People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍4924🥰3🤮3🤣1
ကျောက်ဖြူ နှင့် မအီမြို့ကြားရှိ တံတားနှစ်စင်းကို စစ်ကောင်စီမိုင်းခွဲဖျက်ဆီး ၊ ဇီးဇံတောင်ဗျူဟာကုန်း တွင် စစ်​ကောင်စီတပ် ခံစစ်ပြင်​နေ

ရွှေပြည်စိုး/People's Spring

ရက္ခိုင့်တပ်တော်(AA) ၏ တိုက်ခိုက်မှုခံရပြီးနောက်ဆုတ်ခွာ
သွားသည့်စစ်ကောင်စီတပ်က ကျောက်ဖြူနှင့်မအီမြို့ကြား
ရှိ အဓိကတံတားနှစ်စင်းကို မိုင်းခွဲဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူနှင့်မအီမြို့ကြားရှိ မအီတံတားကို စစ်ကောင်စီ
တပ်က ဖေဖော်ဝါရီလ ၁၆ ရက်ည ၉ နာရီခန့်တွင် ဖောက်ခွဲဖျက်ဆီးသွားပြီး ကျောက်ကြီးပေါက်တံတားကိုလည်းဖေဖော်ဝါရီလ ၁၇ ရက်နံနက်ပိုင်း၌ ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့​ကြောင်းဒေသခံများကပြောသည်။

"မအီရဲစခန်းက စစ်ကောင်စီတပ်သားတွေ မနေ့ညနေကတည်းက မအီတံတားအောက်ကို ဝင်နေကြတာ။ ညမှ တံတားကို မိုင်းဖောက်ခွဲပြီး ချိုးတာ။ အဲ့မတိုင်ခင်မှာ AAက စစ်တပ်ကားကို ကြားဖြတ်တိုက်သေးတယ်။ စစ်သားနဲ့ ရဲ‌
တချို့ မအီကနေ ဆုတ်သွားပြီး ချိုးသွားတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

AA နှင့် နီးစပ်သည့်သတင်းရင်းနှင့်တစ်ဦးက " မနေ့က ညမှာပဲ မအီ-ကျောက်ဖြူလမ်းပိုင်းက ကျောက်ကြီးပေါက်တံတားကိုလည်း ထပ်ပြီးတော့ ချိုးပစ်ခဲ့သေးတယ်" ဟု ပြောသည်။

မအီတံတားသည် ပေ ၁၀၀၀ ခန့်ရှည်ပြီး ၊ကျောက်ကြီးပေါက်တံတားသည် ပေ ၄၀၀ ခန့်ရှိပြီး ဒေသတွင်း အဓိကဆက်သွယ်‌ ရေးလမ်းပေါ်၌တည်ရှိသည်။

မအီမြို့မှ စစ်ကောင်စီစခန်းအချို့ကို AAက ဖေဖော်ဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့သည်။ထို​နောက် ​ဖေ​ဖော်ဝါရီ ၁၅ ရက်နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်အချို့ကို စက်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ညဘက်တွင် အဆိုပါတံတားနှစ်စင်းအား ဖောက်
ခွဲဖျက်ဆီးသွားခြင်းဟု AA သတင်းရင်းမြစ်ကပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည်မအီမြို့ ရှိဇီးဇံတောင်ဗျူဟာကုန်းသို့ အင်အားဖြေတင်းနေပြီး လက်နက်
ကြီးများလည်းပြင်ဆင်ထားကြောင်း စုံစမ်းသိရသည်။

