People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍44🔥2
(MSFC ၏ နိုင်ငံ‌ရေးဦးဆောင်မှုဖြင့် တိုက်ပွဲဝင်နေသည့် မွန်တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRF)
👍38🔥2
အင်းလေးတောင်ပိုင်း၌ PNO ပြည်သူ့စစ်အဖွဲ့က အဓမ္မတပ်သားစုဆောင်းနေ

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများ၌ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်၍ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာနှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ဟူရမ်းကျေးရွာမှ ၁၁ဦးနှင့် စံကားလွယ်ခေါ် ကျေးရွာမှ ၁၀​ဦးကို PNO က ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

"အိမ် တစ်အိမ်ကို ရှစ်သိန်းခွဲကောက်တယ်။ အိမ်တိုင်းကောက်တယ်။လူငယ်တွေက မသွားချင်ကြဘူး။ ပအိုဝ်းရွာကလူတွေ မဲနှိုက်ကြရတယ်။မသွားမနေရဆိုတော့ ရွာမှာ သွားနိုင်တဲ့သူကိုပိုက်ဆံပေးငှားရတယ်။လူငှားထည့် သလိုမျိုးပေါ့။ အင်းထဲကလူငယ်တွေ အစစအရာရာ ဂရုစိုက်ကြပါ။အဆင်ပြေရင် အချိန်မီရှောင်ကြပါ"ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။

PNO ပြည်သူ့စစ်သည် စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်းမှ စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေသည်ဟု ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားသည်။

အပြစ်မဲ့ပြည်သူလူထုအား စစ်ပွဲအတွင်းအတင်းအဓမ္မဆွဲသွင်းပြီး ကျေးရွာများတွင် မသွားမနေရစစ်သားကောက်ယူခြင်းနှင့် သေနတ်ဝယ်ယူရန်ဟုဆိုကာ ငွေကြေးကောက်ခံနေသည့် PNOကို အင်းလေး လူထုအဖွဲ့အစည်းများက မကြာသေးမီရက်ပိုင်းကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။

"စခတွေက လက်နက်တွေ ပေးတော့ အဲဒီလက်နက်ခဲယမ်းတွေအလိုက် PNOက လူရှာပေးရတယ်။အခုလည်း အင်းလေးတောင်ပိုင်းမှာဆို ၂၀၀လောက်ပါသွားပြီ"ဟု ညောင်ရွှေမြို့နယ်နေသူက ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၇ရက်)ကလည်း တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်တပ်က PNO ပြည်သူ့စစ်အဖွဲ့အား လက်နက်တပ်ဆင်‌ပွဲပြုလုပ်ခဲ့သည်။
🤬26👎12👍82🗿1
👎20🤬14🖕84👍2
(PNO ပြည်သူ့စစ်အဖွဲ့မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - PNO)
💩11👍10👎73🖕1
ရေဦးမြို့နယ်တွင် ရွာပေါင်း ၂၀ကျော်မှ ‌ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေ၍ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေသည်။

ဖေဖော်ဝါရီ ၁၂ရက်မှ ယနေ့အထိ ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးနယ်အနောက်ခြမ်းဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေ၍ ငြုတ္တုံ၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ အင်ပထိုး၊ စည်သာမြေ၊ ဖလံဂုဏ်၊ ထန်းဘဲလှ၊ ငှက်ပျောတော၊ ရွာမိဿာ၊ မူးဆုံ၊ အောင်သာ၊ မစိုးရိမ်၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ထန်းပင်ကုန်း စသည့်ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။

"ခလရ(၇၁)နဲ့ ခမရ(၇၀၈) ခွေးဘီလူးစစ်ကြောင်းပါပဲ။ အင်အားက ၈၀ကျော်ပါတယ်။"ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ရက်ရှည်စစ်ရှောင်နေရ၍ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေ၍ မလောက်ငှမှုများ တွေ့ကြုံနေရကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ဘေးလွတ်ရာကျေးရွာအသီးသီးမှ ထမင်းထုပ်များလက်ကမ်းဆင့် ပို့ပေးပါရန်နှင့် စစ်ရှောင်ပြည်သူများအား လက်ခံကြိုဆိုပေးကြရန် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။

