မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ ယနေ့ ဆက်လက်ပြင်းထန်
▪️စစ်ကောင်စီက လေကြောင်းပစ်ကူ ခုခံမှု ၂၆ကြိမ်ထက်မနည်းပြုလုပ်
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီခမ်းကြီးရွာ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စီခမ်းကြီး စစ်ကောင်စီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁၇ရက် နံနက်ကတည်းက KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေရခြင်းဖြစ်သည်။
"ဒီမနက် ၇နာရီခွဲကနေ အခုထိ တိုက်ပွဲပြင်းထန်နေဆဲ၊တစ်နေကုန် တိုက်ပွဲပြင်းထန်နေတယ်။ ဂျက်ဖိုက်တာနဲ့ဗုံးလာကြဲတာ ၂၆ကြိမ်ရှိသွားပြီ။ ဒီနေ့။ ပြည်သူတွေတော့မရှိတော့ဘူး။ အိမ်တွေ တော်တော်တော်များများ ပျက်စီးသွားပြီ။ စာသင်ကျောင်းလည်း ပျက်စီးတယ်။ အခုလည်း Y-12 (လေယာဉ်)နဲ့ ဗုံးကြဲနေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ယနေ့တွင်ပိုမိုပြင်းထန်စွာ ခုခံနေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယမန်နေ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဒေသခံ ပြည်သူ ၆ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲတွင် ပါဝင်သည့် AAတပ်ဖွဲ့ကလည်း စီခမ်းကြီး တိုက်ပွဲသတင်းကို ဖော်ပြထားရာ စစ်ကောင်စီ၏ ယမန်နေ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ဦးသေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

👍37😭6👏4🔥1
(စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စီခမ်းကြီးရွာ စာသင်ကျောင်းထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢25🤬5👍2🔥1
▪︎ကဗျာ
"ငါတို့၏သစ္စာ"
-ပန်းတော်ဆက်
အချစ်နဲ့စစ်မှာ မတရားတာမရှိတဲ့ ...
ဒါ နှလုံးသား မဲ့ သူရဲ့ နိုင်ငံတော်မှာ
စစ်ဆိုတာ
ဆံ သုံး ဆံ
ရံ သုံး ရံ ပြည့် မှ ခင်း ရ သတဲ့..
အချစ်မှာတော့...
မင်း မှ မင်း မို့
အနိုင်အရှုံး မကြည့်
အနီးအဝေး မရှိ
အချစ်ဟာ ချစ်နေဘို့သာလို တယ်မဟုတ်လား...နွေ...။
အချစ်ရေ....
ဦးအောင်ဇေယျ စစ်တိုက် ထွက်တဲ့အခါ သစ္စာပြု သလိုပေါ့
"ငါသာသနာ ပို ပြုနိုင်က ငါနိုင်စေ” ဆိုသလို
အချစ်အပေါ်ဖြစ်ဖြစ်
စစ်အပေါ် ဖြစ်ဖြစ်
ငါတို့နိုင်ငံတော်အပေါ် ဖြစ်ဖြစ်
ပို ချစ်တတ်သူ တို့ သာ နိုင်ပါစေ...
