People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
28👍21🔥3
မံစီတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ပြည်သူ ၆ဦးထက်မနည်းသေဆုံး

ဆန်အောင်/People’s Spring

ကချင်ပြည်နယ် မံစီမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ဒေသခံပြည်သူ ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ် ဂျယ်ခမ်း စစ်ကောင်စီဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၇ရက် နံနက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ဂျယ်ခမ်းရွာထဲကို စကစ လေယာဉ် ဗုံးကြဲတာ ပြည်သူ ၅ဦးသေသွားတယ်။ သံတံတားရွာမှာလည်း ဗုံးကြဲတာ ပြည်သူတစ်ဦးသေတယ်"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ ၁၄ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

KIA ပူးပေါင်းတပ်၏ စခန်းသိမ်းတိုက်ပွဲမှာလည်း ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည် ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲများ ဖြစ်ပွားပါက မြေပြင်စစ်ကူပေးနိုင်ခြင်းမရှိတော့ဘဲ လေကြောင်းတိုက်ခိုက်မှုများသာ ပြုလုပ်နေရသည်။ ထိုသို့ တိုက်ခိုက်ရာ၌ အရပ်သားပြည်သူများနေထိုင်ရာများကိုပါ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ကို ဒေသအသီးသီး၌ တွေ့ရပြီး စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
😢1514👍8🤬8🥰1👏1
👍18🔥1
မုံရွာမြို့နယ်တွင် ကျောက်စစ်ပုံအမြှောက်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့၍ ပြည်သူ ၅ဦးဒဏ်ရာရ

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို ကျောက်စစ်ပုံအမြှောက်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၇ ရက်)နေ့လယ် ၁ နာရီခန့်က မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာသို့ လက်နက်ကြီးကျည်များကျရောက်ပြီး ပြည်​သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

"ကျောက်စစ်ပုံအမြှောက်တပ်ကနေ လက်နက်ကြီး ၇ လုံးပစ်တာ။ ပြည်သူ့ရွာတွေဘက်ကို သေချာပစ်တာ"ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။

ထို့အပြင် နေအိမ်တစ်လုံးလည်းပျက်စီးပြီး အိမ်မွေးတိရိစ္ဆာန် နွားနှင့်ကြက် ၅ ကောင်ထက် မနည်းသေဆုံးကြောင်း မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က ပြောသည်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းကလည်း ထီးတော်တင်ကျေးရွာ၌ စစ်တပ်ကဝင်ရောက်ပစ်ခတ်၍ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

မုံရွာဝန်းကျင်၌ စစ်တပ်က လက်နက်ကြီးဖြင့်အကြောင်းမဲ့ပစ်ခတ်နေ၍ ပြည်သူထိခိုက်သေဆုံးမှု လစဥ်နီးပါးရှိနေသည်။

ဖေဖော်ဝါရီ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ မုံရွာမြို့နယ်၊ ထနောင်းတော (တောင်)ရွာရှိ လက်ဖက်ရည်ဆိုင်သို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသားလေးဦး သေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။
🤬30👍4😡21😢1
🤬17👍15👏2😡1
(စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာရပ်ကွက်ကင်းထောက်များ)
👍17🤬8👏2😡1
တော်လှန်​ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကိုတားဆီးရန်
စစ်ကောင်စီတပ် တံတားဖျက်ဆီးမှု ပိုလုပ်​နေ

︎ရသေ့တောင်၌ တိုက်ပွဲဆက်ဖြစ်၊ ရမ်းဗြဲကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ မြို့ကို ဆက်တိုက်ဖျက်ဆီးနေဟု AA ထုတ်ပြန်

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်သည် AA တပ်များကုန်လမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ဟုဖော်ပြခဲ့သည်။

ဖေဖော်ဝါရီလ (၁၆) ရက်ညတွင်မအီမြို့အနီးရှိ မအီတံတား ၊ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးရှိ ကျောက်ကြီးပေါက်တံတား အား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။

“မအီတံတား”အား မိုင်းဖောက်ခွဲဖျက်ဆီးခဲ့စဉ် မိုင်းပေါက်
ကွဲမှုပြင်းအားကြောင့် မအီမြို့အထက် တန်းကျောင်း အပါ
အဝင် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ဟုသိရသည်။

"AAက စစ်တပ်ကားကို ကြားဖြတ်တိုက်သေးတယ်။ စစ်သားနဲ့ ရဲ‌တချို့ မအီကနေ ဆုတ်သွားပြီး ချိုးသွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

တစ်ပြိုင်နက်တည်းတွင် ခုခံစစ်ကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပြင်ဆင်နေသောစစ်ကောင်စီသည် ရက္ခိုင့်တပ်တော်အား ကုန်းလမ်းများမှနေ၍ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန်အပြင် အခြားယုတ်မာသောရည်ရွယ်ချက်များကို အကောင်အထည်ဖော်သောအနေဖြင့်လည်း တံတားများအား ဖောက်ခွဲဖျက်ဆီးသည့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိဟု AAက ထုတ်ပြန်သည်။