" ဇီးဇံတောင်ဗျူဟာမှာ စစ်ကောင်စီဟာ ခံစစ်အခိုင်အမာပြင်ဆင်နေပုံရတယ်။ တဖက်ကလည်း AA ဟာ ဇီးဇံတောင်ဗျူဟာကို မဖြစ်မနေသိမ်းမယ့်အခြေအနေမှာရှိတယ်။ ဇီးဇံတောင်ဗျူဟာကို သိမ်းရင် စစ်တပ်က ကလိန်တောင်မြစ်နဲ့ သံဇစ်မြစ်ထဲက နေဗီတွေနဲ့ ပစ်ပါလိမ့်မယ်။ ဇီးဇံတောင်အောက်ခြေက မြို့ဟာလည်း လက်နက်ကြီး ပစ်ကွင်းထဲမှာ ရှိနေတာပါ။ ဒါကြောင့် မအီမြို့ဟာ လက် ရှိ အ​ခြေအနေမှာ လုံးဝနေလို့မရနိုင်တဲ့အနေအထားပါ"ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။
👍2915😁1
စစ်​ကောင်စီတပ် မိုင်းခွဲဖျက်ဆီးခဲ့​သောကျောက်ကြီးပေါက်တံတားကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ
🔥14🤬14👍5👎4
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မံစီရှိ စစ်ကောင်စီဗျူဟာတပ်စခန်းတစ်ခုကို KIA၊ AAနဲ့ KPDF ပူးပေါင်းထိုးစစ်ဆင်

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဂျယ်ခမ်း(စီခန်းကြီး)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းအဖွဲ့က ဒီနေ့မနက်က စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ပူးပေါင်းအဖွဲ့ရဲ့ ထိုးစစ်ဆင်မှုကို စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ရာ ဂျက်ဖိုက်တာဖြင့် ၁၄ ကြိမ် ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေပိုင်းအထိ စစ်ရေးပြင်းထန်နေဆဲဖြစ်ပြီး အဲဒီတပ်စခန်းမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခလရ(၁၅)၊ ခလရ(၁၂၁)၊ ခလရ(၂၇၆)နဲ့ ခလရ(၂၂၃) တပ်များပူးပေါင်းတပ်စွဲတယ်လို့ သိရပါတယ်။

◾️ရှားတောမြို့အသိမ်းခံရပြီးနောက် စစ်ကောင်စီ ရှေ့တန်းစခန်းနှစ်ခု ဆုတ်ခွာသွား၊ ရဟတ်ယာဉ်များဖြင့် သယ်ထုတ်သွားဟုဆို

ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီရဲ့ တပ်စခန်းနှစ်ခု ဆုတ်ခွာသွားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက်ရှိ စစ်ကောင်စီရဲ့ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်တဲ့ ဟွေအွန်တပ်စခန်းနဲ့ ကျားပါးစပ်ကြီး တပ်စခန်းတို့ဟာ ဖေဖော်ဝါရီ ၁၃ရက်မှာ စခန်းများကို စွန့်ခွာသွားတာပါ။ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်များဟာ ဖေဖော်ဝါရီ ၁၂ရက် မနက်ပိုင်းက ရှားတောမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ရှားတောမြို့သိမ်းတိုက်ပွဲကာလ တစ်လခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၁၆၀ ဦးကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ KNDFက ဖော်ပြပါတယ်။

◾️IEC က ဒီးမော့ဆို-မော်ချီး-မယ်စဲ့ယာဥ်လိုင်း စတင်​ပြေးဆွဲ

ကရင်နီ​ပြည်မှာ တော်လှန်​ရေးအဖွဲ့များထိန်းချုပ်​ဒေသများတိုးလာပြီး​နောက် ဒီးမော့ဆို-မော်ချီး-မယ်စဲ့ယာဥ်လိုင်းကို ကရင်နီပြည်ကြားကာလအုပ်ချုပ်​ရေးကောင်စီ(IEC)က စတင်ပြေးဆွဲနေပြီလို့ ထုတ်ပြန်ပါတယ်။ IEC ရဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနရဲ့ သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းပြေးဆွဲတာလို့ သိရပါတယ်။ IEC သယ်ယူပို့ဆောင်ရေးဌာနခွဲမှ ယာဥ်လိုင်းတာဝန်ရှိသူများကိုလည်း ပူးတွဲထုတ်ပြန်ခဲ့ပြီး ညွှန်ကြားရေးမှူးအဖြစ် သံချောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် တိမ်တိုက်၊ တူ့တူနဲ့ ဦးစီးမှူးအဖြစ် ရန်ပြုံး(နိုနို့)တို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

◾️ရွှေကျင်မြို့နယ် နှစ်ရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် လေးဦးသေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်တပ်မဟာ(၃)နယ်မြေ ဆောထိ(ရွှေကျင်)မြို့နယ်မှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၃ရက်က စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်များ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ပူးပေါင်းတပ်မှ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားစဉ် ပိန်းဇလုပ် အခြေစိုက် ခလရ(၂၆၄)တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့လို့ ဂွင်းကုန်းကျေးရွာ၊ ပုဇွန်မြောင်း၊ အင်းဝိုင်းကျေးရွာနဲ့ ညောင်ပင်ကြီးရွာဟောင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ရက်မှာလည်း စစ်ကောင်စီရဲ့ ခမရ-၂၀ကို KNLA လက်အောက်ခံ တပ်ဖွဲ့များနဲ့ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ ပူးပေါင်းတပ်မှ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

◾️မောင်တော ဗောဓိကုန်းစခန်းကို AA သိမ်းပိုက်၊ ရသေ့တောင်မြို့နယ် တိုက်ပွဲများမှာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ရက္ခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗောဓိကုန်းတပ်စခန်းကို မနေ့မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့​တယ်လို့ ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီ ၁၅ရက် မနက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးအမြောက်အများ ပစ်ခတ်တိုက်ခိုက်မှုများကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။ ရန်သူ့အလောင်း(၁၄)လောင်းအပါအဝင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ အနီး တောင်ကြောမှာ စစ်ကောင်စီ တပ်ရဲ့ ခမရ (၅၃၆) တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️ဖာပွန်ခရိုင် ဒီလဝက်တိုက်ပွဲများအတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ် ၁၇ဦးသေဟု KNU အသိပေး
👍28🔥6😁1
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင်မှာ အခု ဖေဖော်ဝါရီလဝက်အတွင်း တိုက်ပွဲပေါင်း ၄၅ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့တယ်လို့ KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်ပါတယ်။ လဝက်တိုက်ပွဲများမှာ စစ်ကောင်စီဘက်က ၁၇ဦးသေဆုံးကာ ၃၉ဦး ဒဏ်ရာရရှိခဲ့ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)ဘက်မှ ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်မှ သေဆုံးသူတွေထဲ တပ်ခွဲမှူးအဆင့် အရာရှိတစ်ဦးပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခု စခန်းစွန့် ခွာ ရုတ်သိမ်းသွားခဲ့တယ်လို့ KNU က အသိပေးပါတယ်။

◾️ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ဖို့လာတဲ့ PDF ရဲဘော်နှစ်ဦးသတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ အောက်တောင်ကိုင်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်စဥ် ပိတ်မိနေတဲ့ ပြည်သူများကို ကယ်ထုတ်ဖို့လာတဲ့ PDF ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက မတ္တရာမြို့ပေါ်နဲ့ မြို့နယ်ရှိ ရွှေချောင်းကျေးရွာတို့မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှစ်ခုဟာ အောက်တောင်ကိုင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအချိန် ဒေသခံပြည်သူများပိတ်မိနေတာကြောင့် ကယ်ထုတ်ဖို့ ရောက်ရှိလာတဲ့ PDF ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ မတ္တရာ(ပကဖ)အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