ငါ သစ္စာပြု ပါ ရဲ့....။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့
ပန်းတော်ဆက် ရဲ့ "ငါတို့၏သစ္စာ" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
👍34❤14🤮2
▪︎အက်ဆေး
"တထောင့်တည ရှည်ကြာမည့် မိသားစုစကားဝိုင်း"
▪️ရွယ်မိုး
၂၀၀၈ ခုနှစ်ရဲ့ တခုသောနေ့ရက်အတွင်း မိုးတွေ သည်းကြီးမည်းကြီး ရွာနေချိန် အိမ်အပြင်ဘက်မှာ ရပ်နေတဲ့ သားရဲ့ပုံရိပ်က အဖေ့ကို အံ့သြမင်သက်စေတယ်။ တကိုယ်လုံးကို မိုးရေ ရွှဲရွှဲစိုနေလေရဲ့။ စစ်စိမ်းရောင်သေတ္တာကို အိမ်ပေါက်ဝမှာ ချထားတယ်။ လွယ်အိတ်တလုံးနဲ့ အထုတ်တထုတ် ဆွဲထားတဲ့ သားဖြစ်သူဟာ ငူငူငိုင်ငိုင်ကြီး စိုးရွံ့တဲ့ မျက်နှာထားနဲ့ ခေါင်းကို အောက်ငုံ့ထားတယ်။ အဲ့ဒီရက်ကစပြီး အဖေက သူ့သား ကို တနှစ်လောက် စကားမပြောတော့ဘူး။
အဖေက ဆယ်တန်းအောင်ကာစ သားဖြစ်သူကို ကျောင်းဆက်ထားဖို့ရာ စရိတ်စက မတတ်နိုင်တဲ့အတွက် စစ်တက္ကသိုလ် ပို့ခဲ့တယ်။ သားဖြစ်သူဟာ ပခုံး ဒေါက်တင်မယ့်ရက်တွေ နီးလာချိန်မှာ 'ကျနော် အိမ်က အတင်းပို့လို့ ရောက်လာတာ၊ မတက်ချင်ဘူး' ငြင်းပြီး ပြန်ချလာခဲ့တာပါပဲ။
ဒီအဖြစ်အပျက်ကို သိရစဉ်က ကျနော်ဟာ ခြောက်တန်းနှစ်မှာ ချို့တဲ့စွာ ပညာသင်နေတဲ့အရွယ်ပါပဲ။ အကိုဖြစ်သူ ဘာလို့ပြန်လာတာလဲဆိုတာအပေါ် ကျနော် နားမလည်ခဲ့ဘူး။ စီနီယာတွေက ဖိနှိပ် ချုပ်ချယ် အနိုင်ကျင့်တာ မြင်ခဲ့ရလို့၊ မတရားလို့၊ ရေဘူးပေါက်တာမလိုချင် ရေပါတာပဲ လိုချင်တယ်ဆိုတဲ့ အမိန့်တွေ မကြိုက်လို့ စသဖြင့် အကိုဟာ ပြန်လာရခြင်းရဲ့ အကြောင်းတရားတွေကို ပြောခဲ့တယ်။ အဲဒီအရွယ်တုန်းကတော့ အကိုဖြစ်သူကို ပျော့ညံ့လိုက် တာလို့ မြင်ခဲ့တယ်။ အခုချိန် အတွေးမှာတော့ အတင်းအကျပ် စစ်တက္ကသိုလ် အပို့ခံရတဲ့ အကိုဖြစ်သူဟာ အဖေ့ဆန္ဒကို အစွမ်းကုန် တုံ့ပြန်ငြင်းဆန်ပြခဲ့သလို တဘက်မှာလည်း သားသမီးဘဝ အရာရှိအရာခံ ဖြစ်စေချင်၊ မောင်နှမအများကြီးနဲ့ ဆယ်တန်းအောင်ကာစ သားအကြီးဖြစ်သူကို ကျောင်းဆက်မထားနိုင်မှာ တွေးပူခဲ့တဲ့ အဖေတယောက်ရဲ့ ခံစားချက်ကိုလည်း နားလည်တတ်ခဲ့ရတာပဲ။ ဆင့်ကဲအကြောင်းတရားတွေဟာ Fozzy Logic လို မှားတယ်လည်း မဆိုသာ၊ မှန်နေတယ်လည်း မဟုတ်လို့ ကျနော်ကတော့ မြင်ခဲ့တယ်။ ကျနော်ဟာ ပင်မ အကြောင်းရင်းခံဖြစ်တဲ့ ခေတ်အဆက်ဆက် ဖိနှိပ်မှုယန္တရားနဲ့ စစ်အာဏာရှင်တို့ရဲ့ စစ်တက္ကသိုလ်ကသာ အလုံးစုံ မှားနေတာလို့ လက်ညိုးငေါက်ငေါက်ထိုး ပြောရမှာပဲ။