" ဇီးဇံတောင်ဗျူဟာမှာ စစ်ကောင်စီဟာ ခံစစ်အခိုင်အမာပြင်ဆင်နေပုံရတယ်။ တဖက်ကလည်း AA ဟာ ဇီးဇံတောင်ဗျူဟာကို မဖြစ်မနေသိမ်းမယ့်အခြေအနေမှာရှိတယ်။ ဇီးဇံတောင်ဗျူဟာကို သိမ်းရင် စစ်တပ်က ကလိန်တောင်မြစ်နဲ့ သံဇစ်မြစ်ထဲက နေဗီတွေနဲ့ ပစ်ပါလိမ့်မယ်။ ဇီးဇံတောင်အောက်ခြေက မြို့ဟာလည်း လက်နက်ကြီး ပစ်ကွင်းထဲမှာ ရှိနေတာပါ။ ဒါကြောင့် မအီမြို့ဟာ လက် ရှိ အ​ခြေအနေမှာ လုံးဝနေလို့မရနိုင်တဲ့အနေအထားပါ"ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။

ထိုသို့လုပ်ဆောင်မှုများကို ရက္ခိုင်ပြည်နယ်၌ သာမက ရှမ်းမြောက်ဒေသနှင့် အခြားသောနေရာများ၌ပါ ခပ်စိပ်စိပ်လုပ်ဆောင်လာခဲ့ဟု ဖော်ပြသည်။စစ်ကောင်စီ အနေဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်းတို့နှင့် ဖြစ်ပွားလျက်ရှိသောစစ်ပွဲတိုင်းတွင် ရှုံးနိမ့်နေသည်များ ပေါ်လွင်နေခြင်းပင် ဖြစ်ဟု AAက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်လည်း စစ်တွေ-ရန်ကုန်
ကားလမ်းမပေါ်အနီး အမြင့်ကျွန်းကျေးရွာနားရှိ စစ်တွေမြို့အဝင် မင်းချောင်း (ခေါ်) အမြင့်ကျွန်းတံတားကိုလည်း စစ်ကောင်စီမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းတံတားများ မှာ အရပ်သားပြည်သူများမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် အဓိကအားကိုးအားထားသွားလာနေရသည့် တံတား များ ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ကချင်၊ကရင်၊ ပအိုဝ်း ဒေသများ၌လည်း ထိုသို့ လမ်းတံတားများဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသားတပ်များက အသိပေးထားသည်။

AA အနေဖြင့် ကချင်ပြည်နယ် မံစီမြို့နယ်တိုက်ပွဲအခြေ
အနေ အကျဉ်းကိုလည်း ထုတ်ပြန်အသိပေးသည်။

မံစီ မြို့နယ်၌ မဟာမိတ် KIA နှင့် ပူးပေါင်း၍ စစ်ကောင်
စီ၏ "စီခမ်းကြီးစခန်း"အား ဖေဖော်ဝါရီလ (၁၇) ရက် မနက်မှစတင် ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခြင်းအပြင်အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၍ စီခမ်းကြီးရွာမှ ပြည်သူ ၅ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။


စစ်ကောင်စီ၏ စခန်းအား အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

ရက္ခိုင်ပြည်နယ် ရသေ့တောင်မြို့မြောက်ဘက်၊ ခနောင်းကြီးကျေးရွာအနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီ၏ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆) တပ်ရင်းနှင့် AAတို့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲ အသေးစိတ် အခြေအနေများ မသိရသေးဟု ထုတ်ပြန်သည်။

ထို့ပြင် ရမ်းဗြဲမြို့အား အလုံးစုံပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ဖေဖော်ဝါရီလဆန်းကတည်းက ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရမ်းဗြဲမြို့အား ယမန်နေ့တွင် Mi-35 စစ်ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် လာရောက် တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။ ထို့အပြင် ကလိန်တောင်မြစ်ထဲရှိ ရန်သူ့နေဗီ သင်္ဘောမှလည်း မြို့ပေါ်ရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ဟု ဆိုသည်။

လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အမှတ် (၄) ကင်းတဲရပ်ကွက်ရှိ လူနေအိမ် (၆၀) ကျော်ခန့် မီးလောင်ပျက်စီးခဲ့ရသည့်အပြင် နေအိမ် အများအပြားမှာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ကတိုက်ပွဲ သတင်းဖော်ပြရာ
ရှမ်းမြောက်ဒေသ၌ လတ်တလောအခြေအနေအရ တိုက်ပွဲများ ငြိမ်သက်နေခဲ့သော်လည်း ရက္ခိုင်ဒေသတွင်မူ ရက္ခိုင့်တပ်‌တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ပြည်နယ် မြို့နယ်အချို့နှင့် နေရာသစ်တချို့တွင်ပါ တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။
👍32🤬134😡1
စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ
🤬40👍8👎1🔥1😡1
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်အပါအဝင် အရပ်သား နှစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

