခံသော စခန်းတိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ထပ်လောင်း ဖော်ပြသည်။AAက ရက္ခိုင်ဒေသ ရှိစစ်ကောင်စီတပ်များလက်နက်ချ အညံ့ခံရန် သတိပေးထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ရှမ်းမြောက်မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင်ဒေသအတွင်း အရှိန်အဟုန်မပျက် ဆက်လက်ရွေ့လျားနေကြောင်း၊ ရှမ်းမြောက်မဟုတ်သည့် မြန်မာနိုင်ငံ၏ အခြားသော ပြည်နယ်နှင့်တိုင်းများတွင် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်တွန်းလှန်နေကြသော တော်လှန်ရေး အဖွဲ့အစည်းများ၏ တော်လှန်စစ်ပွဲများသည်လည်း ပုံစံအမျိုးမျိုးဖြင့် တစ်ရက်ပြီးတစ်ရက် ပိုမိုများပြားလာကာ နေရာအသစ်များ၌ပါ တော်လှန်စစ်ကိုဆင်နွှဲလာသည်ကိုလည်း တွေ့ရကြောင်းထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူသာမက အခြားသော ဘဝတူ တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း စစ်ရေးအရ၊ ဗျူဟာအရ၊ မိမိတို့အဖွဲ့အစည်း၏ အခြေအနေလိုအပ်ချက်အရ တချို့သော နယ်မြေများတွင်လည်း စစ်ကောင်စီအား တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်း၍ ပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိသည်ဟု ဖော်ပြသည်။

👍41❤4🤬4🔥2
ထို့ကြောင့် ယခုအချိန်သည် မြန်မာနိုင်ငံအနှံ့လှည့်ပတ်၍ စစ်ကောင်စီအား တိုက်ပွဲဝင်နေသော တစ်ခုတည်းသော အဖွဲ့အစည်းသည်ကား ရက္ခိုင့်တပ်တော် (Arakan Army) ဟုဆိုရမည်ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့ကထုတ်ပြန်သည်။
AAသည် လတ်တလောတွင် ကချင်ပြည်နယ်၊မံစီ မြို့နယ်တွင် KIAနှင့်အတူ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။
ကချင်ပြည်နယ်သာမက စစ်ကိုင်း ဒေသအချို့၊ မကွေးဒေသအချို့၊ ချင်းပြည်နယ်ပလက်၀မြို့နယ်တို့၌လည်း စစ်ရေးလှုပ်ရှားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ရှားရာ ရှမ်းမြောက်ဒေသအတွင်း၌ "ကျဖျင်လုပ်ငန်းများ အကြွင်းမဲ့ ပပျောက်ရေး"လုပ်ငန်းများကို တစိုက်မတ်မတ် အလေးထား ဆောင်ရွက်လျက်ရှိပြီး ကျဖျင်လုပ်ငန်းလုပ်ကိုင်နေသောသူများကိုတွေ့ရှိပါက အချိန်မရွေး သတင်းပို့တိုင်ကြားနိုင်ကြောင်း တအာင်း၊ ကိုးကန့်၊ရက္ခိုင် ညီနောင်သုံးဖွဲ့က အသိပေးသည်။
ဟိုင်ဂင် သဘောတူညီချက်(အပစ်ရပ်စဲရေးအပါအဝင် စစ်ကောင်စီနှင့် သဘောတူထားသည့် အချက်များ)ပါ အချက်များထဲမှ အချို့သောအချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရင်း နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ နှင့် စစ်ဘေးရှောင်များအရေးကိုလည်း အတက်နိုင်ဆုံးဆောင်ရွက်နေသည်ဟု အသိပေးသည်။
