စစ်တောင်းတံတားရှိ စစ်ကောင်စီတပ် ဗုံးသီးချတိုက်ခိုက်ခံရ
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူးတံတား အထိုင်ချထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၇)နံနက် ၆နာရီခန့်က ရေတာရှည်နယ် ကျွဲရိုင်းပြင်ကျေးရွာ စစ်တောင်းမြစ်ကူးတံတားတွင် ခံစစ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။
"(တံတားဂိတ်ရှိ စစ်ကောင်စီတပ်အင်အား)ပုံမှန်မရှိပါဘူးဗျ။ ဗုံးသီး ၂ ဒဿမ ၅(2.5) ခြောက်လုံး၊ သုံးခေါက်သွားကြဲခဲ့ပါတယ်"ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက တိုက်ခိုက်မှုအခြေအနေကို People's Spring သို့ ပြောသည်။
တိုက်ခိုက်မှုမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ် ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရသေးသော်လည်း တော်လှန် ရေးအင်အားစုဘက်မှ အထိခိုက်မရှိ အောင် မြင်စွာ ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။
အထက်ပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ် ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ (၄)၊ တပ်ခွဲ (၃)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးသည့် နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းဖော်ပြပေးသွားမည်ဟု ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်အား တောင်ငူခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ခလရ(၇၃)တပ်ရင်းနှင့် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းနှင့် ရှား စေးလိုစခန်းတို့ကို KNLA၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ(၁)နှင့်(၂)၊ တော်ဝင်ဒေါင်း၊ နွေ ဦးစစ်သည်တော်များ၊ တောကျီးကန်း၊ အာဠဝက၊ ရန်ကုန်မြောက်ပိုင်းခရိုင်(ပကဖ)နှင့် BPLA စသည့်ပူးပေါင်းတပ်များက ဖေဖော်ဝါ ရီ ၇ ရက်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ် ခလရ (၇၃)တပ်ဝန်းရှိ တပ်မှူးအိမ်ကိုပါ တော်လှန်းရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ အထိနာခဲ့ရာ လက်နက်ကြီးအပါအဝင် လေကြောင်းပစ်ကူအကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးကာ ၅၀ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့နောက် ဇရပ်ကြီးနှင့် အနီးဝန်းကျင်ကျေး ရွာများမှ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများပျက်စီးခြင်း၊ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရသူ များပြားခြင်း၊ ထွက်ပြေးလာသူများကို စစ်ကောင်စီတပ်က ပိတ်ဆို့ခြင်းနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းများရှိခဲ့ရာ ပြည်သူထိခိုက်နင့်နာမှုများကြောင့် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ စစ်ဆင်ရေးကို ရပ်နားခဲ့သည်။

👍44❤6👏2🔥1
(ပုဝါနီစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုဝါနီစစ်ကြောင်း)
👍38❤1🔥1👏1
မိုးမိတ်ရှိနေအိမ်များကို စစ်တပ်က မူးယစ်ဆေးသုံးစွဲသူများအား မီးရှို့ဖျက်ဆီးခိုင်း
နန်းနောင့်နောင့်/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကမူးယစ်ဆေးသုံးစွဲနေသူများအား ဆိုင်ကယ်များပေး၍ ဒေသခံများ၏နေအိမ်များအား လိုက်လံမီးရှို့ဖျက်ဆီးခိုင်းနေကြောင်း သတင်းရရှိသည်။
"တော်လှန်ရေးအဖွဲ့တွေ ပြန်ထွက်သွားပြီးကတည်းက မိုးမိတ်မြို့ပေါ်ကို စစ်တပ်ကတပ်စွဲထားတာ။ ဘိမ်းစားတွေကို ဆိုင်ကယ်တွေအလကားပေးပြီး အိမ်တွေကို မီးရှို့ခိုင်းတယ်။ ဆိုင်ကယ်တွေကလည်း အိမ်တွေထဲကနေ ဆွဲထုတ်သွားတာ။ အိမ်တော်တော်များများကိုမီးရှို့ထားတယ်"ဟု စစ်ဘေးရှောင်နေရသည့် မိုးမိတ်မြို့ခံတစ်ဦးက ပြောသည်။