မောင်မောင်/People's Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နှင့် ဒေသခံ၁ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၇ရက်)ညပိုင်းတွင် ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ၏ ခမရ (၄၂၅)နှင့် (၄၂၆)တပ်က တိုက်ပွဲအတု ဖန်တီးပြီး ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များသည် ယမန်နေ့ည ၉ နာရီအချိန် ၎င်းတို့ တပ်အတွင်း၌ လက်နက်ငယ်များကို တဖက်သတ် ပစ်ဖောက်ခဲ့ပြီးနောက် ထမ်းယံကျေးရွာနှင့် ထီတမ်ကျေးရွာကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ပစ်ခတ်ခဲ့၍ ထမ်းယံရွာမှ (၆)လသားအရွယ်ကလေးငယ်တစ်ဦးနှင့် ထီတမ်ရွာမှ ဒေသခံအမျိုးသားတစ်ဦး စုစုပေါင်း နှစ်ဦး သေဆုံးပြီး ဒေသခံပြည်သူ ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူလူထု နေအိမ်များလည်း ပျက်စီးခဲ့ရကြောင်း ဖော်ပြသည်။

အဆိုပါ ကျေးရွာများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တည်ရှိသည့်နေရာလည်းမဟုတ်သကဲ့သို့ PNLA တပ်စွဲထားခြင်းလည်း မရှိကြောင်း၊ လူထုကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးသည်။

"အခုစစ်ကောင်စီဟာ အလုံးစုံဖျက်စီးရေးဆိုတဲ့အတိုင်း စစ်မနိုင်တိုင်း ကြွက်မနိုင်၊ ကျီမီးရှို့သလိုမျိုး စစ်မနိုင်တော့ လူထုကို ရန်သူလို့သတ်မှတ်ပြီး တိုက်ခိုက်သတ်ဖြတ်နေတာဖြစ်ပါတယ်။ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေဟာ စစ်သားစိတ်မရှိတဲ့ အကြမ်းဖက်သမားတွေသာဖြစ်တာကြောင့် ဒီလို ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေတာဖြစ်ပါတယ်"ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် လုံခြုံရေးအတွက် သတိထားနေထိုင်ကြရန်လည်း ခွန်ရိန်းယံက တိုက်တွန်းသည်။

စစ်ကောင်စီနှင့် ပြည်သူ့စစ်များသည် ယမ်နေ့တွင် မဲနယ်တောင်ဒေသ ကျောက္ကဆျား၊လုံးဟီး၊ စငေါ ကျေးရွာဘက်သို့လည်း လက်နက်ကြီး အချက်ပေါင်း ၁၀၀ကျော် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။
🤬31👍11😡2🔥1😢1
😢36😡9👍2🤬2🔥1
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နေအိမ်များထိခိုက်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
😢22🤬6👍4😡3🔥1
လှိုင်သာယာမြို့နယ် (၁၂)နှင့် (၉)ရပ်ကွက်ရုံးအနီး ဗုံးများဆက်တိုက် ပေါက်ကွဲ

သုည/People's Spring

ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနှင့် (၉)ရပ်ကွက်ရုံးအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈) နံနက်က ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

ယနေ့ နံနက် ၅ နာရီခန့်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနှင့် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

"မနက်က ၅ နာရီလောက်မှာ ဗုံးပေါက်သံတွေ ဆက်တိုက်ကြားရတယ်။ ၁၀ မိနစ်ခြား တစ်ခါလောက်ကို တောက်လျှောက်ပေါက်တာပါ။ မြေကြီးတွေတောင် တုန်သွားသလို ခံစားလိုက်ရတယ်။ ပေါက်တာကတော့ (၁၂)ရပ်ကွက်ရုံးနဲ့ (၉) ရပ်ကွက်ရုံး နားတွေမှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်တာ ရှိ၊မရှိတော့ သေချာမသိရဘူး။ စစ်ကား၊ ရဲကားတွေတော့ တောက်လျှောက်ပတ် စစ်နေပါတယ်"ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

ယင်းပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် စစ် ကောင်စီဝင်များက (၁၂)ရပ်ကွက်နှင့် (၉) ရပ်ကွက်ကြား စုဆောင်းရေးဝင်းအနီး ခုံးတံတားပေါ်၊ စစ်ကိုင်းလမ်းနှင့် ဖားအံလမ်း လမ်းဆုံတို့အား ပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

အဆိုပါဗုံးပေါက်ကွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၂၃ ဧပြီ ၁၃ ရက်ကလည်း လှိုင် သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား နှစ်ဦးနှင့် ရာအိမ်မှူး တစ်ဦးဒဏ်ရာရရှိခဲ့သည်။
👍46👏2🔥1
👍41🔥2