တိုက်ပွဲကာလများအတွင်း စစ်ကောင်စီသည် စစ်စခန်း၊ စစ်တပ်ပတ်ဝန်းကျင်များအပြင် အရပ်သားများ သွားလာသည့် လမ်းများ၌ စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းများကို အလွန်အကျွံထောင်ထားခြင်း၊ ပစ္စလက်ခတ် မိုင်းထောင်ထားခြင်းတို့ကြောင့် အရပ်သားပြည်သူလူထုတို့ မိုင်းနင်းသေဆုံး၊ ဒဏ်ရာရမှုတို့မှာ နေ့တိုင်း ဆက်လက်ဖြစ်ပေါ်လျက်ရှိ၍ သတိထားသွားလာကြရန်ကိုလည်း ထပ်မံတိုက်တွန်းထားသည်။

👍54🔥2👏2
မန္တလေး Passport ရုံးတွင် တန်းစီရာမှ လူများလွန်း၍ အသက်ရှုရပ်ပြီး အမျိုးသမီး ၂ ဦးသေဆုံး
▪︎ ညောင်ကွဲရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေ
နှင့် အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းသေဆုံး ၊၁ ဦးခြေထောက်ကျိုး
အင်ကြင်း/People's Spring
မန္တလေးမြို့၊ Passport ရုံးတွင် တန်းစီရာမှ လူများလွန်း၍ အသက်ရှုရပ်ပြီး အမျိုးသမီး ၂ ဦးသေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်းရှိ နိုင်ငံရေးကူးလက်မှတ်ထုတ်ပေးရေးရုံး(Passportရုံး)တွင် တန်းစီတိုးကြရာမှ လူအုပ်ပိ၍ အသက်ရှုကြပ်က သတိလစ်သွားသည့်အမျိုးသမီး၃ဦးအား အရေးပေါ်ပို့ဆောင်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း သွားရောက်ကူညီခဲ့သူများက ပြောသည်။
ထို့အပြင် လူငယ်အချို့လည်း လူအုပ်ပိ၍ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ ညောင်ကွဲရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေနှင့် အသက် ၅၃ နှစ်အရွယ် မဌေးဌေးဝင်းတို့ဖြစ်သည်။
"နှစ်ဦးသေတယ်။ တစ်ဦးခြေထောက်ကျိုးတယ်။"ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။
"သေဆုံးသူတွေက Passport လာလုပ်သူတွေမဟုတ်ဘဲ အလုပ်အကိုင်ခက်ခဲလို့ နေရာလာရောင်းဖို့ တိုးတဲ့သူတွေလို့လည်းပြောကြတယ်။အတိအကျတော့မသိရသေးဘူး။"ဟု မြို့ခံတစ်ဦးက ပြောသည်။
ပက်စ်ပို့ကိုယ်တိုင်လုပ်ခဲ့သူတစ်ဦးကလည်း "လူထောင်ချီတိုးရတဲ့ မန်းလေး passport ရုံး ၊လမ်းမအပြည့်ပဲ။ည၁၂ ကတည်းက တန်းရတာ။လူအုပ်ထဲ လှုပ်မရအောင် ကြပ်ညပ်ပီး မနက်က၅နာရီထိ ထိုင်နေရတာ"ဟု ပက်စ်ပို့ရုံးတွင် လူတန်းစီရသောအခြေအနေကိုပြောပြသည်။
မန္တလေးPassportရုံးမှာ ညသန်းခေါင်ကတည်းက လာရောက်တန်းစီသူများပြားလေ့ရှိပြီး ရဲများကလည်းလိုက်လံရိုက်နှက်လေ့ရှိကြောင်း မြို့ခံများကဆိုသည်။
လူသေဆုံးမှုဖြစ်ပွားပြီးနောက် မန္တလေးPassport ရုံးအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားဖွယ်ရှိကြောင်း နီးစပ်သူများက ပြောသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ အကျပ်အတည်းမျိုးစုံရင်ဆိုင်နေရသည့်လူငယ်များသည် ပြည်ပနိုင်ငံများသို့ထွက်ကာအလုပ်လုပ်ရန်အတွက် ရရှိရန် စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌နေ့စဥ်လူရာပေါင်းများစွ္ တန်းစီတိုးဝှေ့ကာ ဝင်နေရသည်။