၂၀၂၁ ခုနှစ်အတွင်း စစ်တပ်ဟာ အာဏာသိမ်းပြီ။ ကျနော်ဟာ ကျနော့်ဆန္ဒနဲ့ပဲ စစ်အာဏာရှင်စနစ်ဟူသမျှ တတ်နိုင်သမျှ အမြစ်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ အိမ်က ထွက်လာခဲ့တယ်။ တနည်းအားဖြင့် အကိုဖြစ်သူ မဝင်ချင်ခဲ့တဲ့ စစ်တပ်ကို ဖျက်ဆီးပစ်ဖို့ အိမ်က ထွက်တော့မယ်လို့ တွေးမိပြီး တကိုယ်တည်း ပြုံးခဲ့သေးတယ်။
အိမ်ကို ဘယ်နှခုနှစ် ဘယ်ကာလ မည်သည့်နေ့ရက်မှာ ပြန်ရမလဲဆိုတာ ကျနော်မသိပါဘူး။ အိမ်ပြန်ချိန်မှာတော့ အကိုဖြစ်သူလို မနက်စောစောစီးစီးမှာ အိမ်ရှေ့ ကျနော် ရပ်နေမယ်။
ကျနော် အိမ်ပြန်လာတာဟာ အကိုဖြစ်သူ ကြုံခဲ့ရတဲ့ မတရားတဲ့ စစ်တပ်၊ ဖိနှိပ်တဲ့စစ်တပ်၊ ပြည်သူလူထုအပေါ်ရော အချင်းချင်းရော အနိုင်ကျင့်တဲ့စစ်တပ် ဟုတ်တယ်၊ အဲ့ဒီ ဖက်ဆစ်စစ်တပ်ကို ပြည်သူလူထုတရပ်လုံးနဲ့အတူ တတ်နိုင်သမျှ ပါဝင်တော်လှန်ရင်း အပြီးအပြတ် အမြစ်ဖြတ်နိုင်ခဲ့တဲ့အတွက် ပြန်လာခဲ့တာလို့ ပြောမယ်။
အဖေဟာ သူ့သား ဖြစ်သူ ကျနော့်ကို အကိုတုန်းကလို စကားမပြောဘဲနေမှာတော့ မဟုတ်ဘူးဆိုတာ ကျနော်သိတယ်။ ဖက်ဆစ်စစ်တပ် မကောင်းဆိုးသွမ်းယုတ်မာမှန်း အဖေလည်း သိနေတာပဲလေ။ အခြေအနေတွေ မတူတော့ဘူး။ အကြောင်းတရားတွေ မတူတော့ဘူး။ တုံ့ပြန်မှုတွေလည်း တူမှာမဟုတ်ဘူး။
"ဘယ်လိုလဲ မင်းအကို မဝင်ချင်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ကြီးနဲ့ မင်းမုန်းတဲ့ စစ်အာဏာရှင်စနစ်တွေကို အကုန်အစင် ချေမှုန်းသုတ်သင်ခဲ့ရဲ့လား" လို့ အဖေက မေးလာခဲ့ရင်ပေါ့။
ကျနော့်ရဲ့ အတွေ့အကြုံတွေကို မိသားစုစကားဝိုင်းတွေ အချိန်ကာလ တထောင့်တည ကြာတဲ့အထိ ပြောပြနေမိလိမ့်မယ်ဆိုတာ အသေအချာပါပဲ။
အဲ့ဒီစကားဝိုင်းမှာ ရဲဘော်ရဲဘက်တွေရဲ့အကြောင်း၊ စီဒီအမ် လုပ်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း မိတ်ဆွေများအကြောင်း၊ ထောက်ပံ့ခဲ့ကြတဲ့ ပြည်သူလူထုရဲ့ စိတ်ပိုင်းဖြတ် အပင်ပန်းခံခဲ့ကြမှုအကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံ ပါဝင်နေပါလိမ့်မယ်။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ 'ရွယ်မိုး' ရဲ့ "တထောင့်တည ရှည်ကြာမည့် မိသားစုစကားဝိုင်း" အက်ဆေးကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -

👍36❤5🥰1🤮1
ကြို့ပင်ကောက်တွင် CDM ပြုလုပ်သွားသောဆင်စခန်းမီးရှို့ပြန်လာသည့် တောအုပ်နှင့်အဖွဲ့ ပစ်ခတ်ခံရပြီး သေဆုံး
▪️သုံးဆယ်တွင် စစ်ကောင်စီရဲများနှင့် PDFထိပ်တိုက်တိုးပြီး အပြန် အလှန်ပစ်ခတ်မှုဖြစ်
