တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကိုတားဆီးရန်
စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်နေ
▪︎ရသေ့တောင်၌ တိုက်ပွဲဆက်ဖြစ်၊ ရမ်းဗြဲကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ မြို့ကို ဆက်တိုက်ဖျက်ဆီးနေဟု AA ထုတ်ပြန်
ရှိုင်း/People’s Spring
ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်သည် AA တပ်များကုန်လမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ဟုဖော်ပြခဲ့သည်။
ဖေဖော်ဝါရီလ (၁၆) ရက်ညတွင်မအီမြို့အနီးရှိ မအီတံတား ၊ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးရှိ ကျောက်ကြီးပေါက်တံတား အား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။
“မအီတံတား”အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်
ကွဲမှုပြင်းအားကြောင့် မအီမြို့အထက် တန်းကျောင်း အပါ
အဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ဟုသိရသည်။
"AAက စစ်တပ်ကားကို ကြားဖြတ်တိုက်သေးတယ်။ စစ်သားနဲ့ ရဲတချို့ မအီကနေ ဆုတ်သွားပြီး ချိုးသွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။
တစ်ပြိုင်နက်တည်းတွင် ခုခံစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်အား ကုန်းလမ်းများမှနေ၍ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအား ဖောက်ခွဲဖျက်ဆီးသည့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိဟု AAက ထုတ်ပြန်သည်။
" ဇီးဇံတောင်ဗျူဟာမှာ စစ်ကောင်စီဟာ ခံစစ်အခိုင်အမာပြင်ဆင်နေပုံရတယ်။ တဖက်ကလည်း AA ဟာ ဇီးဇံတောင်ဗျူဟာကို မဖြစ်မနေသိမ်းမယ့်အခြေအနေမှာရှိတယ်။ ဇီးဇံတောင်ဗျူဟာကို သိမ်းရင် စစ်တပ်က ကလိန်တောင်မြစ်နဲ့ သံဇစ်မြစ်ထဲက နေဗီတွေနဲ့ ပစ်ပါလိမ့်မယ်။ ဇီးဇံတောင်အောက်ခြေက မြို့ဟာလည်း လက်နက်ကြီး ပစ်ကွင်းထဲမှာ ရှိနေတာပါ။ ဒါကြောင့် မအီမြို့ဟာ လက် ရှိ အခြေအနေမှာ လုံးဝနေလို့မရနိုင်တဲ့အနေအထားပါ"ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။
ထိုသို့လုပ်ဆောင်မှုများကို ရက္ခိုင်ပြည်နယ်၌ သာမက ရှမ်းမြောက်ဒေသနှင့် အခြားသောနေရာများ၌ပါ ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့ဟု ဖော်ပြသည်။စစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်းတို့နှင့် ဖြစ်ပွားလျက်ရှိသောစစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်ဟု AAက ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်
ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းတံတားများ မှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးအားထားသွားလာနေရသည့် တံတား များ ဖြစ်ကြောင်း ဖော်ပြသည်။
စစ်ကောင်စီသည် ကချင်၊ကရင်၊ ပအိုဝ်း ဒေသများ၌လည်း ထိုသို့ လမ်းတံတားများဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသားတပ်များက အသိပေးထားသည်။
AA အနေဖြင့် ကချင်ပြည်နယ် မံစီမြို့နယ်တိုက်ပွဲအခြေ
အနေ အကျဉ်းကိုလည်း ထုတ်ပြန်အသိပေးသည်။
မံစီ မြို့နယ်၌ မဟာမိတ် KIA နှင့် ပူးပေါင်း၍ စစ်ကောင်
စီ၏ "စီခမ်းကြီးစခန်း"အား ဖေဖော်ဝါရီလ (၁၇) ရက် မနက်မှစတင် ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်းအပြင်အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ စီခမ်းကြီးရွာမှ ပြည်သူ ၅ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီ၏ စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။
ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် AAတို့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲ အသေးစိတ် အခြေအနေများ မသိရသေးဟု ထုတ်ပြန်သည်။
ထို့ပြင် ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းက ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရမ်းဗြဲမြို့အား ယမန်နေ့တွင် Mi-35 စစ်ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် လာရောက် တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။ ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ ရန်သူ့နေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု ဆိုသည်။
လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့ကတိုက်ပွဲ သတင်းဖော်ပြရာ
ရှမ်းမြောက်ဒေသ၌ လတ်တလောအခြေအနေအရ တိုက်ပွဲများ ငြိမ်သက်နေခဲ့သော်လည်း ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ပြည်နယ် မြို့နယ်အချို့နှင့် နေရာသစ်တချို့တွင်ပါ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။

👍32🤬13❤4😡1
စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့သောကျောက်ကြီးပေါက်တံတားကိုတွေ့ရစဥ်။ဓါတ်ပုံ-CJ
🤬40👍8👎1🔥1😡1
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
မောင်မောင်/People's Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နှင့် ဒေသခံ၁ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ရက်)ညပိုင်းတွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၂၅)နှင့် (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ည ၉ နာရီအချိန် ၎င်းတို့ တပ်အတွင်း၌ လက်နက်ငယ်များကို တဖက်သတ် ပစ်ဖောက်ခဲ့ပြီးနောက် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုသို့ပစ်ခတ်ခဲ့၍ ထမ်းယံရွာမှ (၆)လသားအရွယ်ကလေးငယ်တစ်ဦးနှင့် ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။
အဆိုပါ ကျေးရွာများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တည်ရှိသည့်နေရာလည်းမဟုတ်သကဲ့သို့ PNLA တပ်စွဲထားခြင်းလည်း မရှိကြောင်း၊ လူထုကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးသည်။
"အခုစစ်ကောင်စီဟာ အလုံးစုံဖျက်စီးရေးဆိုတဲ့အတိုင်း စစ်မနိုင်တိုင်း ကြွက်မနိုင်၊ ကျီမီးရှို့သလိုမျိုး စစ်မနိုင်တော့ လူထုကို ရန်သူလို့သတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေဟာ စစ်သားစိတ်မရှိတဲ့ အကြမ်းဖက်သမားတွေသာဖြစ်တာကြောင့် ဒီလို ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာဖြစ်ပါတယ်"ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ထို့အပြင် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လုံခြုံရေးအတွက် သတိထားနေထိုင်ကြရန်လည်း ခွန်ရိန်းယံက တိုက်တွန်းသည်။
စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ယမ်နေ့တွင် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

🤬31👍11😡2🔥1😢1
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😢22🤬6👍4😡3🔥1
လှိုင်သာယာမြို့နယ် (၁၂)နှင့် (၉)ရပ်ကွက်ရုံးအနီး ဗုံးများဆက်တိုက် ပေါက်ကွဲ
သုည/People's Spring
ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနှင့် (၉)ရပ်ကွက်ရုံးအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈) နံနက်က ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့ နံနက် ၅ နာရီခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
