ရေဦးမြို့နယ်တွင် ရွာပေါင်း ၂၀ကျော်မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေ၍ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေသည်။
ဖေဖော်ဝါရီ ၁၂ရက်မှ ယနေ့အထိ ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးနယ်အနောက်ခြမ်းဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေ၍ ငြုတ္တုံ၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ အင်ပထိုး၊ စည်သာမြေ၊ ဖလံဂုဏ်၊ ထန်းဘဲလှ၊ ငှက်ပျောတော၊ ရွာမိဿာ၊ မူးဆုံ၊ အောင်သာ၊ မစိုးရိမ်၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ထန်းပင်ကုန်း စသည့်ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။
"ခလရ(၇၁)နဲ့ ခမရ(၇၀၈) ခွေးဘီလူးစစ်ကြောင်းပါပဲ။ အင်အားက ၈၀ကျော်ပါတယ်။"ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ရက်ရှည်စစ်ရှောင်နေရ၍ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေ၍ မလောက်ငှမှုများ တွေ့ကြုံနေရကြောင်း အဆိုပါအဖွဲ့က ပြောသည်။
ဘေးလွတ်ရာကျေးရွာအသီးသီးမှ ထမင်းထုပ်များလက်ကမ်းဆင့် ပို့ပေးပါရန်နှင့် စစ်ရှောင်ပြည်သူများအား လက်ခံကြိုဆိုပေးကြရန် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
ထိုစစ်ကြောင်းက တောင်ကုန်းရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနှံ့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ဇန်နဝါရီလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

😢33👍9🔥1
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့)
👍19😢13🤮1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့များက ကာကွယ်ကူညီမှု လုပ်ဆောင်ဖို့ MSFCတိုက်တွန်း
စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်တဲ့ ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားဖို့ တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ သမိုင်းတစ်လျှောက်မှာ မကြုံစဖူး အရေးနိမ့်မှုများဖြစ်နေပြီး ၎င်းတို့ရဲ့ အင်အားချိနဲ့နေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေ(စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်း အကောင်အထည်ဖော်တာလို့ ဖော်ပြပါတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူများ အဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ရယူနိုင်ဖို့ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချဖို့ စီမံခြင်းသာဖြစ်တယ်လို့ MSFCက ဆိုပါတယ်။
◾️အင်းလေးတောင်ပိုင်းမှာ PNO ပြည်သူ့စစ်အဖွဲ့က တပ်သား အဓမ္မစုဆောင်းနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများမှာ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်ကာ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာမှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ ဟူရမ်းကျေးရွာမှ ၁၁ဦးနဲ့ စံကားလွယ်ခေါ် ကျေးရွာမှ ၁၀ဦးကို PNO က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်း စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားပါတယ်။
◾️တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိုးစစ်ကို တားဆီးဖို့ စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်နေ
ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ AA တပ်များ ကုန်းလမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မအီတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ခုခံစစ်ကို တစ်ဆင့်ချင်း ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ကုန်းလမ်းများမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများကို ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။
◾️လှိုင်သာယာ ရပ်ကွက်ရုံးနှစ်ခုအနီး ဗုံးများဆက်တိုက် ပေါက်ကွဲ
ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနဲ့ (၉)ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့မှာ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက (၁၂)ရပ်ကွက်နဲ့ (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနဲ့ ဖားအံလမ်း လမ်းဆုံတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
◾️မိုးမိတ်ရှိနေအိမ်များကို စစ်တပ်က မူးယစ်ဆေးသုံးစွဲသူများကို မီးရှို့ဖျက်ဆီးခိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲနေသူများကို ဆိုင်ကယ်များပေးကာ ဒေသခံများရဲ့ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးခိုင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။ မိုးမိတ်မြို့မှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ လက်ခုပ်တန်းနဲ့ ဟော်နန်းရပ်ကွက်များရှိပြီး ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်တိုင်းမှာ အပျက်အစီးအလွန်များပြားခဲ့ပါတယ်။ တိုက်ပွဲများရပ်တန့် သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ မူးယစ်ဆေးသုံးစွဲနေသူများက ပြည်သူများရဲ့ နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။
◾️ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