ထိုစစ်ကြောင်းက တောင်ကုန်းရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနှံ့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ဇန်နဝါရီလ ၁၂ ရက်က ထုတ်ပြန်ထားသည်။
😢33👍9🔥1
😢44👍62
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့)
👍19😢13🤮1
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့များက ကာကွယ်ကူညီမှု လုပ်ဆောင်ဖို့ MSFCတိုက်တွန်း

စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်တဲ့ ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားဖို့ တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ သမိုင်းတစ်လျှောက်မှာ မကြုံစဖူး အရေးနိမ့်မှုများဖြစ်နေပြီး ၎င်းတို့ရဲ့ အင်အားချိနဲ့နေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေ(စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်း အကောင်အထည်ဖော်တာလို့ ဖော်ပြပါတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူများ အဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ရယူနိုင်ဖို့ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချဖို့ စီမံခြင်းသာဖြစ်တယ်လို့ MSFCက ဆိုပါတယ်။

◾️အင်းလေးတောင်ပိုင်းမှာ PNO ပြည်သူ့စစ်အဖွဲ့က တပ်သား အဓမ္မစုဆောင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများမှာ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်ကာ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာမှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ ဟူရမ်းကျေးရွာမှ ၁၁ဦးနဲ့ စံကားလွယ်ခေါ် ကျေးရွာမှ ၁၀​ဦးကို PNO က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်း စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားပါတယ်။

◾️တော်လှန်​ရေးတပ်ဖွဲ့များရဲ့ ထိုးစစ်ကို တားဆီးဖို့ စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်​နေ

ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ AA တပ်များ ကုန်းလမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မအီတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ခုခံစစ်ကို တစ်ဆင့်ချင်း ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ကုန်းလမ်းများမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများကို ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။

◾️လှိုင်သာယာ ရပ်ကွက်ရုံးနှစ်ခုအနီး ဗုံးများဆက်တိုက် ပေါက်ကွဲ

ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနဲ့ (၉)ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့မှာ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက (၁၂)ရပ်ကွက်နဲ့ (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနဲ့ ဖားအံလမ်း လမ်းဆုံတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

◾️မိုးမိတ်ရှိနေအိမ်များကို စစ်တပ်က မူးယစ်ဆေးသုံးစွဲသူများကို မီးရှို့ဖျက်ဆီးခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲနေသူများကို ဆိုင်ကယ်များပေးကာ ဒေသခံများရဲ့ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးခိုင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။ မိုးမိတ်မြို့မှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ လက်ခုပ်တန်းနဲ့ ဟော်နန်းရပ်ကွက်များရှိပြီး ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်တိုင်းမှာ အပျက်အစီးအလွန်များပြားခဲ့ပါတယ်။ တိုက်ပွဲများရပ်တန့် သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ မူးယစ်ဆေးသုံးစွဲနေသူများက ပြည်သူများရဲ့ နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။

◾️ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
👍252🔥1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နဲ့ ဒေသခံ တစ်ဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၄၂၅)နဲ့ (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ပစ်ခတ်မှုကြောင့် ထမ်းယံရွာမှ (၆)လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရတယ်လို့ PNLA က အသိပေးပါတယ်။

◾️ရေဦးမြို့နယ်မှာ ရွာပေါင်း ၂၀ကျော်မှ ‌ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ရက်မှ ဒီနေ့အထိ ရေဦးမြို့မှထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရေဦးနယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ရက်ရှည်စစ်ရှောင်နေရလို့ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေကာ မလောက်ငှမှုများ တွေ့ကြုံနေရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
👍29🔥2
👍28😢73🔥1