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သစ်တောဦးစီးဌာနဝန်ထမ်းလေးဦးနှင့် ပျူစောထီးတစ်ဦးကို ဆင်ဝိုင်းများမီးရှို့ပြီးအပြန်လမ်း၌ စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၁(Yoma GBK)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၇)နံနက် ၁၀နာရီခွဲခန့်က ဆင်ဝိုင်းရွာရှိ CDM ပြုလုပ်သွားသော ဆင်စခန်းအား မီးရှို့ပြီးပြန်လာကာ ကွင်းချောင်းအုပ်စု၊ ကုန်အနီးဝါးတော၌ သောက်စားမူးယစ်နေသော သစ်တောအုပ်နှင့်အဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
"ဆင်ဝိုင်းရွာ ဆင်စခန်းတချို့အား မီးရှို့ဖျက်ဆီးပြီးအပြန် စကစတပ်ဆွဲထာသော ကြိုပင်ကောက်မြို့နယ် ကွင်းချောင်းအုပ်စု ကုန်ရွာအနီတွင် ဝါရုံတောနာမှ ပျူစောထီးအပါဝင် သစ်တောအုပ်အဖွဲ့အား သောက်စားနေချိန်ဝင်ရောက်ပစ်ခတ်ခဲ့တာပါ"ဟု Yoma GBK တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် သစ်တောအုပ် ကျော်ဆန်းဝင်း၊ ကျော်စွာဝင်း၊ ခင်ရင်၊ ဇော်ဝင်းနှင့် သက်နိုင်ထွန်းတို့ငါးဦး နေရာတွင်သေဆုံးသွားပြီး ၎င်းတို့ထံမှ ဝန်ထမ်းကတ်သုံးခု၊ ဆိုင်ကယ်သုံးစီး၊ ဖုန်းငါးလုံး သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြော သည်။
အဆိုပါ သစ်တောအုပ်နှင့် ပျူစောထီးအဖွဲ့သည် ဆင်ဝိုင်းရွာ ဆင်စခန်းမှ CDM ဆင်နှင့် ဆင်ဝန်ထမ်းများအား ဖမ်းဆီးခြင်း၊ PDF ရဲဘော်များ၏ သတင်းများ ထောက်လှမ်းသည့်အပြင် စခန်းတည်နေရာများသို့ လမ်းပြခြင်းများ လုပ်ဆောင်နေကြကြောင်း Yoma GBK က အသိပေးသည်။
အလားတူ ပဲခူးတိုင်း၊ သုံးဆယ်မြို့မှ စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်ဟုဆိုသူတစ်ဦးကို ရှင်းလင်းရန်သွားရောက်စဥ် စစ်ကောင်စီရဲများနှင့် ထိပ်တိုက်တိုးပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီခွဲက သုံးဆယ်မြို့၊ အလာ်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ဆည်မြောင်းတည်(၉)လမ်းထိပ်ရှိ ဝတ်ရည်မွန်စားသောက်ဆိုင်အတွင်း ရဲဘော်များစောင့်ဆိုင်းနေစဥ် ရဲများရောက်ရှိလာကာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ဒလန်ရှင်းဖို့ အဲ့ဆိုင်မှာရဲဘော်က ကိစ္စနဲ့ရောက်နေတာ။ အဲ့ဒါကို စခနဲ့ ရခတွေရောက် လာပြီး ရဲဘော်ကို ဖမ်းဖို့လုပ်တာ။ အဲလိုဖမ်းဖို့လုပ်နေတာကို တခြားရဲဘော်က မြင်ပြီး သေ နတ်နဲ့ပစ်ရင်းက အပြန်အလှန်ပစ်ကြတာ"ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သို့ ပြောသည်။