👍25❤2🔥1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နဲ့ ဒေသခံ တစ်ဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၄၂၅)နဲ့ (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ပစ်ခတ်မှုကြောင့် ထမ်းယံရွာမှ (၆)လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရတယ်လို့ PNLA က အသိပေးပါတယ်။
◾️ရေဦးမြို့နယ်မှာ ရွာပေါင်း ၂၀ကျော်မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ရက်မှ ဒီနေ့အထိ ရေဦးမြို့မှထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရေဦးနယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ရက်ရှည်စစ်ရှောင်နေရလို့ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေကာ မလောက်ငှမှုများ တွေ့ကြုံနေရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

👍29🔥2
မံစီမြို့နယ် စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲ ယနေ့ ဆက်လက်ပြင်းထန်
▪️စစ်ကောင်စီက လေကြောင်းပစ်ကူ ခုခံမှု ၂၆ကြိမ်ထက်မနည်းပြုလုပ်
ဆန်အောင်/People’s Spring
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် စီခမ်းကြီးရွာ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စီခမ်းကြီး စစ်ကောင်စီဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁၇ရက် နံနက်ကတည်းက KIA၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေရခြင်းဖြစ်သည်။
"ဒီမနက် ၇နာရီခွဲကနေ အခုထိ တိုက်ပွဲပြင်းထန်နေဆဲ၊တစ်နေကုန် တိုက်ပွဲပြင်းထန်နေတယ်။ ဂျက်ဖိုက်တာနဲ့ဗုံးလာကြဲတာ ၂၆ကြိမ်ရှိသွားပြီ။ ဒီနေ့။ ပြည်သူတွေတော့မရှိတော့ဘူး။ အိမ်တွေ တော်တော်တော်များများ ပျက်စီးသွားပြီ။ စာသင်ကျောင်းလည်း ပျက်စီးတယ်။ အခုလည်း Y-12 (လေယာဉ်)နဲ့ ဗုံးကြဲနေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ယနေ့တွင်ပိုမိုပြင်းထန်စွာ ခုခံနေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယမန်နေ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ဒေသခံ ပြည်သူ ၆ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲတွင် ပါဝင်သည့် AAတပ်ဖွဲ့ကလည်း စီခမ်းကြီး တိုက်ပွဲသတင်းကို ဖော်ပြထားရာ စစ်ကောင်စီ၏ ယမန်နေ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ဦးသေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

👍37😭6👏4🔥1
(စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စီခမ်းကြီးရွာ စာသင်ကျောင်းထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢25🤬5👍2🔥1
▪︎ကဗျာ
"ငါတို့၏သစ္စာ"
-ပန်းတော်ဆက်
အချစ်နဲ့စစ်မှာ မတရားတာမရှိတဲ့ ...
ဒါ နှလုံးသား မဲ့ သူရဲ့ နိုင်ငံတော်မှာ
စစ်ဆိုတာ
ဆံ သုံး ဆံ
ရံ သုံး ရံ ပြည့် မှ ခင်း ရ သတဲ့..
အချစ်မှာတော့...
မင်း မှ မင်း မို့
အနိုင်အရှုံး မကြည့်
အနီးအဝေး မရှိ
အချစ်ဟာ ချစ်နေဘို့သာလို တယ်မဟုတ်လား...နွေ...။
အချစ်ရေ....
ဦးအောင်ဇေယျ စစ်တိုက် ထွက်တဲ့အခါ သစ္စာပြု သလိုပေါ့
"ငါသာသနာ ပို ပြုနိုင်က ငါနိုင်စေ” ဆိုသလို
အချစ်အပေါ်ဖြစ်ဖြစ်
စစ်အပေါ် ဖြစ်ဖြစ်
ငါတို့နိုင်ငံတော်အပေါ် ဖြစ်ဖြစ်
ပို ချစ်တတ်သူ တို့ သာ နိုင်ပါစေ...
ငါ သစ္စာပြု ပါ ရဲ့....။
( "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့
ပန်းတော်ဆက် ရဲ့ "ငါတို့၏သစ္စာ" ကဗျာကို People's Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။ အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ -
https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။)

Facebook
The Call - ခေါ်သံ
The Call - ခေါ်သံ . 54,240 likes · 450 talking about this. News & media website
👍34❤14🤮2