"မနက်က ၅ နာရီလောက်မှာ ဗုံးပေါက်သံတွေ ဆက်တိုက်ကြားရတယ်။ ၁၀ မိနစ်ခြား တစ်ခါလောက်ကို တောက်လျှောက်ပေါက်တာပါ။ မြေကြီးတွေတောင် တုန်သွားသလို ခံစားလိုက်ရတယ်။ ပေါက်တာကတော့ (၁၂)ရပ်ကွက်ရုံးနဲ့ (၉) ရပ်ကွက်ရုံး နားတွေမှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်တာ ရှိ၊မရှိတော့ သေချာမသိရဘူး။ စစ်ကား၊ ရဲကားတွေတော့ တောက်လျှောက်ပတ် စစ်နေပါတယ်"ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။
ယင်းပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ် ကောင်စီဝင်များက (၁၂)ရပ်ကွက်နှင့် (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနှင့် ဖားအံလမ်း လမ်းဆုံတို့အား ပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၃ ဧပြီ ၁၃ ရက်ကလည်း လှိုင် သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား နှစ်ဦးနှင့် ရာအိမ်မှူး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

👍46👏2🔥1
ပုံစာ - လှိုင်သာယာမြို့အဝင် ဆိုင်းဘုတ်အား မြင်တွေ့ရစဉ်။ (ပုံအဟောင်းအသုံးပြုထားသည်)
👍31🔥2
အာဏာသိမ်း စစ်တပ်ရဲ့ အင်အားပြုန်းတီးမှုတွေကို ထင်ဟပ်မြင်သာလာစေတဲ့ စစ်မှုထမ်း ဥပဒေ
-People's Spring
စစ်မှုထမ်း ဥပဒေကို အသည်းအသန် အသက်သွင်းလိုက်ခြင်းဟာ တော်လှန်ရေး အင်အားစုတွေနဲ့ နှစ်ရှည်လများ တိုက်ပွဲတွေ ဆင်နွှဲနေရတဲ့ မြန်မာစစ်တပ်အပေါ် ထိခိုက်သက်ရောက်မှုတွေ ဘယ်လောက်တောင် ကြီးမားနေသလဲ ဆိုတာကို မြင်သာစေတဲ့ အထောက်အထား တစ်ခုလို့ လေ့လာသူတွေ၊ သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တွေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ တစ်ဦးက အသီးသီး မှတ်ချက် ပေးခဲ့ကြပါတယ်။
တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကလို့ ဆန့်ကျင်ဖက် နယ်ခြားဒေသဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နား တဝိုက်ထိ ဒေသတွေမှာ ထိန်းချုပ်နယ်မြေတွေ အများအပြား ဆုံးရှုံးနေခဲ့တဲ့ အချိန်မှာ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်တာ ဖြစ်ပါတယ်။ စစ်တပ်ဟာ အော်ပရေးရှင်း ၁၀၂၇ လို့ နာမည်ပေးထားပြီး တိုင်းရင်းသား လက်နက်
ကိုင် အင်အားစုတချို့ စတင် အကောင်အထည် ဖော်ခဲ့တဲ့ စစ်ဆင်ရေးကြီး စတင်ခဲ့ရာ အောက်တိုဘာလနောက်ပိုင်း တောက်လျှောက်နီးပါး အရှုံးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
“သေချာတာကတော့ စစ်တပ်ဟာ လူအင်အား နည်းသွားတဲ့ဒဏ်ကို အလူးအလဲ ခံနေရတယ်။ ဒါကြောင့်လည်း အခုလိုမျိုး ပြည်သူတွေကို စစ်ထဲ ဆွဲသွင်းမယ့် ဥပဒေမျိုးကို သမိုင်းတလျှောက် ပထမဆုံးအကြိမ် ပြဋ္ဌာန်းရတာ ဖြစ်ပါတယ်”လို့ Crisis Groupရဲ့ မြန်မာ့ရေးရာ အကြီးတန်း အကြံပေး ရစ်ချတ် ဟော်ဆေးက မှတ်ချက် ပေးခဲ့ပါတယ်။
Reuters သတင်းဌာနက အခုကိစ္စအတွက် စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်မှု မရခဲ့ပါဘူး။ စစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ ဒီမိုကရေစီ အရပ်သား အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ချိန် ကတည်းက တစ်စထက်တစ်စ ပိုမို ကျယ်ပြန့်လာနေတဲ့ လက်နက်ကိုင် တော်လှန်ရေးကို ရင်ဆိုင်နေရပါတယ်။ စစ်တပ်က တော်လှန်ရေး တပ်ဖွဲ့တွေဟာ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းမှုကို ဖျက်ဆီးနေတဲ့ အကြမ်းဖက် အုပ်စုတွေလို့ စွပ်စွဲထားပါတယ်။