တော်လှန်ရေးရဲဘော်များရောက်ရှိနေသော မြဝတ်ရည်ဆိုင်သို့ သုံးဆယ်မြို့မရဲစခန်းမှူးနှင့် နယ်ထိန်းအပါအဝင် စစ်ကောင်စီတပ်သားအချို့ရောက်ရှိလာပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ ရဲတစ်ဦးသေဆုံး၍ စစ်ကောင်စီတပ်မှ ဗိုလ်ကြည်မျိုးလွင်ဆိုသူ လက်မောင်းကျည်ထိမှန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အပြန်အလှန်ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့သော်လည်း လက်ပစ်ဗုံးနှစ်လုံး၊ ရှေ့ထွက်မိုင်းနှင့် ဆိုင်ကယ်တစ်စီး ဆုံးရှုံးခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်တွင် ရဲဘော်များ ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က အသိပေးသည်။
သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား တိုက်ခိုက်လျှက်ရှိရာ ဖေဖော်ဝါရီ ၁၁ရက်ကလည်း အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမရှိ မင်းလှဆည် ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့ကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅)နှင့် ပြည်ခရိုင် တပ်ရင်း(၃၆၀၁) ဧရာညီနောင်စစ်ကြောင်းတို့ နှစ်ဖွဲ့ခွဲကာ သွားရောက်တိုက် ခိုက်ခဲ့သေးသည်။

👍41❤7👏4🔥1
(သစ်တောအုပ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော ဆိုင်ကယ်နှင့် ဖုန်းများ။ ဓာတ်ပုံ - Yoma GBK)
👍29👏7🔥1
ကိုးကန့်ဒေသပြန်ထူထောင်ရေး ပြင်ပအလုပ်သမားများခေါ်ယူရာတွင် သူလျှိုများပါမလာရေး ကုမ္ပဏီများတာဝန်ယူရမည်ဟု MNDAA သတိပေး
မောင်မောင်/People’s Spring
ဒေသပြန်လည်တည်ဆောက်ရေးအတွက် အလုပ်သမားများနှင့် နည်းပညာရှင်အမြောက်အများ လိုအပ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်ခဲ့ပြီး ပြင်ပမှရောက်ရှိလာသော အလုပ်သမားများတွင် သူလျှိုနှင့် ရန်သူ့အေးဂျင့်များ ရောနှောပါဝင်မလာစေရေး စိစစ်ရန် အသိပေး ထုတ်ပြန်သည်။
အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီမှ အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများကို တည်ထောင်ဖွင့်လှစ်ရန် ခွင့်ပြုလိုက်ကြောင်း၊ ၎င်း ကုမ္ပဏီများမှ ပြည်ပအလုပ်သမားနှင့် နည်းပညာရှင်များ ခေါ်ဆောင်ပေးရန် တာဝန်ပေးလိုက်ကြောင်း ဖော်ပြထားသည်။
ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတွင် လိုအပ်သည့် အလုပ်သမား အမျိုးအစားကို သွားရောက်စုံစမ်းလေ့လာနိုင်ကြောင်း၊ ဒေသတွင်း၌ အလုပ်သမား စျေးကွက်များဖွင့်လှစ်ပြီး အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများ တည်ထောင်ဖွင့်လှစ်ရန် ကြိုဆိုကြောင်း MNDAAက ထုတ်ပြန်သည်။
