People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
26👍23👏6🔥1
(သစ်တောအုပ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော ဆိုင်ကယ်နှင့် ဖုန်းများ။ ဓာတ်ပုံ - Yoma GBK)
👍29👏7🔥1
ကိုးကန့်ဒေသပြန်ထူထောင်ရေး ပြင်ပအလုပ်သမားများခေါ်ယူရာတွင် သူလျှိုများပါမလာရေး ကုမ္ပဏီများတာဝန်ယူရမည်ဟု MNDAA သတိပေး

မောင်မောင်/People’s Spring

ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားများနှင့် နည်းပညာရှင်အမြောက်အများ လိုအပ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး ပြင်ပမှရောက်ရှိလာသော အလုပ်သမားများတွင် သူလျှိုနှင့် ရန်သူ့အေးဂျင့်များ ရောနှောပါဝင်မလာစေရေး စိစစ်ရန် အသိပေး ထုတ်ပြန်သည်။

အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီမှ အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများကို တည်ထောင်ဖွင့်လှစ်ရန် ခွင့်ပြုလိုက်ကြောင်း၊ ၎င်း ကုမ္ပဏီများမှ ပြည်ပအလုပ်သမားနှင့် နည်းပညာရှင်များ ခေါ်ဆောင်ပေးရန် တာဝန်ပေးလိုက်ကြောင်း ဖော်ပြထားသည်။

ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတွင် လိုအပ်သည့် အလုပ်သမား အမျိုးအစားကို သွားရောက်စုံစမ်းလေ့လာနိုင်ကြောင်း၊ ဒေသတွင်း၌ အလုပ်သမား စျေးကွက်များဖွင့်လှစ်ပြီး အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများ တည်ထောင်ဖွင့်လှစ်ရန် ကြိုဆိုကြောင်း MNDAAက ထုတ်ပြန်သည်။

အလုပ်သမားများအနေဖြင့် မိမိသဘောဖြင့် အလုပ်ရွေးချယ်ခြင်း သို့မဟုတ် အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီများထံ ပွဲစားခပေးဆောင်ပြီး အကူအညီတောင်းခံနိုင်ကြောင်း ဖော်ပြသည်။

ဒေသအုပ်ချုပ်ရေးကော်မတီအနေဖြင့် လုပ်ငန်းပိုင်ရှင်မှ မိမိသဘောဖြင့် အလုပ်သမားများကို ခေါ်ယူခွင့်ပြုသော်လည်း ခေါ်လာသော အလုပ်သမားများအနက် ရန်သူသူလျှိုများတွေ့ရှိပါက ခေါ်ယူသော ကုမ္ပဏီသို့မဟုတ် လုပ်ငန်းပိုင်ရှင်များကို အရေးယူမည်ဖြစ်ကြောင်းလည်း MNDAAက သတိပေးထားသည်။

အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများသည် အလုပ်သမားခေါ်ယူရေးဆိုင်ရာ စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရမည်ဖြစ်ပြီး အလုပ်သမားများ၏ နိုင်ငံရေးနောက်ခံကို အသေးစိတ် စစ်ဆေးပြီး ရန်သူ့အေးဂျင့်များ စိမ့်ဝင်ခြင်းကို အထူးကာကွယ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိတွင် MNDAA ထိန်းချုပ်ရာဒေသများ၌ MNDAAက တပ်သားသစ်စုဆောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အချို့သတ်ဖြတ်ခံရခြင်း၊ နေရပ်ပြန်လုပ်သားများ၏ ဖုန်း၊ ကားနှင့် ငွေများကို သိမ်းဆည်းခြင်း၊ လူမျိုးရေး ခွဲခြားမှုကြုံရခြင်း အခြေအနေများ ရှိခဲ့ကြောင်း ကာယကံရှင်တွေကို ကိုးကားပြီး ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြခဲ့သည့် သတင်းများ၌ တွေ့ရသည်။

အထူးသဖြင့် ဗမာလူမျိုးများကို MNDAAတပ်က စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဖမ်းဆီးခြင်းများ ရှိကြောင်း ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် သိန္နီဒေသမှ တိမ်းရှောင်လာသူ တစ်ဦးက ပြောပြသည်။

"လူတွေ့ရင်မေးတာ ဘာလူမျိုးလဲဆိုပြီး။ ငါကတော့ ကြောက်လို့ သူတို့လာရင် မတွေ့အောင် ရှောင်နေတာပဲ"ဟု ၎င်းက ပြောပြသည်။