စစ်တပ်က ဧပြီလမှာ စတင်မယ်လို့ ပြောထားတဲ့ စစ်မှုမထမ်းမနေရ စနစ်အရ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားတွေနဲ့ အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အမျိုးသမီးတွေဟာ အနည်းဆုံး ၂ နှစ် စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ ဆရာဝန်တွေ အပါအဝင် ကျွမ်းကျင် ပညာရှင်လို့ သတ်မှတ်ထားတဲ့ သူတွေအတွက် အသက် ကန့်သတ်ချက်ကတော့ ၄၅ နှစ်ထိ မြင့်တက်သွားပြီး အနိမ့်ဆုံး စစ်မှုထမ်း ကာလကလည်း ၃ နှစ် ဖြစ်လာပါတယ်။ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ကာလမျိုးမှာ စစ်မှုထမ်း ကာလကို ၅ နှစ်ထိ မြှင့်တင်နိုင်မယ်လို့လည်း စစ်တပ် ထိန်းချုပ်ထားတဲ့ အစိုးရ မီဒီယာတွေက ကြေညာသွားပါတယ်။
United States Institute of Peace (USIP)ရဲ့ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးရဲမျိုးဟိန်းက စစ်တပ်ရဲ့ တပ်ရင်းတွေဟာ တင်းပြည့်ကျပ်ပြည့် ဖွဲ့စည်းပုံအရ စစ်သည်အင်အား ၂၀၀ လောက် ရှိရမှာ ဖြစ်ပေမယ့် အများစုဟာ အဲဒီ အရေအတွက်ရဲ့ ထက်ဝက် ပြည့်ဖို့တောင် ရုန်းကန်နေရတယ်လို့ သုံးသပ်ပါတယ်။ “တပ်အင်အားတင် မကဘဲ အရာရှိ အရေအတွက်ကလည်း သိသိသာသာ ကျဆင်းလာနေတာ ဖြစ်ပါတယ်”လို့ သူက Reutersကို ပြောပါတယ်။
“နောက်ပြီးတပ်တွေရဲ့ ဖွဲ့စည်းပုံ မပြည့်မီတာ၊ အင်အား မလုံလောက်တာတွေကြောင့် ဗိုလ်မှူးချုပ် အဆင့်လောက်ထိ အရာရှိတွေပါ တိုက်ပွဲကျတာတွေ ပိုပြီး အဖြစ်များလာနေခဲ့ပါတယ်”လို့ သူက ထောက်ပြခဲ့တယ်။
မနှစ်တုန်းက ဦးရဲမျိုးဟိန်းက မြန်မာစစ်တပ်မှာ တိုက်ခိုက်ရေး တပ်အင်အား ၇၀၀၀၀ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ဖူးတယ်။ အဲဒါကလည်း တပ်ပြေးတွေနဲ့ အလင်းဝင်လာသူတွေရဲ့ ပြောပြမှုတွေ၊ စစ်တပ်ရဲ့ မှတ်တမ်းမှတ်ရာတွေ၊ ထိခိုက်သေဆုံးမှု စာရင်းတွေကို ဆန်းစစ်ထားတာတွေအပေါ် အခြေခံပြီး သုံးသပ်ထားတာ ဖြစ်ပါတယ်။
ဗြိတိန် အခြေစိုက် Jane’s Intelligence ကုမ္ပဏီရဲ့ လုံခြုံရေးဆိုင်ရာ သုတေသီ တစ်ဦးဖြစ်တဲ့ အန်သိုနီ ဒေးဗစ်ကတော့ ၂၀၂၁ ခုနှစ်မှာ တော်လှန်ရေး အင်အားစုတွေရဲ့ ခန့်မှန်း အင်အားက ၇၅၀၀၀ လောက် ရှိခဲ့နိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။
မျက်မှောက် ကာလမှာတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုသစ်တွေ အလျှိုအလျှို ထွက်ပေါ်လာခြင်းနဲ့အတူ တော်လှန်ရေး တပ်သားအင်အားဟာ ပိုလို့တောင် တိုးပွားလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
တပ်မတော်လို့ ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ထားတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကတော့ အခုနှစ်ပိုင်းတွေအတွင်း တပ်အင်အားကို လူသိရှင်ကြား မကြေညာခဲ့ပါဘူး။
အမေရိကန် စစ်တပ်မှာ စစ်မှုထမ်းခဲ့ဖူးပြီး မြန်မာ့အရေး ဆန်းစစ်လေ့လာသူ ဖြစ်လာတဲ့ ဒေါ်မီမီဝင်းဘတ်ကတော့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စစ်တပ်ကို စွန့်ခွာပြီး တော်လှန်ရေးဖက် အလင်းဝင်သူ ဦးရေဟာ တရိပ်ရိပ် မြင့်တက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ စစ်တပ်ထဲက တပ်ရင်းမှူးတွေ၊ တပ်ကို ကိုယ်တိုင်စွန့်ခွာ ထွက်ပြေးလာသူတွေရဲ့ ပြောကြားချက်တွေကို ကိုးကားထားတဲ့ မှတ်ချက်လည်း ဖြစ်ပါတယ်။

👍43🤣4❤3