အလုပ်သမားများအနေဖြင့် မိမိသဘောဖြင့် အလုပ်ရွေးချယ်ခြင်း သို့မဟုတ် အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီများထံ ပွဲစားခပေးဆောင်ပြီး အကူအညီတောင်းခံနိုင်ကြောင်း ဖော်ပြသည်။
ဒေသအုပ်ချုပ်ရေးကော်မတီအနေဖြင့် လုပ်ငန်းပိုင်ရှင်မှ မိမိသဘောဖြင့် အလုပ်သမားများကို ခေါ်ယူခွင့်ပြုသော်လည်း ခေါ်လာသော အလုပ်သမားများအနက် ရန်သူသူလျှိုများတွေ့ရှိပါက ခေါ်ယူသော ကုမ္ပဏီသို့မဟုတ် လုပ်ငန်းပိုင်ရှင်များကို အရေးယူမည်ဖြစ်ကြောင်းလည်း MNDAAက သတိပေးထားသည်။
အလုပ်သမား ဝန်ဆောင်မှုကုမ္ပဏီများသည် အလုပ်သမားခေါ်ယူရေးဆိုင်ရာ စည်းကမ်းများကို တင်းကြပ်စွာ လိုက်နာရမည်ဖြစ်ပြီး အလုပ်သမားများ၏ နိုင်ငံရေးနောက်ခံကို အသေးစိတ် စစ်ဆေးပြီး ရန်သူ့အေးဂျင့်များ စိမ့်ဝင်ခြင်းကို အထူးကာကွယ်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် MNDAA ထိန်းချုပ်ရာဒေသများ၌ MNDAAက တပ်သားသစ်စုဆောင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အချို့သတ်ဖြတ်ခံရခြင်း၊ နေရပ်ပြန်လုပ်သားများ၏ ဖုန်း၊ ကားနှင့် ငွေများကို သိမ်းဆည်းခြင်း၊ လူမျိုးရေး ခွဲခြားမှုကြုံရခြင်း အခြေအနေများ ရှိခဲ့ကြောင်း ကာယကံရှင်တွေကို ကိုးကားပြီး ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြခဲ့သည့် သတင်းများ၌ တွေ့ရသည်။
အထူးသဖြင့် ဗမာလူမျိုးများကို MNDAAတပ်က စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ဖမ်းဆီးခြင်းများ ရှိကြောင်း ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် သိန္နီဒေသမှ တိမ်းရှောင်လာသူ တစ်ဦးက ပြောပြသည်။
"လူတွေ့ရင်မေးတာ ဘာလူမျိုးလဲဆိုပြီး။ ငါကတော့ ကြောက်လို့ သူတို့လာရင် မတွေ့အောင် ရှောင်နေတာပဲ"ဟု ၎င်းက ပြောပြသည်။
MNDAA တပ်ဖွဲ့ဝင်အချို့ကမူ ၎င်းတို့ နေရပ်ပြန်လာစဉ် လေကြောင်းအန္တရာယ် ဂရုစိုက်ရန် ပြောကြားခြင်းပြုလုပ်ခဲ့ပြီး စစ်ဆေးမှု ပြုလုပ်စဉ် ချက်ပြုစားသောက်ရန် ရိက္ခာပေးသည်ဟု ဆိုသည်။ ၎င်း၏ အသိမိတ်ဆွေတစ်ဦး MNDAA ၏ ဖမ်းဆီးမှုခံရစဉ် MNDAA ရဲဘော်အချို့က အစားအစာပေးခဲ့သော်လည်း အရာရှိက မပေးရန်တားမြစ်ကြောင်း၊ တိုက်ပွဲဖြစ်ချိန်တွင် MNDAA တပ်ဖွဲ့ဝင်အချို့က အချုပ်ခန်းတံခါးဖွင့်ပေး၍ လွတ်မြောက်လာခြင်းဖြစ်ကြောင်းလည်း သိန္နီမြို့နယ်မှရှောင်လာသူ တစ်ဦးက ပြောပြသည်။
MNDAA တပ်ဖွဲ့ဝင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် အချို့နှင့်ပတ်သက်ပြီး အဖွဲ့တာဝန်ရှိသူ လီကျာဝင်းထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