MNDAA တပ်ဖွဲ့ဝင်အချို့ကမူ ၎င်းတို့ နေရပ်ပြန်လာစဉ် လေကြောင်းအန္တရာယ် ဂရုစိုက်ရန် ပြောကြားခြင်းပြုလုပ်ခဲ့ပြီး စစ်ဆေးမှု ပြုလုပ်စဉ် ချက်ပြုစားသောက်ရန် ရိက္ခာပေးသည်ဟု ဆိုသည်။ ၎င်း၏ အသိမိတ်ဆွေတစ်ဦး MNDAA ၏ ဖမ်းဆီးမှုခံရစဉ် MNDAA ရဲဘော်အချို့က အစားအစာပေးခဲ့သော်လည်း အရာရှိက မပေးရန်တားမြစ်ကြောင်း၊ တိုက်ပွဲဖြစ်ချိန်တွင် MNDAA တပ်ဖွဲ့ဝင်အချို့က အချုပ်ခန်းတံခါးဖွင့်ပေး၍ လွတ်မြောက်လာခြင်းဖြစ်ကြောင်းလည်း သိန္နီမြို့နယ်မှရှောင်လာသူ တစ်ဦးက ပြောပြသည်။

MNDAA တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် အချို့နှင့်ပတ်သက်ပြီး အဖွဲ့တာဝန်ရှိသူ လီကျာဝင်းထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

MNDAA ထုတ်ပြန်ချက်တွင် အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ အလုပ်သမားများကို လိမ်ခေါ်ပြီး ဆန္ဒနှင့်မကိုက်ညီသည့် အလုပ်များစေခိုင်းခြင်း၊ ကလေး အလုပ်သမား အသုံးပြုခြင်းများကို လုံး၀ကန့်ကွက်တားမြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု အသိပေးသည်။

လုပ်ငန်းရှင်နှင့် အလုပ်သမားများသည် ဆန္ဒ အလျောက် လုပ်ငန်းပုံစံနှင့် လစာစံနှုန်းများကို ဆုံးဖြတ်နိုင်ကြောင်း၊ အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီ၏ ပွဲစားခ ကောက်ခံမှုများကို လုပ်ငန်း အမျိုးအစားအလိုက် အလုပ်သမားနှင့်အလုပ်ရှင်များအား ကြိုတင်ဖွင့်ဆို ရှင်းပြရမည်ဖြစ်ပြီး အလုပ်သမား လုံး၀တားမြစ်ကြောင်း ဖော်ပြသည်။

လုပ်ငန်းရှင်နှင့် အလုပ်သမားကြား လုပ်ငန်းခွင် အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာ ဥပဒေဌာနသို့ တရားစွဲခြင်း သို့မဟုတ် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီထံအကူအညီတောင်းခံပြီး ညှိနှိုင်းဖြေရှင်းနိုင်ကြောင်း ထုတ်ပြန်သည်။

အလုပ်သမားအားလုံးသည် အထူးဒေသရဲတပ်ဖွဲ့ထံ လုပ်ငန်းကဒ် လျှောက်ရမည်ဖြစ်ပြီး လုပ်ငန်းကဒ်ရှိသူများသည် ဒေသအတွင်း ခေတ္တနေထိုင်ခွင့်ရှိသော်လည်း ရပ်ကွက်ကျော်ရွှေပြောင်း နေထိုင်ခြင်း မပြုရဟု MNDAAက တားမြစ်သည်။
👍38🥰10🤮1
👍40🔥1
(ကိုးကန့်ဒေသ၌ လုံခြုံရေးအဖြစ် လှည့်လည်နေသော MNDAAမှ ရဲဘော်များအား ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
👍33🔥1
နပခ အ​ခြေစိုက်​​သော အမ်းမြို့နယ်ရှိ ​ရှေ့တန်းစခန်း
နှစ်ခုကိုစစ်တပ်က မီးရှို့ ၍ တိုင်းစစ်ဌာနချုပ်သို့ထွက်ပြေး

ရွှေပြည်စိုး/People's Spring

အ​နောက်​ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် စခန်းအား မီးရှို့ ထွက်ပြေးသွားကြောင်း ရက္ခိုင့်တပ်တော် AAက သတင်းထုတ်ပြန်သည်။

အမ်းမြို့နယ် ဟင်းခ​ရော်ကိုင်းကျေးရွာ အ​နောက်ဘက် ၂ ကီလိုမီတာ​​ကျော်ရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်) ညနေ ၅ နာရီ ခွဲ အချိန်ခန့်တွင် ၎င်းတို့၏ တပ်စခန်းကို ၎င်းတို့ကိုယ်တိုင်မီးရှို့၍ စစ်ရဟတ်ယာဉ်များဖြင့်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သို့ တိမ်းရှောင်ထွက်
ပြေးသွားခဲ့ကြသည်ဟု AA က အသိ​ပေးထားသည်။

လက်ရှိအချိန်တွင် ထိုစခန်းမှာမီးဟုန်းဟုန်းတောက် လောင်လျက်ရှိနေကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ AAက​ဖော်ပြထားသည်။