မိုးမိတ်မြို့တွင် တောင်ပိုင်း၊မြောက်ပိုင်း၊လက်ခုပ်တန်းနှင့် ဟော်နန်းရပ်ကွက်များရှိပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်တိုင်း၌ အပျက်အစီးအလွန်များပြားခဲ့ကြောင်း၊ တိုက်ပွဲများရပ်တန့် သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးသုံးစွဲနေသူများက ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။
"တမြို့လုံး အကောင်းမရှိတော့ဘူး။ လူသေတာတွေလည်း များတယ်။ အရေအတွက်ကို မသိနိုင်အောင် ဖြစ်နေပြီ။ ဘယ်သူမှလည်း ပြန်မဝင်ရဲဘူး"ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမိုးမိတ်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF၊ PDFများနှင့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ဇန်နဝါရီ ၁၈ရက်နံနက်မှစ၍ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲပထမနေ့တွင် စစ်ကောင်စီ၏ အာသံကျေးရွာဂိတ်စခန်း၊ ရွှေဇာလီဂိတ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ဇန်နဝါရီ ၂၀ရက်တွင် ရဲစခန်းကို သိမ်းယူခဲ့သည်။
ဇန်နဝါရီ၂၄ရက်မှစ၍ တိုက်ပွဲများငြိမ်တက်သွားပြီး ရပ်အနည်းငယ်အကြာတွင် တော်လှန်ရေးအင်အားစုများပြန်လည် ဆုတ်ခွာသွားခဲ့သည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီကအင်အားအများအပြားတိုးချထားပြီး အရပ်သားများအားပစ်ခတ်သတ်ဖြတ်မှုများ၊ နေအိမ်များအားဖျက်ဆီးမှုများ ပြုလုပ်နေခြင်းဟု သတင်းရရှ်ိသည်။
မြို့ခံများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအခါ စစ်ဘေးရှောင်ကာလ တစ်လခန့်ရှိလာပြီဖြစ်သည်။

😡47👍9🤬5😢3❤1
(မိုးမိတ်မြို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ -CJ)
😡32👍4🤬4❤1😢1
စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ရန်နှင့် တော်လှန်ရေးအဖွဲ့များက ကာကွယ်ကူညီမှု လုပ်ဆောင်ရန် မွန်အဖွဲ့တိုက်တွန်း
ဟန်နွေ/People’s Spring
စစ်ကောင်စီထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဆန့်ကျင်ရန်နှင့် စစ်ကောင်စီကို တော်လှန်နေသော တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားရန်တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ယနေ့ အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေထုတ်ပြန်လာခြင်းခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ MSFCက ထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် သမိုင်းတစ်လျှောက်တွင် မကြုံစဖူး အရေးနိမ့်မှုများဖြစ်နေပြီး ၎င်းတို့၏ အင်အားချိနဲ့နေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေ(စစ်မှုမထမ်းမနေရ ဥပဒေ)ကို အတင်းအကြပ် အသက်သွင်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ထိုသို့ အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုသည့် လူပုဂ္ဂိုလ်မှန်သမျှနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်သည့် ပြည်သူ့ရန်သူများ အဖြစ် သတ်မှတ်၍ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီသည် နိုင်ငံအနှံ့လက်နက်ကိုင်ခုခံတော်လှန်မှုများ ပြင်းထန်နေချိန် စစ်စခန်းအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်း၊ ထိန်းချုပ်နယ်မြေအချို့ လက်လွှတ်ခဲ့ရခြင်းများ ကြုံတွေ့နေရပြီး စစ်ရေးအရ အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ပြည်သူလူထုအပေါ် ခြိမ်းခြောက် အကြပ်ကိုင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သည်အင်အား ဖြည့်ဆည်းနိုင်ရန် စီမံခြင်းသာဖြစ်သည်ဟုဆိုသည်။