ထိုအခြေအနေတွင် အာဏာသိမ်းစစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်လိုက်သောအခါ နိုင်ငံမှ လူငယ်များပြည်ပသို့သွားရောက်ရန် အလုအယက်ကြိုးစားနေကြပြီး ပက်စ်ပို့ရုံးများတွင် နေစဥ် လူထောင်ချီ တိုးဝှေ့လျှောက်ထားနေကြသည်ဟု ပက်စ်ပို့ဝန်ဆောင်မှုပေးနေသူအချို့ကပြောသည်။

😢50👍19🤣4❤1
လူအုပ်ပိမိပြီး ဆေးရုံပို့ဆောင်ခဲ့ရသော အမျိုးသမီးအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-နန်းတော်ရှေ့
😢66👍8🔥1
စစ်ကောင်စီ ထုတ်ပြန်သည့် စစ်မှုထမ်း ဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာ၌ ပူးပေါင်းရန် KNU တိုက်တွန်း
▪︎မျိုးဆက်သစ်လူငယ်များကခေတ်နှင့်လျော်ညီသည့် တီထွင်ဖန်တီးနိုင်သော စွမ်းပကားများကို အသုံးချလျက် တရားမဝင်သော စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြရန် နှိုးဆော်
▪︎ KNU အနေဖြင့်လည်းသက်ဆိုင်ရာကဏ္ဍများမှတက်စွမ်း
သမျှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဟုအသိပေး
ဟန်နွေ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရာ၌ ပူးပေါင်းပါဝင်ကြရန် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ ထုတ်ပြန်လိုက်သည်။
အချက် ၇ ချက်ပါဝင်သော အဆိုပါထုတ်ပြန်ချက်တွင်
ဂုဏ်သိက္ခာရှိသည့် ဆန္ဒအလျောက် ပါဝင်သင့်သော ပြည်သူ့စစ်မှုထမ်း ဥပဒေကဲ့သို့ ဥပဒေများကို အသက်ဝင်ကြောင်း အတည်ပြု သတ်မှတ်ထုတ်ပြန်ရန်အတွက် စစ်ကောင်စီတွင် တရားဝင်မှုမရှိဟု KNU က ဆိုလိုက်သည်။ထို့အပြင် ယင်းဥပဒေသည် တစ်နိုင်ငံလုံး စစ်နွှံအတွင်း နက်ရှိုင်းစွာ ကျရောက်စေရန် လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်သကဲ့သို့ စစ်အာဏာရှင် သက်ဆိုးရှည်စေသည့် လုပ်ရပ်ဖြစ်၍ KNUက ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြသည်။
“ကျနော်တို့ မြင်တာကတော့ အဲဒါက နိုင်ငံတကာ ဥပဒေနဲ့ရော အမျိုးသားဥပဒေနဲ့ရော ဘယ်လိုမှ မအပ်စပ်ဘူး။ ဒါက တိုင်းပြည်တစ်ပြည် နဲ့ တစ်ပြည် ဖြစ်နေတဲ့ စစ်လည်းမဟုတ်ဘူး။ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခ။ ဒီပြည်တွင်း ပဋိပက္ခကို အင်အားအလုံးစုံ သုံးပြီးတော့ ကြည်း၊ရေ၊လေ ကုန်အောင်သုံးပြီးတော့မှ မဖြေရှင်းနိုင်ဘူး မဖိနှိပ်နိုင်၊ မနှိပ်ကွပ်နိုင်ဘဲနဲ့ နောက်ဆုံးကျတော့ ကြံမိကြံရာ နိုင်ငံအချင်းချင်း ဖြစ်တဲ့ စစ်မှာ သုံးနေတဲ့ .. ဥပဒေကို ပြန်ပြီးမှ သုံးနေရတာ သူ့မှာ ဘယ်လောက်ထိ ချွတ်ခြုံကျနေတယ်ဆိုတာ ဖော်ပြတာပဲ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားထားသည်။
မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက စစ်ကောင်စီ၏ မတရားထုတ်ပြန်ထားသည့် ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းတွင် မပါဝင်ခြင်း၊ နိုင်ငံရေးအံတုမှု လုပ်ငန်းများဖြင့် ဆန့်ကျင်ခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အချင်းချင်း အကာအကွယ်ပေးသည့် လုပ်ငန်းများ အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်သော ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ကြရန် KNUက တိုက်တွန်းသည်။
ယခုကဲ့သို့ တရားမဝင်သော ဥပဒေများဖြင့် စစ်ကောင်စီက လူငယ်မျိုးဆက်နှင့် လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုအား အတင်းအကြပ် တပ်သားသစ်စုဆောင်းပြီး စစ်ပွဲနွံအတွင်းသို့ ဆွဲသွင်းခြင်းကို ပြည်သူလူထုက လိုက်နာရန် မလိုအပ်ကြောင်းလည်းဖော်ပြထားသည်။
စစ်ကောင်စီနှင့် အလိုပါ လုပ်ဆောင်သူ အားလုံးသည် ယင်းဥပဒေ အကောင်အထည်ဖော်ခြင်းအတွက် ဖြစ်ပေါ်မည့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို တာဝန်ယူ တာဝန်ခံရမည်ဖြစ်သည်ဟုလည်း အသိပေးသည်။
မျိုးဆက်သစ်လူငယ်များ အနေဖြင့် ခေတ်နှင့်လျော်ညီသည့် တီထွင်ဖန်တီးနိုင်သော စွမ်းပကားများကို အသုံးချလျက် တရားမဝင်သော စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းလိုကြောင်း ဖော်ပြကာ KNU အနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍများမှ တက်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် တိုင်းပြည်အား ပြည်ပရန် ကျူးကျော်မှုများမှ ကာကွယ်ရန်၊ သဘာ၀ဘေး အန္တရာယ်များနှင့် အကြီးစား မတော်တဆ ဖြစ်ပွားမှု စသည်တို့တွင် လူသားချင်းစာနာထောက်ထားသော အကူအညီ ပေးအပ်မှု အပါအဝင် နိုင်ငံပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန်အတွက် ဖြည့်ဆည်းပေးရမည့် မှန်ကန်သည့် ဝန်ဆောင်မှု ဖြစ်သည်ဟု အသိပေးသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာလျင် စစ်တပ်၏ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက် ၊ ဖိနှိပ်အုပ်ချုပ်၊သွေးခွဲ၊ သတ်ဖြတ်နေမှုများနှင့် နိုင်ငံအား စစ်တလင်းပြင်အဖြစ် ဖန်တီးနေမှုများ ချုပ်ငြိမ်းစေမည်ဖြစ်ကြောင်းလည်း KNUက ထုတ်ပြန်သည်။

👍50❤4🤣3👏2
(KNU မှ ရဲဘော်များအား စစ်ရေးပြအခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍33🥰2🔥1
လောင်းလုံးနှင့် ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်
ကျော်ဇော/People's Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သင်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
လောင်းလုံးနယ်၊ ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီတပ်များ စစ်ဆေးရေးလုပ် ဆောင်လေ့ရှိသော ရဲချောင်းလမ်းဆုံ၌ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)မှ ဖေဖော်ဝါရီ ၁၅ ရက်တွင် မိုင်းကွင်းများချ၍ စောင့်ဆိုင်းနေစဥ် ညနေ ၄ နာရီခန့်၌ လာရောက်စုံစမ်းသော ပျူစောထီးတစ်ဦးကို လက်ရဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။