ရက္လိုင့်တပ်​တော်က ရခိုင်ပြည်နယ်တွင် ​မြောက်ဦး ၊​ပေါက်​တော ၊​မြေပုံ ၊ မင်းပြား ၊​ကျောက်​တော် မြို့များနှင့် ပလက်ဝ​ဒေသတစ်ခုလုံးကိုသိမ်းပိုက်ထားသည်။ ထိုအပြသ် ရ​သေ့​တောင် ၊ရမ်းဗြဲ ၊ မအီ ၊ ​မောင်​တော၊​ကျောက်ဖြူ စ​သောမြို့နယ်များရှိ စစ်​ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်​နေသည်။
👍46🤣11👏2👎1🤬1
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ-AA Info Desk
👍51👏8🤮3
ပုလဲမြို့နယ်ရှိ ပျူစောထီးရွာနှစ်ရွာမှ ပြည်သူ ၂၃ ဦး ထပ်မံထွက်ပြေးလာ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး ကျေးရွာနှစ်ရွာမှ ပြည်သူ ၂၃ဦး ထပ်မံထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၆ရက်က ဇီးဖြူကုန်းပျူစောထီးရွာမှ ခုနစ်ဦး၊ ဖေဖော်ဝါရီ ၁၇ရက်တွင် အင်မထီးပျူစောထီးရွာမှ ၁၆ဦး ထပ်မံထွက်ပြေးလွတ်မြောက် လာကာ အလင်းဝင်ခိုလှုံခွင့်တောင်းခံလာကြောင်း ပုလဲ(ပအဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စားနပ်ရိက္ခာအခက်အခဲနှင့် ဖိနှိပ်မှုများကြောင့် ပျူစောထီးရွာများမှ ရွာသူ၊ ရွာသားများ ခပ်စိတ်စိတ် ထွက်ပြေးလာရာ ယခုအကြိမ်မှာ အများဆုံးထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။

"နို့စို့အရွယ်ကနေ အသက် (၈၀)လောက်အထိ ပါတယ်။ အထဲမှာ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတော့ ရောက်အောင်ထွက်ခဲ့တဲ့အခြေအနေပါပဲ။"ဟု ပုလဲ(ပအဖ)အဖွဲ့ လူသားစာနာတာဝန်ခံက ပြောသည်။

ပုလဲ(ပအဖ)အဖွဲ့က အလင်းဝင်လာသူများအား စစ်ဆေးမေးမြန်းပြီး စစ်တပ်၊ပျူစောထီးများနှင့် ဆက်သွယ်သတင်းပေးခြင်း၊ သူလျှိုဒလန်ပြုလုပ်ခြင်း၊တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေမည့်အပြုအမူများ ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရန် ခံဝန်ထိုးခိုင်းခဲ့သည်။

ထို့နောက် ထိုရွာသူရွာသားများအား ပုလဲပအဖအဖွဲ့က ထောက်ပံ့ငွေများနှင့် မိုးကာများ ပေးအပ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဇီးဖြူကုန်း‌ပျူစောထီးရွာနေ ရွာသူ၊ရွာသား ၆ ဦး ပုလဲ(ပအဖ)အဖွဲ့ထံ အလင်းဝင်လာခဲ့သည်။

အာဏာသိမ်းကာလအတွင်း ပုလဲမြို့နယ်တွင် ပျူစောထီးအားကောင်းရာ အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာတို့မှ စုစုပေါင်း ရွာသူ၊ရွာသား ၈၀ ကျော် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။
👍52🤣2
👍46🤣13
အလင်းဝင်ခိုလှုံလာသော ပျူစောထီးရွာများမှဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုလဲ(ပအဖ)
👍29🤣12
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

သုည/People's Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဒီနေ့ (ဖေဖော်ဝါရီ ၁၈) အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်း ကျေးရွာတစ်ရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှာလည်း ရွာပေါင်းစုံ သပိတ်ကော်မတီက ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုနိုင်ငံရေးတရား ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။

ပုလဲမြို့နယ် ကျေးရွာတစ်ရွာမှာလည်း လူထုသပိတ်ဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေကို The Way အပါအဝင် တော်လှန်ရုပ်ရှင်တွေ ပြသခဲ့ပြီး လူထုနိုင်ငံရေးတရား ဟောပြောပွဲခြင်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဒေသတွင်းလူထုအား ဖက်ဆစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် ကာကွယ်ခြင်း နည်းလမ်းတွေကို ဆွေးနွေးတင်ပြခဲ့ပြီး ပန်းဖလက်တွေ ဖြန့်ဝေကာ အသိပညာပေးလှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ဗကသများအဖွဲ့ချုပ်
25👍12👏4🤮2
47👍6👏4🤮2