စစ်ကောင်စီက ၎င်းတို့၏ အာဏာနှင့်ကိုယ်ကျိုးစီးပွားကို အကာအကွယ်ရယူနိုင်ရန် ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချရန် စီမံခြင်းသာဖြစ်သည်ဟု ဖော်ပြသည်။
စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ဖယ်ရှားရေး၊ လက်တွဲညီညီ စစ်ကောင်စီအုပ်စုကို အမြစ်ဖြတ် ချေမှုန်းနိုင်မှသာ ပြည်သူ့တို့၏ အသက်၊အိုးအိမ်၊စည်းစိမ် လုံခြုံမှုနှင့် လွတ်လပ်မှုရရှိနိုင်မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။
တိမ်းရှောင်လာသည့် မွန်ပြည်နယ်မှလူငယ်များ မွန်လူငယ်များအနေဖြင့် တော်လှန်ရေးတပ် များတွင် ဝင်ရောက်တာဝန်ယူနိုင်ပြီး တော်လှန်ရေးအကျိုးပြုလုပ်ငန်းများကို ထမ်းဆောင် နိုင်ကြောင်းလည်း MSFCက အသိပေးပြီး လုံခြုံရေးအနေဖြင့် တတ်စွမ်းသမျှ တာဝန်ယူ ပေးသွားမည်ဖြစ်သည်ဟု ဖော်ပြသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေ ပြည်သူ့များရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲအကြပ်အတည်းအရပ်ရပ်ကို ရုန်းထွက်နိုင်ရန် ပြည်သူလူထုတရပ်လုံးနှင့်အတူရပ်တည်ပြီး မွန်ပြည်သူလူထုများမှလည်း တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ပေးကြပါရန် တိုက်တွန်းသည်။
အရွယ်ရောက်ပြီးသူ ပြည်သူများအနေဖြင့် စစ်ကောင်စီကို တော်လှန်နေကြသည့် တော်လှန်ရေး အင်းအားစုများနှင့် အတူတကွပူးပေါင်းဆောင်ရွက်သွားကြရန်လည်း MSFCက တိုက်တွန်းခဲ့သည်။

👍51🤮2
(MSFC ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် တိုက်ပွဲဝင်နေသည့် မွန်တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - MSRF)
👍38🔥2
အင်းလေးတောင်ပိုင်း၌ PNO ပြည်သူ့စစ်အဖွဲ့က အဓမ္မတပ်သားစုဆောင်းနေ
ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများ၌ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်၍ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာနှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ဟူရမ်းကျေးရွာမှ ၁၁ဦးနှင့် စံကားလွယ်ခေါ် ကျေးရွာမှ ၁၀ဦးကို PNO က ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
"အိမ် တစ်အိမ်ကို ရှစ်သိန်းခွဲကောက်တယ်။ အိမ်တိုင်းကောက်တယ်။လူငယ်တွေက မသွားချင်ကြဘူး။ ပအိုဝ်းရွာကလူတွေ မဲနှိုက်ကြရတယ်။မသွားမနေရဆိုတော့ ရွာမှာ သွားနိုင်တဲ့သူကိုပိုက်ဆံပေးငှားရတယ်။လူငှားထည့် သလိုမျိုးပေါ့။ အင်းထဲကလူငယ်တွေ အစစအရာရာ ဂရုစိုက်ကြပါ။အဆင်ပြေရင် အချိန်မီရှောင်ကြပါ"ဟု အင်းလေးဒေသခံတစ်ဦးက ပြောသည်။
PNO ပြည်သူ့စစ်သည် စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်း၍ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်းမှ စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေသည်ဟု ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားသည်။
အပြစ်မဲ့ပြည်သူလူထုအား စစ်ပွဲအတွင်းအတင်းအဓမ္မဆွဲသွင်းပြီး ကျေးရွာများတွင် မသွားမနေရစစ်သားကောက်ယူခြင်းနှင့် သေနတ်ဝယ်ယူရန်ဟုဆိုကာ ငွေကြေးကောက်ခံနေသည့် PNOကို အင်းလေး လူထုအဖွဲ့အစည်းများက မကြာသေးမီရက်ပိုင်းကလည်း အပြင်းအထန် ကန့်ကွက်ခဲ့သည်။
"စခတွေက လက်နက်တွေ ပေးတော့ အဲဒီလက်နက်ခဲယမ်းတွေအလိုက် PNOက လူရှာပေးရတယ်။အခုလည်း အင်းလေးတောင်ပိုင်းမှာဆို ၂၀၀လောက်ပါသွားပြီ"ဟု ညောင်ရွှေမြို့နယ်နေသူက ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၇ရက်)ကလည်း တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်တပ်က PNO ပြည်သူ့စစ်အဖွဲ့အား လက်နက်တပ်ဆင်ပွဲပြုလုပ်ခဲ့သည်။

🤬26👎12👍8❤2🗿1
(PNO ပြည်သူ့စစ်အဖွဲ့မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - PNO)
💩11👍10👎7❤3🖕1