MNDAA ထုတ်ပြန်ချက်တွင် အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ အလုပ်သမားများကို လိမ်ခေါ်ပြီး ဆန္ဒနှင့်မကိုက်ညီသည့် အလုပ်များစေခိုင်းခြင်း၊ ကလေး အလုပ်သမား အသုံးပြုခြင်းများကို လုံး၀ကန့်ကွက်တားမြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တွေ့ရှိပါက ပြင်းထန်စွာအရေးယူမည်ဟု အသိပေးသည်။
လုပ်ငန်းရှင်နှင့် အလုပ်သမားများသည် ဆန္ဒ အလျောက် လုပ်ငန်းပုံစံနှင့် လစာစံနှုန်းများကို ဆုံးဖြတ်နိုင်ကြောင်း၊ အလုပ်သမား ဝန်ဆောင်မှု ကုမ္ပဏီ၏ ပွဲစားခ ကောက်ခံမှုများကို လုပ်ငန်း အမျိုးအစားအလိုက် အလုပ်သမားနှင့်အလုပ်ရှင်များအား ကြိုတင်ဖွင့်ဆို ရှင်းပြရမည်ဖြစ်ပြီး အလုပ်သမား လုံး၀တားမြစ်ကြောင်း ဖော်ပြသည်။
လုပ်ငန်းရှင်နှင့် အလုပ်သမားကြား လုပ်ငန်းခွင် အငြင်းပွားမှုဖြစ်ပါက သက်ဆိုင်ရာ ဥပဒေဌာနသို့ တရားစွဲခြင်း သို့မဟုတ် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီထံအကူအညီတောင်းခံပြီး ညှိနှိုင်းဖြေရှင်းနိုင်ကြောင်း ထုတ်ပြန်သည်။
အလုပ်သမားအားလုံးသည် အထူးဒေသရဲတပ်ဖွဲ့ထံ လုပ်ငန်းကဒ် လျှောက်ရမည်ဖြစ်ပြီး လုပ်ငန်းကဒ်ရှိသူများသည် ဒေသအတွင်း ခေတ္တနေထိုင်ခွင့်ရှိသော်လည်း ရပ်ကွက်ကျော်ရွှေပြောင်း နေထိုင်ခြင်း မပြုရဟု MNDAAက တားမြစ်သည်။

👍38🥰10🤮1
(ကိုးကန့်ဒေသ၌ လုံခြုံရေးအဖြစ် လှည့်လည်နေသော MNDAAမှ ရဲဘော်များအား ဖေဖော်ဝါရီ ၁၅ရက်က တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
👍33🔥1
နပခ အခြေစိုက်သော အမ်းမြို့နယ်ရှိ ရှေ့တန်းစခန်း
နှစ်ခုကိုစစ်တပ်က မီးရှို့ ၍ တိုင်းစစ်ဌာနချုပ်သို့ထွက်ပြေး
ရွှေပြည်စိုး/People's Spring
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် စခန်းအား မီးရှို့ ထွက်ပြေးသွားကြောင်း ရက္ခိုင့်တပ်တော် AAက သတင်းထုတ်ပြန်သည်။
အမ်းမြို့နယ် ဟင်းခရော်ကိုင်းကျေးရွာ အနောက်ဘက် ၂ ကီလိုမီတာကျော်ရှိ ပွိုင့် (၄၀၂) နှင့် ပွိုင့် (၄၀၈) ကုန်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ယနေ့(ဖေဖော်ဝါရီ ၁၈ ရက်) ညနေ ၅ နာရီ ခွဲ အချိန်ခန့်တွင် ၎င်းတို့၏ တပ်စခန်းကို ၎င်းတို့ကိုယ်တိုင်မီးရှို့၍ စစ်ရဟတ်ယာဉ်များဖြင့်အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) သို့ တိမ်းရှောင်ထွက်
ပြေးသွားခဲ့ကြသည်ဟု AA က အသိပေးထားသည်။