“မြန်မာစစ်တပ်က နွမ်းနယ်နေပြီ။ ပြီးတော့ စိတ်ဓာတ်လည်း ကျနေပြီ”လို့ ဒေါ်မီမီဝင်းဘတ်က ဆိုတယ်။ လူအင်အားတင် မကဘဲ ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေလို အခြေခံ လိုအပ်ချက်တွေပါ ပြတ်လပ်မှုတွေ ကြုံနေရပြီလို့လည်း သူက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တော်လှန်ရေး အင်အားစုတွေဖက် ကူးပြောင်းလာပြီး အခုဆိုရင် တပ်ထဲက ထွက်ပြေးချင်တဲ့ စစ်သားတွေကို ကူညီပေးနေတဲ့ ဗိုလ်ကြီးဟောင်း ထက်မြက်ကတော့ အခုဆိုရင် တချို့ တပ်ရင်းတွေဟာ အင်အား ၁၃၀ လောက်သာ ကျန်တော့တယ်လို့ ပြောပါတယ်။ သူက ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းခဲ့တာကို စက်ဆုပ်လို့ ပြည်သူ့ဖက်ကို အလင်းဝင်ခဲ့တာလို့ ရှင်းပြပါတယ်။
စစ်မြေပြင်မှာ ခါးသီးတဲ့ ရှုံးနိမ့်မှုတွေ ဆက်တိုက် ကြုံနေရခြင်းက မကြုံစဖူး အခြေအနေအဖြစ် စစ်တပ် ထောက်ခံသူတွေထဲမှာတောင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ဦးစီးချုပ် အဖြစ်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ရှိလာခဲ့ပါတယ်။
အခုတော့ စစ်တပ်ဟာ စစ်မှု မထမ်းမနေရ အမိန့်ကို အသက်သွင်းပြီး ပြည်သူတွေကို တပ်ထဲ ဆင့်ခေါ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီနည်းလမ်းကြောင့် တပ်အင်အားကို ရုတ်တရက် အရှိန်အဟုန်နဲ့ ဖြည့်တင်းဖို့ ဘယ်လိုမှ မလွယ်လောက်ဘူးလို့ Crisis Groupရဲ့ ဟော်ဆေးက ဆိုပါတယ်။ “လူသစ်တွေကို အင်အား အလုံးအရင်းနဲ့ တပြိုင်တည်း သေချာ စနစ်တကျ လေ့ကျင့်ပေးဖို့ စုစည်းကိုင်တွယ်နိုင်စွမ်းမျိုးလည်း တပ်ထဲမှာ လုံးဝမရှိဘူး”လို့ သူက ထောက်ပြခဲ့ပါတယ်။
စစ်မှုထမ်း ဥပဒေထဲ အကျုံးဝင်နိုင်သူ တစ်ဒါဇင်လောက်နဲ့ Reutersက ဆက်သွယ် မေးမြန်းကြည့်ခဲ့တဲ့အခါ တပ်ထဲ ဝင်မယ့်အစား နိုင်ငံကနေပဲ ထွက်ပြေးမယ်လို့ ဖြေခဲ့ကြပါတယ်။ သူတို့အားလုံးက လုံခြုံရေး စိတ်မချရတဲ့အတွက် နာမည်တွေတော့ ထုတ်ပြောဖို့ ငြင်းဆိုခဲ့ကြပါတယ်။
လက်ရှိ အင်အားအရ စစ်တပ်ဟာ စစ်မျက်နှာ ပေါင်းစုံမှာ တော်လှန်ရေး အင်အားစုတွေကို ထိထိရောက်ရောက် ဖြန့်ကျက် တိုက်ခိုက်နိုင်ဖို့ လုံလောက်မှု မရှိတော့ဘူးလို့ Griffith Asia Instituteရဲ့ ဧည့်ပါမောက္ခ အန်ဒရူးဆဲ့လ်သ်က ဒီဇင်ဘာလမှာ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ကောက်ချက် ချထားပါတယ်။
“သူတို့ရဲ့ တပ်အင်အား ဘယ်လောက်ထိ ပါးလျလာနေပြီလဲ ဆိုတာကို စစ်ဗိုလ်ချုပ်တွေလည်း သိလာပါပြီ။ နောက်ပြီး တစ်ကြိမ်တည်းမှာ အဓိက စစ်ပွဲကြီး တစ်ခုထက်ပိုပြီး တိုက်ရတာမျိုးကလည်း ဘယ်လောက် ခက်ခဲသလဲဆိုတာ သူတို့ သဘောပေါက်ကြပါတယ်”လို့ မြန်မာ့ အရေး၊ အထူးသဖြင့် စစ်မက် အခြေအနေတွေကို ဆယ်စုနှစ်တွေနဲ့ချီ စောင့်ကြည့် လေ့လာခဲ့တဲ့ ဆဲ့လ်သ်က ပြောပါတယ်။
“လေတပ်သုံးနိုင်တာ၊ သံချပ်ကာ ယာဉ်တွေနဲ့ လက်နက်ကြီးတွေ ရှိနေတာတွေက စစ်တပ်အတွက် သေချာပေါက် အားသာချက်တွေပေါ့။ ဒါပေမဲ့ ခြေလျင်တပ်တွေကသာ နယ်မြေတွေကို ပြန်ထိန်းချုပ် သိမ်းယူဖို့၊ ဒေသခံတွေအပေါ် လွှမ်းမိုးနိုင်ဖို့ စွမ်းဆောင်နိုင်တဲ့ တစ်ခုတည်းသော အရင်းအမြစ်တွေ ဖြစ်ပါတယ်”လို့ သူက ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်မှာလည်း ရက္ခိုင့်တပ်တော် (AA)ဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေပြီး အနည်းဆုံး မြို့ ၅ ခုလောက်ကို ထိန်းချုပ် သိမ်းယူထားနိုင်ပြီလို့ AAက ကြေညာထားပါတယ်။ နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးနေရတာနဲ့ ပတ်သက်ပြီး စစ်တပ်ကတော့ လူသိရှင်ကြား ဘာဖြေရှင်းမှုမှ မရှိခဲ့ပါဘူး။
“ရခိုင်က စစ်ပွဲတွေအတွက် တပ်ကူတွေလည်း စစ်တပ်က ထပ်မပို့နိုင်တော့ဘူး”လို့ AAရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက Reutersရဲ့ ဖုန်းဆက်သွယ် မေးမြန်းမှုမှာ ဖြေကြားခဲ့ပါတယ်။ “တစ်နည်းအားဖြင့် သူတို့မှာ အင်အား မလုံလောက်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ”လို့ သူက ဆက်ပြောခဲ့ပါတယ်။