ထို့နောက် အဆိုပါ ပျူစောထီးက ၎င်းနှင့်အတူပါလာသော လက်လုပ်ပစ္စတိုသေနတ်ဖြင့် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းမိကြောင်း LLPDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရဲချောင်းလမ်းဆုံမှာ မိုင်းကွင်းချပြီး စောင့်နေတုန်း ကင်းထောက်ပျူစောထီးတစ်ဦး အရင်ရောက်လာပါတယ်။ အဲကောင်ကို ဖမ်းတာ ပြန်လည်ပစ်ခတ်ခုခံလို့ ပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်"ဟု ၎င်းက ရှင်းပြသည်။
လာရောက်ထောက်လှမ်းသည့် ပျူစောထီးတစ်ဦးပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ကားတစ်စီးဖြင့် ထပ်မံရောက်ရှိလာရာ မိုင်းကွင်းအနီးမရောက်ခင် ကားပေါ်ပါ စစ်ကောင်စီတပ်သားများ ကျော်နီမော်တွင် ဆင်းကျန်ခဲ့ပြီး ပျူတစ်ဦးနှင့် တပ်သားတစ်ဦးလိုက်ပါ၍ ရဲချောင်းလမ်းဆုံသို့ ဆက်ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်မှကား ထိခိုက်ပျက်စီးပြီး ယာဥ်ပေါ်ပါသူ ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦးမှာလည်း ထိခိုက်မှုရှိသော်လည်း သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။
"လမ်းဆုံအထိတက်လာပြီး ပြန်လှည့်ကွေ့တဲ့ချိန် မိုင်းဆွဲခဲ့ပါတယ်။ ပဒေသာမိုင်းတွဲ ဆွဲခဲ့တာပါ။ ပြီးတာနဲ့ နေအိမ်ထဲစစ်ဆေးနေတဲ့ပျူနဲ့စကစတွေ ထွက်လာပြီး အပြန်လှန်(ပစ်ခတ်မှု)မိနစ်အနည်းငယ်ဖြစ်ကြပြီး ကျွန်တော်တို့ ဆုတ်ခဲ့ပါတယ်"ဟု LLPDF မှ တာဝန်ရှိသူက ပြောသည်။
အထက်ပါတိုက်ခိုက်မှုတွင် ပြန်လည်ခုခံထွက်ပြေးသော ပျူစောထီးထံမှ လက်လုပ်ပစ္စတိုတစ်လက်ရရှိပြီး မိုင်းဆွဲခံရသောယာဥ်မှာ ကြေမွပျက်စီးသွား၍ အခြားယာဥ်တစ်စီးဖြင့် ပြန်လည်ဆွဲယူရကာ တိုက်ခိုက်မှုဖြစ်ပွားသော ရဲချောင်းလမ်းဆုံ၌ စစ်ကောင်စီတပ်မှ အင်အားတိုးချဲ့ချထားကြောင်း စုံစမ်းသိရသည်။
အလားတူ ကျွန်းစုမြို့နယ်တိုက်ခိုက်မှုမှာ ဖေ ဖော်ဝါရီပထမပတ်ကတည်းက မင်းဂုတ်ကျေးရွာသို့ စစ်ကြောင်းထိုး၍ ယင်းကျေးအတွင်းအထိုင်ချထားသော စစ်ကောင်စီတပ်ကို ကျွန်းစု (ပကဖ)နှင့် ပူးပေါင်းတပ်များမှ တစ်ပတ်ကျော် ကြာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစု(ပကဖ)ထံမှ သိရသည်။
"နေ့တိုင်း စကစတွေဖက်က လက်နက်ကြီးနဲ့ ရမ်းထုနေတာ။ မင်းဂုတ်၊ မောင်းလှော်၊ ရတောင် ပျူအားကောင်းတယ်။ ကျွန်းစု တစ်ပိုင်ကပျူတွေ အကုန်အင်အား ဖြည့်ထားတယ်"ဟု စစ်ကောင်စီတပ်စစ်ကြောင်း မင်းဂုတ်ရွာဖက်ဝင်ရောက်စဥ် အခြေအနေကို ကျွန်းစု(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပျူစောထီးများကို စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားရာ တိုက်ပွဲများအတွင်း (၆၀)မမ၊ (၄၀)မမ စသည့် လက်နက်ကြီးများပါ အသုံးပြုခုခံတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ကျွန်းစုနယ် မင်းဂုတ်ရွာနှင့် အနီးဝန်းကျင်ကျေးရွာများတွင် နှစ်ပတ်ကျော်ကြာ ပြောက် ကျားတိုက်ခိုက်မှုများဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖက်မှ ခံစစ်အနေဖြင့် အင်အားဖြည့်တင်းမှုများရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ တပ်ပြန်ဆုတ်ထားကြောင်း စုံစမ်းသိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၈)တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းမရှိတော့သော် လည်း မင်းဂုတ်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြားမှာ နေရပ်သို့ မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲ ဖြစ်သည်။

👍46❤2👏2🔥1
(လောင်းလုံးမြို့နယ် ရဲချောင်းလမ်းဆုံတိုက်ခိုက်မှုတွင် ပျူစောထီးတစ်ဦးထံမှ ရရှိသောလက်လုပ်သေနတ်တစ်လက်နှင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - LLPDF)
👍38❤2👏2🔥1
ရွှေသောင်ယံကမ်းခြေ၌ ပေ ၄၀ခန့် ရှည်သော
ဝေလငါးတစ်ကောင်သောင်တင်သေဆုံး
နန်းနောင့်နောင့်/People's Spring
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်၊ မကျီးစင်အုပ်စု၊ ဂျိုင်လယ်ကျေးရွာကမ်းစပ်၌ ပေ ၄၀ ခန့် အရှည်ရှိ ရှားပါးမျိုးစိတ်ဝင် ဝေလငါးမန်းတစ်ကောင် သောင်တင်ပြီး သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
ဘဂ်လားပင်လယ်အော်ကမ်းခြေရှိ ဂျိုင်လယ်ကျေးရွာကမ်းစပ်၌သေဆုံးနေသည့် ဝေလငါးမန်းကို ဒေသခံများက ဖေဖော်ဝါရီလ ၁၈ရက် နံနက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
"ပုပ်ပြီးပေါက်ထွက်သွားပြီ။ ကျောက်ဆောင်တွေနဲ့ထိပြီး ပေါက်သွားတာ" ဟု ဒေသခံတဦးကပြောသည်။
ဝေလငါးများသည် သေဆုံးပြီးရက်အနည်းငယ်ကြာ၌ပုပ်ပွကာ ကိုယ်ခန္ဓာပေါက်ကွဲထွက်လေ့ရှိသည်။ဂျိုင်လယ်ကျေးရွာကမ်းခြေတွင် ၂၀၂၀ ခုနှစ်ကလည်း ဝေလငါးတစ်ကောင် သောင်တင်ပြီးသေဆုံးခဲ့ဖူးသည်။
ကမ္ဘာ့အကြီးဆုံးငါးမျိုးစိတ်၌ ပါဝင်သည့် ဝေလငါးမန်းသည် ပေ ၆၀ ခန့်အထိ အရှည်ရှိပြီး အန္တရာယ်မရှိသည့်ငါးမန်းမျိုးစိတ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေနိုင်ငံတကာ အဖွဲ့အစည်း တစ်ခု ဖြစ်သည့် International Union for Conservation of Natureက ဝေလငါးမန်း အရေအတွက်သည် လွန်ခဲ့သော ၇၅ နှစ်အတွင်း ၅၀ ရာခိုင်နှုန်း ကျော် လျော့ကျသွားခဲ့ပြီးကမ္ဘာတစ်ဝှမ်း မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်၌ စာရင်းသွင်းထားသည်။
၂၀၂၃ခုနှစ်နိုဝင်ဘာလ(၁၅)ရက်ကလည်းဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာကမ်းခြေတွင် ၁၇ပေခန့်အရှည် ဝေလငါးမန်းတစ်ကောင်သောင်တင်ပြီးသေဆုံးခဲ့သည်။

👍28😢19🔥2