လက်ရှိအချိန်တွင် ထိုစခန်းမှာမီးဟုန်းဟုန်းတောက် လောင်လျက်ရှိနေကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူ AAကဖော်ပြထားသည်။
ရက္လိုင့်တပ်တော်က ရခိုင်ပြည်နယ်တွင် မြောက်ဦး ၊ပေါက်တော ၊မြေပုံ ၊ မင်းပြား ၊ကျောက်တော် မြို့များနှင့် ပလက်ဝဒေသတစ်ခုလုံးကိုသိမ်းပိုက်ထားသည်။ ထိုအပြသ် ရသေ့တောင် ၊ရမ်းဗြဲ ၊ မအီ ၊ မောင်တော၊ကျောက်ဖြူ စသောမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်။

👍46🤣11👏2👎1🤬1
ပုလဲမြို့နယ်ရှိ ပျူစောထီးရွာနှစ်ရွာမှ ပြည်သူ ၂၃ ဦး ထပ်မံထွက်ပြေးလာ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး ကျေးရွာနှစ်ရွာမှ ပြည်သူ ၂၃ဦး ထပ်မံထွက်ပြေးလွတ်မြောက်လာကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၆ရက်က ဇီးဖြူကုန်းပျူစောထီးရွာမှ ခုနစ်ဦး၊ ဖေဖော်ဝါရီ ၁၇ရက်တွင် အင်မထီးပျူစောထီးရွာမှ ၁၆ဦး ထပ်မံထွက်ပြေးလွတ်မြောက် လာကာ အလင်းဝင်ခိုလှုံခွင့်တောင်းခံလာကြောင်း ပုလဲ(ပအဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။
စားနပ်ရိက္ခာအခက်အခဲနှင့် ဖိနှိပ်မှုများကြောင့် ပျူစောထီးရွာများမှ ရွာသူ၊ ရွာသားများ ခပ်စိတ်စိတ် ထွက်ပြေးလာရာ ယခုအကြိမ်မှာ အများဆုံးထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။
"နို့စို့အရွယ်ကနေ အသက် (၈၀)လောက်အထိ ပါတယ်။ အထဲမှာ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတော့ ရောက်အောင်ထွက်ခဲ့တဲ့အခြေအနေပါပဲ။"ဟု ပုလဲ(ပအဖ)အဖွဲ့ လူသားစာနာတာဝန်ခံက ပြောသည်။
ပုလဲ(ပအဖ)အဖွဲ့က အလင်းဝင်လာသူများအား စစ်ဆေးမေးမြန်းပြီး စစ်တပ်၊ပျူစောထီးများနှင့် ဆက်သွယ်သတင်းပေးခြင်း၊ သူလျှိုဒလန်ပြုလုပ်ခြင်း၊တော်လှန်ရေးအင်အားစုများကို ထိခိုက်နစ်နာစေမည့်အပြုအမူများ ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ရန် ခံဝန်ထိုးခိုင်းခဲ့သည်။
ထို့နောက် ထိုရွာသူရွာသားများအား ပုလဲပအဖအဖွဲ့က ထောက်ပံ့ငွေများနှင့် မိုးကာများ ပေးအပ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ဇီးဖြူကုန်းပျူစောထီးရွာနေ ရွာသူ၊ရွာသား ၆ ဦး ပုလဲ(ပအဖ)အဖွဲ့ထံ အလင်းဝင်လာခဲ့သည်။
အာဏာသိမ်းကာလအတွင်း ပုလဲမြို့နယ်တွင် ပျူစောထီးအားကောင်းရာ အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာတို့မှ စုစုပေါင်း ရွာသူ၊ရွာသား ၈၀ ကျော် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ အလင်းဝင်လာခဲ့ကြောင်း သတင်းရရှိသည်။

👍52🤣2