(Reuters သတင်းဌာန၏ Myanmar junta's conscription plan lays bare toll of fighting rebels ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

👍47🤣2
စစ်တောင်းတံတားရှိ စစ်ကောင်စီတပ် ဗုံးသီးချတိုက်ခိုက်ခံရ
ကျော်ဇော/People's Spring
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူးတံတား အထိုင်ချထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်သည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၇)နံနက် ၆နာရီခန့်က ရေတာရှည်နယ် ကျွဲရိုင်းပြင်ကျေးရွာ စစ်တောင်းမြစ်ကူးတံတားတွင် ခံစစ်ယူတပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ သည်။
"(တံတားဂိတ်ရှိ စစ်ကောင်စီတပ်အင်အား)ပုံမှန်မရှိပါဘူးဗျ။ ဗုံးသီး ၂ ဒဿမ ၅(2.5) ခြောက်လုံး၊ သုံးခေါက်သွားကြဲခဲ့ပါတယ်"ဟု ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက တိုက်ခိုက်မှုအခြေအနေကို People's Spring သို့ ပြောသည်။
တိုက်ခိုက်မှုမှာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ် ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရသေးသော်လည်း တော်လှန် ရေးအင်အားစုဘက်မှ အထိခိုက်မရှိ အောင် မြင်စွာ ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။
အထက်ပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် ရိုးမစစ် ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ (၄)၊ တပ်ခွဲ (၃)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးသည့် နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စုံစမ်းဖော်ပြပေးသွားမည်ဟု ပုဝါနီစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်အား တောင်ငူခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ ခလရ(၇၃)တပ်ရင်းနှင့် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းနှင့် ရှား စေးလိုစခန်းတို့ကို KNLA၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ(၁)နှင့်(၂)၊ တော်ဝင်ဒေါင်း၊ နွေ ဦးစစ်သည်တော်များ၊ တောကျီးကန်း၊ အာဠဝက၊ ရန်ကုန်မြောက်ပိုင်းခရိုင်(ပကဖ)နှင့် BPLA စသည့်ပူးပေါင်းတပ်များက ဖေဖော်ဝါ ရီ ၇ ရက်တွင် တပြိုင်နက်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ် ခလရ (၇၃)တပ်ဝန်းရှိ တပ်မှူးအိမ်ကိုပါ တော်လှန်းရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီဘက်မှ အထိနာခဲ့ရာ လက်နက်ကြီးအပါအဝင် လေကြောင်းပစ်ကူအကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးကာ ၅၀ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့နောက် ဇရပ်ကြီးနှင့် အနီးဝန်းကျင်ကျေး ရွာများမှ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများပျက်စီးခြင်း၊ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ရသူ များပြားခြင်း၊ ထွက်ပြေးလာသူများကို စစ်ကောင်စီတပ်က ပိတ်ဆို့ခြင်းနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ခြင်းများရှိခဲ့ရာ ပြည်သူထိခိုက်နင့်နာမှုများကြောင့် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ စစ်ဆင်ရေးကို ရပ်နားခဲ့သည်။

👍44❤6👏2🔥1
(ပုဝါနီစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ပုဝါနီစစ်ကြောင်း)
👍38❤1🔥1👏1