◾️ဆီဆိုင်နဲ့ ဟိုပုန်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အရှင်မိ

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုဆက်လက်ပြုလုပ်ရာ မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို အရှင်မိပြီး လက်နက်အချို့ရခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်များမှ ချောင်းမြောင်းပစ်ခတ်ခြင်းကြောင့် မနေ့က ထိတွေ့မှုအချို့ရှိခဲ့ပြီး PNLAက နယ်မြေရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ PNLAက အသိပေးထားပါတယ်။ မနေ့က ဆီဆိုင်မြို့မြောက်ဘက် တနေရာမှာလည်း စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်အဖွဲ့ကို တားဆီးရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLAက ထုတ်ပြန်ခဲ့ပြီး တိုက်ပွဲအတွင်း (၆၀)မမပြောင်းတို တစ်လက်နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

◾️ဆောမြို့မှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်နှင့်အတူ CDMဝင်

မကွေးတိုင်း၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး လက်နက်နှင့်အတူ ဂန့်ဂေါခရိုင်၊ အမှတ်(၃)တပ်ရင်းကို လက်နက်ခဲယမ်းများနှင့်အတူ CDM ဝင်လာတယ်လို့ မကွေးတိုင်းကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အင်အား ၈၀ကျော်ဖြင့် တပ်စွဲထားတဲ့ ဆောမြို့မရဲစခန်းမှ စစ်ကောင်တပ်မှ တပ်ကြပ်ကြီးဟာ ဖေဖော်ဝါရီ ၁၁ ရက်က CDMဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ MA-2အမျိုးအစားသေနတ်နဲ့ လက်နက်ခဲယမ်းများပါဝင်လာတယ်လို့ အသိပေးပါတယ်။ ပုံမှန်အချိန်မှာ စခန်းမှ မြို့ထဲကို မထွက်ရဲတဲ့ စစ်ကောင်စီတပ်သားများဟာ အဲဒီနေ့က CDMဝင်လာတဲ့ တပ်ကြပ်
ကြီးနောက်ကို လိုက်ဖို့ ပြင်ဆင်မှုများကြောင့် ကာကွယ်ရေးရဲဘော်များနဲ့ ဆောမြို့အတွင်း လုံခြုံယူရတဲ့အခြေအနေများရှိတယ်လို့ ဆောမြို့ခံတစ်ဦးကပြောပါတယ်။

◾️စစ်ကိုင်းတိုင်းမှာ မြို့နယ်လေးခုထက်မနည်း စစ်ရေးတင်းမာ

စစ်ကိုင်းတိုင်းအတွင်း နယ်မြေချင်းထိစပ်နေတဲ့ ယင်းမာပင်၊ ဘုတလင်၊ ကနီနဲ့ မင်းကင်းမြို့နယ်တို့မှာ စစ်ရေးတင်းမာနေပြီး နေရာအချို့မှာ တိုက်ပွဲဖြစ်ပွားနေပါတယ်။ မင်းကင်းမြို့နယ်မှ ပျူစောထီးစခန်းများကို ဖေဖော်ဝါရီ ၇ရက်ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေတာပါ။ မင်းကင်းမြို့နှင့်ထိစပ်နေတဲ့ ကနီမြို့မှာလည်း မနေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တနေကုန် လေကြောင်းမှကင်းထောက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဘုတလင်မြို့မှာလည်း မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၁၂ရက်မှ စတင်ဝင်ရောက်လာတာကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ယင်းမာပင်မြို့မှ ခရိုင်တပ်ရင်း(၃၇)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း နမခကို ‌ဖေဖော်ဝါရီ ၁၅ရက်မှာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့နဲ့ စစ်ကောင်စီဝင်များအနေနဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံဖို့ နှိုးဆော်ဆန္ဒပြခဲ့ပါတယ်။
👍25🔥74
ဆားလင်းကြီးမြို့နယ်မှာ အားမာန်သစ်လူထုသပိတ်စစ်ကြောင်းနဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ် အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
မြင်းမူမြို့နယ်မှာ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ဒေသခံပြည်သူများကို တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ လူထုဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
👍20🔥7
28👍21🔥3