ရေဦးမြို့နယ်တွင် ရွာပေါင်း ၂၀ကျော်မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေ၍ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေသည်။
ဖေဖော်ဝါရီ ၁၂ရက်မှ ယနေ့အထိ ရေဦးမြို့မှထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဦးနယ်အနောက်ခြမ်းဘက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေ၍ ငြုတ္တုံ၊ မုတ်စီ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ မဲအိုး၊ ဖလံဂုဏ်၊ အင်ပထိုး၊ စည်သာမြေ၊ ဖလံဂုဏ်၊ ထန်းဘဲလှ၊ ငှက်ပျောတော၊ ရွာမိဿာ၊ မူးဆုံ၊ အောင်သာ၊ မစိုးရိမ်၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ ထန်းပင်ကုန်း စသည့်ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောသည်။
"ခလရ(၇၁)နဲ့ ခမရ(၇၀၈) ခွေးဘီလူးစစ်ကြောင်းပါပဲ။ အင်အားက ၈၀ကျော်ပါတယ်။"ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ရက်ရှည်စစ်ရှောင်နေရ၍ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေ၍ မလောက်ငှမှုများ တွေ့ကြုံနေရကြောင်း အဆိုပါအဖွဲ့က ပြောသည်။
ဘေးလွတ်ရာကျေးရွာအသီးသီးမှ ထမင်းထုပ်များလက်ကမ်းဆင့် ပို့ပေးပါရန်နှင့် စစ်ရှောင်ပြည်သူများအား လက်ခံကြိုဆိုပေးကြရန် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။
ထိုစစ်ကြောင်းက တောင်ကုန်းရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံအနှံ့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်ဦးရေ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ဇန်နဝါရီလ ၁၂ ရက်က ထုတ်ပြန်ထားသည်။

😢33👍9🔥1
(ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ- ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့)
👍19😢13🤮1
“ညနေခင်းသတင်းလွှာ”
ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။
◾️စစ်မှုထမ်းဥပဒေကို ပြည်သူများဆန့်ကျင်ဖို့နဲ့ တော်လှန်ရေးအဖွဲ့များက ကာကွယ်ကူညီမှု လုပ်ဆောင်ဖို့ MSFCတိုက်တွန်း
စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လိုအပ်တဲ့ ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားဖို့ တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ သမိုင်းတစ်လျှောက်မှာ မကြုံစဖူး အရေးနိမ့်မှုများဖြစ်နေပြီး ၎င်းတို့ရဲ့ အင်အားချိနဲ့နေချိန် ပြည်သူ့စစ်မှုထမ်းဥပဒေ(စစ်မှုမထမ်းမနေရဥပဒေ)ကို အတင်းအကြပ် အသက်သွင်း အကောင်အထည်ဖော်တာလို့ ဖော်ပြပါတယ်။ အဲဒီလို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူများ အဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားရမယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ ၎င်းတို့ရဲ့ အာဏာနဲ့ ကိုယ်ကျိုးစီးပွားကို အကာအကွယ်ရယူနိုင်ဖို့ ပြည်သူကို လူသားဒိုင်းအဖြစ် အသုံးချဖို့ စီမံခြင်းသာဖြစ်တယ်လို့ MSFCက ဆိုပါတယ်။
◾️အင်းလေးတောင်ပိုင်းမှာ PNO ပြည်သူ့စစ်အဖွဲ့က တပ်သား အဓမ္မစုဆောင်းနေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများမှာ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်ကာ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ လတ်တလောစာရင်းများအရ ထီရီးကျေးရွာမှ ၁၅ ဦး၊ ထီဟန်းတားကျေးရွာမှ ခုနစ်ဦး၊အောင်ချမ်းသာကျေးရွာမှ ငါးဦး၊ ဟူရမ်းကျေးရွာမှ ၁၁ဦးနဲ့ စံကားလွယ်ခေါ် ကျေးရွာမှ ၁၀ဦးကို PNO က ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ PNO ပြည်သူ့စစ်ဟာ စစ်ကောင်စီနှင့် တရားဝင်ပူးပေါင်းကာ တော်လှန်ရေးအင်အားစုများကို ပြန်လည်ခုခံနေပြီး ၎င်းတို့နယ်မြေအတွင်း စစ်ကောင်စီအတွက် စစ်သားကောက်ပေးနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုများက အသိပေးထားပါတယ်။
◾️တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိုးစစ်ကို တားဆီးဖို့ စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်နေ
ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ရပ်ဟာ AA တပ်များ ကုန်းလမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ မအီတံတားကို မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်ကွဲမှုပြင်းအားကြောင့် မအီမြို့အထက်တန်းကျောင်း အပါအဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ခုခံစစ်ကို တစ်ဆင့်ချင်း ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ကုန်းလမ်းများမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေဖို့အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများကို ဖောက်ခွဲဖျက်ဆီးတဲ့လုပ်ငန်းများ လုပ်ဆောင်နေတယ်လို့ AAက ထုတ်ပြန်ပါတယ်။
◾️လှိုင်သာယာ ရပ်ကွက်ရုံးနှစ်ခုအနီး ဗုံးများဆက်တိုက် ပေါက်ကွဲ
ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနဲ့ (၉)ရပ်ကွက်ရုံးအနီးမှာ ဒီနေ့ ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံပြည်သူများက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့မှာ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက (၁၂)ရပ်ကွက်နဲ့ (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနဲ့ ဖားအံလမ်း လမ်းဆုံတို့ကို ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
◾️မိုးမိတ်ရှိနေအိမ်များကို စစ်တပ်က မူးယစ်ဆေးသုံးစွဲသူများကို မီးရှို့ဖျက်ဆီးခိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးသုံးစွဲနေသူများကို ဆိုင်ကယ်များပေးကာ ဒေသခံများရဲ့ နေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးခိုင်းနေတယ်လို့ ဒေသခံများက ပြောပါတယ်။ မိုးမိတ်မြို့မှာ တောင်ပိုင်း၊ မြောက်ပိုင်း၊ လက်ခုပ်တန်းနဲ့ ဟော်နန်းရပ်ကွက်များရှိပြီး ဇန်နဝါရီလတိုက်ပွဲများအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်တိုင်းမှာ အပျက်အစီးအလွန်များပြားခဲ့ပါတယ်။ တိုက်ပွဲများရပ်တန့် သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ မူးယစ်ဆေးသုံးစွဲနေသူများက ပြည်သူများရဲ့ နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံများက ပြောပါတယ်။
◾️ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

👍25❤2🔥1
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နဲ့ ဒေသခံ တစ်ဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၄၂၅)နဲ့ (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ပစ်ခတ်မှုကြောင့် ထမ်းယံရွာမှ (၆)လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရတယ်လို့ PNLA က အသိပေးပါတယ်။
◾️ရေဦးမြို့နယ်မှာ ရွာပေါင်း ၂၀ကျော်မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်၊ စားနပ်ရိက္ခာအခက်အခဲတွေ့နေ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ရက်မှ ဒီနေ့အထိ ရေဦးမြို့မှထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရေဦးနယ်အနောက်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေလို့ ကျေးရွာပေါင်း ၂၄ ရွာမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ရက်ရှည်စစ်ရှောင်နေရလို့ ပြည်သူများ စားသောက်နေထိုင်ရေး အခက်အခဲများရှိနေပြီး စစ်ရှောင်ပြည်သူများပြားနေကာ မလောက်ငှမှုများ တွေ့ကြုံနေရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

👍29🔥2